Tuesday, August 30, 2011

"စက္ကူ အစားထိုး အသုံးပြုစရာများ "

created the doc: "စက္ကူ အစားထိုး အသုံးပြုစရာများ "
Cloud Cuckoo Land created the doc:
စက္ကူပြုလုပ်ဖို့ သစ်ပင်တွေ ခုတ်လှဲခြင်း ခံရပါသည်။ ယခု အခါ အချို့သော ကုမ္ပဏီတွေဟာ သစ်ပင် ကြီး(Tree)များက ထုတ်လုပ်ထား တာ မဟုတ်တဲ့ Tree-free Paper တွေ ထုတ်လုပ် လာကြပါသည်။ စာရေး ကိရိယာတွေ၊ စာအိတ်တွေ၊ မှတ်စု စာအုပ်တွေ ဝယ်ယူတဲ့ အခါ ဘယ်လို စက္ကူ အမျိုးအစားနဲ့ ထုတ်လုပ်ထား တာလဲ ဆိုတာကို လေ့လာပါ။


တစ်ဖန်ပြန်လည် ထုတ်လုပ် ထားသော စက္ကူများကို အသုံးပြုပါ။
သုံးစွဲ သူများမှ အမှိုက် သရိုက် အဖြစ် စွန့်ပစ်လိုက်သော စက္ကူများ မှ၊ သို့မဟုတ် စက္ကူပြုလုပ်နိုင်သော ပစ္စည်းများမှ တဖန်ပြန်လည် ထုတ် လုပ်ထားသော (Recycled) စက္ကူ များကို အသုံးပြုပါ။ သစ်တော ပြုန်း တီးမှုကို ကာကွယ်နိုင်ပြီး စက္ကူထုတ် လုပ်ဖို့ လိုအပ်သော စွမ်းအင် သုံးစွဲရမှု နည်းပါးစေပါသည်။

ပိုက်ဆံလျှော်ပင် Hemp မှ ထုတ်လုပ်သော စက္ကူကို သုံးပါ။
ပိုက်ဆံလျှော်ပင်သည် ၄င်းအပင် တွင် ကိုယ်ပိုင် ပိုးသတ်နိုင်သော စွမ်းရည် ရှိသဖြင့် ပိုးသတ်ဆေး သုံးစွဲ ပြီး စိုက်ပျိုးရန် မလိုအပ်ပါ။ ထို့အပြင် ကြီးထွားမြန် အပင်အမျိုးအစား ဖြစ် သဖြင့် တစ်ဧက စိုက်ပျိုးမှု၏ အမျှင် (Fiber) အထွက်နှုန်း တစ်နည်း စက္ကူ ထွက်နှုန်းမှာ ထင်းရှူးပင် ( Pine) ထက် နှစ်ဆ ပိုများပါသည်။ အမေရိကန်တွင် Hemp ကို ဆေးခြောက်ပင်နဲ့ ရုက္ခဗေဒ မျိုးရင်း တူသဖြင့် တားမြစ် ထားပါသည်။ သို့သော် Hemp အပင်သည် ဆေး ခြောက်လို ရှူလို့ မရပါ။ စက္ကူ၊ ချည်စ၊ ပိတ်စများနှင့် ပိုက်ဆံလျှော်ပင် Hemp မှ ထုတ်လုပ်သော အခြားသော ပစ္စည်းများ များစွာ ဝယ်ယူရရှိနိုင် ပါသည်။ ပိုက်ဆံလျှော်ပင်ကို ကမ္ဘာ အနှံ့အပြား တွင်လည်း တိုးမြင့် စိုက်ပျိုး လျက် ရှိကြပါသည်။

Kenaf ဟု ခေါ်သော ဝါဂွမ်း လဲမှို့ ပင်တစ်မျိုးမှ ထုတ်သော စက္ကူသုံးပါ။
Kenaf အပင်ကို စက္ကူပျော့ဖတ် လုပ်ရာတွင် အသုံးပြုရသော စွမ်းအင် သည် ထင်းရှူးပင်ကို ပျော့ဖတ် လုပ် ရာတွင် သုံးသော စွမ်းအင်ထက် ၁၅- ၂၀ရာခိုင်နှုန်း လျော့နည်း ပါသည်။
ဝါးမှရသော စက္ကူသုံးပါ။
ဝါးပင်သည်လည်း ကြီးထွား မြန်သော မြက်ပင်မျိုးရင်း အပင် တစ်မျိုး ဖြစ်ပါသည်။ ဝါးပင်သည် စက္ကူထုတ် လုပ်ရန် စိုက်ပျိုးလေ့ရှိသော ကြီးထွား မြန် သစ်ပင်မျိုးစိတ်များ အားလုံးထက် ၄-၅ ဆပိုပြီး အမျှင် (စက္ကူပျော့ဖတ်) ထွက်ရှိပါသည်။
စွန့်ပစ်ပစ္စည်း မှ ရသော Agri- Pulp မှ ထုတ်လုပ်သော စက္ကူကိုသုံးပါ။
စိုက်ပျိုးရေးသုံး စွန့်ပစ်ပစ္စည်း များကို စားသောက်ကုန် စွန့်ပစ် ပစ္စည်းများနှင့် ပေါင်းစပ်၍ ပျော့ဖတ် ပြုလုပ်ကာ ထုတ်လုပ်သော စက္ကူ ပျော့ဖတ် (Agri- Pulp) ဖြင့် ထုတ်လုပ် ထားသော စက္ကူကို အားပေးပါ။

ဝါဂွမ်း (Cotton) ဖြင့် ပြုလုပုပ် သော စက္ကူသုံးပါ။
ဩဂဲနစ်နည်းဖြင့် စိုက်ပျိုးထာ သော ဝါဂွမ်းမှ ထုတ်လုပ်သည့် စက္ကူ ကို ရွေးချယ်ပါ။
ယုံချင် ယုံမယုံချင်နေ
တစ်ဖန်ပြန်လည်၍ သုံးစွဲထား သော စက္ကူ (Recycled) သည် အပင်များမှ ထုတ်လုပ်ထားသော စက္ကူ အသစ်စက်စက် ထုတ်လုပ်မှု ထက် စွမ်းအင် သုံးစွဲရမှု ၆၀ရာခိုင်နှုန်း လျော့နည်းပါသည်။

သင်ြပုလုပ်နိုင်တဲ့ အ ခြားအရာတွေ
ဖြူဖွေးအောင် ချေးချွတ်ထား သော စက္ကူဖြူ ဝယ်ယူမည်ဆိုပါက ကလိုရင်း သုံးပြီး ချေးချွတ်ထားခြင်း မဟုတ်တဲ့ Totally Chlorine Free (TCF) ကို ရွေးချယ်ပါ။ စက္ကူတွေ ဖြူဖွေးအောင် အရောင် ချွတ်ရာမှာ သုံးတဲ့ ကလိုရင်းကြောင့် ကင်ဆာဖြစ် စေတတ်သည့် ဓာတုပစ္စည်းဖြစ်သည့် Dioxin ကို ထွက်ရှိစေပါသည်။ ကလိုရင်း မပါသော စက္ကူထုတ်လုပ်မှု ဂျင်ပါအောက်ဆိုဒ်နှင့် အခြားသော အန္တရာယ် သိပ်မရှိသည့် ဓာတုပစ္စည်း များသာဘေးထွက်ပစ္စည်းများ အနေနှင့် ထွက်ရှိလာပါသည်။ စက္ကူအဖြူ ဆွတ်ဆွတ်ကို လိုမှသုံးပါ။ အကြမ်းရေး စရာများတွင် စက္ကူအညိုကိုသာသုံးပါ။ စက္ကူသုံးစွဲမှုကို တတ်နိုင်သမျှ ချွေတာ ပါ။ သယ်ယူ ပို့ဆောင်မှုမှာ သုံးစွဲရ သော စွမ်းအင်ကို ချွေတာရာ ရောက် စေရန် ဒေသထွက် စက္ကူ သို့မဟုတ် သင်နေထိုင်ရာ ဒေသနှင့် နီးစပ်သော ဒေသများမှာ ထုတ်လုပ်တဲ့ စက္ကူကို သုံးစွဲပါ။ ကွန်ပျူတာ၊ အီး-မေးလ် ကဲ့သို့ Electronic Media များကို အသုံးပြုခြင်း အားဖြင့် စက္ကူသုံးစွဲမှုကို လျှော့ချပါ။ မလိုအပ်ဘဲ Print ထုတ် ခြင်းမှ ရှောင်ပါ။ သင် သုံးလိုက်သော စက္ကူ အမျိုးအစားက ဘာစက္ကူ အမျိုး အစားပဲဖြစ်စေ "တစ်ဖ်ဖန် ပြန်လည် အသုံးပြုပါ"။ အခြား သူများကလည်း တစ်ဖန် ပြန်လည်အသုံးပြုခြင်း (Recycle) ပြုလုပ်ရန် အားပေးပါ။ ဆိုလိုတာက စက္ကူ အဟောင်းများကို ကိုယ်တိုင်ပြန် သုံးလျှင် သုံး သို့မဟုတ် သုံးမည့်နေရာသို့ ပြန်လည်ရောင်းချပါ။
သင်သိရဲ့လား။
ရုံးဝန်ထမ်း တစ်ဦး တစ်နှစ်တာ ပျမ်းမျှ အသုံးပြုတဲ့ စက္ကူဟာ အရွက် ရေ တစ်သောင်းရှိပါတယ်။ အဲဒီ ပမာဏ ဟာ ၄ပေအမြင့်ရှိတဲ့ သစ်ပင်တစ်ပင် က ရရှိတဲ့ပျော့ဖတ်ပမာဏနဲ့ တူညီပါ တယ်


posted by ခိုင်မွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...