Saturday, August 27, 2011

အောင်ချက်တိုးတက်ရေး

”ဗိုလ်ချုပ်အောင်ဆန်းကျဆုံးကွယ်လွန် တော့ သူ့ရဲ့အသက်ဘယ်လောက်လဲ” ဘယ်သူမှ မှန်အောင်မဖြေနိုင်။ မသိသူ များများ။ ဒီလို အလားတူ ဗဟုသုတမေးခွန်းမျိုး ပေါင်းများစွာကို မဖြေနိုင်တဲ့ ဘွဲ့ရလူငယ် ခပ်များများကိုစိတ်ပျက်ဝမ်းနည်ဖွယ်ရာတွေ့ ရကြောင်း ဘီအေ၊ ဘီအက်စ်စီ၊ အမ်အေ၊ အမ်အက်စ်စီဘွဲ့ရတဲ့ လူငယ်လေး တွေကို ဂျာနယ်မှာ အလုပ်ခန့်ဖို့ လူ တွေ့နှုတ်မေးစစ်ဆေးတဲ့ အင်တာဗျူးအတွေ့အ ကြုံကိုဂျာနယ်လောက မှာ စောင်ရေအမြင့် ဆုံး ထုတ်ဝေနေဆဲ ဂျာနယ်တိုက်က သူ့ ကိုယ်တွေ့ကို ဖွင့်ဟ ပြောပြခဲ့တော့ကျွန်တော်သက်ပြင်းချမိတယ်။


ကျောင်းသင်ပညာရေးဆိုတာ အစိုးရရဲ့ ပညာရေးဌာနတစ်ခုတည်းမှာ ပုံချလို့တော့ မရပါဘူး။ တကယ်တော့မိဘတွေ၊ ဆရာတွေ၊ ပြီးတော့ လူငယ်တွေကိုယ်တိုင်ကငါတို့ဟာ  အနာဂတ်ကို ဖန်တီးကြမှာ၊ ငါတို့က တရုတ် ကလေးတွေထက် အရည်အချင်းသာမှ မြန်မာနိုင်ငံဟာ ဆက်လက်ခိုင်မာမယ်။ ငါတို့ ဟာ ကုလားကလေးတွေထက် အရည် အသွေးမြင့်ပါမှ သူတို့ရဲ့ တပည့်မဖြစ်ဘဲ ရှင် သန်နိုင်မယ်စတဲ့ အသိအမြင်ရှိအောင် ဘယ် သူတွေ လှုံ့ဆော်စည်းရုံး အသိပေးကြပါသလဲ။ ကဲ . . . ဒါဆို စာပေသမားတွေက တော့ တာဝန်ကျေခဲ့ပါရဲ့လား။ ဂျာနယ်သမား တွေ၊ သတင်းစာဆရာတွေ ကကော လူငယ် တွေ၊ ကလေးတွေ ဗဟုသုတပြည့်စုံအောင် ဘယ်လောက်များ ဖြည့်ဆည်းပေးခဲ့ကြပါသလဲ။ ပရက်စလေ၊ မိုက်ကယ်ဂျက်ဆင်၊ မက်ဒေါနားတို့ အကြောင်းတွေပဲ အများကြီးရေးပြ နေကြသလား။ ဘယ်သူ့အားနည်းချက်၊ ဘယ်ဝါ့ချို့ ယွင်းချက်ဆိုပြီး အပြစ်ရှာဖို့ပြောဆိုနေရုံနဲ့  မိမိ တို့တာဝန်ကျေပြီယူဆပါသလား။ လက်ညှိုး ထိုးဖို့သာ စဉ်းစားမနေသင့်ပါ။ ဆောင်းပါးရှင်တစ်ဦးအနေနဲ့ ဦးစွာ ပထမအကြံပေးချင်တာက ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများကို ဖြစ်ပါတယ်။

ကျောင်းသားကျောင်းသူတွေရဲ့ သင်ယူလို စိတ်ကို အခုလိုနှစ်စနှစ်ဦးကာလမှာပဲ ထိ ထိရောက်ရောက်လှုံ့ဆော်ဖို့လိုအပ်ပါတယ်။ ကျောင်းအုပ်ဆရာမကြီး ကိုယ်တိုင် လည်း တန်းစီချိန်မှာ အကြိမ်ကြိမ်ဟောပြော၊ မြို့နယ် ပညာရေးမှူး၊ ပြည်နယ်(သို့မဟုတ်)ဒေသကြီး ပညာရေးဆိုင်ရာဝန်ကြီးလာရင် ဟောပြော ပေးဖို့ ပန်ကြားစီစဉ်၊ ပြင်ပမှ (လွယ်ကူတာက ကျောင်းသားမိဘထဲမှ) စာရေးဆရာ၊ သတင်း စာဆရာစတဲ့ထိထိရောက်ရောက် ဟောပြော နိုင်စွမ်း ရှိသူတို့ကို ဖိတ်ကြားပြီး ဟောပြောပွဲ စီစဉ်ပေးတာတို့ကို မပျက်မကွက်ပြု လုပ်ပါ။ ကျောင်းသားရဲ့ စိတ်ထားကို ပြုပြင်ပါ။ဆရာ၊ ဆရာမများရဲ့ စိတ်ထဲမှာ ငါ့ တပည့်တွေကို တရုတ်ကလေးတွေ၊ ကုလား လေးတွေ၊ ယိုးဒယားကလေးတွေ ထက်သာ စေရမယ်။ အောက်မကျစေရဘူးဆိုတဲ့ စေတ နာမျိုးရှိနေသင့်ပါတယ်။သာဓကပြစရာရှိပါတယ်။ ၂ဝဝ၆/ ၂ဝဝ၇ ကာလဆီက ဝါးခယ်မမြို့နယ်၊ ငှက် ပျောချောင်းအုပ်စုမှာ ကြီးနီစုကျေးရွာ၊ တွဲ ဖက်အထကဟာ ဝါးခယ်မမြို့နယ်ထဲရှိ ကျောင်းပေါင်း ၃ဝမှာ အဆင့် ၂၉ နဲ့ ၃ဝ မှာ ရှိခဲ့ပါတယ်။ ၂ဝဝ၈-၂ဝဝ၉နဲ့ ၂ဝ၁ဝ တို့ မှာ ၃ နှစ် ၃ ကြိမ်တိတိ ကျောင်း သားများ စာကြိုး စားရေး ‘ရည်မှန်း ချက်ရှိရမယ်’ဆိုတဲ့ ခေါင်းစဉ်မျိုးနဲ့ ကျွန်တော်တို့ သွားရောက်ဟောပြောပါ တယ်။

သံယောဇဉ်ရှိတဲ့ ရွာပေကိုး။လွန်ခဲ့တဲ့ အနှစ် ၁ဝဝ ခန့်က ချောက် မြို့နယ်၊ ကြီးနီရွာမှ တောင်သူဆင်းရဲသား တချို့ဟာ လေးငါးနှစ် မိုးဆက်တိုက်ခေါင်လို့ သရောကြီးခိုင်းတယ်(လူရောနွားရောစား စရာမရှိအောင်ဆင်းရဲငတ်မွတ်ကြရတယ်)တဲ့။ ဒါနဲ့ စလေမြို့ကတစ်ဆင့် လှေကြီးတွေနဲ့  ဧရာဝတီ ကိုစုန်ဆင်းပြီး အောက်ပြည် အောက်ရွာ ရေကြည်ရာမြတ်နုရာပြောင်း ရွှေ့အခြေချတော့ ကရင်ရွာတွေကြားထဲ ဝါးခယ်မမြို့နယ်အတွင်းက ကြီးနီစုဆိုတဲ့ အိမ်ခြေ ၃ဝ ကျော်။ မြန်မာရွာက အဆက် တွေမို့ ဝါးခယ်မမြို့နယ်ကြီးနီစုနဲ့ ဆွေမျိုးတွေ အပြန်အလှန်ကူးလူးသွားလာရင်း အဆက် အသွယ် မပြတ်ဘူး။ ကနေ့အထိ စာရေးသူရဲ့ နှစ်ဝမ်းကွဲ၊သုံးဝမ်းကွဲ ဆွေမျိုးတွေရှိနေတယ် လေ။ ကြီးနီစုဟာ ဆွေမျိုးရွာပေါ့။ ဝါးခယ်မမြို့နယ်အတွင်းက ကျောင်း အားလုံးမှာ ကြီးနီစုတွဲ အထကဟာ အရင် အဆင့် ၃ဝ ကနေ အောင်ချက်အကောင်းဆုံး  ဖစ်လာတယ်။ အဲဒီ့နှစ်ကစပြီး အဆင့် (၁) ချည်းပဲ သုံးနှစ်ဆက်တိုက် ရရှိခဲ့ပါတော့တယ်။၂ဝ၁၁ အောင်ချက်မှာလည်း ဝါးခယ်မ တစ်မြို့နယ်လုံးမှာ ကြီးနီစုအထကဟာ ပထမပါပဲလို့ကြားရပြန်ပါတယ်။ သင်ယူသူရဲ့ စိတ်အသင့်ဖြစ်မှု Mind Set နဲ့ စိတ်အား ထက်သန်မှု Enthusiasm ဟာ စာမေးပွဲ အောင်မြင်ရေးကြိုးစားမှု၊ ပညာလိုလားမှုကို သိသိသာသာ ထောက်ကူကြောင်း ထင်ရှား တဲ့ သာဓကပါ။ကြီးနီစုရွာကိုသွားပြီး စာကြည့်တိုက် ဖြစ်မြောက်အောင် အား ပေးကူညီတယ်။ စာ ဖတ်သူတိုးပွားအောင်စာရေးဆရာတွေခေါ် သွားပြီး စာပေဟောပြောပွဲတွေ ပြုလုပ်ပေး တယ်။

ကျောင်းအုပ်ဆရာမကြီးနဲ့ တိုင်ပင်ပြီး ”စာကြိုး စားရေး၊ ဘာသာစုံအောင်ချက် ကောင်းရေး” ကျွန်တော်တို့ သုံးနှစ်ဆက်တိုက် ကျောင်းမှာ ဟောပြောလှုံ့ဆော်ပေးခဲ့ တယ်။ ထိရောက်ပါတယ်။လက်တွေ့သာဓက ထင်ရှားလှပါတယ်။ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးတွေ လုပ်နိုင်ပါတယ်။ နောက်တစ်ချက်အကြုံပြုချင်တာက ဘာသာရပ်သင်ပြတဲ့ဆရာ ဆရာမတွေပါ။ ဆရာ ဆရာမတွေဟာ သင်ရိုးပြဋ္ဌာန်းစာအုပ် အပြင်ပြင်ပက ဗဟုသုတစာပေတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုလေ့လာဖို့လိုပါတယ်။ကျောင်းပြဋ္ဌာန်းချက် စာအုပ် တစ်အုပ်ကိုပဲ ကိုင်ထားပြီးတခြားမှ တခြားများနှိုင်းယှဉ် လေ့ လာမှုမရှိခဲ့ရင် ကလေးအတွက် အမြင် ကျယ်အောင် မသင်ပေးနိုင်ပါဘူး။နောက်ဆုံး တစ်ချက် အကြံ ပေးချင်တာ ကလည်း သင်ကြားပြသနေတဲ့ ဆရာဆရာမ တွေကိုပါပဲ။အောင်မြင်တဲ့ သင်ကြားပြသနည်းရဲ့ အခြေခံဥပဒေကတော့ ပို့ချ(ဟောပြောခြင်း) ၁ဝ ရာခိုင်နှုန်း၊ သရုပ်ပြ(ဓာတ်ခွဲခန်း၊ သစ် ပင်၊ သစ်စေ့၊ သင်ကြားမှုအထောက်အကူ ပစ္စည်းများဖြင့်) လက်တွေ့ပြသရှင်းလင်းခြင်း ၂ဝ ရာခိုင်နှုန်းနဲ့ သင်ယူသူကို သူကိုယ်တိုင် ရေးမှတ်၊ ကျက်မှတ်၊ ဖတ်စေ၊ ဖြေစေ၊ တွေး စေ၊ သုံးသပ်ဖြေကြားစေခြင်း(လက်တွေ့လေ့ ကျင့်ခန်း) ၇ဝ ရာခိုင်နှုန်း လုပ်ဆောင်စေရပါ တယ်။ Enthusiasm များများလုပ်လေ လေ တကယ်တတ်လေလေပါပဲ။ ကျောင်းသား ၃ဝ-၄ဝ ရှိတဲ့ အခန်းမျိုးဆိုရင် ဆရာကနေ့စဉ်အပတ်စဉ်လေ့ ကျင့်ခန်းတွေပေးပြီး စစ်ဆေးနိုင်ပါရဲ့။ ဒါပေမဲ့ အတန်းသားက ၆ဝ-၇ဝ ရှိနေ ရင်တော့ လေ့ကျင့်ခန်းများများပေးလေလေ စစ်ရတဲ့ ဆရာမှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာ လေလေဆို တော့ လွယ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ပို့ချတာ အရင်က များ လွန်းနေခဲ့ရင်လျှော့ပါ။

သရုပ်ပြတာ နည်းနေ ရင် အချိန်တိုးသင့်တိုးပါ။ လက်တွေ့ကျောင်း သားကိုယ်တိုင်ရေး ဖြေနှုတ်ဖြေ အပြန် အလှန် ထိတွေ့စစ်ဆေးပြုပြင်ပေးတာမျိုးတွေကို အများဆုံးလုပ်ပေးလိုက်ရင် ဒီနှစ်အောင်ချက်  သိသိသာသာ တိုးတက်ပါ လိမ့်မယ်။ သူတို့ ကြိုးစားကြပါစေ။ ကျေနပ် ရောင့်ရဲနေရင် ဘယ်တိုးတက်မလဲ။ ပကတိအခြေအနေမှန်ကို ရဲရဲဝန်ခံရမှာပဲ။ဆက်လက်တိုးတက်အောင် အများကြီး ကြိုးစားရဦးမယ်ဆိုတာ လက်ခံရမယ်။ သဘော ပေါက်ကြရမယ်။ ပညာရေးဟာ အနာဂတ်ပါပဲ။ လူငယ်တွေဟာ အနာဂတ် ပါပဲ။ ပညာရေးထက် အရေးကြီးတာ ဘာများ ရှိဦးမှာလဲ။ ချစ်လို့ပြောတာ။

ချစ်နိုင်(စိတ်ပညာ)၉-၆-၂ဝ၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...