Thursday, August 25, 2011

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၄)

March 8 ရက်နေ့ အမျိုးသမီးများနေ့။

“မိုးခရေ … ကနေ့က လမ်းလျှောက်ချီတက်ပွဲနော် အထူးလှုပ်ရှားသူတွေရှိရင် စာရင်းကောက်ထားရမရ်”
“ဟုတ်ကဲ့အကို … ဒီတခါတော့ အဖွဲ့စုံမရ်ထင်တရ် …။ ကျောင်းတွေကလဲ ပါမရ် ပြောတရ်”
“အခွင့်အရေးကို ဘယ်တော့မှ လက်လွတ်မခံနဲ့ ကြားလား။ အဲ့ဒီမှာ ဒို့လူလွှတ်ထားပြီးပြီ။ သူကနေပြီး ကင်မရာရိုက်လိမ့်မရ်။ မင်းက ရုံးကပဲထိုင်ပြီး snapshot အတွက် တာဝန်ယူပြီးသိမ်းလိုက် မျိုးသန့်က အသံကို တာဝန်ယူထားတရ်”
“ဟုတ်ကဲ့ အကို ..”


ပြတ်သားလာသော ပုံရိပ်တစ်ချို့ကို မိုးခ သိမ်းဆည်းရင်း အလုပ်ရှုပ်နေသည်။ တဖက်ခန်းမှ ဇော်ထက်ကလဲ တိုက်ရိုက် ရိုက်ကူးနေသော ဗီဒီယိုများကို တီဗီscreen မြောက်များစွာပေါ်တွင်တင်ရင်း အလုပ်ရှုပ်နေသည်။ မိုးခလဲ ရိုက်ကူးရေးအဖွဲ့မှပို့လိုက်သော ဗီဒီယိုများကို လှမ်းကြည့်နေသည်။ လူပေါင်းများစွာ လမ်းလျှောက်ချီတက်ပွဲ။ အမျိုးသမီး အမျိုးသား ကလေး ကျောင်းသား ကျောင်းသူလေးများ လူထုများ ပါဝင်သည်။ အားလုံး မြို့လည်ခေါင်ရှိ မြို့တော်ခန်းမရှေ့ ကွင်းပြင်ကြီးသို့ ချီတက်နေကြသည်။ ထိုထဲမှ လူတစ်ချို့လှုပ်ရှားမူများကို မိုးခက snapshot အဖြစ် သိမ်းဆည်းရသည်။

“အဲ … ကျောင်းသူလေးတစ်ယောက် မူးလဲသွားသတဲ့”

ကိုဇော်ထက်က ဗီဒီယိုကို ကြည့်ရင်း ပြောတော့ မိုးခ တီဗီscreen ပေါ်သို့လှမ်းကြည့်လိုက်သည်။
အကျီအဖြူ စကပ်အတိုဒူးအောက် ပြာရင့်ရောင်နှင့် ကျောင်းသူလေးတစ်ယောက် အနားတွင် လူများဝိုင်းအုံပြီး ဆေးရုံကားခေါ်သူခေါ်နှင့် ကျောင်းသူလေးကို ပွေ့ခေါ်ကာ လမ်းဘေးသို့ခေါ်ဆောင်သွားသည်။

“ဟင် … ရ တီ …”

မိုးခ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ရုတ်တရက် ခဏလေးလှမ်းမြင်လိုက်သောကြောင့် ဟုတ်မဟုတ် လဲ မသေချာ။ သို့သော် ဒီမျက်နှာလေးကို ကြည့်မ၀အောင် မှတ်မိတာမို့ ရတီများလားဟု သံသယ ရှိနေမိသည်။ သို့သော် ရတီက ဘာကြောင့် အထက်တန်းကျောင်း ၀တ်စုံနှင့် ဖြစ်နေမလဲ။ ဒီလမ်းလျှောက်ချီတက်ပွဲမှာ ရတီဘာလို့ပါနေမလဲ။ ရတီက အထက်တန်းကျောင်းသူလား။ ကျောင်းသွားတာလဲ မတွေ့ဖူးပါဘူး။ ရတီဟာ ဘယ်လိုပတ်သတ်နေသလဲ …။

“အင်း … ကောင်မလေးက အားနည်းနေတရ်ထင်တရ်။ မျက်နှာလဲ ဖြူစွတ်နေတာပဲ”
“သူကဘယ်ကလဲတဲ့ ကိုဇော်ထက်”
“သေချာတော့ မသိဘူး မိုးခရေ။ အထက်တန်းကျောင်းသူပဲထင်တရ်။ ခုနက သူ့အဒေါ်ဆိုသူက ဆေးရုံကားနဲ့လိုက်သွားတရ်လို့ သတင်းရတာပဲ”
****************

“ရတီ … အဆင်ပြေရဲ့လား … အမဖြင့် စိတ်ပူသွားတာပဲ။ ရတီ အားနည်းနေတာလား။ ဒါဖြင့်ရင်လဲ မနေ့ကတည်းက ပြောပေါ့ ။ စောစောသိရင် မလိုက်ခိုင်းပါဘူး”
“ဘာမှမဖြစ်ပါဘူး အမရယ်။ ရတီကလဲ လိုက်ချင်လို့ပါ။ အခုလို အမျိုးသမီးများနေ့မှာ အမျိုးသမီးထုအတွက် အားပေးဖို့ လမ်းလျှောက်ချီတက်ကြတာပဲ။ ရတီလဲ ပါဝင်ချင်လို့ပါ။ အမစိတ်ပူသွားရင် တောင်းပန်ပါတရ်နော်”
“ကဲ … ဖြစ်ပြီးသွားပြီပဲ။ အခုတော့ နားလိုက်တော့။ ခုနက သတင်းသမား တယောက်က ရတီကိုဗီဒီယိုရိုက်နေလို့ အမက နယ်ခံအဒေါ်ကြီးယောက်ကို အကူညီတောင်းပြီး ရတီကိုဆေးရုံပို့ခိုင်းလိုက်တာ … မီဒီယာတွေကတော့ ရတီကို ကျောင်းသူလို့ပဲ ထင်သွားကြပုံရတရ်။ အဖွဲ့ကမှန်းတော့ မသိလောက်ပါဘူး”
“ကျေးဇူပါပဲ အမ …”
“ကဲ … နားလိုက်ဦးနော်။ အမ ညနေစာ လာပို့ပေးမရ်နော်”
“ဟုတ်ကဲ့ အမ …”
အမထွက်သွားပြီးမှ ရတီစိတ်ကို လျော့ချလိုက်သည်။ တကရ်တော့ မနေ့ကတည်းက ရတီနေသိပ်မကောင်းဘူးဆိုတာ သိလျက်နှင့် ဒီနေ့ ချီတက်ပွဲလိုက်လာတာ။ လူတစ်ယောက်ရဲ့ ကျန်းမာရေးဟာ မျှော်လင့်ချက်နှင့် ဆိုင်သလားနော် ..။ ရတီဖုန်းကို လှမ်းကိုင်ပြီး ကို့ဓါတ်ပုံလေးကို ကြည့်နေမိသည်။ မနေ့ရှေ့တနေ့ညကတည်းက မိုးရေထဲမှာ တညလုံးထိုင်နေမိခဲ့တာ … မနေ့ကလဲ ဘာမှလုပ်ချင်စိတ်မရှိ ကွန်ပြူတာပိတ် မီးမှိတ်ပြီး တနေကုန် ဘာမှမစားပဲ အိပ်ရာထဲ တနေကုန် အိပ်နေခဲ့တာ။ ညကျမှ အမကဖုန်းဆက်ပြီး လမ်းလျှောက်ချီတက်ပွဲ လာမလားဟု ဖိတ်ခေါ်ခါကျမှ ဒီမနက် အမတို့နဲ့ လမ်းလျှောက်လာခဲ့တာ။ အခုတော့ အမတို့ကို စိတ်ပူစရာဖြစ်စေခဲ့ပြီ …။
***********

“ရတီ … အော်လိုင်းတက်လာပါတော့ …”
ကွန်ပြူတာ ဖန်သားပြင်ကို ကြည့်ပြီး မိုးခ ဆုတောင်းနေမိသည်။ ဆုတောင်းမပြည့် …
တကရ်တော့ ရတီကို လမ်းခွဲချင်ခဲ့တာမဟုတ်။ ဒါပေမယ့် ကိုယ့်ကိုယ်တိုင်ရဲ့ မပြတ်သားသော စိတ်ဓါတ်ကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အခုတော့ ရတီက အော်လိုင်းမတက် … ဘာတွေဖြစ်နေပြီလဲမသိ။ ဒီနေ့တွေ့လိုက်ရသော ချီတက်ပွဲမှ ကျောင်းသူလေး မူးလဲတာ မြင်ပြီးကတည်းက စိတ်ထဲ နေလို့မကောင်း။ နိမိတ်ပဲလားလို့ တွေးမိရင်း ရတီကို စိတ်ပူနေမိသည်။ ရတီ ကိုယ့်ကို စိတ်နာသွားပြီလားမသိ။ ကိုယ့်ကို မုန်းသွားပြီလား ရတီ … တကရ်တော့လေ … ကိုယ်မပြတ်သားတာကြောင့်ပါ။ ကိုယ်ရတီ့ကို မချစ်သင့်ပါဘူး။ အချိန်တွေ ကြာလာရင် ရတီပိုပြီး နာကျင်မှာ စိုးလို့ပါ။ ဒါကြောင့် စောစောစီးစီး လမ်းခွဲခဲ့တာပါ။ တွေးနေရင်း … chat box တစ်ခု တက်လာတာ တွေ့လိုက်ရသည်။

ရတီးး “ကို … ”
MoeHkaးး ဟင် .. ရတီ … နေကောင်းရဲ့လားဟင်
ရတီးး ရတီနေကောင်းပါတရ်။
MoeHkaးး ရတီ … ကိုယ်တောင်းပန်ပါတရ်
ရတီးး ရပါတရ်။ ရတီနားလည်ပါတရ် ။ ရတီ့အမှားကြောင့်ပါပဲ …။
MoeHkaးး မဟုတ်ပါဘူး ရတီရယ် … ကိုယ်မှားတာပါ။ ရတီ့ကို လမ်းမခွဲသင့်ပါဘူး။ ရတီ့မှာ ဘာအပြစ်မှ မရှိပါဘူး။ ရတီ ကိုယ့်ကို တမင်မုန်းသွားအောင် ကိုယ်ပြောခဲ့တာပါ။
ရတီးး ရတီ ကို့ကိုမမုန်းပါဘူး ဘရ်တော့မှလဲ မမုန်းပါဘူး။ ကို့ကိုရတီ ချစ်ခဲ့တာလေ။ ကိုဆုံးဖြတ်နိုင်ပါတရ် …
MoeHkaးး မဟုတ်ဘူးရတီ။ ကိုယ်တောင်းပန်ပါတရ်။ ကိုယ့်ရဲ့မပြတ်သားနိုင်တဲ့ စိတ်ကြောင့်ပါ ကိုယ်ရတီကို ချစ်နေတုန်းပါပဲ။
ရတီးး အော် …
MoeHkaးး နောက်ဆို ကိုယ်တို့ ဘယ်တော့မှ လမ်းမခွဲတော့ဘူးနော်။ ရတီ …
ရတီးး အင်း …
MoeHkaးး ရတီရော် .. ကို့ကို ချစ်တရ် မဟုတ်လား
ရတီးး အင်း …
***********

ဒီနေ့မှ အင်တာနက်ပြန်သုံးဖြစ်ခဲ့တာ။ လိုင်းတက်တာနဲ့ ကိုကလိုင်းပေါ်မှာရှိနေတရ်။ ရတီ အံ့သြသွားခဲ့တရ်။ ရတီ့ကို လမ်းခွဲပြီးတော့မှ ကိုရတီ့ကို ဘလော့်မလုပ်ထားဘူး။ အဲ့ဒါမေးမလို့ ကို့ကို မရဲတရဲနဲ့ စကားစပြောခဲ့တာ။ ကို့စာတွေထဲမှာ ရတီ့ကို စိုးရိမ်နေသလိုပဲ။ ရတီဘာမှမပြောရသေးခင် ကိုပြန်တောင်းပန်နေခဲ့တရ်။ ရတီ ဘာဆက်ပြောရမှန်းမသိတော့ပဲ … အင်း … အင်း … နဲ့ ဘာမှပြန်မပြောနိုင်ခဲ့ဘူး။ ရတီပြောခွင့်ရရင် ပြောလိုက်ချင်တာ … ကိုသိပ်ရက်စက်တရ် လို့။ ရတီ့ဘေးမှာ ဘယ်သူမှ မရှိပါဘူး။ ဒါပေမယ့် ကို့အချစ်တွေက ရတီ့ဘေးနားမှာရှိနေပါတရ်။ ဒါမယ့်. .. ကို့အချစ်တွေသာ ရတီ့အတွက် မရှိတော့ရင် ….. ထားပါတော့ … ရတီဆက်မတွေးချင်ပါဘူး။ ကို့လို အရည်အချင်းရှိတဲ့ လူတစ်ယောက်ဟာ ရတီလို အနာဂတ်မသေချာမရေရာ အကြွေပန်း တစ်ပွင့်နဲ့ ဘယ်လိုက်ဖက်ပါ့မလဲ။ ရတီ့လို အကြွေပန်းကိုမှ မြတ်နိုးပါတရ် ဆိုတဲ့ လူလဲ ရှိမှာမဟုတ်ဘူးလေ။ ရတီ့အကြောင်းတွေ မသိခဲ့လို့သာ ကိုက ရတီ့ကို ချစ်မိသွားတာပါ။ နောက်ကျရင် ရတီ့အကြောင်းသိသွားတဲ့ အချိန်ကျရင် ကိုရတီ့ကို စွန့်ခွာသွားဦးမှာပဲ။ အဲ့ကျရင် ရတီဘယ်လိုခံစားနိုင်မလဲ။ အခုကတည်းက ရတီ့ကို လမ်းခွဲသွားပါတော့ ကိုရယ် … ရတီလေ … အကြိမ်ကြိမ် နာကျင်ရမှာ သိပ်ကြောက်လို့ပါ။ တကရ်တမ်း ၀န်ခံရရင် အခုချိန်မှာ ရတီကို့ကိုချစ်တဲ့ အချစ်ထက် ရတီ့စိုးရိမ်စိတ်တွေက ပိုများနေပါတရ်။

(ATM)

ဆက်ရန်ရှိသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...