Monday, August 29, 2011
တရုတ်နည်းပညာ၊ ဧရာဝတီနဲ့ မြန်မာတမျိုးသားလုံးရဲ့ကံကြမ္မာ
by Hlaing Bwa on Monday, August 29, 2011 at 10:44am
တရုတ်ပြည်ရဲ့ တဟုန်ထိုးစီးပွါးရေး တိုးတက်လာမူကြောင့် ဖြစ်လာရတဲ့ စွမ်းအင်လိုအပ်ချက်ဟာ တရုတ်ပြည်ထဲက မြစ်တွေပျက်စီးခဲ့ရုံနဲ့ မပြီးပဲ မြန်မာပြည်ကိုမွေးဖွားသန့် စဉ်ပေးခဲ့တဲ့ တခုတည်းသော မြန်မာအမျိုးသားပိုင် အမိဧရာဝတီကိုသတ်ဖြတ်ဖို့  ကြိုးစဉ်ဆောက်နေတဲ့အဆင့်အထိရောက်လာခဲ့ပါပြီ။
ကျွန်တော့်အနေနဲ့ သည်ဓါတ်ပုံသတင်းဆောင်းပါးမှာ ပြည်ထောင်စု၊ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့ မြန်မာတမျိုးသားလုံးကို တင်ပြချင်တဲ့ အခြေခံအချက်ကတော့ တရုတ်တွေဟာသူတို့ ကိုယ်ပိုင်မြစ်တွေကို ဘယ်လိုသတ်ဖြတ်ခဲ့ကြပြီလဲ၊ သူတို့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုဖျက်ဆီးခဲ့ကြပြီလဲ ဆိုတာကို - ဘာအကျိုးကျေးဇူးတစုံတရာ မယ်မယ်ရရမရှိ မြန်မာတမျိုးသားလုံးအတွက် အဘက်ဘက်က ဘာအာမှခံချက်မှမရှိတဲ့ ဧရာဝတီကိုလည်မျိုညှစ်နေတဲ့ တရုတ်အကျိုးစီးပွါးသက်သက်အတွက် သ္ခင်အားရကျွန်ဒဏ်ဝ လုပ်နေတဲ့ မျိုးဖျက်သစ္စာဖေါက်လောက်ကောင် ပုဆိန်ရိုး တစုကြောင့် ဖြစ်လာရတဲ့  မြစ်ဆုံရေအားလျှပ်စစ်ထုတ်ရေကာတာတွေ ကြောင့်ဖြစ်လာမဲ့ အကျိုးဆက်တွေကို နှိုင်ယှဉ်တွေးဆပြီး - သည်သေမင်းတမန် စီမံကိန်းကို အမျိုးသားရေးအသွင်သဏ္ဍာန်နဲ့  ရပ်တန့် နိုင်စေရန် ရည်ရွယ်တင်ပြလိုက်ပါတယ်၊ (မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့လွန် တရုတ်တွင် သင်ယူနိုင်ရန် ညှိနှိုင်းနေ By Popular News ဆိုတဲ့  သိန်းစိန်အစိုးရရဲ့ ဆင်သေကိုဆိတ်ရေနဲ့ ဖုံးဖို့ ကြိုးစားနေတဲ့ သွေးရှူးသွေးတန်းလုပ်ရပ်တွေကို နားမယောင်ကြပဲ အရှိ အဖြစ် ကိုလက်တွေ့ ကျကျ ပကတိအတိုင်းမြင်နိုင်အောင် တင်ပြလိုက်ရပါတယ်) ................. လှိုင်ဘွား/ ၈၈
"တရုတ်ကွန်မြူနစ်ပါတီဟာဘယ်တော့မှအမှားကိုဝန်မခံဘူး" (ဟန်စ်ချန် - အာရှရေစွမ်းအင် Three Gorges Dam: China's Dilemma)
ကမ္ဘ့ အကြီးဆုံး Three Gorges Dam ကို ယန်စီမြစ်လည်ကနေဖြတ်ပြီးဆောက်ခဲ့ပါတယ်၊ စီးပွါးရေးသမားတွေနဲ့ နိုင်ငံရေးသမားတွေ သူတို့ နဲ့ အဆွယ်အပွါးတွေ အားလုံးအကျိုးရှိသွားခဲ့ပါတယ်၊ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်နဲ့  ဂေဟဗေဒစံနစ်တွေ အားလုံးပျက်စီးခဲ့ပြီး တရုတ်တမျိုးသားလုံး အတွက် သမိုင်းဝင် ယန်ဇီမြစ်ကြီး ဘ၀ပျက်သွားခဲ့တာကို မျက်စိမှိတ်လစ်လျူရှူခဲ့ကြပါတယ်၊ အာရှတိုက်ရဲ့အရှည် ဆုံးသော ယန်ဇီမြစ်ကြီးဟာ လျှပ်စစ်ဓါတ်အား 18,200 မီဂါဝှပ်ထုတ်ပေးတဲ့ Three Gorges Dam ရဲ့ ၀ါးမြိုဖျက်ဆီးခြင်းကို အဖတ်ဆယ် မရအောင် ခံလိုက်ရပါပြီ။
သည်ပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီး ဖေါက်ခဲ့တဲ့ Three Gorges Dam ကြောင့်ဖြစ်လာရတဲ့ ယန်ဇီမြစ်ပြင်ရဲ့ တစိတ်တဒေသပါပဲ၊
(ယန်ဇီမြစ်ဆိုတာ တိဘက်ကုန်းပြင်မြင့်မှာမြစ်ဖျားခံခဲ့ပြီး တရုတ်ပြည်သူ သန်းပေါင်းလေးရာကို ရေချိုဖြည့်တင်းပေးနေခဲ့တဲ့ မြစ်တစင်းပါပဲ)
သည်ဓါတ်ပုံတွေဟာ တရုတ်အာဏာပိုင်တွေရဲ့ သဘာ၀၀န်းကျင်နဲ့  ဂေဟဗေဒစံနစ်ကို ဘယ်လောက် အလေးထားနေသလဲဆိုတဲ့ သက်သေခံပြယုဂ်တွေပါပဲ၊
သိပ်မကြာခင်ဆယ်စုနှစ်အတွင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အခုမြင်နေရတဲ့ တရုတ်ပြည်က မြစ်တွေထဲကငါးတွေလို ပိုးလိုးပက်လက်သေသူသေ ဖုတ်လိုက်ဖုတ်လိုက်နဲ့ သေဖို့ ကို စောင့်သူစောင့် ဘ၀ရောက်ကြရတော့မယ်ဆိုတာ သိစေချင်ပါတယ်၊
ကျုပ်တို့ လူမျိုးတွေ သည်ငါးတွေလို သေအတူယှဉ်မခွာ အတူသေကြတော့မလား၊
သည်ပုံကတော့ ယန်ဇီမြစ်ကိုဖြတ်ပြီးဆောက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးဆိုပြီး တရုတ်ကွန်မြူနစ်ပါတီက ဟိတ်ဟန်ထုတ်နေခဲ့တဲ့ Three Gorges Dam ကြောင့် July 27, 2011 နေ့ ကဖြစ်ပွါးခဲ့တဲ့ ရေကြီးမူတစိတ်တဒေသရဲ့ ဓါတ်ပုံပါ။ တစက္ကန့် ကို ရေကုဗမီတာ 70,000 ကျော် နှုန်းနဲ့  ထိမ်းမနိုင်သိမ်းမရ ဒလဟောထွက်လာတဲ့ ရေတွေကို တရုတ်ကွန်မြူနစ်ပါတီက အာဏာပိုင်တွေမတားဆီးနိုင်ခဲ့ပါဘူး၊ ဧရာဝတီကို တရုတ်လက်ထဲထိုးအပ်ခဲ့တဲ့ မောင်အေး နဲ့ သိန်းစိန်တို့  မြေကြီးလက်ခတ်မလွဲ ဖြစ်လာမဲ့ သည်ဆိုးကြိုးတွေအတွက် တိုင်ပြည်နဲ့ လူမျိုးကို ဘာအာမခံချက်မှမပေးနိုင်ပါဘူး။ သူတို့ အာမခံချက်ပေးခဲ့တာကတော့ တရုတ်တွေကို ဧရာဝတီထိုးအပ်ပါတယ်ဆိုတဲ့ စာချုပ်မှာလက်မှတ်ထိုးခဲ့တာပါပဲ၊
တိုင်းပြည်ကိုချစ်တဲ့ တရုတ်အများစုကြီးကတော့ သည်ဆည်ကြီးကို ယံဇီကိုသတ်ခဲ့တဲ့ ငရဲခန်းကြီးလို့ တွင်တွင်ခေါ်နေကြပါတော့တယ်။
ယန်ဇီကိုသတ်ဖြတ်ခဲ့တဲ့ Three Gorges Dam ကြောင့် 2010 မှာ လူ 1,200 ရေသင်္ဂျုင်းမှာ မြုတ်ခဲ့ရပြီး ဒေါ်လာသန်းပေါင်း 22 ဘီလီယံဆုံးရှုံးခဲ့ရပါတယ်၊
ယူနက်စကို (World Heritage Site) ရဲ့ 2007 အစီရင်ခံစာအရ တရုတ်နိုင်ငံမှာ လူသန်း (၃၀၀) ဟာ ညစ်ညမ်းတဲ့ရေတွေကိုသောက်သုံးနေကြရ ပြီး လူသန်းပေါင်း (၁၉၀) ဟာ မသန့် ရှင်းတဲ့ရေသောက်သုံး - သုံးစွဲရမူကြောင့်ဖြစ်ရတဲ့ ရောဂါတွေရနေကြပြီလို့ ဆိုပါတယ်၊ 2011 မှာ သည်အရည်အတွက်ဟာ ၂၀% ထပ်တိုးလာပြီလို့ ခန့် မှန်းကြပါတယ်၊
မျိုးဖျက် ပုဆိန်ရိုး သေစ္စာဖေါက်လောက်ကောင် တစုကြောင့် ကျွန်တော်တို့ ရဲ့နောင်လာနောက်သားတွေ ကနေ့ တရုတ်ပြည်ပြ့ည်ရဲ့ လူနည်စုကောင်းစားပြီး လူသန်းပေါင်းများစွာ ဘ၀ပျက်နေရတဲ့အဖြစ်မျိုးကို မကြုံရအောင် အချိန်မနှောင်းခင် အမျိုးသားရေးအမြင်ဖြင့် တိုက်ပွဲဝင်ကြဖို့ အလျှင်အမြန်ဝိုင်းဝန်းကြရန်လိုအပ်နေပါပြီ။ (သိပ်မကြာခင်ဖြစ်လာမဲ့ အထက်ကလိုအနိဌာရုံတွေအတွက် သိန်းစိန် နဲ့ မောင်အေး တင်သာမက သူတို့ အဖေတရုတ်တွေလည်း ဘာအာမခံချက်မှမပေးနိုင်ပါဘူး။ တရုတ်တွေ သူတို့ မြစ်တွေဖျက်ဆီးလို့ အားလုံးရစရာမရှိတော့ချိန်မှာ နောက်ဖေးအိမ်က စမ်းချောင်းထဲမှာ အညစ်အကြေးစွန့် ဖို့ လုပ်တဲ့ဖြစ့်ရပ်နဲ့ မခြားပါဘူး)
အမျိုး ဘာသာ သာသနာ ကိုဖျက်ရုံတင်မက ပုဆိန်ရိုးတွေ သူခိုးကိုဓါးကိုကမ်းခဲ့ပါပြီ၊
မြန်မာတမျိုးသားလုံးရဲ့ သည်သေမင်းတမန် စီမံကိန်းကြီးကတော့ ဖဲကြိုးဖြတ်ဖွင့်ခဲ့ပါပြီ။
(ဖတ်ရှူတဲ့အတွက် အဖိနှိပ်ခံ မြန်မာတမျိုးသားလုံးရဲ့ကိုယ်စား သင့်ကိုကျေးဇူးတင်ပါတယ်)
ဧရာဝတီ ကမ္ဘာတည်သ၍စီးပါစေ။
မြန်မာပြည်သည်ဧရာဝတီစီးသ၍တည်ပါစေ။ (ဧရာဝတီပျက်တဲ့နေ့ ဟာ မြန်မာပြည်အသက်ထွက်တဲ့နေ့ ပါပဲ)
အမှားတခုကိုကျူးလွန်ရန်အတွက် ဘယ်အမှန်တရားနှင့်မျှသက်သေပြ၍မရ
လေးစားစွားဖြင့်
လှိုင်ဘွား / 88 (August 27, 2011)
References:  
China's Big Dam Problem  - http://www.foreignpolicy.com/articles/2011/03/08/chinas_big_dam_problem;  Bridge construction leads to massive fish deaths - http://www.chinadaily.com.cn/photo/2011-08/18/content_13144428_3.htm; Bridge construction leads to massive fish deaths- http://www.china.org.cn/environment/2011-08/19/content_23241861_2.htm; Ecological disaster in Chinese rivers - http://www.speroforum.com/a/7543/Ecological-disaster-in-Chinese-rivers; China Earthquake a Dam-Induced Disaster? - http://www.internationalrivers.org/node/3827
PS: ခွင့်တောင်းစရာမလိုပဲ Share လုပ်နိုင်ပါတယ်ခင်ဗျား။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...