Friday, August 26, 2011

သနားစရာကောင်းသော ကလေးငယ်များ ဈေးကောင်းရနေ

by Yeyint Kyaw on Saturday, August 27, 2011 at 1:27pm
ဝင့်သင်ဇာကျော် ( Myit Makha Mediagroup )


တောင်ဒဂုံမြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြှိုနယ်တို့လို အခြေခံလူတန်းစားများ နေထိုင်ရာ မြို့နယ်အချို့ တွင် အသက် ၄-လ၊ ၅-လအရွယ်၊၆နှစ်အရွယ်နှင့်၊၇-နှစ်အရွယ် ဝန်းကျင်ရှိ ပိန်လှီနေသောကလေးငယ်များကို တစ်ရက်လျှင် ငှားရမ်းခ ငါးထောင်ပေးပြီး လူစည်ကားရာနေများတွင် တောင်းရမ်းခိုင်းခြင်းမျိုးများ ရှိနေကြောင်း သိရသည်။
လက်၊ခြေထောက်များတွင် မီးလောင်ဒဏ်ရာ၊ ပိန်လီနေသောခန္ဒာကိုယ်၊ ညစ်ပတ်ပြီးပေတီပေစုတ်ဖြစ်နေသောပုံစံမျိုးဆိုလျှင် အဆိုပါကလေးငယ်ကို ဈေးကောင်းပေး၍ငှားပြီး လူကြီး များမှ တစ်နေ့တာစားဝတ်နေရေးအတွက် အလေအလွင့် ကလေးငယ်များကိုဗန်းပြကာ တောင်းရမ်းနေကြကြောင်း တောင်ဒဂုံမြို့နယ်မှ မျက်မြင်ကိုယ်တွေ့ တွေ့သူတစ်ဦးကပြောသည်။

“ကျွန်တော်တို့ တောင်ဒဂုံမှာရှိတဲ့အမှိုက်ပုံနားမှာ မိသားစုတွေတန်စီးပြီးနေကြတယ်။ အဲ့မှာဆိုရင် ကလေးအကြီးအသေးပေါ်မူတည်ပြီး ကလေးတွေကိုငှားပြီး တစ်ရက်ကိုဘယ်လောက်ပေးမယ်ဆိုပြီးငှားတယ် ပြီးတော့ တောင်းရမ်းခိုင်းနေတာကို ကျွန်တော်လည်းအမှတ်မထင်တွေ့မိတာပေါ့၊ ကျွန်တော်တောင်စိတ်မကောင်းတော်တော်ဖြစ်သွားတယ်” ဟု တောင်ဒဂုံမြို့နယ်နေ အသက်၃၀-ဝန်းကျင်ရှိကိုညီညီကပြောသည်။ ကလေးငယ်တွေရဲ့ စာရိတ္တမဏ္ဍိုင်ကိုအချိန်မှီပြုပြင်ပေးသင့်ကြောင်း၊ အမှိုက်ကောက်ခြင်းဖြင့်စားဝတ်နေရေးဖြေရှင်းနေရသောကလေးငယ်များသည် မိဘ၏ခိုင်းစေချက်ဖြင့်သံတိုသံစများ၊ ပလပ်စတစ်များ ကောက်နေရသောကြောင့် ပညာရေးမှာနှောင့်နှေးသွားရပြီး စာရိတ္တမဏ္ဍိုင်များ ပျက်စီးကာ ခိုး၊၀ှက်၊ လုယူခြင်း မျိုးရှိနေကြောင်း သိ ရသည်။ ကလေးငယ်အများစုသည် ကြုံရာကျပမ်းအလုပ်များကိုလုပ်ကိုင်ကာ ပိုက်ဆံရသည်နှင့် စာရိတ္တများလည်း အလိုလို ပျက်စီး ယိုယွင်းလာခြင်းမျိုးရှိကြောင်း လှိုင်သာယာမြို့နေသူတစ်ဦးကပြောသည်။

“ကလေးတွေကစာသင်ပြီး ကြီးပြင်းရမယ့် အရွယ်မှာ မကြီးပြင်းရဘဲ အလုပ်လုပ်ပြီးကြီးပြင်းလာရသော စည်းကမ်းဆိုတာလည်းမသိ၊ လူ့ကျင့်ဝတ်ဆိုတာလည်းမသိတော့ သူတို့ရဲ့ စိတ်ဓာတ် တွေက ကြမ်းတမ်းလာတာပေါ့။ အဲ့တော့သူများပစ္စည်း ခိုးမယ်၊ ၀ှက်မယ်၊လိမ်ပြောမယ်၊ လူဆိုး၊ သူခိုးလေးတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် သူတို့ရဲ့စာရိတ္တမဏ္ဍိုင်ကို အချိန်မီပြုပြင်ပေးသင့်တယ်”ဟု လှိုင်သာယာနေ ကျောင်းဆရာတစ်ဦးက ပြောသည်။ ကျောင်းတတ်ချင်တယ် သူငယ်ချင်းတွေနဲ့ကစားချင်တယ်။ လှိုင်သာယာမြို့နယ်အတွင်းရှိ အမှိုက်ပုံအချို့တွင် ရောင်းရနိုင်ဖွယ်ရှိသော ပစ္စည်းများကို လိုက်လံကောက်နေသော၊ အသက်၆နှစ် အရွယ်ကလေးငယ်မှာ နေ့လည်စာ၊ ညနေစာဟူ၍ တစ်နေ့တာ အတွက် စားဝတ်နေရေး ဖြေရှင်းနေရသော်လည်း အများနည်းတူ ကျောင်းတက်ချင်ကြောင်း အမှိုက်ကောက်ခြင်းကို ငြီးငွေ့နေပုံဟန်ဖြင့် မျက်မှောင်ကြုတ်ကာပြောပြခဲ့သည်။ “သားက ဒီလှိုင်သာယာဘက်မှာ ကော်ဘူးတို့၊ပလပ်စတစ်ဘူးတို့၊ ပြန်ရောင်းလို့ရမယ့်ဟာလေးတွေ ကောက်ပါတယ်၊ သားက ကျောင်းမနေရသေးဘူး၊ ဒါပေမဲ့ ကျောင်းတတ်နေတဲ့ ကျွန်တော့်လိုအရွယ်မြင်ရင်၊ ကျွန်တော်လည်း သူတို့လို ကျောင်းတတ်ချင်တယ်၊သူငယ်ချင်းတွေနဲ့ ဆော့ချင်တယ်”ဟုလက်တစ်ဖက်မှ ပစ္စည်းအတိုအတွာများထည့်ထားသော ဆာလာအိတ် အဖြူကို ဆွဲကိုင်ကာ ကျန်တစ်ဖက်ဖြင့် နှာခေါင်းကို ပွတ်သက်ရင်းပြောသည်။ အဆိုပါကလေးသည် မွေးချင်းမောင်နှမ-၂ယောက် ရှိပြီး အကြီးဆုံးအကို ဖြစ်သောကြောင့် ညီမအငယ်လေးနှင့်မိခင်ကို ရှာဖွေကျွေးမွေးရန် အတွက် အလုပ်လုပ်ရကြောင်း သိရသည်။

“သားက အကြီးဆုံးပေါ့ ညီမလေးကလသားဘဲရှိသေးတယ်။ အဖေကမရှိတော့ဘူး၊သားကဘဲအမေနဲ့ညီမလေးကိုရှာကျွေးရတာပေါ့၊
တစ်ခါတစ်ခါ ဆို သား လမ်းဘေးပလပ်ဖောင်းမှာဘဲအိပ်တယ်။ နေ့လည်စာမစားဘူး ညနေ အိမ်ပြန်ချိန်ကြမှ အမေနဲ့ ညီမလေးနဲ့မှ အတူတူ စား တာ”ဟု အကိုကြီးအဖရာကဲ့သို့မိသားစုကို ကျွေးမွေးစောင့်ရှောက်နေပုံကိုပြောပြခဲ့သည်။ အမှိုက်ကောက ခြင်း ဖြင့် တစ်နေ့ ရောင်းရငွေမှာ သုံးထောင်၊ လေးထောင်သာ ရရှိပြီး တစ်ချို့နေ့များတွင် တစ်ရာတောင်မရသော နေ့များရှိသောကြောင့် စားရေး တွင်လည်း အခက်အခဲရှိနေကြောင်း သိခဲ့ရသည်။


စာနာ ထောက်ရှု စုပေါင်း ပြု လွတ်လပ်သော သူငယ်ချင်းများ အင်အားစု အတွက် အသုံးပြုရန် ဖော်ပြခြင်း ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...