Saturday, August 27, 2011

"လူသားနှင့်လက်ဖက်ရည်"

created the doc: "လူသားနှင့်လက်ဖက်ရည်"
Cloud Cuckoo Land created the doc:
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ထောင်ကျော် တိတိ ကျကျပြောရရင် ခရစ်တော်မပေါ်မီ ၂၇၃၇ ဘီစီမှာ တရုတ်နိုင်ငံရဲ့ အင်ပိုင်ယာ ဘုရင်ကြီး ရှန်နွန်း ShenNung သူဟာ ရေကို ဆူပွက်အောင်ကြိုပြီးမှ သောက်လေ့ရှိ သတဲ့။ တစ်နေ့တော့ နောက်လိုက်ခြွေရံ တော်တွေနဲ့အတူ တောလည်သွားရင်းတော တွင်းတစ်နေရာမှာ စခန်းချအနားယူသတဲ့။ ထုံးစံအတိုင်း အင်ပိုင်ယာရှင်ဘုရင်ကြီး အတွက် ရေပူပူနွေးနွေးသောက်ဖို့ နောက် လိုက်တစ်ဦးက ရေနွေးကျိုနေတုန်း အနီး အနားပတ်ဝန်း ကျင်က လေထဲမှာလွင့်ပါ လာတဲ့ သစ်ရွက်ခြောက်လေးတစ်ရွက်က ပွက် ပွက်ဆူနေတဲ့ ရေနွေးခွက်ထဲ မတော်တဆ ကျရောက်သွားပါရောတဲ့။ အဲဒီအခါ ရေနွေးခွက်က ထွက်လာတဲ့ရနံ့ဟာ အလွန်သင်းပျံ့ မွှေးမြလှပြီး စိတ်ကိုကြည်လင်သွားစေသတဲ့။ အဲဒီ အရွက်ကျသွားလို့ အညိုရောင်သမ်းသွား တဲ့ စိမ်းဖန့်ဖန့်ရေနွေးပူပူကို သောက်ကြည့် လိုက်တဲ့အခါ မှာလည်း အင်ပိုင်ယာသခင်ကြီး ဟာ လန်းဆန်းလတ်ဆတ်သွားပြီး ခွန်အား သစ်တွေ ရရှိလာသလို ခံစားလိုက်ရသတဲ့။ အဲဒီအရွက်လေးက ယခုခေတ် လူတွေသိနေ ကြတဲ့ လက်ဖက်ရွက်ပါပဲ။ အဲဒီဖြစ်ရပ်သည် ပင်လျှင် လူသားတွေ လက်ဖက်ရည်သောက် သုံးကြခြင်းရဲ့ သမိုင်းအစပါပဲ။ လက်ဖက်ခြောက် အင်္ဂလိပ်ဘာသာဖြင့် tea ဆိုတဲ့ စကားလုံးရဲ့ ရင်းမြစ်အစက တရုတ်လို Tchai (တိချိုင်)ကနေ ဆင်းသက် လာတာဖြစ်တယ်။  လက်ဖက်မျိုးရင်းပင် စတင်ပေါက်ရောက်ရာဒေသဟာ တရုတ် နိုင်ငံလို့ပဲ မှတ်ယူထားကြပါတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာ လက်ဖက်ရည် သောက်သုံးမှုအစ တရုတ်နိုင်ငံကလို့ ပြောရင် ရပါတယ်။ တရုတ် အင်ပိုင်ယာ ဘုရင်ကြီး ရှန်နွန်းက လက်ဖက်ခြောက်ရွက်ကျသွားတဲ့ ရေနွေးခွက်ကိုသောက်ပြီးတော့ သူ့ရဲ့ နောက် ပါတွေကို လက်ဖက်ခြောက်အရည်ရဲ့ အနံ့ အရသာ ကောင်းမွန်ပုံ အကြောင်း ကြေညာပြီး လိုက်တဲ့ နောက်ပိုင်းမှာ တစ်ဆင့်စကား တစ် ဆင့်နားဆိုသလို လက်ဖက်ရည်သောက်ကြ တဲ့ ဓလေ့ဟာ တရုတ်နိုင်ငံတစ်နိုင်ငံလုံး ပျံ့နှံ့ရုံ သာမက အိမ်နီးနားချင်း ဆက်စပ်နေတဲ့ နိုင်ငံတွေမှ လူမျိုးတွေ၊ နိုင်ငံတွင်းမှာ ရောက် ရှိလာတဲ့ ခရီးသည်တွေမှတစ်ဆင့် အခြား သော ကမ္ဘာနိုင်ငံအသီးသီးက လူမျိုးတွေဆီ အသီးသီးရောက်ရှိသွားပါတယ်။ လက်ဖက် စိုက်ပျိုးမှု နည်းပညာလည်း သိရှိပျံ့နှံ့သွားပြီး လက်ဖက် ကြိုက်နှစ်သက်တဲ့ရာသီဥတုနဲ့ ကိုက်ညီတဲ့ဒေ သတွေ နိုင်ငံတွေမှာ လက်ဖက် စိုက်ခင်းတွေ ပေါ်ပေါက်လာပါတယ်။ 

ယနေ့မှာဆိုရင် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၅ နိုင်ငံလောက်မှာ လက်ဖက်ပင်ကို စီးပွား ဖြစ် စိုက်ပျိုးကာ လက်ဖက်ခြောက်ထုတ်ကုန် ကို အကြီးအကျယ် ရောင်းဝယ်ဖောက်ကား လျက်ရှိကြပါတယ်။ တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့ လက်ဖက်ကို အများဆုံး စိုက်ပျိုးကြ ပြီး တရုတ်နိုင်ငံကတော့ ကမ္ဘာ့နံပါတ် (၁) လက်ဖက်ခြောက်လုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံဖြစ်ပါတယ်။ “လက်ဖက်ရည် အဖန်သောက်လျှင်ဖြင့် ကျက်သရေ အမှန်ရောက်ပေလိမ့်”၊ “လက်ဖက် ရည် သောက်ရမှ နောက်သမျှအေးမယ်”၊ “လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင် တက်နှေး ရမယ်” ရှေးမြန်မာ စာပေ ထဲမှာ ရေး သားဖွဲ့ဆိုခဲ့ကြတဲ့ ကဗျာအပိုင်းအစတွေ စကားပုံတွေဆိုရိုးတွေကို ဖတ်ရှုရခြင်းအားဖြင့် မြန်မာလူမျိုးတွေမှာလည်း ရှေးအစဉ်အဆက် ကတည်းက လက်ဖက်ရည်ကို ရိုးရာဓလေ့ အဖြစ် သောက်သုံးခဲ့ကြတယ်ဆိုတာ သိရှိ မှတ်သားနိုင်ပါတယ်။ကုန်းဘောင်ခေတ် ဆဋ္ဌမမြောက် ဘုရင် ဖြစ်တဲ့ ဗဒုံမင်း(ဘိုးတော်ဘုရား) က အမရပူရ ရွှေမြို့တော်ကြီးကို ပထမဦးဆုံး တည်ထောင် ခဲ့ပြီး နန်းတွင်းရာထူးများ အသစ်တီထွင်ခန့် ထားခဲ့ရာမှာ ဘုရင်ကိုလက်ဖက်ရည် ဆက်သ ရန်အတွက် လက်ဖက်ရည်တော်ဆိုတဲ့ ရာထူး တောင် ပါဝင်ခဲ့တာဖြစ်ပါတယ်။ လက်ဖက် ရည်ကို ဘယ်လောက်မြတ်နိုး တန်ဖိုးထားခဲ့ တယ်ဆိုတာ သိနိုင်ပါတယ်။ မြန်မာ့ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးစံမှာ လက်ဖက်ရည်ကြမ်းဝိုင်းနဲ့ ဧည့်ခံခြင်းဟာ မရှိ မဖြစ် မပါမဖြစ်တဲ့ အလေ့အထပါပဲ။ လက်ဖက်ရည်ကို နို့၊ သကြားတို့နဲ့ ရော စပ်ဖျော်သောက်တဲ့အလေ့အထက အနောက် နိုင်ငံတွေကိုရောက်နေတာ ကြာပြီဖြစ်သော် လည်း လက်ဖက်ရည်ကြမ်းသောက်တဲ့ အလေ့အထကို ကျန်းမာရေး ရှုထောင့်မှ လက် ခံပြီးသောက်သုံး လာကြတာကိုလည်း ယခု အခါတွေ့မြင်နေရပါပြီ။ လေကြောင်းလိုင်း ခရီးစဉ်တွေမှာလည်း  လက်ဖက်ရည်ကြမ်း သောက်ချင် ရင်green tea ပေးပါလို့ ပြော လိုက်ရုံနဲ့ရနိုင်တဲ့ အလေ့အထတွေလည်း ရှိနေပါပြီ။ လူသားတွေနေထိုင်တဲ့ ကမ္ဘာ ကြီးဟာ လက်ဖက်ရည်ကမ္ဘာကြီးလို့တောင် တင်စား ပြောဆိုလို့ ရနေပါပြီ။ 

ဒါဆိုရင် လူတွေဘာကြောင့် လက်ဖက် ရည်သောက်ကြတာလဲ။ လက်ဖက်ရည်ထဲမှာပါတဲ့ ကဖင်းcaffeine ဓာတ်က လူရဲ့ဗဟို အာရုံကြော စနစ်ကို နိုးဆွပေးတာမို့ လူကိုလန်းဆန်းတက် ကြစတယ်။ ခံစားမှုကောင်းစေတယ်၊ အား အင်သစ်တွေ ဖြစ်ပေါ်လာစေပြီး ပျော်ရွှင်မှု ကိုလည်း ဖြစ်စေ ပါတယ်။ ဒါ့အပြင်antioxidants လို့ခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာမဖြစ်အောင် တားဆီးကာကွယ်ပေး တယ်။ လေ့လာမှုတွေအရ လက်ဖက်ရည် သောက်တဲ့အကျင့်ရှိတဲ့ လူမျိုးတွေမှာ အစာ ရေမျို၊ အူမကြီး၊ အစာအိမ်နဲ့ အခြားသော အင်္ဂါပစ္စည်း ကင်ဆာဖြစ်ပွားမှု လျော့နည်း တာကို တွေ့ထားရပါတယ်။ ရင် သားကင် ဆာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်ပွားမှု ကိုလည်း ကာ ကွယ်နိုင်ကြောင်း အထောက် အထားတွေ တွေ့နေရပြီ ဖြစ်ပါတယ်။ ဓာတ်တိုးမှုကို ကာကွယ်ပေးတဲ့အတွက် နှလုံးနဲ့သွေးကြောရောဂါများ မဖြစ်အောင် လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မ ကသေးပါဘူး။ အရိုးသိပ်သည်းဆများလာစေ တဲ့အတွက် အရိုးပါးရောဂါမဖြစ်အောင် ကာ ကွယ်တယ်။ Cognitive Function လို့ ခေါ်တဲ့ လူတစ်ယောက်ရဲ့ ထိုးထွင်းသိမြင် နိုင်မှုဥာဏ်စွမ်းအားကိုလည်း ကောင်းစေပါတယ်။ မေ့ထားလို့မရတဲ့ အကျိုးကျေးဇူး တွေကတော့ သွားပိုးစား ရောဂါမဖြစ်အောင် ကာကွယ်ခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန် ထိန်း သိမ်းပေးနိုင်တဲ့ အစွမ်းတွေပါပဲ။ 

လက်ဖက် ခြောက်နဲ့ ပတ်သက်တဲ့ သုတေသနတွေ နိုင်ငံတကာက သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ ဆွေးနွေးစည်းဝေးပွဲ နှီးနှောဖလှယ်ပွဲတွေကို ပြုလုပ်ခဲ့ကြပြီး လက်ဖက်ခြောက်သည် ကျန်းမာရေးနဲ့ညီညွတ်သော အစားအစာ တစ်ခုအဖြစ် ကျန်းမာရေးပညာရှင်များက လက်ခံထားကြပြီး ဖြစ်ပါတယ်။ လက်ဖက်ပင်အနေနဲ့ အမျိုးအစား ပေါင်း ၁၅ဝဝ လောက်ရှိပေမယ့် လက်ဖက် ခြောက်အဖြစ် ထုတ်လုပ်တဲ့အခါ ထုတ် လုပ်ပုံနည်းစနစ်အရအမျိုးအစား (၃) မျိုးပဲ ရှိပါတယ်။ Black tea လို့ခေါ်တဲ့ အမျိုးအစားက တော့ လက်ဖက်ရွက်အစိုကို ခူးဆွတ်ပြီး နည်းနည်းထုဖိလိုက်တယ်။ ပြီးတော့ အလိပ် ကလေးတွေလုပ်ပြီး နာရီပေါင်းများစွာ ပစ် ထားလိုက်တယ်။ oxidized ဓာတ်တိုးသွား စေတယ်။ တစ်နည်း  အားဖြင့်ပြော ရရင် ferment အချဉ်ဖောက်လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့မှ အခြောက်လှမ်းကာ လက်ဖက် ခြောက် ဖြစ်လာခြင်းဖြစ်တယ်။ ဒုတိယအမျိုးအစားကတော့ တစ်ဝက် တစ်ပျက် oxidized ဓာတ်တိုးစေခြင်းဖြစ် တယ်။ ပြီးတော့ အခြောက်လှမ်းတယ်။ ဒီ အမျိုးအစားကို Oo Long Tea လို့ ခေါ် လိုက်တယ်။ တတိယအမျိုးအစားကတော့ လူသိများ တဲ့ Green tea ပါပဲ။ ဒီလက်ဖက်ခြောက် ရဖို့အတွက် လက်ဖက်ညွန့်  လတ်လတ်ဆတ် ဆတ်ကလေးတွေကို လက်ဖက်ပင်ခြုံတွေ ကြားမှာ တိုးဝှေ့ရှာဖွေ ခူးဆွတ်ယူရတယ်။ ခူးပြီးတာနဲ့ မိနစ်ပိုင်းအတွင်း ချက်ချင်းလိုလို ရေနွေးနဲ့ပေါင်းလိုက်တယ်။ ပြီးတော့ အပူ ဓာတ်နဲ့ အခြောက်ခံပြီးရင် ထုပ်ပိုး packing လုပ်ရ တာပဲ။

ဒါ့ကြောင့် green tea  လက်ဖက် ခြောက်ဟာ လတ်ဆတ်တဲ့အတွက် antioxidants ဆိုတဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်တယ်။စားသောက်ကုန် ဆိုင်ရာ နည်းပညာ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြောင်းလဲလာသည် နှင့်အမျှ လက်ဖက်ခြောက်ကို ထုတ်လုပ်ရာ မှာလည်း ပိုပြီးကောင်းမွန်အောင် အာနိသင် အသစ်တွေ ပါရရှိလာအောင် စီမံဆောင်ရွက်လာခဲ့ကြပါတယ်။ အဲဒီလို အသစ်တီထွင်ဖန်တီး ထုတ်လုပ် ရောင်းချကြတဲ့အထဲမှာ လက်ဖက်အဖြစ် သဘာဝဆေးဖက်ဝင် (Herb) အပင်မှ ရရှိ သော အနှစ် extracts များကိုပါ ပေါင်းစပ် ထည့်သွင်းထုတ်လုပ်လိုက်တဲ့အခါမှာ ကျန်း မာရေးဆိုင်ရာ အကျိုးကျေးဇူးအသစ်တွေ ကိုပါ ထပ်မံရရှိ လာစေပြန်ပါတယ်။ နမူနာအားဖြင့် ပြောရရင် Gymnema လို့ခေါ်တဲ့ သဘာဝဆေးဖက်ဝင်အပင်က အနှစ်ကိုထုတ်ယူပြီး green tea နဲ့ ပေါင်းစပ်ကာ ထုတ်လုပ် ထားတဲ့ သဘာဝ ဆေးလက် ဖက်ခြောက်ထုပ်ဆိုရင် လက်ဖက်ရည်ရဲ့ အကျိုးအာနိသင်များအပြင် သွေးတွင်း သကြားဓာတ်ထိန်းညှိ လျှော့ချပေးနိုင်တဲ့ အစွမ်းလည်း ရှိတာကို တွေ့ရပါတယ်။ အဲဒီ သဘာဝဆေးဖက်ဝင်ပစ္စည်းက သကြား (ဂလူးကို့စ်) မော်လီကျူးများနှင့် ဆင်တူတဲ့ အတွက် သကြားစုပ်ယူမှုပြုတဲ့နေရာမှာ သွား ရောက်အစားထိုး ဝင်ရောက်က ပိတ်ဆို့ပေး လိုက်ခြင်းအားဖြင့် သကြားများ သွေးအတွင်း လွယ်လွယ်နဲ့ မရောက်အောင် တားဆီးပေးနိုင် ခြင်းဖြစ်ပါတယ်။

ဒီအာနိသင်ကတော့ ဆီးချို သွေးချို ရောဂါရှိသူများအတွက်ကော ကိုယ် အလေးချိန် ထိန်းသိမ်းလိုသူများအတွက်ပါ အကျိုးကျေးဇူးရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်ရည် သောက်ခြင်း ဟာ လူ့ခန္ဓာကိုယ်ရဲ့ စိတ်ရောကိုယ်ပါ ကျန်း မာရေးနဲ့ ညီညွတ်စေတယ်။ ဒီထက်ပိုပြီး သဘာဝဆေး လက်ဖက်ရည်သောက်ခြင်း က တော့ ပိုမိုပြီး ထူးခြားတဲ့ ကျန်းမာရေးအကျိုး ကျေးဇူးတွေ ပေးနိုင်မယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်လိုက်ရပါတယ်။

မောင် (ဆေးတက္ကသိုလ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...