Thursday, August 25, 2011

ပိဋကတ်သုံးပုံဆိုသည်မှာ

by Moenge Aung on Thursday, August 25, 2011 at 5:55pm

 ကျနော်ဖတ်မိသမျှ မှတ်မိသမျှလေးကို မျှဝတဲ့သဘော ပါခင်ဗျာ။ မှားယွင်းမှု့များရှိခဲ့ရင် ဝေဖန်ထောက်ပြပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
၁။ ဝိနည်းပိဋက
၂။ သုတ္တန်ပိဋက
၃။ အဘိဓမ္မာပိဋက တို့ဖြစ်ကြပါသည်။


၁။ ဝိနည်းပိဋက
ဝိနည်းပိဋကဆိုသည်မှာ သာသနာ့ဝန်ထမ်းရဟန်းတော်များ လိုက်နာကျင့်ကြံရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို စုစည်းဖော်ပြထားခြင်းဖြစ်ပါသည်။ သိက္ခာပုဒ်တော်ပေါင်း (၂၂၇)သွယ် ရှိပါသည်။ ဒီဆရာတော်ကြီးဟာ ဖြင့် ဝိနည်းနဲ့အရမ်းညီလိုက်တာတို့၊ ဝိနည်းတော်နှင့်အညီ ချုပ်ထားသော သင်္ကန်းတို့ ဆိုပြီး ကျွန်တော်တို့ ကြားဖူးနေကြ စကားတွေ ရှိတယ်မဟုတ်လား။ အဲဒါဟာ ယခု (၂၂၇)သွယ်သော စည်းကမ်းတွေကို လိုက်နာစောင့်ထိန်းတာကို ပြောတာပါ။ ဘဘဦးသုခရိုက်တဲ့ ရဟန်းစားသောဆွမ်းတနပ်"စတဲ့ ဇာတ်လမ်းတွေဟာ ယခုသိက္ခာပုဒ်တော်တွေ အကြောင်းကို ရိုက်ကူးတင်ပြထားတာပါ။ ကျွန်တော်တို့ ရဟန်းခံရာတွင်လည်း ဤသိက္ခာပုဒ်တော်များကို စောင့်ထိန်းကြရမှာပါ။
၂။ သုတ္တန်ပိဋက
သုတ္တန်ပိဋက ဆိုသည်မှာ မြတ်စွာဘုရားရှင်သည် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတွေရဲ့ အကျင့်စရိုက်၊ အသိဉာဏ်၊ အလိုဆန္ဒတို့နဲ့ သင့်မြတ်အောင် ဥပမာသာဓကများနှင့် ဟောကြားတော်မူထားတဲ့အတွက် လူများနဲ့ ပိုမိုနီးစပ်ပြီး နားလည် သဘောပေါက်လွယ်ကြပါသည်။ သာမန်ပုဂ္ဂိုလ်တို့အတွက် အသင့်လျော်ဆုံးတရားလည်းဖြစ်ပါသည်။ သုတ်တော်ပေါင်း (၁၇၅၀၅)သုတ် ရှိပါသည်။ သတိပဌာန်တရား၊ အာနာပါနရှုနည်းများ၊ ဈာန်ဝင်စားခြင်း အစရှိသည်တို့မှာ သုတ္တန်ပိဋကတ်တော်တွင် ပါဝင်ပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ကြသော ပရိတ်ကြီး (၁၁)သုတ်သည်လည်းကောင်း၊ မိဘဝတ်၊ သားသမီးဝတ် အစရှိသည်တို့သည်လည်းကောင်း သုတ္တန်ပိဋကတ်တော်မှပင် ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများသည် သုတ္တန်ပိဋကတ်တော်မှ ဆင်းသက်လာခြင်းလည်းဖြစ်ပါသည်။ သုတ္တန်တရားတော်များ အားလုံးကို အတိုအရှည်အလိုက်၊ တရားသဘောအလိုက် နိကာယ် (၅)ရပ် ဟူ၍ ခွဲခြားထားပါသည်။
၁။ ဒီဃနိကာယ်
၂။ မဇ္စျိမနိကာယ်
၃။ သံယုတ္တနိကာယ်
၎။ အဂုင်္တ္တရနိကာယ်
၅။ ခုဒ္ဒကနိကာယ် - တို့ ဖြစ်ကြပါသည်။ ဆရာတော်များ တရားဟောကြားရာတွင် - နိကာယ်၊ - သုတ်တော်မှာ လာသော - ဇာတ်ကြောင်းကို တန်ဆာဆင်ဟောကြားအပ်သော - တရားတော်ဟူ၍ နာကြားဖူးကြပါလိမ့်မည်။ (ဥပမာ- ဆရာတော် အရှင်ဆေကိန္ဒ၏ တရားတော်များ)
၃။ အဘိဓမ္မာပိဋက
အဘိဓမ္မာပိဋက ဆိုသည်မှာ ပုဂ္ဂိုလ်တို့၏ အလိုစရိုက်တို့ကို ဦးစားမပေးဘဲ ဓမ္မသဘာဝတို့ကို အရှိသဘောအတိုင်း ပြည့်စုံကုန်စင်အောင် ပညာသက်သက်ဖြင့် ဟောကြားတော်မူထားခြင်းဖြစ်ပါသည်။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားရှင်သည် မယ်တော်မာယာဒေဝီဖြစ်ခဲ့ဖူးသည့် နတ်သားအား မွေးကျေးဇူးဆပ်သည့်အနေဖြင့် နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူခဲ့ပါသည်။ အဘိဓမ္မာပိဋက တွင်
၁။ ဓမ္မသင်္ဂဏီကျမ်း
၂။ ဝိဘင်္ဂကျမ်း
၃။ ဓါတုကထာကျမ်း
၎။ ပုဂ္ဂလပညတ်ကျမ်း
၅။ ကထာဝတ္ထုကျမ်း
၆။ ယမိုက်ကျမ်း
၇။ ပဌာန်းကျမ်း - ဟူ၍ ကျမ်းပေါင်း (၇)ကျမ်း ရှိပါသည်။ ကျွန်တော်တို့ ရွတ်ဖတ်ပူဇော်ကြသော ပဌာန်းတရားတော်မှာ အဘိဓမ္မာပိဋကမှ သတ္တမြောက်ကျမ်းပင်ဖြစ်ပါသည်။
သံဃာတော်များ ပိဋကတ်သုံးပုံစာမေးပွဲ ဖြေဆိုကြသည်မှာ ဤပိဋကတ်သုံးပုံကို ရေးဖြေရော၊ အာဂုံ(အလွတ်ရွတ်ဆိုခြင်း)ပါ ဖြေဆိုကြခြင်းဖြစ်ပါသည်။
ဖတ်မိမှတ်မိသမျှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...