Monday, August 29, 2011

ကျားတော့ ကျား ဒါပေမဲ့ ကိုးတောင်

 
by Robina Lwin on Monday, August 29, 2011 at 12:07pm
 
                `` ဟေ့ကောင်တွေ မင်းတို့ ပစ်လိုက်တဲ့ လောက်စာလုံးက..ငါ့အိမ်ပေါ်ကျတယ်ကွ..ဘယ်က
 မိမဆုံးမ ဖမဆုံးမတွေလည်း မသိဘူ´´
သရက်ပင်ပေါ်က သရက်သီးကို လောက်လေးဂွနဲ့ ပစ်နေတဲ့ ကလေးတအုပ် အဖေ့အသံကြားတာနဲ့  ၀ရုန်း
သုန်းကားပြေးလိုက်ကြတာ..
``ဟားဟား..တစ်ရပ်ကွက်လုံး အဖေကိုကြောက်လိုက်ကြတာ..ပူတူး အတွက်တော့ ရီစရာဘဲ´´

               အဖေ့ ကိုတစ်ရပ်ကွက်လုံးကြောက်ကြတယ်..သားသမီးတွေ ဆွေမျိုး..အိမ်နီးနားချင်း အားလုံး
ဘဲပေါ့.. အဖေ့ အရိပ်ကိုမြင်တာနဲ့ အကိုတွေအားလုံး အိမ်ပေါ်ပြေးတက်လာပြီး..စာကျတ်တဲ့သူကျက်..
အဖေမွေးစားထားတဲ့ မောင်နှမ ၀မ်းကွဲတွေကလည်း အလုပ်ကိုယ်စီ လုပ်တဲ့သူလုပ်..
              စောစောက ငှက်တွေပစ်.. တွေ့ ကရာ အသီးတွေ လိုက်ပစ်နေတဲ့ ကလေးတွေ လူငယ်တွေက
 အစအဖေ့ အရိပ် အဖေ့ အသံကြားတာနဲ့ ဖနှောင့်နဲ့ တင်ပါး တသားထဲကျအောင် ပြေးလိုက်ကြတာ…
အဖေက စည်းကမ်းကြီးလွန်းတော့..အားလုံးကကြောက်ကြတယ်လေ..
              အကိုဝမ်းကွဲ တယောက်ကတော့ ပြောနေတယ်..ငါ့အဖေကိုမကြောက်တဲ့သူဆိုလို့  ဒီလောကမှာ
ပူတူး ဆိုတဲ့ ငါတယောက်ဘဲ ရှိတယ်တဲ့..အဲဒါ ငါမသိဘူး…အဖေ ငါ့ကို အရန်းချစ်တာတော့ ငါသိတယ်..
အမေနဲ့ အကိုတွေ မသိအောင် ငါ့ကိုတိတ်တိတ်လေး မုန့် ဘိုးပေးတယ်..

              တနေ့  ဘာလိုချင်လဲ..ဘာစားချင်လဲမေးတော့..ငါက အဖေ့ကို စိန်ခေါ်ချင်တာနဲ့ လဖက်ရည်
ဆိုင်မှာထိုင်.. ကော်ဖီသောက်ပြီး ကိတ်မုန့် စားချင်တယ် ပြောထည့်လိုက်တယ်..ဘယ်သားသမီးမှ အဖေက
ဒီလို အခွင့်အရေးမျိုး မပေးဘူးဘူးလေ..အဖေက သမီး ရေချိုးပြီး အကျီင်္ လှလှလေးဝတ်လို့ ပြောပြီး..လဖက်
ရည်ဆိုင်မှာ ကောင်ဖီတိုက်ပြီး ကိတ်မုန့် ကျွေးခဲ့တယ်..ပြီးတော့ ဘွဲ့ ရအောင်လုပ်တဲ့ ပြောဖြစ်အောင်ပြော
လိုက်သေးတယ်..

              အဖေက ညနေ ၆ နာရီထိုးရင် သားသမီးအားလုံးအိမ် ပြန်ရောက်ရမယ် စည်းကမ်းထုတ်ထား
တယ်.တနေ့ သူငယ်ချင်းတွေနဲ့ သူခိုးပုလိပ် လုပ်တမ်း ကစားရင်း ညနေ ၆ နာရီ အိမ်ပြန်မရောက်ခဲ့ဘူး..
သူငယ်ချင်းတွေက ငါ့ကို ဂိုထောင်ကြီးထဲမှာ ပုန်းနေတုံး အပြင်က တံခါးပိတ်သွားကြတာ သိလား..
             အိမ်ပြန်ရောက်တော့ အဖေရိုက်တာ ဘယ်ပြန်ညာပြန်ပေါ့..သူမေးတဲ့ မေးခွန်းကို ငါမဖြေတိုင်း
ရိုက်တယ်..ငါကလည်းမဖြေဘူး..ငါ့မှာအမှန်တရားရှိတယ်..ငါ့သူငယ်ချင်းတွေကိုသူ ပြသနာသွားရှာမှာ
ငါသိတာပေါ့..အဖေ ငါ့ကိုမေးခွန်း တစ်ခု မေးလိုက်တိုင်း.ငါ အဖေ့ကို စူတူတူမျက်လုံးနဲ့  ဒေါက်ထောက်
ကြည့်နေခဲ့တယ်လို့  အကိုဝမ်းကွဲက ပြောတယ်..အဲဒီ အကြည့်ကို အဖေ ရိုက်တာတဲ့..ငါ မနာခဲ့ဘူး ရင်ထဲ
မှာဘဲ နာနေတယ်..အကိုဝမ်းကွဲက အရိုက်မခံရဘဲ..ငါ ပေကပ်ကပ်နိုင်တာကို ကြည့်ပြီး ကြောက်လို့ ရူရူးပါ
ပေါက်ချတယ်.. ငါ့အဖေကို ဒီလိုမျက်လုံးမျိုးနဲ့ ပြန်ကြည့်ရဲတာ ဒီလောကမှာ ငါတယောက်ဘဲ ရှိတယ်တဲ့..
တကယ်တော့..ငါအဖေ့ကို ကလန်တာမဟုတ်ဘူး..ငါမှန်နေတာကို ငါရဲရဲဝန့် ဝန့် ရင်ဆိုင်တာ..ကြောက်ပြီး
မဟုတ်တာကိုဝန်ခံ ရမဲ့အစား..ကြောက်ကြောက်နဲ့ ပြီးစလွယ်တောင်းပန်ရမဲ့အစား..ငါအသေခံလိုက်မယ်ဆို
တဲ့စိတ်က ငယ်ငယ်ထဲက သံမှိုလိုစွဲနေခဲတယ်..

                ငါ့ရဲ့ အသက်က ၉ နှစ်ဘဲ ရှိသေးတယ်..ဒါပေမဲ့ အဖေရိုက်တာကို တသက်တာ မမေ့အောင်
ဆိုပြီး ငါ့ရဲ့ နားထင်ကြောနဲ့ တံခါးနံရံစောင်းကို  ကြိတ်ပြီး အမာရွတ်တခုရအောင် …ငါကိုယ်တိုင်လုပ်ထား
ခဲ့လိုက်တယ်..
               အိမ်ဘေးက ဦးစံတင်ဆိုတဲ့ ဦးလေးကြီးရောက်လာပြီး..အဖေ့ကိုနှစ်သိပ်တယ်..ကလေးကို
မလုပ်ပါနဲ့ မင်း သမီးရဲ့ ဇာတာကို မနေ့ က မင်းပြောလို့  ငါတွက်ပြီးပြီ..တနင်္လာ ကျား ဒါပေမဲ့ ၉ ရက်နေ့ 
မှာမွေးတဲ့ ၉ တောင်ကျား..တခြားကျားနဲ့ မတူဘူး..မင်းမှားသွားလိမ့်မယ်..သူက အသေခံသွားမှာ အမှန်
တရားနဲ့ ပက်သက်ရင် ဘယ်တော့မှ လျှော့မှာမဟုတ်ဘူးတဲ့…
               အဖေဟာ ရီဝေတဲ့ မျက်လုံးနဲ့ ..ငါ့ကိုရိုက်တဲ့ဒုတ်ကြီးကိုအဝေးကြီးလွတ်ပစ်လိုက်တယ်..
ပြီးတော့..ငါ့ကိုမြို့ထဲမှာရေခဲမုန့် သွားကျွေးတယ်.. အဲဒီနေ့ က စပြီး အဖေ ငါ့ကို မရိုက်တော့ဘူး………
               ငါ ၆ တန်းရောက်တော့..ကျောင်းကိုလုပ်အားပေး ဆရာ ဆရာမတွေ ရောက်လာတယ်……
ဆရာ/ဆရာမတွေ အားလုံးထဲမှာ စည်းကမ်းကြီးပြီး အသင်အပြ ကောင်းတဲ့ ဆရာဦးခင်မောင်ညိုကို ငါ
သိတ်လေးစားသဘောကျခဲ့တယ်..သူက စာသင်နေတုံး စကားများရင်လည်း မကြိုက်ဘူး..

              တနေ့  ဆရာလေး ခင်မောင်ညို စာသင်နေရင်းနဲ့  ငါ့ဘေးက မသန်းဌေး ကို စာမေးတယ်…
မသန်းဌေး မတ်တပ်ရပ်လိုက်တော့..သူ့ နောက်က လုံချည်မှာ အကွက်ကြီးနဲ့ ..မသန်းဌေးရဲ့ ပထမဦးဆုံး
အမျိုးသမီး သဘာဝ စဖြစ်တဲ့နေ့ ပေါ့..ငါလည်း နောက်က ယောင်္ကျားလေးတွေ တွေ့ သွားမှာစိုးလို့ ..အ
ထိတ်တလန့်  ပြောလိုက်တော့..မသန်းဌေးလည်း အမြန်ထိုင်ချလိုက်တယ်.. ဆရာခင်မောင်ညိုက ငါ..
မသန်းဌေးကို စာပြောပြတယ်ဆိုပြီး မတ်တပ်ရပ်ခိုင်းတယ်..ပြီးတော့ ငါ့လက်နှစ်ဖက်ကို ရိုက်တယ်.နောက်
တခါ ပြောအုံးမလားတဲ့..ငါမဖြေဘူး..ထပ်ခါထပ်ခါရိုက်တယ်..ငါကလည်းမပြောဘူး..ငါ့မှာ အမှန်တရားရှိ
တယ်..ငါ့လက်နှစ်ဖတ်နီရဲပြီး အကြောတွေ တောင့်တင်းလာတယ်..ငါ့ကိုရိုက်ရင်းနဲ့ ဘဲ သူ့ စာသင်ချိန်ပြီး
ဆုံးသွားခဲ့တယ်..

          နောက်တနေ့ ဆရာခင်မောင်ညို စာသင်ချိန်ရောက်တော့ ဆရာက စာမသင်ဘူး..အချိန်ကုန်သည်
အထိ စကားပြောတယ်..မနေ့ ညက သူ တညလုံးအိပ်လို့ မရတဲ့ အကြောင်း..ငါ့ကို မရပ်မနားရိုက်လိုက်
မိတဲ့အတွက် စိတ်မကောင်းဖြစ်ပြီး အိပ်မရတာတဲ့..ငါကလည်း သိတ်ခေါင်းမာတယ်တဲ့..သူမေးတာကို
လုံးဝ ၀န်မခံလို့ တဲ့..သူ အခုထိ ဘာမှ လုပ်ကိုင်လို့ မရအောင် စိတ်မကောင်းဖြစ်နေတုံးဆိုဘဲ..အဲဒီတုံး
က ငါ သူ့ ကို စူတူတူမျက်လုံးနဲ့ ဘဲ ဒေါက်ထောက်ကြည်ခဲ့လိုက်တယ်..သူ့ ကိုငါလေးစားချစ်ခင်ရတဲ့ အတိုင်း
သူခံစားရပါစေလို့ ..ငါ့ရင်ထဲမှာ နာနေလို့ ..
           အိမ်ပြန်ရောက်တော့ ငါ့မျက်ရည်တွေ ဒလဟော သွန်းချပြီး ငိုခဲ့တယ်..ငါ့ကိုရိုက်လိုက်မိတာ စိတ်
မကောင်းဖြစ်သွားတယ်ပြောလို့ ..ဆရာကို ယခင်ကထက်ပိုလေးစားသွားတယ်..ဒါပေမဲ့ သူကို အတက်နိုင်
ဆုံးရှောင်နေလိုက်တယ်..

           ဒီလိုနဲ့ ငါ့ဘ၀ရဲ့ အစိတ်အပိုင်း အတွေ့ အကြုံပေါင်းများစွာကိုဖြတ်ရင်း..ငါ တကယ်ချစ်မိတဲ့ ချစ်သူ
တယောက်နဲ့ ဆုံခဲ့တယ်..သူ့ ကို သူများတွေ ဆိုးတယ်ပြောသမျှကို ငါက အပြစ်လို့ မထင်ဘူး..သူကို ရုပ်
ဆိုးတယ်ပြောရင်လည်း..ငါမကြိုက်ဘူး..သူစိတ်ညစ်နေရင် ငါနေလို့ မရဘူး..သူ ငါ့ကိုပြုံးပြ ရင်
 ငါသိတ်ပျော်တယ်..သူနဲ့ စကားပြောရတဲ့နေ့ တွေဆို ငါအသက် တရက်ငယ်သွားသလိုဘဲ..လန်း
နေတာ..ငါပေါ့….သူ့ နဲ့ ဘ၀ ကိုစိတ်တူကိုယ်တူ လက်တွဲချင်လာခဲ့တယ်..ဒါပေမဲ့ ငါအိပ်မက်တွေ ရုတ်တ
ရက်ပျောက်ဆုံးသွားလိုက်တာ..ငါအသက်ဆက်ရှင်သန်လိုစိတ်ပါ ကင်းမဲ့သွားခဲ့တယ်..
          ငါ့ကို အချစ်ဆုံးလို့ ပြောတဲ့ ငါ့ချစ်သူက…အသက် ၃၅ နှစ် ၀န်းကျင်လောက်ရှိတဲ့ အပျိုကြီးတ
ယောက်နဲ့  တတွဲတွဲ ဖြစ်နေတာ ငါတွေ့ ခဲ့ရတယ်..ငါ့ချစ်သူကို မေးကြည့်တော့ ခင်တဲ့ သူငယ်ချင်း ပါတဲ့
သူ့ ကိုငါကနားလည်မှုမရှိဘူးတဲ့..စကားသံလေးတွေက ပြောင်းလာခဲ့တယ်..တနေ့ သူတို့  ၂ယောက်
စ နောက်နေကြတယ်..သူက အဲဒီ အပျိုကြီးကိုပြောတဲ့ စကားတွေကိုငါမကြိုက်ဘူး ငါ့အရိပ်ဟာ နင်အတွက်
အေးမှာပါတဲ့…ငါ့ ပုခုံး ၂ဖက်ဟာ နင့် အတွက်ဘဲ စသဖြင့်..စကားတွေ က  တခြားသူငယ်ချင်း
တွေတောင်မနောက်ရဲတဲ့အဆင့်ကျော် စကားလုံးတော်တော်များများကိုပါ သူတင်မကဘဲ..အပျိုကြီး ကိုယ်
တိုင်ကိုကပြောနေတာတွေငါကြားရပြီးတဲ့ နောက်မှာ..တို့ တွေ ပြသနာတက်ခဲ့ကြတယ်..သူကလည်း သူ့ 
အပျိုကြီးကို နဲနဲမှထိလို့  မရအောင် ဖြစ်ကြရပြီး..တဖြည်းဖြည်းနဲ့ ဝေးသွားကြတယ်..

           ငါ ဆုံးဖြတ်လိုက်တယ် သူဘေးနားမှာ ဒီအပျိုကြီး လာနေသမျှ သူ့ ကို ချစ်သူတယောက် လို့ ဘယ်
တော့မှ မသတ်မှတ်တော့ဘူးလို့ .. ငါသူ့ ကိုဘာမှ မရှင်းတော့ဘူး.ရှင်းခဲ့ရင်တောင် ငါ့သတ်ပုံတွေက မှား
နေအုံးမှာလေ.ငါဘာမှ မမှားခဲ့ဘူး..ငါ့မှာ အမှန်တရားရှိတယ်..ငါခံစားပြီး အသေသာခံသွားမယ်….ငါသူတို့ 
ကို စူတူတူမျက်လုံးနဲဘဲ ဒေါက်ထောက်ကြည့်နေလိုက်တယ်..ငါ့မျက်လုံးအောက်က မျက်ရည်တွေကို သူ
မ တွေ့ နိုင်အောင်နေနိုင်ခဲ့တာကိုဘဲ ငါဂုဏ်ယူနေမိတယ်..သူကလည်း လုံးဝ မမှုပါဘူး.သူ့ ရဲ့ အတ္တရင်ခွင်
ကြီးကို မာနတွေနဲ့ မွမ်းမံထားလိုက်တာ ပိုတောင်ခမ်းနားနေလေရဲ့.. ငါ့ရင်တွေနာခဲ့တယ်..အဖေရိုက်သလို
နာတယ်  ဆရာလေးရိုက်သလိုနာတယ် ငါရဲ့ အမှန်တရားအတွက်သူခံစားရပါစေလို့ ဘဲ.......
ဆုတောင်းခဲ့လိုက်တယ်..

             ၂၀၁၁ သြဂုတ်လ ၁၇ ရက် နေ့ က..၈၈ ခုနှစ် နောက်ပိုင်း မှာ ပြည်ပ ရောက်သွားတဲ့ မြန်မာတွေ
ကို ပြန်လာခွင့်ပြုတယ်လို့  မြန်မာစစ်အာဏာရှင် ဦးသိန်းစိန်က ကျေငြာခဲ့တယ်.ဒါပေမဲ့ ပြစ်မှုကျူးလွန်ထား
တဲ့ သူတွေကတော့ ပြစ်ဒဏ် ကျခံရမယ်ဆိုတဲ့ နောက်တက်တွဲ စကားလေးလဲ ထည့်ပြောသွားလိုက်သေး
တယ်..
             ပြည်တွင်းမှာ လက်နက်ကိုင်ဆောင်ခြင်းလည်းမရှိ.တော်လှန်ရေး အင်အားစုတွေ ဆီကို ကိုယ်
တိုင် ကိုယ်ကျ လာရောက်တွေ့ ဆုံခဲ့ဘူးခြင်း မရှိခဲ့တဲ့..ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်..ဦးဇာဂဏာ
နဲ့  နိုင်ငံရေး အကျဉ်းသား ၂၀၀၀ (နှစ်ထောင်) ကျော်ကိုတောင် ပြန်လည်လွတ်ပေးခြင်းမရှိ...ပြည်တွင်း
ငြိမ်းချမ်းရေးကိုလည်း ဘာမှ လုပ်ဆောင်ခြင်းမရှိဘဲနဲ့  ၈၈နောက်ပိုင်း..ပြည်ပ ရောက်မြန်မာ များပြန်လာ
နိုင်ပါတယ်လို့ ..ခေါ်လိုက်တဲ့ မြန်မာစစ်အာဏာရှင်သိန်းစိန် ရဲ့ခေါ်သံကို ငါဘယ်တောမှ မထူးဘူး..
ငါ့မှာ အမှန်တရားရှိတယ်..သူကို စူတူတူမျက်လုံး နဲ့ ငါဒေါက်ထောက်ကြည့်နေလိုက်တယ်…ငါချစ်တဲ့
အဖေကိုလည်း အမှန်တရားအတွက်ကြည့်ခဲ့တယ်..ငါချစ်တဲ့ဆရာကိုလည်း အမှန်တရားအတွက်
ငါကြည့်ခဲ့တယ်..ငါချစ်တဲ့ ချစ်သူကိုလည်း အမှန်တရားအတွက်ငါ ကြည့်ခဲ့တယ်..မတရားတာ မှန်သမျှ
လုပ်နေတဲ့  ငါလုံးဝမချစ်တဲ့ မြန်မာ စစ်အာဏာရှင်သိန်းစိန်လောက်တော့ သနားတယ်..သူတို့ ခေါ်တာကို
ငါဘယ်တော့မှ မသွားဘူး..စူတူတူမျက်လုံး နဲ့ ငါဒေါက်ထောက် ကြည့်နေလိုက်မယ်..
ထယ်ထယ်ဝါ၀ါကို`ကြည့်လိုက်မယ် ..
ကျားတော့ကျား ဒါပေမဲ့ ကိုးတောင် ~~~~~~

Robina

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...