Tuesday, August 30, 2011

ကဒါဖီ ဘယ်လောက် ပိုင်ဆိုင်ထားပါလဲနှင့် အခြားဆက်စပ်သတင်းများ

by Myanmar Journal on Wednesday, August 31, 2011 at 4:49am
 
ကဒါဖီ အိမ် က သူထိုင်တဲ့ ဆိုဖာကဒါဖီ ဘယ်လောက် ပိုင်ဆိုင်ထားပါလဲ
လစ်ဗျားက အာဏာရှင် ခေါင်းဆောင် ကာနယ် ကဒါဖီ မိသားစုတွေ သုံးစွဲတဲ့ ရွှေ တွေ၊ မွမ်းမံခြယ်သထားတဲ့ ပစ္စည်းတွေ၊ ရွက်လှေတွေ စတာ တွေ ကို က အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ တန်ပါတယ်။
လစ်ဗျားဟာ ကမ္ဘာမှာ နဝမ မြောက် ရေနံ အထုတ်လုပ်ဆုံး နိုင်ငံ လည်း ဖြစ်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို ကာနယ် ကဒါဖီ နဲ့ သားတွေ၊ အနီးကပ် အဖွဲ့ဝင် တွေကို တရားစွဲတင်တဲ့ ရှေ့နေတွေ ရဲ့ စွဲချက်ထဲမှာတော့ ကဒါဖီ ဟာ နိုင်ငံ့ အရင်းအမြစ် တွေ နဲ့ သူ့ ပိုင်ဆိုင်မှုကို ပြတ်ပြတ် ထင်ထင် မပိုင်းခြားထားဘူး လို့ ခုံရုံးက တရားသူကြီး မင်းတွေကို တင်ပြ ခဲ့ကြ ပါတယ်။

ကဒါဖီရဲ့ သားတွေဟာ စစ်တပ် အပါအဝင် အစိုးရ ဒေါက်တိုင်တွေ အားလုံးကို ထိန်းချုပ် ထားခဲ့ကြ ပါတယ်။
ဒါကြောင့် လည်း အစိုးရ ဝင်ငွေ ဟာ သူတို့ မိသားစုဝင်ငွေ လို အလွယ်တကူ ရယူ သုံးစွဲနိုင် ခဲ့ကြ ပါ တယ်။

ကဒါဖီ လေယာဉ် အတွင်းပိုင်းကဒါဖီ လေယာဉ် အတွင်းပိုင်း
ဘယ်လောက်တောင် သုံးခဲ့သလဲ ဆိုတာတော့ ဘယ်သူ မှ မသိ နိုင် ပါဘူး။
ဘဏ္ဍာရေး စီးဆင်းမှုတွေကို စောင့်ကြည့် ဝေဖန် နေတဲ့ Global Witness အဖွဲ့ ကတော့ သူတို့မှာ ရှိတဲ့ အထောက်အထားကို ကိုးကားလို့ လစ်ဗျား ရဲ့ အစိုးရ အဖွဲ့ အစည်း တခု ဖြစ်တဲ့ လစ်ဗျား ရင်းနှီး မြှုပ်နှံမှု အာဏာပိုင် တဖွဲ့တည်းရဲ့ ရန်ပုံငွေ ဟာ မနှစ်တနှစ် ထဲ အမေရိကန် ဒေါ် လာ ၆၄ ဘီလီယံ ရှိတယ်လို့ ပြောပါတယ်။
ဒါပေမယ့် လစ်ဗျား ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ ဆိုတာ က လန်ဒန်နဲ့ တခြား မြို့ကြီး တွေမှာ ရုံးခွဲတွေ ဖွင့်ထားပြီး၊ နိုင်ငံ တကာ စာရင်းစစ် အဖွဲ့တွေက အမြဲ ဆို သလို စစ်ဆေး နေကြပါ။
ရှင်းရှင်းလင်းလင်း မသိမြင်နိုင်တဲ့ တခြား ရန်ပုံငွေ ဆိုတာကလည်း အများကြီးပါ။
အခု ပြည်ပမှာ ခိုလှုံနေတဲ့ လစ်ဗျား ဗဟိုဘဏ် အကြီးအကဲ ဟောင်း က လစ်ဗျား ရဲ့ အရန် နိုင်ငံခြားငွေဟာ အမေ ရိကန် ဒေါ်လာ ၁၆၈ ဘီလီယံတောင် ရှိတယ် လို့ ဆို ပါတယ်။
တကယ်တော့ ဒီထက်မကဖြစ်နိုင် ပါသေးတယ်။
တခါ လစ်ဗျားငွေ ဒိုင်နာပေါင်းများစွာ တန်တဲ့ ရင်းနှီး မြှုပ်နှံမှုကြီးတွေ ကို လစ်ဗျားက နိုင်ငံ တကာ မှာ လုပ်ထားတာ အများကြီး ရှိပါ သေးတယ်။
ဆယ်စုနှစ် ပေါင်းများစွာ ကဒါဖီ ဟာ အာဖရိကရဲ့ ဆာဟာရ သဲကန္တာရ ထဲ က နိုင်ငံတွေမှာ တယ်လီဖုန်း ဆက်သွယ်ရေး နဲ့ စိုက်ပျိုးရေးပိုင်း အပါအဝင် ရင်းနှီး မြှုပ်နှံမှု အကြီးကြီးတွေ လုပ်ခဲ့ ပါတယ်။
ဒီတော့ လစ်ဗျားကို ခြေရာကောက်မယ်၊ ကဒါဖီ ကို တူးဆွကြည့်မယ် ဆိုရင်တော့ အမေရိကန် ဒေါ်လာ ဘီလီယံ နဲ့ချီ ပိုင်တယ် ဆိုတာ အနည်း အကျဉ်း ပဲ ရှိပါ သေး တယ် လို့ ဆိုရ မှာပါ။

အယ်လ်ဂျီးရီးယားနိုင်ငံထဲ ခိုလှုံသွားတဲ့ ကဒါဖီ သားနဲ့ သမီးကဒါဖီ မိသားစု အယ်လ်ဂျီးရီးယားနိုင်ငံထဲ ဝင်ခိုလှုံ
လစ်ဗျား ခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီ ရဲ့ ဇနီး ဆာဖီယာနဲ့ သူ့သားသမီး ၃ ဦး ဟာ လစ်ဗျားနိုင်ငံကနေ အယ်လ်ဂျီးရီးယား နိုင်ငံ ဆီ ထွက်ပြေးလာကြတယ် ဆိုတာ အယ်လ်ဂျီးရီးယား အစိုးရက အတည်ပြု ပြောကြားလိုက်ပါတယ်။
မနေ့ မနက်က နယ်စပ်ကို ဖြတ်ကျော် ဝင်လာ တာလို့ အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။
အယ်လ်ဂျီးရီးယား နိုင်ငံထဲ ထွက်ပြေးသွားတဲ့ သားသမီး ၃ဦးက ဗိုလ်မှူးကြီး ကဒါဖီရဲ့ သားအကြီးဆုံး မူဟာမက်၊ နောက်သားတဦး ဖြစ်တဲ့ ဟက်နီဘယ်လ် နဲ့ သမီး ဖြစ်သူ အိုင်အီရှာ တို့ ဖြစ်ပါတယ်။
သူတို့ကို လူသားချင်း စာနာတဲ့ အနေနဲ့ အယ်လ်ဂျီးရီယား အစိုးရက လက်ခံခဲ့တာ ဖြစ်ပြီး သူတို့တွေဟာ ICC နိုင်ငံတကာ ရာဇဝတ်ရုံးက အလိုရှိနေသူတွေစာရင်းထဲမှာ ပါတဲ့သူတွေ မဟုတ်ဘူးလို့ ကုလသမဂ္ဂ ဆိုင်ရာ အယ်လ်ဂျီးရီးယား သံအမတ်ကြီး Morad Benmehidi က ဘီဘီစီကို ပြောသွားပါတယ်။
ဒါပေမဲ့လည်း NTC လစ်ဗျား အမျိုးသား အသွင် ကူးပြောင်းရေး ကောင်စီကတော့ ကဒါဖီ မိသားစုကို လစ်ဗျားနိုင်ငံထဲ ပြန်လွှဲပြောင်းခွင့် ရနိုင်ဖို့ ကြိုးပမ်းမယ်လို့ ပြောကြားလိုက်ပြီး ကဒါဖီ မိသားစုကို အခုလို အယ်လ်ဂျီးရီးယားနိုင်ငံမှာ ခိုလှုံခွင့် ပေးဖို့ အယ်လ်ဂျီးယား အစိုးရ က ဆုံးဖြတ်လိုက်တာဟာ ရန်စတဲ့ လုပ်ရပ်ပဲလို့ NTC ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။
ဗိုလ်မှူးကြီး ကဒါဖီရဲ့ နောက်သားတစ်ဦး ဖြစ်တဲ့ ခါမစ်စ် ကတော့ တာဟူနာ မြို့နားမှာ သူပုန်တွေနဲ့ ရင်ဆိုင် တိုက်ခိုက်မှု အတွင်း သေဆုံးသွားပြီလို့ ယူဆရကြောင်း လစ်ဗျား သူပုန်အဖွဲ့က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ နေတိုးအဖွဲ့ တပ်မှူးတွေက လစ်ဗျား နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ မပြီးဆုံး သေးတဲ့အတွက် ဗိုလ်မှူးကြီး ကဒါဖီ တပ်ဖွဲ့တွေကို လေကြောင်း ကနေ တိုက်ခိုက် နေမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပတဲ့ ဆွေးနွေးပွဲ အပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နေတိုး တပ်မှူး တွေက ဗိုလ်မှူးကြီး ကဒါဖီရဲ့ ကျန်နေသေးတဲ့ တပ်တွေကို ဆက် ဗုံးကြဲ တိုက်ခိုက် သွားမယ်လို့ ဖေါ်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ သစ်ပင်ပိလို့ သေဆုံးသူ အများအပြားပါကဒါဖီ မိသားစု အယ်လ်ဂျီးရီးယားနိုင်ငံထဲ ဝင်ခိုလှုံ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...