Wednesday, August 24, 2011

အွန်လိုင်း လုံခြုံမှုသည် သင့်လက်တွင်းမှာ ရှိသည်(၁)

မြန်မာနိုင်ငံ ရဲ့ အင်တာ နက် သုံးစွဲ သူ ဦးရေ နဲ့ အင်တာ နက် သုံးစွဲနိုင်မှု အခွင့် အလမ်းဟာ၂၀၁၁ ခုနှစ် အတွင်းမှာ သိသိ သာသာ တိုးတက် လာပါ တယ်။ အင်တာနက် ကနေ ငွေရေးကြေးရေးကို စီမံဆောင်ရွက် မယ့်Online banking ဆိုတာကို ကြိုးစား သူတွေ ရှိနေတာလည်း တွေ့ရပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံက အင်တာနက် သုံးစွဲသူ အများစုရဲ့ ကွန်ပျူတာ လုံခြုံမှုနဲ့ အွန် လိုင်းလုံခြုံမှု အပေါ် အလေး ထားတဲ့ အတိုင်း အဆဟာ အလွန် အားနည်းနေဆဲ ပါပဲ။
(အကယ်၍များ) အင်တာနက် ဆက်သွယ်မှု အမြန်နှုန်းဟာ သုံးပျော် လောက်အောင် အားကောင်း လာမယ် ဆိုရင် ဤရွေ့ဤမျှ အမြန်နှုန်းကို ရပါစေ့မယ် ဆိုတဲ့ကြော်ငြာနဲ့ လက်တွေ့ ညီလာရင် ကွန်ပျူ တာနဲ့လည်း အင် တာနက် သုံးကြမယ်။ လက်ကိုင်ဖုန်းတွေပေါ်ကလည်း အင်တာနက် သုံးကြပါ လိမ့်မယ်။
အွန်လိုင်း အရောင်း အဝယ်တွေ ငွေလွှဲတာတွေ၊ အရေးကြီး အချက် အလက်ပေးပို့တာတွေ အများကြီးဖြစ် လာပါလိမ့်မယ်။ အပြောနဲ့ လက်တွေ့ သာညီအောင် လုပ်စမ်းပါ။ လက်ကိုင်ဖုန်း သုံးစွဲသူ ၂၅ ရာခိုင်နှုန်းသာ အင် တာနက် သုံးစွဲကြမယ် ဆိုတဲ့ ယူဆ ချက်ဟာ သွက်သွက် လည်အောင် မှားနေ တယ်ဆိုတာ တွေ့ ရပါလိမ့်မယ်။ အွန်လိုင်း သုံးစွဲသူတွေ များလာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ တစ်တွေရဲ့ ပေါ့ပေါ့ ဆဆနေတတ်တဲ့ သဘာဝ ကြောင့် ပြဿနာတွေ လည်း စီနေအောင် ပါလာမှာ အသေ အချာပါပဲ။ ကို အဝှာရေ ကျုပ်ရှိ စုမဲ့ စုငွေလေး သမီးဆီ ပို့လိုက်တာ ကုန်ပြီတို့၊ အောင်မလေး တော် ဘဏ်ထဲ ကျွန်မစုထား တဲ့ငွေတွေ ဘယ်သူ ထုတ်သွား မှန်းကို မသိဘူး တို့ကို မကြာမကြာ ကြားရလိမ့်မယ်။

ဒါကြောင့် တစ်နေ့နေ့တွင် ကောင်း လာအံ့ဟု ယူဆ ရသော အင်တာ နက်ကြီးကို အမယ်စုံအောင် သုံးကြမယ် ဆိုခဲ့ရင် နဘယံဘေး မရှိစေဖို့ ကိစ္စ အတွက် သတိထား သင့်တဲ့ အချက် အလက်တွေကို ပြောလိုပါတယ်။ ကမ္ဘာ ကျော်ဟက် ကာတွေရဲ့ အကြံပြု ချက်တွေကို ကိုယ်ပိုင် အတွေ့အကြုံ အပေါ် အခြေခံပြီး မျှဝေခံစားတာပါ။ အင်တာနက် လုံခြုံမှု (တစ်နည်းပြောရရင် အွန်လိုင်းလုံခြုံမှု)လို့ဆိုတိုင်း သုံးစွဲ သူတွေက ဟိုဆော့ဖ်ဝဲနဲ့ ကာကွယ်ရ ကောင်းနိုးနိုး ဒီဆော့ဖ်ဝဲနဲ့ ကာကွယ်ရကောင်းနိုးနိုး ဖြစ်လေ့ ရှိပါတယ်။ ဒါ ပေမဲ့ စွမ်းအား အကောင်းဆုံး ကာကွယ်ရေး လက်နက်ဟာ ဆော့ဖ်ဝဲ မဟုတ် ပါဘူး။ သုံးစွဲသူရဲ့ ဆင်ခြင်တုံ တရားနဲ့ အတွေ့အကြုံ ဗဟုသုတ ဖြစ်ပါတယ်။ အွန်လိုင်း ကနေ ဖောက်ထွင်း သူတွေဟာ အောက်မှာဖော်ပြထားတဲ့ အနေ အထားတွေ အပေါ်မှီပြီး လုပ်လေ့ရှိကြပါတယ်။
- အီးမေးလ် ပို့ရင် သတိထားပါ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ ဆီ အီးမေးလ် ပို့တဲ့ လူတွေရှိသလို အလုပ် သဘော အရ ကုမ္ပဏီ အချင်းချင်း၊ ကုမ္ပဏီနဲ့ ဘဏ် အီးမေးလ်ပို့နေရတဲ့ လူတွေလည်း ရှိပါတယ်။တောရောက်တောင်ရောက်ရေးထားတဲ့ အီးမေးလ် တွေရှိသလို၊ လူသိမခံနိုင်တဲ့ ကိစ္စတွေ အီးမေးလ်နဲ့ ပို့တာလည်း ရှိပါတယ်။ ကောင်းပြီ အီးမေးလ်ပို့တဲ့ လူတွေကို မေးပါမယ်။ ကိုယ့်မေးလ်ကို ကြားဖြတ် ဖေါက်ဖတ် ခံရသည်ရှိသော် ဆိုတဲ့ ကိစ္စကို စဉ်းစားဖူး ပါသလား။ ကျွန်တော် ကျွန်မက ဂျီမေးလ် သုံးပါတယ် ဆိုရင့် https: ဆိုတဲ့ secure socket layer ကို သတိ ထားမိပါသလား။ အီးမေးလ် တစ်စောင်ဟာ လိုရာခရီးကို မရောက်မီမှာ server တစ်ခုကနေ တစ်ခုဆီ ခုန်ကူးပြီး သွားကြရပါတယ်။server နှစ်ခုကြား အကူး အပြောင်းနေရာဟာ အား အနည်းဆုံးနေရာပါ။ ဒီနေရာက တစ်ဆင့် ကိုယ့်စာကို သူများဖောက် ဖတ်နိုင်ပါတယ်။ ကြားဖြတ် ရယူသွားနိုင်ပါတယ်။

ဒါကြောင့် အင်တာနက်မေးလ် စနစ်တွေက ဘယ်လိုကောင်းတဲ့ security layer တွေ ခံပေးထား တယ်ပဲပြောပြော ကိုယ့်စာကို စာဝှက်(Encrypted mail) ဘဝကို ပြောင်းပြီး ပို့လိုက်တာဟာ အကောင်းဆုံးပါ။ အလွယ်ဆုံးကတော့ စာပို့သူနဲ့ လက်ခံသူတို့ဟာ တူညီတဲ့ Encrypt-decrypt Software တစ်ခုကိုသုံးပြီး အလုပ် လုပ်ကြတာဖြစ်ပါတယ်။ အင်တာနက်ပေါ်တက်ပြီး အခမဲ့ ရနိုင်တာ ကိုရှာပါ။ ပြီးရင် ဝေမျှသုံးလို့ရပါပြီ။ မေးလ်တွေ Encrypt-decrypt အတွက် အခမဲ့ဝန်ဆောင်မှုပေးတဲ့ Website တွေလည်း ရှိပါတယ်။http://infocrypt.com နဲ့ steganos free crypt (http://bit.ly/exptips 1232) တွေမှာ ဝင်ရောက်ကြည့်ရှုပြီး သုံးစွဲနိုင်ပါတယ်။

- စာသားသက်သက်နဲ့ ပို့တဲ့ အီးမေးလ်တွေက အကောင်းဆုံးဖြစ်ပါတယ်
HTML Format နဲ့ အီးမေးလ်တွေကို ပို့တာ လက်ခံတာ ဟာ တစ်စုံ တစ်ယောက်ရဲ့လှည့်ဖျားမှုကို ခံရဖို့ အခွင့် အလမ်း များစေပါတယ်။ အီးမေးလ် အခြေခံပြီး တိုက်ခိုက်မှု တချို့မှာ စာထဲ မြှုပ်သွင်း ထားတဲ့ ရုပ်ပုံတွေကို အခြေခံပြီး လုပ်တတ် သလို တရားဝင် တည်ရှိနေ သယောင် ဖန်တီးထားတဲ့ Website လိပ်စာရဲ့ Link ကိုပေးပြီး လှည့်ဖျား တာတွေလည်း ပါနေတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကိုယ် သုံးမယ့် အီးမေးလ် ပရိုဂရမ်ကို စာသားသက် သက်ပဲပါတဲ့ အီးမေးလ်ကိုသာ ပို့နိုင် လက်ခံနိုင်အောင် အစီအစဉ် ချထားသင့် ပါတယ်။ ဒါပေမဲ့ အီးမေးလ် ကတစ်ဆင့် တိုက်ခိုက်မှုမှာ နောက်ဆက် တွဲဖိုင်အမျိုးမျိုး(Attachment files) တွေက တစ်ဆင့် တိုက်ခိုက် တတ်တာလည်း များပါတယ်။
အကြောင်း မသိသူဆီက ပို့တဲ့ စာကို အလွယ်တကူ မဖွင့်ဖတ်ပါနဲ့။ ကိုယ် နဲ့ ဆက်သွယ် လုပ်ကိုင်နေတဲ့ ဘဏ်ကပဲ ပို့လေသယောင်၊ကုမ္ပဏီကပဲ ပို့လေ သယောငLetter headအတုနဲ့ အပီ အပြင် လိမ်တတ်တာ မျိုးလည်း ရှိပါတယ်။ မသင်္ကာရင် သက်ဆိုင်ရာ ဘဏ် ဒါမှမဟုတ် ကုမ္ပဏီကို ဖုန်းနဲ့ဖြစ်စေ၊ Fax နဲ့ဖြစ်စေ ဆက်သွယ်မေးမြန်းပါ။ တစ်ခါတလေ ကျပြန်တော့လည်း ကိုယ့် မိတ်ဆွေရဲ့ လိပ်စာနဲ့ ဝင်လာတဲ့ စာတွေဟာ သူ့ကွန်ပျူတာမှာ ဝင်ကပ်တဲ့ ဗိုင်းရပ်စ်က ဖန်တီးပြီး ပို့တဲ့ စာတွေ ဖြစ်တတ်ပါတယ်။ မသင်္ကာရင် ဆက် သွယ်မေးမြန်းပါ။ နောက်ဆက်တွဲ ဖိုင်တွေကို အလွယ်နဲ့ မဖွင့်ပါနဲ့။ စာကို ဖွင့် မကြည့်ပဲ နောက်ဆက်တွဲ ဖိုင်ဟာ ဘာဖိုင် အမျိုးအစားတွေ လည်းဆိုတာ ကြည့်နိုင်တဲ့ plug-in တွေ ရှိပါတယ်။ ချိတ် ဆက်ပြီး သုံးကြည့်ပါ။

- မိမိရဲ့ ကိုယ်ရေး အချက် အလက်တွေနဲ့ ပတ်သက်ပြီး အမြဲ အလေးထား စဉ်းစားပါ
ကျွန်တော်တို့ ဆီက လူတွေကြည့်ရင် ကိုယ်ရေး အချက် အလက် ဖြည့် သွင်းရတဲ့ အခါ၊ပေးရတဲ့ အခါ အပြင် အလုပ်လျှောက်တာမျိုး ဌာနဆိုင်ရာနဲ့ အဖွဲ့အစည်းတွေ ဆီပေးရတာမျိုးကလွဲပြီး အွန်လိုင်းမှာပေါ့ပေါ့ဆဆ လုပ်လေ့ ရှိပါတယ်။ လုပ်မယ် ဆိုလည်း လုပ်စရာ။Gmai တို့ Skype တို့ Facebook တို့ ဆိုတာက တယ်ပြီး အရေးကြီးတာ မှတ်လို့ဆိုတဲ့ လူစားတွေ များသကိုး။ ဒါကြောင့် ကျွန်တော်တွေ့ဖူးတဲ့ လူတော်တော် များများဆိုရင် အွန်လိုင်းပေါ် မှာ ဘယ်နေရာပဲ သုံးသုံး ဒီနာမည်နဲ့ ဒီ password ချည်းပဲ သုံးတာတွေ့ရပါ တယ်။ အကျင့်ဆိုတာက စွဲရင်ပြင်ရခက်ပါတယ်။ ကောင်းပြီ၊ ဒီ အကျင့်ဆိုး ကြီးနဲ့ နောင် တစ်နေ့ငွေရေးကြေးရေး ကိစ္စတွေ၊ အရေးကြီး အချက် အလက် ကိစ္စတွေဆောင်ရွက်ရင် ဘယ်လို လုပ်ကြမှာတဲ့လဲ။ ဒါကြောင့် ဘယ်နေရာ မှာပဲ ကိုယ်ရေး အချက် အလက်တွေ (နာမည်၊ လိပ်စာ ၊ြွေကးဝယ်ကတ်၊ ဒါမှမ ဟုတ် ဘဏ်ငွေ ထုတ်ကတ် နံပါတ်စတာတွေ)နဲ့ တခြား အရေးကြီး အသေးစိတ် အချက် အလက်တွေပေးရတဲ့ အခါလုံခြုံမှုရှိအောင် စိတ်ပါ လက်ပါဆောင်ရွက်ပါ။

အကြောင်းရေရေ ရာရာ မသိတဲ့ Website တွေမှာ ဈေးဝယ် တာမျိုး မလုပ် ပါနဲ့။ တစ်ခါ တလေ ကျတော့ အဲဒီ Website ဆိုတာကြီးဟာ ကိုယ့်ငွေကို သူ့ အိတ်ထောင် ထဲရောက်အောင် အယောင်ပြရေးဆွဲထားတဲ့ ဟာကြီးလည်း ဖြစ် နေတတ်ပါတယ်။Website ထဲဝင်တဲ့အခါ တချို့နေရာတွေမှာ အီးမေးလ် လိပ်စာတင် မကပါဘူး။ အဲဒီလိပ်စာရဲ့ password ပါတောင်းတာမျိုးတောင် တွေ့ဖူးပါတယ်။ အဓိပ္ပါယ်မရှိတဲ့ ဒီလို လုပ်ရပ်မျိုးတွေ့ရင်ရှောင်ပါ။Website ထဲ ဝင်မကြည့် ရရင်နေပါစေ။ အန္တရာယ်နဲ့ မရင်းပါနဲ့။ ကွန်ပျူတာ မှာတင် ထားတဲ့ Antivirus ဆော့ဖ်ဝဲက ကိုယ်ဝင်ကြည့်တဲ့ Website မှာ အန္တရာယ်တွေ ရှိတဲ့ အကြောင်း သတိပေးတာမျိုး ရှိပါတယ်။

ကိုယ့်ရဲ့ ကိုယ်ရေး အချက် အလက်တွေ၊ြွေကးဝယ်ကတ် ဒါမှမဟုတ် ဘဏ်ငွေ ထုတ်ကတ်ရဲ့ နံပါတ်တွေနဲ့ တခြား အပေါက်ကြား မခံနိုင်တဲ့ အ ချက် အလက်တွေကို email နဲ့ ပို့ရမယ် ဆိုရင် အထူး သတိထားပါ။ကိုယ်မရင်း နှီးတဲ့ Website တွေကို မဖြစ်မနေ ဝင်ရောက်ကြည့်ရမယ်။ အချက် အလက် ကလည်း မဖြည့်ပေးလို့ မရဘူး ဆိုရင် မဖြည့်မဖြစ် အချက်အလက်တွေကိုသာ နည်းနိုင်သမျှ နည်းအောင် စဉ်းစားပြီးဖြည့်ပါ။တစ်မျိုးတည်းသော နာမည်၊ password သုံးတတ် သူတွေဟာ အကြောင်း မသိတဲ့ Website နဲ့ ပတ်သက်ပြီး ဗျာများ ရနိုင်တာမို့ ဖြစ်နိုင်ရင် အီးမေးလ် လိပ်စာတစ်ခုကို သီးခြား password တစ်ခုနဲ့ လုပ်ပြီးပေးလိုက်ပါ။ ဘယ်လိုလမ်း ကြောင်းလွှဲပြီးပေးနိုင်တယ် ဆိုတဲ့ လမ်းညွှန်ချက်ကို ဂျီးမေးလ် help မှာဝင်ပြီး ဖတ်နိုင်ပါတယ်။

နောင်စိုး(ထားဝယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...