Tuesday, August 30, 2011

"ဟိုရှေးအနှစ် ၂ဝ ကျော်က"

Min Thant Syn created the doc:

တပ်မတော်ဘက်က စတင်မီးမွှေးသည်ဟု စွပ်စွဲခံရသော ကိစ္စ ၂ ရပ်က စစ်အာဏာသိမ်းပွဲတွင် လမ်းစထွင်ပေးပုံ ရှိသည်။ ပထမကိစ္စတွင် စစ်ရုံးအနီး ဆန္ဒပြလူအုပ်ကို ဂိတ်ဝမှ ဖယ်ခိုင်းရာတွင် စစ်ကားတန်းနှင့် ရင်ဆိုင်ရသည်။ ဒေါသထွက်နေသော လူအုပ်က ဓားလှံများကိုင်၍ စစ်ရုံးဝ ရောက်လာသည်။ ကျောင်းသားခေါင်းဆောင်များနှင့် အတိုက်အခံလူကြီးများ အခြေအနေကို ဖြေရှင်းပေးရသည်။ စက်တင်ဘာ ၁၇ တွင်လည်း ကုန်သွယ်ရေးရုံးက တပ်သားတစု ဆန္ဒပြလူအုပ်ကို ပစ်ခတ်ရာ အနာတရရကြသည်။
ဤတခါ အခြေအနေပိုဆိုးသွားပီး တမြို့လုံးက ဘတ်စ်ကားများနှင့် ဆင်းလာသောလူများ ရုံးကိုဝိုင်းကြသည်။ ရဟန်းတချို့ စစ်သားများကို လက်နက်ချဖို့ ဝင်ဖျောင်းဖျပြီး ခေါ်ထုတ်သွားရသည်။ လျစ်လျူမရှုနိုင်တော့သော အာဏာသိမ်းဖို့ အကြောင်းပြစရာများဟု တပ်ဘက်က ယူဆသည်။ တနင်္ဂနွေနေ့ညနေတွင် စစ်ကားများ ရန်ကုန်မြို့ထဲ တပ်စွဲကာ ရေဒီယိုမှ အာဏာသိမ်းကြောင်းကြေညာသည်။ ည ၈ နာရီမှ မနက် ၄ နာရီထိအပြင်မထွက်ရအမိန့်ထုတ်သည်။

နောက်နေ့မနက်တွင် ထောင်နှင့်ချီသော လူအုပ်လမ်းများ အာဏာသာရသော်လည်း စစ်တပ် အနေနှင့်
နိုင်ငံရေးအရ နလံမထူနိုင်သည်က အမှန်ပေ။
ပေါ်ထွက်လာပီး စစ်အာဏာသိမ်းပွဲကို ဖီဆန်ကြသည်။ မဆိုင်းမတွ ပစ်ခတ်နှိမ်နင်းရာ ငြိမ်းချမ်းနေသည့် ကာလမျိုးတွင် မြန်မာပြည်၌ မကြုံဘူးသော ပမာဏ
ဖြစ်သည်။ လူအများ တုန်လှုပ်စရာ ဖြစ်ရသော် လည်း မြန်မာစစ်တပ်အတွက် မှန်တမ်းသာရှိသေးသည်။ မြို့ပေါ်တွင် လူများများ သေသည်သာ ထူးပါသည်။ တိုင်းရင်းသား ဒေသများတွင် နှစ်ပေါင်းများစွာ ပစ်ခတ်သတ်ဖြတ်လာမှုမျိုး ယခုမှ မြို့သားများ ကြုံရသည်။ အရပ်သားကို မလွှဲမရှောင်သာ ပစ်ရခြင်းလည်းမဟုတ်၊ ဖိအားပေး၍ ပစ်ရခြင်း မျိုးလည်း မဟုတ်ပေ။  မြို့အနှံ့အပြားတွင် လက်နက်မဲ့ (ဝါ) မဆို သလောက် သာပါသော လူထုအုံကြွမှုကို အလုံးအရင်းနှင့် ဖြိုခွင်းသတ်ဖြတ်သော စစ်နှိမ်နင်းရေးသာဖြစ်ပီး အသေအပျောက်က ကြီးလှသည်။ ရန်ကုန်တွင် သြဂုတ် စက်တင်ဘာ ၂ လ အတွင်း သေကြေဒဏ်ရာရမှုမှာ သူပုန်နယ်များတွင် ၂ နှစ်စာပမာဏထက်ကြီးသည်။ မဆလခေတ်အတွင်း တပ်မတော် မည်သို့ပြောင်းလဲ ကြမ်းကြုတ်လာပုံကို ထုတ်ပြသလိုရှိသည်။ ဆိုရှယ်လစ် စစ်အာဏာရှင်စနစ်၏ ကျရှုံးချေမှုန်းမှုများက ဗမာပြည်ကို ကိုယ့်အမျိုးသားတပ်က တိုင်းခြားသားဝင်သိမ်းသည့်နှယ် ကျင့်ကြံနေသည်ကို တွေ့လိုက်ရသည်။

လက်နက်က လွှဲအပ်သော အာဏာ

အာဏာသာရသော်လည်း စစ်တပ်အနေနှင့် နိုင်ငံရေးအရ နလံမထူနိုင်သည်က အမှန်ပေ။ တပ်အနေနှင့် အရေးကြီးဆုံးဖြစ်သော အများထောက်ခံမှုကို ဆုံးရှုံးလေသည်။ အကြီးအကျယ် သိက္ခာဆည်သော အားဖြင့်
ဗကပနှင့် ကရင်သူပုန်များနှင့် စစ်ခင်းနေသော တပ်သားများ အတွက် အလှူအတန်း စာရင်းကြီးကို အစိုးရ သတင်းဌာနများက မပီးနိုင်အောင် ထည့်ပေးသည်။ ( ဘဏ်က ငွေထုတ်သူများ၊ လစာ ချက်လက်မှတ် ထုတ်သည့် အစိုးရဝန်ထမ်းများထံမှ အလှူအတွက် ဖြတ်သေးသည်) တချိန်ထဲမှာပင် တပ်မတော်သည် ၎င်း၏ နိုင်ငံရေးမျက်နှာဖုံး တစညလောင်းရိပ်အောက်က လွတ်အောင်ရုန်းပီးဖြစ်သည်။တပ်မတော်သည်  နိုင်ငံရေးတွင် မပါတော့ဆိုသော်ငြား အနာဂတ်တွင် အရေးမပါပဲ ရှိတော့မည်ဟု မယူသင့်။ စစ်ရေးကိစ္စသာ အာရုံပြုဖို့မှာ တပ်၏ သဘာဝမဟုတ်။ လတ်တလော အရေးကြီးဆုံးက တပ်မတော်နှင့် တစည၏ ဆက်ဆံရေး ဖြစ်သည်။ တပ်က နိုင်ငံရေးတွင် ဝင်ပါတိုင်းပြဿနာတက်ခဲ့စမြဲ။

စစ်ဝန်ထမ်းပီသသူတို့ အမြင်တွင်ကား စစ်-ဆိုရှယ်လစ် အုပ်ချုပ်ရေး စမ်းသပ်မှုကြီးသည် မမေ့ပျောက် နိုင်သောဘေးဆိုးကြီး ဖြစ်တော့သည်။ ငြိမ်းချမ်းရေးနှင့် သောင်းကျန်းမှုလျော့ကျရေးဆိုသည့် ပင်မတာဝန်ကိုပင် မကျေပွန်နိုင် သည်ဖြစ်၍ တိုင်းပြည်ကို မနိုင်ဝန်ထမ်းပီး မည်းမည်းမြင်ရာပစ်သည့် လက်နက်စကြာရှင် ဖြစ်နေလေသည်။ စစ်အရာရှိလောက အပြောင်းအလဲကို မျှော်ကြသူများလည်း ရှိသည်။ လွတ်လပ်ရေးနှင့် သောင်းကျန်းသည့်ကာလက ပညာ အခြေခံနည်းနည်းနှင့် တပ်ထဲဝင်လာသည့် လူကြီးများနေရာတွင် လူတော်များက ဝင်လာလေပီ။ ၁၉၅၉ က စစ်တက္ကသိုလ် ပထမပတ်ဆင်းများမှာ ယခုအခါ ဗိုလ်မှူးချုပ် အဆင့်သို့ ရောက်နေကြပီး ၎င်းတို့ထဲမှ စစ်တိုင်းမှူးများလည်း ရှိနေပီ ဖြစ်သည်။ မဆလခေတ်ကို ဖြတ်လာရသော်လည်း စိန်လွင်၏ လမ်းမျိုးကို နင်းမည့်ပုံ နည်းသည်။ (၁၉၈၉ က အမြင်များဖြစ်သည်-ဘာသာပြန်သူ)

အခြားအာဏာရှင်များကဲ့သို့ပင် ဦးနေဝင်းသည် သူ့ကိုဆက်ခံမည့်သူကိုရှာမထားခဲ့။ ရှိခဲ့လျှင်လည်း သူ့ကိုယ်ရည် ကိုယ်သွေး၊ အဆင့်အတန်းနှင့် သူ့ခေတ်က တိုင်းပြည်အခြေအနေမျိုးမီနိုင်သူကမရှိပေ။ ဘယ်ဗိုလ်ချုပ်မှ ဦးနေဝင်း၏ အမျိုးသားနိုင်ငံရေး ကဏ္ဍကို တုမရပါပေ။ ဤမျှထိမျှော်ဝံ့သည့် ဗိုလ်ချုပ်မျိုး ပေါ်လာလျှင်လည်း သူ့အတွက်ရော တိုင်းပြည်အတွက်ပါ ဒုက္ခတွေ့ပေလိမ့်မည်။

သို့သော် ခုချိန်ထိ တပ်မတော်သည် မူလကြေညာထားသည့် ပုဂ္ဂလိက လွတ်လပ်ခွင့်ပြန်တည်ဆောက်ခြင်း၊ ဆင်းရဲမှုနှင့် မဖွံ့ဖြိုးမှု လျှော့ချရေး၊ တိုင်းရင်း သားများနှင့် ညှိနှိုင်းစေ့စပ်ရေးစသည့် ပဓာန တာဝန်များမှာ အုပ်ချုပ်မှု ပြဿနာ မဖြေရှင်းပဲ အစပျိုးနိုင်မည် မဟုတ်။ အတိုင်း ပါတီစုံ နိုင်ငံရေး ဖွံ့ဖြိုးလာစေရန် ခွင့်ပြုထားသည့်နှယ် ရှိသည်။ မရှောင်သာသည့် နိုင်ငံရေး တိုးတက်ပြောင်းလဲမှုကို လက်ခံချင်လွန်း၍ မဟုတ်ပဲ ရွေးစရာ လမ်းမရှိ၍သာ ဇွတ်မှိတ် လက်ခံထားရသည်။ စစ်တပ်မှာ ထောက်ခံ သူနည်းပီး အဘက်ဘက်က ဖိအားပေါင်းစုံ လာမည့်ခံစစ်နှင့် ရင်ဆိုင်နေရသည်ကိုတော့ အသိအမှတ် ပြုလိမ့်မည် ထင်သည်။ တပ်မတော်အနေနှင့် မကြုံဘူးသည့် သူပုန်သူကန် ပမာဏကို လက်ရှိ အကျပ်အတည်းက မီးထိုးပေးလိုက်သည့်နှယ် ရင်ဆိုင်နေရပီး တန့်အောင် ထိန်းထားဖို့ကလည်း လူထုထောက်ခံမှုက နည်းလွန်းလှသည်။ လက်ရှိ စစ်တပ်၏ ဝါဒဖြန့်ပုံကလည်း လူထု ထောက်ခံမှုထက် သူ့ကိုယ်သူ
ပြန်အယုံသွင်းနေရသည့်ပုံ ရှိသည်။ အရေးအခင်းတွင်းကလည်း တပ်များထဲ မြို့ထဲ ခေါ်မလာမီ ဆန္ဒပြသူများ
နောက်တွင် ဗကပ သူပုန်များက မြို့သိမ်းဖို့ပြင်နေသည်ဟု ဝါဒဖြန့်သည်။ အရေးအခင်း ပြီးနောက် အဓိကထားဆောင်ရွက်သည့် ဝါဒဖြန့်မှာ သွေးထွက်သံယို နှိမ်နင်းမှုများကို လူမသိအောင် ဖုံးခြင်းဖြစ်သည်။ နယ်တပ်များတွင် ဆန္ဒပြပွဲများကို တပ်မတော်က ထိန်းထိန်းသိမ်းသိမ်းနှင့် ဖြိုခွဲခဲ့သည်၊ ၄င်းတို့က အတင်းအဓမ္မ လက်နက်လုယူလာမှ ကာကွယ်ခုခံသည့် အနေဖြင့် နှိမ်နင်းရသည်ဟု ရှင်းပြထားသည်။ နိုင်ငံခြား ရေဒီယိုဌာနများကိုလည်း နားမထောင်ရပေ။

တပ်အနေဖြင့် ဝါဒဖြန့်များကြားက ဖိနှိပ်ကြီးစိုးရင်း ချုံးချုံးကျနေသည့် စီးပွားရေးနှင့် အစိုးရယန္တရားကို လည်ပတ်ရမည့် ခံဝန်ချက်နှင့် မိနေသည်။ ဤအခြေအနေမျိုးတွင် ဦးနေဝင်းပင် ကြာကြာအုပ်ချုပ်နိုင်မည် မဟုတ်။ နိုင်ငံရေးပျော့ပျောင်းလာမှုနှင့် အစိုးရသစ်အတွက် ရွေးကောက်ပွဲ ဆိုသည့် အိပ်မက်များကြောင့်သာ တိုင်းပြည် ငြိမ်နေခြင်းဖြစ်သည်။ အခြေအနေကို ရိပ်စားမိသည့် စစ်တပ်အဖို့ ကတိအတိုင်း ရွေးကောက်ပွဲလုပ်၍ အာဏာလွှဲပေးဖို့သာရှိသည်။

တစညအဖို့ စစ်တပ်အရိပ်ကို ဖျောက်သင့်သော်လည်း ဤသို့လုပ်သဖြင့် စစ်သားအကြောင်း ခါးမှန်းသိနေကြသည့် လူငယ် တိုင်းရင်းသားနှင့် မြို့နေလူတန်းစား၏ မဲကို ရဖို့တော့ မလွယ်ပေ။ အကြောင်းများစွာက တပ်မတော်ကို နိုင်ငံရေးထဲ ဆက်ဆွဲထားမည်ဖြစ်ပြီး လက်ခံနိုင်စရာ အမျိုးသားရေး ခေါင်းဆောင်မှု အဖြစ် နဂိုမူလနေရာကို ပြန်ထိန်းထားမည့်ပုံရှိသည်။ လက်ရှိနှင့် စစ်ခေါင်းဆောင်ဟောင်းများ ဆန္ဒလုပ်ရပ်နှင့် တော်ပြေမည့် အရပ်အနေသင့်ရာ အနေအထားသို့ စစ်ဆုတ်မည်ဖြစ်သည်။

လက်ရှိနိုင်ငံရေး အနေအထားအရလည်း စစ်တပ်၏ ခြေလှမ်းကို မှန်းနိုင်သည်။ နိုဝင်ဘာလလယ်တွင် မှတ်ပုံတင် ထားသော ပါတီ ၁၂ဝခန့်ရှိပီး တိုး၍သာလာသည်။ ညွန့်ပေါင်းအုပ်စုများ ဖွဲ့မည် မှန်းရသော်လည်း အုပ်စုကွဲပီး မညီမညွတ် ပြန်ဖြစ်မည်က ကြောင့်ကြစရာ ရှိလာသည်။ အပြိုပြိုအကွဲကွဲ ရှိလာလျှင် နိုင်ငံရေးလမ်းစက တပ်ဘက်ပြန်လှည့်လာလိမ့်မည်။ ဖြစ်ခဲ့သည့် အကျပ်အတည်းနှင့် ကြုံခဲ့ဖူးသည့် အတိတ်ဒဏ်များက ဖြစ်တန်ရာသည့် နိုင်ငံရေးလမ်းစွန်း ၂ သွယ်ကိုပြနေသည်။ မင်းမဲ့တိုင်းပြည်၏ ဖရိုဖရဲဘဝနှင့် စစ်ဖိနပ်အောက် ပြန်ရောက်မည့်ဘေး ဖြစ်သည်။ တိုင်းပြည် တည်ငြိမ်အေးချမ်းပီး တိုးတက်လိုလျှင် အလယ်အလတ်လမ်းကို ရှာရမည်ဟု သတိပေးနေသည်။

၁၉၈၈ ဖြစ်ရပ်များက အုပ်စိုးသူနှင့် အုပ်စိုးခံအကြား တဖက်နှင့် တဖက်မည်မျှ နားလည်မှုလွဲနေသည်ကို ပြနေသည်။ ၂၆ နှစ်လုံးလုံး နိုင်ငံရေးလမ်းစက ပျောက်နေခဲ့သည်။ အမြော်အမြင်နည်းပီး သူတို့ပုဂ္ဂလိကဘဝလုံခြုံရေးသာ အာရုံ ရှိသည့် မဆလခေါင်းဆောင်များမှာ အခြေအနေမှန်ကို မသိကြပေ။ တဖက်တွင်လည်း ပြည်သူများမှာ အထီးကျန်ချောင်ပိတ်မိနေပီး ဆန္ဒပြပွဲကဲ့သို့ ပုံမှန်နိုင်ငံရေးလှုပ်ရှားမှုနှင့်ပင် အဆက်ပြတ်နေကြသည်။ ၈၈ အကူးအပြောင်း ကာလတွင် ဤချွတ်ချော်ချက်များနှာခေါင်းနှင့်ကျည်ပွေ့ တွေ့မိပီး ရှောင်လွှဲမရသည့် အကျိုးဆက်များ ပေါ်လာခဲ့သည်။ လက်နက်ပြအုပ်စိုးမှုနှင့် လွတ်လပ်ရေး မျှော်မှန်းမှုအကြား ဖိနှိပ်သူနှင့် အဖိနှိပ်ခံအကြား ရင်ဆိုင်တွေ့မိခြင်း သာဖြစ်သည်။ စစ်ဆိုရှယ်လစ်အသွင် နေဝင်းအာဏာရှင်ပဒေသရာဇ်စနစ်ကို အန်တုကြခြင်း ဖြစ်သည်။ ဦးနေဝင်း၏ ပုဂ္ဂိုလ်ရေး လွှမ်းမိုးမှု၊ မြန်မာပြည်၏ အထီးကျန်မှု၊ မြန်မာ လူ့အဆောက်အအုံ၏ ကွဲပြားပြိုကွဲမှုနှင့် ဦးဆောင်
နိုင်စွမ်းမရှိမှုစသည့် အခြေအနေများကြောင့် ပြဿနာက ဤမျှ ရှည်ကြာနေရသည်။ ဤလူ့အဖွဲ့အစည်းကပင်
မွေးထုတ်လိုက်သည့် စစ်တပ်၏ မလျော်မကန် အင်အားသုံးမှုကြောင့် လူထုတွင်း နာကြည်းမှု ကြီးကြီးမားမား
ပေါ်လာစေသည်။ အစိုးရက ပါးပါးနပ်နပ်မဖြေရှင်းပေးလျှင် စစ်သားမုန်းတီးမှုမှာပြေလျော့မသွားပဲ သမိုင်း
တလျောက် အမြစ်တွယ်သွားလိမ့်မည်။

ယခုပဋိပက္ခမှာ ၁၉၃ဝ-၃၂ ဆရာစံ လယ်သမားသူပုန်၊ ဒုတိယကမ္ဘာစစ်တွင်းနှင့် ၁၉၄၈ လွတ်လပ်ရေးရချိန်က အမျိုးသားရေးဝါဒ ခေါင်းထောင်ခဲ့ပုံများနှင့် အသွင်တူသော်လည်း ဤတကြိမ်တွင် ပြည်တွင်းဖြစ် ဖိနှိပ်သူအစိုးရနှင့် ယှဉ်ပြိုင်နေရ၍ အခြေအနေက ရှုပ်ထွေးလွန်းသည်။ ရွေးကောက်ပွဲ အပီး ဒီမိုကရေစီ အစိုးရ တကျော့ပြန်လာဖို့ ဆိုသည်ကလည်း အပေါ်ယံမျှသာ ဖြစ်သည်။ လက်နက်ဖြင့် မင်းလုပ်မှုကို ဆန့်ကျင်သည့် အောက်ခြေက ခုခံရေး လှိုင်းများမှာ အစောပိုင်း အမျိုးသား လှုပ်ရှားမှုများက နိုင်ငံခြား အုပ်စိုးမှုကို ဆန့်ကျင်သလို ရှိသည်။ ရင်ကြားစေ့ရေး ဆိုသည်မှာ လွယ်လွယ်နှင့် ဖြစ်မည်တော့ မဟုတ်၊ စစ်အစိုးရ (ဝါ) စစ်တပ်နောက်ခံ အစိုးရများ အဖို့ အစွမ်းရှိရှိ
အုပ်စိုးဖို့ မမှန်းနိုင်သည့်ပြင် အရေးအခင်းတွင် ပါသော ဝန်ထမ်း ရာနှင့်ချီပီးလည်း ထုတ်ပစ်ခဲ့သေးသည်။ မြန်မာတို့ ဘဝတွင် အစိုးရနှင့် နိုင်ငံရေးစက်ဝန်း အတိုင်းအတာထက်လွန်၍ အမျိုးသားစိတ်လက္ခဏာတခုလုံး ထိခိုက်ခံနေရ သည်။ ကရင် ရှမ်း ကချင်စသည့် တိုင်းရင်းသားများမှာ ရန်ကုန်သားများထက် အရင် သေနတ်ပြ အုပ်စိုးမှုဒဏ် ခံလာရသည်။ အနှေးနှင့် အမြန်ဆိုသလို မြန်မာများ သူတို့ဘဝကို ရိပ်စားမိလာပီး မည်သို့ ရင်ဆိုင်ရမည်ကို စဉ်းစားရတော့မည် ဖြစ်သည်။ ပုဂ္ဂလိက လွတ်လပ်ခွင့် ပြန်တည်ဆောက်ခြင်း၊ ဆင်းရဲမှုနှင့် မဖွံ့ဖြိုးမှုလျှော့ချရေး၊ တိုင်းရင်းသားများနှင့် ညှိနှိုင်းစေ့စပ်ရေးစသည့် ပဓာနတာဝန်များမှာ အုပ်ချုပ်မှု ပြဿနာ မဖြေရှင်းပဲ အစပျိုးနိုင်မည် မဟုတ်။

အရွေးကောက်ခံ အစိုးရသစ်ကို ဖော်ဆောင်မည့် ဒီမိုကရေစီ တိုင်းပြည် ပြန်လည် ထူထောင်ရေးကို မူလ ဦးတည်မည် ဆိုလျှင် ခေါင်းဆောင်သစ်များ အနေဖြင့် ပုဂ္ဂိုလ်ရေး ဂိုဏ်းဂဏရေးများကို
နောက်ချိတ်ထားဖို့လည်း လိုသည်။ တပ်ပေါင်းစုအနေဖြင့် စပ်ကူးမတ်ကူးကာလကို ရင်ဆိုင်ရန်
ခိုင်မာပီး ကွေးလွယ်ညွတ်လွယ် ရှိရန်လည်း လိုသည်။ အစိုးရ အဆက်ဆက် မအောင်မြင်ခဲ့သမျှ ဒဏ်ချက်တို့ကိုလည်း လက်ခံထားရဦးမည်။ ဒီမိုကရေစီနည်းကျ တက်လာမည့် အစိုးရအတွက် အောင်မြင်ရာ အောင်မြင်ကြောင်း လမ်းစရှိပီး တိုင်းပြည်ပြန်လည်ထူထောင်ရေးကို မူလဦးတည်မည် ဆိုလျှင် ခေါင်းဆောင်သစ်များ အနေဖြင့် ပုဂ္ဂိုလ်ရေး ဂိုဏ်းဂဏရေးများကို နောက်ချိတ်ထားဖို့လည်းလိုသည်။ တကျော့ပြန် ပါလီမန်ဒီမိုကရေစီ ပထမနှစ်နှစ် သုံးနှစ်အတွင်း အောင်မြင်မှု ဆုံးရှုံးမှုများသည် ညီညွတ်မှုပေါ်တွင် သာမက လူထုအတွင်း စိတ်နေသဘောထား ထင်မြင်ချက် ပြောင်းလဲမှု၊ စီးပွားရေး ထူထောင်မှုနှင့် အဓိကအားဖြင့် တပ်နှင့် ဆက်ဆံရေး ထူထောင်နိုင်မှု တို့ပေါ်တွင်လည်း တည်မှီကြောင်း အတိတ်က သင်ယူခဲ့ရပေမည်။ တပ်မတော်၏ အနာဂတ်အရေး မှာ နိုင်ငံရေးဘောင်ထက်ပင် ကျော်လွန်နေပီး အထူးသိမ်မွေ့စွာ ကိုင်တွယ်ရမည်။ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လျှင် သူပုန်နှိမ်နင်းရေးအတွက် စစ်တပ်လိုမှုကို လျှော့ချနိုင်ပေမည်။

လတ်တလောကိစ္စများက တိုင်းရင်းသားလက်နက်ကိုင်များနှင့် တကယ်တမ်းစေ့စပ်ဖို့ လိုနေကြောင်းပြသည်။ အမျိုးသားနိုးကြားမှုသစ်ကနေ ခပ်စောစောညှိနှိုင်းမှုများ၊ အပစ်အခတ်ရပ်စဲမှုများနှင့် အင်အားစုများကြား ရန်မစောင်ရေးတို့ကို လမ်းခင်းပေးလာနိုင်သည်။ အနှေးမြန်ဆိုသလို ဆုတ်ယုတ်နေသည့် စစ်ပြိုင်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်လိုက်လာသင့်၏။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အရေးကိုလည်း ဒီမိုကရေစီနည်းကျ ဆွေးနွေး သုံးသပ်ပီး ဖွဲ့စည်းပုံပြင်ဆင်မှုအသစ်တွင် ထည့်သွင်းသင့်သည်။

ဤနှစ်ပြဿနာများအတွင်း အရင်းကြီးရင်း၍ မြန်မာပြည်အဖို့ အဖတ်တင်ကျန်ခဲ့သည်များရှိပါသည်။ တိုင်းပြည်ကို အာဏာရှင် အမှိုက်ပုံအောက်တွင် လူမသိသူမသိ ခါးစည်းခံနေရသည့်ဘဝက ဆွဲထုတ်ပေးခဲ့သည်။ နလံထဖို့စောသေးသော်လည်း အပြောင်းအလဲ အတွက် အခြေအနေပေးနေပီ ဖြစ်သည်။ ဦးနေဝင်း၏ ကြိုးကိုင်မှုနောက်ဆုံးဆင့်တွင် ရောက်နေသည်ကလည်း မမှားပါ။ သူလုပ်နေကျ အတိုင်း သူဖြစ်စေချင်သည့်ဘက် တိုင်းပြည်ကို ဇွတ်ဆွဲခေါ်သွားမည်ပင်။ တိုင်းပြည်ကို သွေးထွက်သံယို နှိမ်နင်းစည်းရုံးပီး ပြိုင်ဘက်ကို ဖယ်ရှားတတ်သည့် ရာဇဝင်လာ ပုဂံအနော်ရထာကဲ့သို့ ဦးနေဝင်းက သူရဲကောင်းဘုရင် ပုံစံဖမ်းနေသည်က အတော် ဆီလျော်လှသည်တော့ မဟုတ်ပေ။ ထို့ပြင် ဦးနေဝင်းသည် ထိုဘုရင်များကဲ့သို့ ဝပြောစည်ပင်သည့် လူ့အဖွဲ့အစည်းကို ထူထောင်နိုင်သူလည်း မဟုတ်။

တိုင်းပြည်ကို ၂၆ နှစ်တိုင် စီးပွားရေးချွတ်ခြုံကျအောင် လုပ်ခဲ့ပီးနောက် သွေးထွက်သံယိုနှိမ်နင်းခဲ့သော ဦးနေဝင်းတယောက် တိုင်းပြည်ကို ၁၉၆၂ မတိုင်မီ ဖရိုဖရဲအနေအထားမှ ပြန်ထူထောင်ပေးသည့်အမှတ်ကို ယူရတော့မည်ဖြစ်သည်။ တိုင်းပြည်ကို အစိုးရပီပီသသလက်ထဲပြန်ထည့်သွားနိုင်သည်ဆိုသောဂုဏ်ကိုတော့ သူလိုချင်ပုံရသည်။ သမိုင်းတွင်တော့ ဦးနေဝင်းတိုင်းပြည်ဖျက်ပုံကိုလည်းကောင်း မြန်မာ့လွတ်လပ်ရေးအတွက် အရင်းအနှီးကြီးပုံကိုလည်းကောင်း မေ့ပျောက်နိုင်မည်မဟုတ်ပေ။

ဘိုဘိုလန်းစင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...