Tuesday, August 30, 2011

၂၀၁၁ ခုနှစ် ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ စာရင်းကို Forbes မဂ္ဂဇင်း ထုတ်ပြန်

by Zegyo Mandalay on Tuesday, August 30, 2011 at 7:06pm

၂၀၁၁ ခုနှစ်၊ ကမ္ဘာ့သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ စာရင်းကို Forbes မဂ္ဂဇင်းက သြဂုတ်လ ၂၄ ရက်က ထုတ်ပြန်ခဲ့ရာ ဂျာမနီဝန်ကြီးချုပ် မာကယ်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဘရာဇီးလ်သမ္မတ ဒီမာရူးဆက်ဖ်တို့ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။

IMF လက်ရှိ ဥက္ကဋ္ဌ ခရစ္စတင်းလာဂါဒီ၊ အော်ပရာဝင်းဖရေး၊ လေဒီဂါဂါ၊ ဂျေကေရိုးလင်း တို့လည်း ယခုနှစ်တွင် ထပ်မံ ရွေးချယ်ခံရသည်။ မင်နီဆိုတာ ကိုယ်စားလှယ်နှင့် ရီပတ်ဘလီကန် သမ္မတလောင်း မစ်ချယ်ဘက်ခ်ျမန်း၊ နယူးယောက်တိုင်းမ် အမှုဆောင် စာတည်း ဂျီလ်အေဗရမ်ဆန်၊ ထိုင်းပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ယင်လက်ခ် တို့သည် ယခုနှစ် စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာခဲ့သည်။
အဆင့် ၁ မှ ၁၀ ပြင်ပတွင် ရပ်တည်ခဲ့သောထင်ရှားသော နိုင်ငံ ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများထဲတွင် အာဂျင်တီးနား သမ္မတ ခရစ္စတီးနားကာ့ခ်ျနာက အဆင့် ၁၇၊ သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာဂီးလက်ဒ်က အဆင့် ၂၃၊ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က အဆင့် ၂၆ တို့ ဖြစ်သည်။

ဗြိတိန်ဘုရင်မ အလိဇဘက်က အဆင့် ၄၉၊ အမေရိကန်အောက် လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီက အဆင့် ၅၂၊ လိုက်ဘေးရီးယား သမ္မတ အယ်လင်ဂျွန်ဆင်ဆာလိဖ်က အဆင့် ၆၂၊ ကော့စတာရီကာ သမ္မတ လော်ရာချင်ချီလာက အဆင့် ၈၆၊ နိုင်ဂျီးရီးယား ဘဏ္ဍာရေးဝန်ကြီး အန်ဂိုဇီအိုကွန်ဂျိုအိုင်ဝီလာက အဆင့် ၈၇ တို့ ဖြစ်ကြောင်း သိရသည်။
ယခုနှစ် စာရင်းတွင် ပထမဆုံး အကြိမ် ရွေးချယ်ခံရသူများမှာ နယူးယောက်တိုင်းမ် အမှုဆောင် စာတည်း ဂျီလ်အေဗရမ်ဆန်က အဆင့် ၁၂၊ NBC ၏ Today Show တင်ဆက်သူ အန်ကာရီက အဆင့် ၆၆ ၌ ရပ်တည်ခဲ့သည်။
ရီပတ်ဘလီကန် သမ္မတလောင်း မစ်ချယ်ဘက်ခ်ျမန်းက အဆင့် ၂၂၊ ဂူးဂဲလ်၏ ကြော်ငြာဌာန အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဆူဆန်ဝိုဆစ်စကီက အဆင့် ၁၆၊ Twitter ၏ အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာ အတွက် ဒုတိယ ဥက္ကဋ္ဌ ကေတီဂျက်ကောစတန်တွန်က အဆင့် ၅၆၊ Oracle ၏ ဥက္ကဋ္ဌ ဆာဖရာကာ့တ်ဇ်က အဆင့် ၄၀ ၌ အသီးသီး ရွေးချယ်ခံရသည်။

ထိုင်းပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသည့် ယင်လက်ခ်က အဆင့် ၅၉၊ ကမ္ဘာ့ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သော အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဟောင်း ဆရီမူယာနီအင်ဒရာဝါတီက အဆင့် ၆၅ တို့တွင် ရပ်တည်ခဲ့သည်။

အဆင့် ၁ မှ ၁၀ ရပ်တည်ခဲ့သူများ
၁။ ဂျာမနီဝန်ကြီးချုပ်မာကယ်
၂။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်
၃။ ဘရာဇီးလ်သမ္မတဒီမာရူးဆက်ဖ်
၎။ အမေရိကန် PepsiCo ၏ အမှုဆောင်ချုပ် အင်ဒရာနိုယီ
၅။ Facebook Chief Operating Officer ရှာယယ်ဆင်းဒ်ဘာ့ဂ်
၆။ ဘီလ်နှင့် မယ်လ်ဒါဂိတ် ဖောင်ဒေးရှင်း ပူးတွဲ တည်ထောင်သူ မယ်လ်ဒါဂိတ်
၇။ အိန္ဒိယကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ
၈။ အမေရိကန်သမ္မတကတော် မစ်ရှယ်အိုဘားမား
၉။ IMF ဥက္ကဋ္ဌ ခရစ္စတင်းလာဂါဒီ
၁၀။ အမေရိကန် Kraft Foods ၏ CEO အိုင်ရင်နီရိုဆင်ဖက်ဒ်
http://www.hin4ooe.com/main/news/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...