Wednesday, August 24, 2011

ဖုန်းယဉ်ကျေးမှု နှင့် လူမှုရေး ပြဿနာ

Cloud Cuckoo Land created a doc.
"ဟလို ...ဟလို ...ကြားလား ... ကြားလား ...ကိုယ်လာနေပြီလေ ... ခဏစောင့်နော် ... "လူပုံစံက
ဗိုက်ရွှဲရွှဲ၊ အသားက မည်းမည်း၊ ဘယ် လက်မှာ Rolax နာရီ၊ ညာ လက်မှာ ရွှေဟန်းချိန်း စတိုင် ဟန်ပန် အပြည့်နဲ့ ဖုန်းပြောရင်း တက်လာတဲ့ အမျိုးသားကို တစ်ကား လုံးက ဘုကြည့်ကြည့် မျက်စောင်း ထိုးပြီး စိတ်ထဲက ဝိုင်းဝန်းမေ တ္တာပို့နေကြမှာတော့ အသေ အချာပါပဲ။ ဖုန်းကတ် တန်ဖိုး သိန်း သုံးဆယ်၊ လေးဆယ့် ငါးသိန်းခေတ်မှာ လူကြား သူကြားဟန်ရေး ပြကြွား လုံးထုတ်ဖုန်း ပြောတာကိုတော့ နားလည်ပေးလို့ ရပေမယ့် လမ်းဘေးဈေးသည်က အစ ရပ်ကွက်ထဲမှာ ဗယာကြော် လှည့်ရောင်းတဲ့ မာမူကြီးတို့ အဆုံး ဖုန်းကိုင်နိုင်တော့ မယ့်ခေတ်မှာ ပတ်ဝန်း ကျင်ကို ဂရုမစိုက်တဲ့ ဟန်ပန်နဲ့ အလိုက် ကန်းဆိုးမသိ ဖုန်းအော်ပြောတတ်တဲ့ သူတွေ နေရာ တကာ မကြာခဏ တွေ့ကြုံနေရတာ အံ့ဩလို့ မဆုံးဖြစ်မိပါရဲ့။


လူကြား သူကြားထဲ ကြွားချင်လို့ပဲ အော်ပြော တာလား၊ ဒါမှ မဟုတ် ဘယ်သူ့ ကိုမှ ဂရုစိုက် စရာမလို၊ ငါ့ဖုန်းငါအော်ပြောတာ ဘာဖြစ်လဲကွ ဆိုတဲ့ လက်မထောင် ချင်တဲ့ မာန အခံလေးနဲ့ပဲ ထောင်လွှား ချင်တာလား ဆိုတာ သူတို့ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုတဲ့ အတိုင်း စရိုက် လက္ခဏာတွေ ကွဲပြားခြားနားကြတာ ကြောင့် အတူတူနေထိုင် သွားလာနေရတဲ့ ပတ်ဝန်းကျင်မှာ တစ်ယောက်နဲ့ တစ်ယောက် သဟ ဇာတမျှအောင် ဟန်ချက် ညီအောင် ညှိဖို့ဆိုတာ မလွယ်လှပါဘူး။ အတ္တကိုယ် စီနဲ့ အသက်ရှင်နေကြတဲ့ လူသားတွေ အဖို့ နေ့စဉ် ဘဝမှာ မရှိမဖြစ် အရေးပါလာတဲ့ မိုဘိုင်း ဖုန်းရဲ့ အကျိုးကျေးဇူး စွမ်းပကားကြီး မားလှပါတယ်။


ဒါပေမဲ့ မသုံးတတ်ရင် လောင်တတ်တဲ့ မီးလိုပဲ ဟန်းဖုန်းကြောင့် နောက်ဆက်တွဲ လူမှုပြဿနာတွေ မီးခိုးကြွက် လျှောက် ပါလာ တတ်တာ ကြုံတွေ့ရပါလိမ့် မယ်။ အနီးစပ်ဆုံး ဥပမာပြောရရင် ဘတ်စ် ကား၊ ရထား၊ သင်္ဘော စတဲ့ အများပြည်သူ သွားလာ လှုပ်ရှားနေတဲ့ နေရာ မျိုးတွေမှာ မဆင်မခြင် အသံကျယ်ကျယ် ဖုန်းပြောမိရင် လူအများရဲ့အကြည့်တော် စူးရှ၊ မေတ္တာတော် ပို့ သခြင်း ခံရမှာ မလွဲပါဘူး။ ပတ်ဝန်းကျင်ကို မငဲ့၊ အကဲ မခတ်ဘဲ ကိုယ်ထင်ရာ စွတ်တရွတ် လုပ် တတ်တဲ့ လူတစ်မျိုးက လွဲပြီး ဖုန်းပြောသူ အ တော် များများက လူရှေ့ သူရှေ့ဟန်လုံးပြွကား ချင်တဲ့ စိတ်က ပိုများပါတယ်။ နောက်ဆုံးပေါ် iPhone, HTC, Samsung စသည်ဖြင့် အမြင့် စားမော်ဒယ် ဟန်းဆက်တွေနဲ့ ဖုန်းပြောရတာ မလိုအပ်ဘဲ ကလိနေတာ၊ ဂိမ်းဆော့ရတာကို နှစ်သက်သူတွေအဖို့ အချိန်ကုန်အကျိုးယုတ် သလို၊Ringtone အသံဆန်းဆန်းများကို အသုံးပြုထားလို့ ဘေးပတ်ဝန်းကျင်ကို စိတ် အနှောင့်အယှက်ဖြစ်စေတတ်ပါသေးတယ်။ ဆဲလ်ဖုန်းသုံးစွဲသူတွေအတွက် ပထမ ဆုံးပြဿနာတစ်ခုက အာရုံစူးစိုက်မှုလျော့ နည်းစေတာပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက် အားဘဲ ဖုန်းထဲမှာအာရုံရောက်နေလို့ မကြာ ခဏ သတိလက်လွတ်ဖြစ်တတ်ပါတယ်။ ဥပမာဖုန်းပြောရင်း လမ်းဖြတ်ကူးတဲ့အခါ ကား တိုက်ခံရဖို့ရာနှုန်းများပါတယ်။


ဒီလိုပဲဖုန်းပြော ရင်းကားမောင်းတဲ့အခါမှာလည်း အသက် အန္တရာယ်နဲ့နီးကပ်လှတဲ့ ယာဉ်မတော်တဆမှု တွေ့ကြုံတွေ့နိုင်ပါတယ်။ စိတ်အာရုံရဲ့ သဘာဝက တစ်ပြိုင်နက်အလုပ်နှစ်ခုလုပ်ရိုး ထုံးစံမရှိလို့ ပတ်ဝန်းကျင်ကနေ ခဏခဏ လွတ်ထွက်သွားတာကြောင့် နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြတာပါ။ နောက်တစ်ချက်က ဖုန်းပြောရင်းလမ်းလျှောက်တဲ့အခါ မျက်နှာ ချင်းဆိုင်မှာ မိတ်ဆွေသူငယ်ချင်းက နှုတ် ဆက်ပေမယ့် ပြန်လှန်မပြောဆိုအားလို့ စိတ်ခုသွားနိုင်၊ မိတ်ပျက်နိုင်ပါသေးတယ်။ မိတ်ဆွေတွေနဲ့ စကားလက်ဆုံကျရင်း ရုတ် တရက်ဖုန်းဝင်လာလို့ ဖုန်းထပြောပြီးတဲ့အခါ အာရုံက ဖုန်းထဲမှာပြောဆိုတဲ့အကြောင်းအရာ ဆီမှာပဲ ကျန်နေခဲ့တာကြောင့် မိတ်ဆွေတွေကို စိတ်ဝင်စားမှု လျော့ပါးသွားတတ်ပါတယ်။ ဒါကိုတချို့က နားလည်မပေးနိုင်တဲ့အခါ ဖွင့်မ ပြောပေမယ့် အလေးမထားတတ်သူ၊ အလိုက် ကမ်းဆိုးမသိသူအဖြစ် စွဲယူမှတ်ထင်သွားတတ် ကြပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ် ချက်က ကျောင်းသားလူငယ်တွေကြားမှာ ဖုန်းကိုင်တဲ့ဓလေ့ထွန်းကားလာတာနဲ့ အမျှ မိဘတွေကလည်း သူတို့သားသမီးတွေကို မျက်နှာမငယ်အောင်၊ မျက်ခြည်မပြတ် ဆက်သွယ်စောင့်ကြည့်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖုန်းဝယ်ပေးတတ်ကြပါတယ်။
ဟန်းဆက် အသစ် ထွက်တိုင်းပြောင်း သုံးချင်တဲ့ လူငယ်တွေရဲ့ သဘာဝက မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ တိုးပွားလာစေပါတယ်။ အရင်ဟန်းဆက်က တစ်နှစ်တောင် မပြည့် သေးဘူး၊ အကောင်းပဲ ရှိသေးတယ်။ နောက် ထပ်အသစ်သစ်တွေကို ဝယ်သုံးချင်တဲ့ လောဘကြောင့် အပိုဝင်ငွေဖြုန်းတီးတာ၊ ဟန်းဆက်အဟောင်းကို မသုံးတော့တာ ကြောင့် အလဟဿ အမှိုက်ဖြစ်သွားစေတာ တို့အပြင် တွေးကြည့်မယ်ဆိုရင် သူများနိုင်ငံ ကတင်သွင်းလာတဲ့ ထုတ်ကုန်တွေကို ဈေးကြီး ကြီးပေးဝယ် ရတာကြောင့် နိုင်ငံရဲ့ဧရာမငွေယို ပေါက်ကြီးဖြစ်စေတာပါပဲ။ ဒါ့အပြင် တီးတိုးသဖန်းပိုး တွက်ထိုးချင် ကြတဲ့ လူငယ်တွေရဲ့ သဘာဝက သူတို့ရဲ့ ပညာရေးကိုပါ ရိုက်ခတ် လာတာ တွေ့မြင်နေ ရပါပြီ။ 


စာသင်ခန်းထဲမှာက စာသင်ချိန်မှာ ဟန်းဖုန်းပိတ်ထားဖို့ ဘယ်လိုပဲပြောပြော Slient လုပ်ပြီးဖုန်းခိုးပြောတတ်တဲ့ ကျောင်း သားလူငယ်တွေရဲ့ အကျင့်က သူတို့ရဲ့ပညာ ရေးကို ထိခိုက်စေသလို ဆရာ၊ဆရာမ တေကိုမှ လေးစားရိုကျိုးမှု့မရှိရင်တော့ သတို့ သင်ြကားပေးနေတဲ့ သင်ခန်းစာတွေ ခေါင်းထဲ ရောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပိုဆိုးတာက ဒီလိုစရိုက်မျိုးကိုရာထူး နေရာအားဖြင့် ပိုမြင့်တဲ့ လူကြီး  တွေမှာပါ တွေ့မြင်နေရပါတယ်။ ခေါင်းဆောင်ကောင်း ဆိုတာနောက်လိုက်တွေရဲ့စံပြပုဂ္ဂိုလ်ဖြစ်နေ ရမယ့် အစား အစည်းအဝေး၊ ဆွေးနွေးပွဲတွေ မှာ လူကြီးပိုင်းတွေက ခဏခဏဖုန်း ထပြော နေတာ သဘာဝမကျလှပါဘူး။

ကိုယ့်ရဲ့လက် အောက်ဝန်ထမ်းတွေနဲ့မို့ဂရုစိုက်စရာမလိုဘူး ဆြိုပီး ဖုန်းလာတိုင်းပြောလက်စ ဆွေးနွေး လက်စကိုရပ်ကာ ဖုန်းထပြောတတ်တဲ့ အကျင့်က ခေါင်းဆောင်တစ်ဦးရဲ့ အင်္ဂါရပ်နဲ့ မညီညွတ်သလို ဝန်ထမ်းတွေအပေါ်Mutual Respect လို့ဆိုတဲ့ အပြန်အလှန်လေးစားသမှု ကင်းဝေးစေပါတယ။် ကလေးကို သကြားလုံး မစားဖို့ ဆုံးမချင်ရင်တော့  ကိုယ်ကိုယ်တိုင် သကြားလုံးမစားမ စေဖို့အရင်ဆုံးကြိုးစားသင့် သလို ငါလုပ်သလိုမလုပ်နဲ့ ငါပြောသလလို လုပ် ဆိုတာမျိုးကိုတော့  ဒီနေ့ခေတ်မှာဘယ်လက် အောက်ငယ်သားကမှ လက်ခံချင်ကြမှာ မဟတ်ပါဘူး။ နောက်ဆုံးတွေ့ရှိချက်တွေအရ ဖုန်း အသုံးများတဲ့သူတွေမှာ ဦးနှောက်အကျိတ် ကင်ဆာဖြစ်ပွားဖို့ ရာခိုင်နှုန်းများတယ်လို့ ကမာ့္ဘ ကျန်းမာရေးအဖွဲ့အစည်းက အတည်ြပု လိုက်ပြီဖြစ်ပါတယ်။တုန်ခါမှု Vibration ကို Ringtone နဲ့တွဲသုံးတတ်ကြတဲ့ အကျင့်က အင်္ကျီအိတ်ကပ်ထဲထည့်ထားတဲ့အခါ ဖုန်းရဲ့ တုန်ခါမှုအသံလှိုင်းက နှလုံးကိုထိခိုက်တတ် ပြီး နှလုံးရောဂါဖြစ်ပွားစေပါတယ။် ပုံမှန်ကျန်း မာသန်စွမ်းသူတွေအတွက် သက်ရောက်မှုအား မပြင်းလှပေမယ့် နှလုံးရောဂါအခံရှိသူ၊နှလုံး အားနည်းသူတွေအတွက် ဂရြုပုရှောင်ရှားသင့် ပါတယ်။ ယောကျာ်းတွေအတွက် နောက် ထပ်ကျန်းမာရေး သတင်းတစ်ပုဒ်ကတော့ ဘောင်းဘီအိတ်ထဲထည့်သယ်တဲ့အခါ မျိုးပွားအင်္ဂါကိုထိခိုက်စေပြီး ကလေးမရဖြစ် တတ်ပါတယ်။


ဒါ့အပြင် Screen အရွယ်သေး ငယ်တဲ့ဖုန်းတွေမှာ မိုဘိုင်းအင်တာနက၊် မက် ဆေ့စ်ပေးပို့သုံးစွဲတဲ့အခါ အာရုံဝစူးစိုက် ရတာကြောင့် အမြင်အာရုံကိုထိခိုက်စေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒီနေ့ခေတ် လူသားတွေရဲ့နေ့စဉ်ဘ၀မှာ ဖုန်းတစ်လုံးက စီးပွားရေး၊ လူမှုရေး၊ ဆက်သွယ်ရေးအတွက် မရှိမဖြစ်အရေးပါလာတာ ဘယ်လိုမှမငြင်းနိုင် ပါဘူး။ ဘယ်အရာမဆို အဆိုး၊ အကောင်း ဒွန်တွဲနေတတ်တာမို့ သတိသမ္ပဇဉ်ဉာဏ် ယှဥြ်ပီးတော့  သုံးစွဲသင့်ပါတယ်။ကိုယ့်ကြောင့် အများသူငါထိခိုက်မှာကိုရှောင်ရှားပြီး အတ္တ တွေကိုလျှော့  မေတ္တာရှေ့ထားကာ သတြိကီး ကြီးထား ပြောဆိုသုံးစွဲကြမယ် ဆိုရင် နှစ်ဦး နှစ်ဖက်ကောင်းကျိုးရှိစေမှာဖြစ်ကြောင်း စေတနာရှေ့ထားအကြံပုလိုက်ရပါတယ်

ကျော်မိုးဦး
  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...