Tuesday, August 30, 2011

"သန်းခေါင်ည ဆေးထဖွာရတော့လည်း အခါခါ "

created the doc: "သန်းခေါင်ည ဆေးထဖွာရတော့လည်း အခါခါ "
Cloud Cuckoo Land created the doc:
ကျွန်တော် အထက် မိုး ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ် တို့လည်း ရှိရဲ့၊ တိမ် တို့ လည်း ရှိရဲ့၊ တိမ်လိပ်၊ တိမ်စု တွေဖြတ်သွားတဲ့ အခိုက်မှာ ကြယ်တွေ ပျောက်ကုန်ရော၊ တိမ်ဆိုင် တိမ်ထုတွေ လွန်သွားရင်တော့ ကြယ်ကလေးတွေဟာ တလင်း လင်း၊ တဖိတ်ဖိတ်နဲ့ ပြန်ပေါ်လာ ပါတယ်။ ကျွန်တော်ရဲ့ တထောင်း ထောင်းထနေတဲ့ ဆေးလိပ်မီးခိုး ငွေ့တွေ အရှင်းမှာ ရှေ့မှာရှိနေတဲ့ မြင်ကွင်းကို အထင်းသားတွေ့ရပြီး ဖွာထုတ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့ တွေအဖုံးမှာတော့ မီးခိုးငွေ့နဲ့အတူ အတွေးစ၊ အတွေးစုတွေ ဖုံးသွား လိုက်တာ မိုးတောင် လင်းလုလု။ ခက်တော့ ခက်သားဗျ။
အ တွေးဆိုတာ တစ်ခါတလေ အကောင်းဘက်ကို ရောက်သွားနိုင် သလို အဆိုးဘက်ကို လည်း ရောက်သွားနိုင်ပါတယ်။
အတွေး တစ်ခုကြောင့် တဒင်္ဂအချိန်အ တွင်းမှာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေနိုင်သလို၊ အ တွေးတစ်ခုကို အခြေခံပြီးနိဗ္ဗာန် ထိရောက်စေနိုင်တယ်မဟုတ်လား။ ဒီလိုပါပဲ တစ်ချို့အတွေးတွေ ကြောင့် ငရဲထိရောက်သွားတာ၊ ထောင်ကျသွားတာ၊ စီးပွားပျက် သွားတာ၊ ရာထူးဂုဏ်သိမ်မြင့် တက်သွား တာ၊ မိမိဘာသာကနေ အခြားဘာသာကို ကူးပြောင်းသွား တာတွေဆိုတာ အတွေးကြောင့် ပါပဲ။
ကျွန်တော့်တို့မှာ နံနက်မိုး သောက်အလင်းရောက် သည့်အချိန်မှ ညအိပ်ရာဝင်ချိန်အထိ ကုသိုလ် ဖြစ်စေတတ်တဲ့အတွေးနဲ့၊ အကုသိုလ်ဖြစ်စေတဲ့ အတွေးနှစ် မျိုးကိုတော့ တွေးနေမိ၊ ကြံစည် နေမိကြမှာပေါ့။ ကြံစည်ခြင်းကို ဝိတက်လို့ ခေါ်ကြပါတယ်။ ဒီကြံစည်မှု ကြောင့်ပဲ ဒုက္ခတွေဖြစ်တတ်၊ နိဗ္ဗာန်ရောက်တတ်ကြောင်းကို (သတိပဋ္ဌာန်ပါဠိတော်)မှာ လာရှိ တယ်လေ။
လူရယ်လို့ဖြစ်လာရင် မိမိရဲကရှေ့အရေးကို ကြံစည်နေ ကြမှာပါ။ ရှေ့အရေးကိုမျှော်ပြီး ဘယ်လိုနေထိုင်၊ စားသောက်၊ လုပ်ကိုင်မယ်၊ သားတွေ၊သမီးတွေ ကို ဘယ်လို ပညာတွေ သင်ပေးမယ်။ ဘယ်လိုတွေ နေရာချထား ပြီး၊ ဘယ်လိုအလုပ်အကိုင်တွေ စီစဉ်ပေးမယ်လို့ ကြံစည်နေကြ တာကို ဝိတက်လို့ပဲခေါ်ခေါ်၊ ကြံ စည်တယ်ပဲဆိုဆို၊ တွေးတယ်ပဲ ပြောပြော၊ လူသားတိုင်းကြံစည် တွေးတောနေကြမှာပါ။
ခက်တာက အတွေးတော်တော် များများ က အိပ်ယာထဲခေါင်းအုံးပေါ် ခေါင်းတင်ချိန်မှာမှ ကောင်းတဲ့ အတွေးကော၊ ဆိုးတဲ့အတွေးပါ ဝင်လာတတ်တယ်။ တကယ့် သူ တော်ကောင်းစိတ် ဝင်ချိန်၊ လူခြေ ကျွန်တော့်မှာ သန်းခေါင်ည ဆေး လိပ်ထဖွာဖွာရတာလည်းအခါခါ ပါ။ သားရေး၊ သမီးရေး၊ စီးပွား ရေး၊ အတွေးတွေ၊ တွေးလေလေ စိတ်ထဲမှာ မချမ်းမသာ ဖြစ်လာလေ လေ၊ တွေးလိုက်တိုင်းမှာလည်း မဟုတ်သေးပါဘူး။ နေရာမကျ သေးပါဘူးနဲ့ အိပ်ယာထဲမှာဆို လည်း နဖူးပေါ်လက်တင်ပြီးတွေး လိုက်၊ ဆေးလိပ်ကြီးမီးခိုးတွေ တထောင်းထောင်း ဖွာရင်း တွေး လိုက်၊ ဒီလိုပဲမဟုတ်သေး၊ ဟိုလို လည်းမဖြစ်နိုင်၊ သက်မတွေ၊ သက်ပြင်းတွေ၊ အခါခါချ၊ တယ် ခက်ပါလားလို့လဲ အတွေးတွေ ခက် နေတတ်ပြန် ပါရောလား။
ကိုယ့်မှာ အကြွေနှစ်ရာတန် တစ်ရာတန်၊ ငါးဆယ်တန်တွေရှိ ပါရဲ့နဲ့ မရှိဘူးပြောပြီး သူ့ရဲ့ငါးရာ တန်ကို အကုန်ယူလိုက်ချင်တာနဲ့ ရှိတာတွေ၊ အမ်းပေးနိုင်တာတွေ ဖွက်ထား၊ ကော်ဖီထုတ်တွေ၊ ခေါင်းလျှော်ရည်တွေအတင်းထိုး ထည့်၊ ကြည်ကြည်၊ မကြည်ကြည် သူတစ်ပါးကို အမြတ်အစွန်းနည်း ကိုယ့်အတွက် အမြတ်အစွန်းများ ရဖို့ သူတစ်ပါးကို နှိမ်နင်းချို့ဖဲ့ပြီး ရလိုရကြောင်းတွေလည်း ကြံမိရဲ့။ ဒါကြောင့် ဘုရားသခင်ကိုယ် တော်မြတ်ကြီးက ဒီလိုအကြံအ စည်တွေ၊ အတွေးတွေဆိုတာ ကြံ စည်လို့၊ တွေးလို့မဆုံးနိုင်တတ်ကြ လို့ မဟုတ်တာ၊ မမှန်တာ၊ မ ကောင်းတာတွေကို မကြံ၊ မတွေး ကြဖို့တားမြစ်တော်မူခဲ့တာပါ။ မိမိ ရဲ့အကြံအတွေးအတိုင်း အဆင် ပြေ၊ စိတ်တိုင်းကျရင်တော့ ဝမ်း သာ၊ ပျော်ရွှင်၊ ကြည်နူးမှုတွေ ဖြစ် ကြရပါတယ်။
ဝမ်းသာ၊ ကြည်နူး နေတာ တကယ်တော့ တဏှာ ဖြစ်နေတာပါပဲ။ တွေးရင်းတွေး ရင်းနဲ့ စိတ်ပျက်၊ စိတ်နောက်၊ စိတ်အလိုမကျဖြစ်ပြီဆိုရင်တော့ ဒေါသဆိုတာဖြစ်လာရပါပြီ။ မိမိ ရဲ့အတွေး ကြောင့် လောဘကို လောဘမှန်းသိ၊ ဒေါသကိုဒေါသ မှန်းသိပြီး ပြင်ဆင်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ မအိုခင်၊ မနာခင်၊ မသေ ခင်မှာ လူသားတိုင်း သားနှင့်သမီး နှင့်၊ ဆွေမျိုးနှင့် နေချင်ကြတယ်။
နေ နေကြမယ်ဖြစ်ပါတယ်။ မြို့ ရွာ၊ ရပ်ကွက်အတွင်းလူ့ပတ်ဝန်း ကျင်အတွင်းနေထိုင်ရင်း လောက ကြီးထဲမှာနေထိုင်ရင်းက လောက ကြီးထဲကဟာမှမကြံရင် ဘာကြံရ မှာလဲလို့ မေးရင်တော့ မြတ်စွာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ကာမဂုဏ်နဲ့ ပတ်သက်တဲ့အကြံ အတွေးတွေ၊ ပစ္စည်းဥစ္စာကိုမတ ရားစိတ်နဲ့ ရရာ၊ ရကြောင်းတွေ ဒေါသဖြစ်စရာ၊ ညှင်းဆဲစရာ အကြံ အတွေးတွေကို မကြံ၊ မတွေးကြ ဖို့ ခင်မင်လွန်း၊ ကြင်နာလွန်းစေ သည့် စွဲလန်းလွန်းစေသည့် သား ရေး၊ သမီးရေး၊ စီးပွားရေးကိစ္စများ ကိုလည်း မကြံ၊ မတွေးမိကြစေ ကြောင့် ဒုက္ခ၊ ဒေါမနဿများဖြစ် လာရတာပါလား။
ဒါဆို၊ ဒါလေး က ဒုက္ခသစ္စာ၊ ဒါလေးက သမုဒ ယသစ္စာ၊ ဒါကတော့ဖြင့်ဒုက္ခချုပ် စေတဲ့နိဗ္ဗာန်ရောက်ကြောင်းပါလား လို့ ကွဲကွဲပြားပြားနဲ့သစ္စာလေးပါး ကိုသာ ကြံတွေးဖို့ဆုံးမတော်မူ ထားခဲ့တာပေါ့။ လောကကြီးအတွင်း ဘယ် လိုအရာမဆို ဖြစ်ပြီးပျက်တတ်တဲ့ တရားသာဖြစ်ကြောင်းကို အတွေး ပေါက်သိနေဖို့အရေးကြီးပါတယ်။ ဖြစ်ပျက်အကြောင်း၊ ဒုက္ခအ ကြောင်းများများတွေနေရင် အဖိုး တန်အသိများပြီး အဖိုးတန်အ တွေးများကိုသာတွေးနေမိမှာဖြစ် ပါတယ်။
နေ့လည်နေ့ခင်း ရောင်း ဝယ်လုပ်ကိုင်နေတဲ့အချိန်တွေမှာ ဘာကိုတွေးနေသင့်တယ်ဆိုတာ ထက်၊ ညအိပ်ရာဝင်၊ ဆိတ်ငြိမ် တဲ့အချိန်မှာ အတွေးကောင်း၊ အ တွေးမှန်၊ အဖိုးတန်အတွေးများကို သာ တွေးနေသင့်ပါတယ်။ အဲဒီ အချိန်မှာ အရာအားလုံးဟာ ဖြစ် ပျက်လို့သိနေ၊ တွေးနေရင် အိပ် လို့လည်းပျော်မယ်။ မဂ္ဂဥာဏ် လည်းရမှာဖြစ်ပါတယ်။ ဒါကြောင့် အိပ်လည်းပျော်ချင်၊ မဂ္ဂင်ဥာဏ် လည်းရချင်တယ်ဆိုရင် ဖြစ်ပျက် ဒုက္ခသစ္စာအကြောင်းကိုသာ တွေးနေပါ။ အိပ်လို့ကမပျော်၊ သည်းချေကထ၊ မျက်ရည်လေးက ကျချင်တယ် ဆိုရင်တော့ မဆုံးနိုင် မပြီးနိုင်၊ မအေးချမ်းနိုင်တဲ့ သား ရေး၊ သမီးရေး၊ စီးပွားရေး၊ အ တွေးနဲ့၊ မတွေးသင့်မတွေးထိုက် တဲ့အတွေးများကိုသာ တွေးနေမိ ကြမှာဖြစ်ပါတယ်။
မကောင်းတဲ့ အတွေးတွေ အားကောင်းလာရင် မဟုတ်တဲ့ အတွေးတွေချည့် တွေးနေရင်တော့ အိပ်မပျော်စားမဝင်ဖြစ်ပြီး မိမိရဲ့ ရုပ်ရည်ကခြောက်လာပါတယ်။ ဟိုတုန်းက တော်တော်ဝ၀ဖြိုးဖြိုး ဖြူဖြူစင်စင်လေး ရှိနေရက်နဲ့ ကြည့်ရင်း၊ မြင်ရင်း၊ တွေ့နေတုန်း မှာ မည်းခြောက်ခြောက်ကြီးဖြစ် လာရတာဟာ မတွေးကောင်းတာ တွေးနေမိလို့ ဒုက္ခရစ အချိန်လေး ပါ။
မတွေးသင့်၊ မတွေးကောင်း တာတွေ အတွေးလွန်ရင် အသွေး အသားတွေခန်းခြောက်ပြီး ကိုယ် ခန္ဓာဟာမလန်းဆန်းတော့ဘဲ မ ကျန်းမမာနဲ့ လူသေနာလို့ထင်ရ တဲ့ရုပ်မျိုးတွေ ထိဖြစ်လာကြတာ မြင်ဖူးကြသားပဲ။ မတွေးကောင်း တာတွေးမိရင် သမုဒယကြိုးတို့ရဲ့ ရပ်စပတ်ချည်နှောင်မှုကိုခံရပြီး တွေးသင့်၊ တွေးထိုက်တဲ့အတွေး မှန်တွေ တွေးနေမိရင် သမုဒယ ကြိုးကို ပြတ်တောက်သွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တွေး ကြည့်ရင်ပြေးကြည်တာထက်မှန် တယ်ဆိုတာလို၊ အရာအားလုံးကို ပြေးကြည့်စရာမလိုဘဲ။
အားလုံး သည် ဖြစ်ပျက်လို့သာ အောက် မေ့နှလုံးသွင်းပြီး မကောင်းတဲ့စိတ် ဖြစ်၊ ဖြစ်တာနဲ့သိ၊ ကောင်းတဲ့စိတ် ဖြစ်၊ ဖြစ်တာနဲ့သိ၊ သိတာနဲ့မှတ်၊ အဲဒီလို အသိတွေ၊ အမှတ်တွေ များများလာရင် မှတ်တဲ့အလေ့အ ထုံများ များများလာရင်အကုသိုလ် အပြစ်များလည်း လျော့လျော့ လာပြီး၊ အိပ်မပျော်ညများမှာ အိပ်ပျော်စေနိုင်ပြီး သန်းခေါင်ည အခါမှားမှာ ဆေးထ ဖွာရသူများ၊ ဆေးထမဖွားရတော့ဘဲ အကောင်း ဆုံးအိပ်စက်နည်းအမှန်နဲ့ အိပ် မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြည်သာ အိပ်စက်နိုင် ကြပါစေတာ့ရယ်လို့....။

posted by စိုးဝင်း(ဆသရ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...