Tuesday, August 30, 2011

ဟိုရှေးအနှစ် ၂ဝ ကျော်က အပိုင်း (၁)

Min Thant Syn created a doc


အနီးသမိုင်းဟု ထင်ခဲ့စေကာမူ ၂ဝ အောက်တန်း လူငယ်များ အတွက်ကား ၈၈ အရေးအခင်းမှာ ယုံတမ်းသဖွယ်ဖြစ်နေလေပီ။ ကျနော်တို့ရွယ် ၃ဝ တန်းများလောက်သာ အရေးအခင်းတုန်းက ဟူသော အသံကြားတိုင်း လတ်ဆတ်သော မကျေမချမ်းမှုများ ပေါ်လာစမြဲ။ လမ်းမပေါ်မှ ပျောက်ကွယ်သွားသော လူစုလူဝေးကြီး၏ အသံများကို ပြန်ကြားဆဲ။ မကြုံဘူးသူများမှာကား ဘုန်းကြီးဆန္ဒပြပွဲ ကျမှ နိုင်ငံရေး မူလတန်းကို အောင်စာရင်း ထွက်ခဲ့ကြသည် မဟုတ်ပါလား။
သို့မဟုတ်က နှစ်ပေါင်းကြာညောင်းအောင် လူတွေထောင်ကျ တောခို ထွက်ပြေးရေဒီယိုမှ စကားပြောနေကြတာ ဘာကြောင့်ဆိုတာ နားမလည်နိုင် သီချင်းတပုဒ် ဂိမ်းတခုလောက်မှ စိတ်မဝင်စားနိုင်သူတွေသာ များလာလိမ့်မည်။ ခေတ်မတူ ဘဝမတူ၍ ခံစားချက်ချင်းကား တူပေမည်မဟုတ်။ သို့သော် ဤတိုင်းပြည်တွင် နေထိုင်သူတိုင်း ဆင်းရဲမွဲတေမှု၊ ဖိနှိပ်အကျင့်ပျက်မှု၊ ခေတ်နောက်ပြန်ဆွဲမှု အဆိုးကျော့သံသရာ ကြီးကို မသိနိုးနားလုပ်ထား၍ မရစကောင်း။ ထို့ကြောင့် လူတိုင်း နိုင်ငံရေး နားမလည်သော်လည်း နိုင်ငံ အခြေအနေ ကို ကျေနပ်ကြသည် မဟုတ်ဟု ယေဘုယျ ပြောသင့်သည်။

၈၈ မှာ ပြည်ပြေးတစု ပြည်တွင်းက လှုပ်ရှားသူတစု လူစိတ်ဝင်စားအောင် လုပ်သည့်ပွဲဟု ထင်ချင်ကြသူများ အဖို့ အတိတ်ကို ပြန်သိချင် တူးဆွချင်စိတ်ပေါ်လာမှ မိမိတို့ မိဘဆွေမျိုး သင်္ဂဟများ မည်သို့ ခေတ်ကျပ်ကြီးကို ဖြတ်သန်း ခဲ့ကြသည်ကို ရိပ်စားစာနာမိကြပေမည်။ ဤသို့သိလာအောင်လည်း နိုင်ငံရေးလှုပ်ရှားသူများ၏ ဇာတ်ကြောင်းပြန်မှတ်တမ်းများထက် အခြေအနေ သုံးသပ် ဆင်ခြင်သည့် စာပေသုတေသနများ ပို၍ များများ ထွက်ဖို့ လိုသည်။ ဥပမာ အရေးအခင်းကာလ စာစောင်များ လေ့လာချက်၊ လှုပ်ရှားခဲ့သူများကို တွေ့ဆုံမေးမြန်းပီး ဘက်စုံက ပိုကျယ်ပြန့်သည့် အမြင်ကို ရအောင် အားထုတ်ခြင်းမျိုး။

နမူနာအနေနှင့် အရေးအခင်းပြီးစ ၁၉၈၉ ဇွန်က ဘာကီလီ လွတ်လပ်ရေးရထဲက အနှစ် ၄ဝ တွေ့ကြုံခဲ့ ရသော ခေတ်ပူခေတ်ပျက်ကြီးကို ၁၉၈၈ တွင် တဘရိတ်ထဲ ပြန်ပေါ်လာသကဲ့သို့ ကယ်လီဖိုးနီးယား တက္ကသိုလ်ထုတ် အာရှစစ်တမ်း စာစောင်မှ ရန်ကုန်မြို့နေ မြန်မာနိုင်ငံသား Moksha Yitri ရေး ' Crisis in Burma Back from the Heart of Darkness? ' ဆောင်းပါးကို အကျဉ်းရုံးပြန်ဆို မိတ်ဆက်ပေးလိုက်သည်။ ယစ်ထရီမှာပြည်ပတွင် ပညာသင်ခဲ့ဖူးသော လူလတ်တန်းစား ပညာတတ် အလွှာမှ ဖြစ်ပီး နိုင်ငံရေးတွင် ပါဝင်နေသော်လည်းရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ထားသော ၁၈၃ ပါတီနှင့် မပတ်သက်သူ ဖြစ်သည်။
 သူက လွတ်လပ်ရေးရထဲက အနှစ် ၄၀ တွေ့ကြုံခဲ့ရသော  ခေတ်ပူ ခေတ်ပျက်ကြီးကို ၁၉၈၈ တွင် တဘရိတ်ထဲပြန်ပေါ်လာသကဲ့သို့ တွေ့ရသည် ဆိုသည်။ ဆန္ဒပြပွဲ၊ လူဖမ်းပွဲနှင့် ရက်စက်စွာ သတ်ဖြတ်မှုများနှင့်အတူ သမ္မတ၃ ပါး ဆက်တိုက် ပြုတ်ကျပီး စစ်အာဏာသိမ်းပွဲကိုပါ တွေ့ခဲ့ရသည်။ ပြည်သူ ၄ဝ ရာနှုန်းမှာ ၁၉၈၅ ထဲက စုန်းစုန်းမြုပ်အောင် မွဲနေကြသည်ဟု ယူနီဆက် ကိန်းဂဏန်းများကို ကိုးကားရုံ သာမက ၁၉၈၈တွင် အခြေအနေမှာ ပိုဆိုးဖို့သာ ရှိသည်ဟုလည်း ဆိုသည်။ ဓာတ်ဆီ ရှားပါးမှုကြောင့် ဆန်တင်ပို့မှု နှောင့်နှေးပီး ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။ ( အရေးအခင်းတွင် ဂိုဒေါင်များ ဖွင့်ပေးလိုက်၍ လုယက်မှုများ၊ လုယက်သူများကို ပစ်သတ်မှုများ၊နွမ်းပါးသူများကို သပိတ် ကော်မတီများက ဆန်ပြုတ်တိုက်ပွဲ များကို သတိရသည်- ဘာသာပြန်သူ)

၂၆ နှစ် ယိုယွင်းမှု၏ အဆုံးသတ် လက္ခဏာများမှာ လွန်ခဲ့သည့် ၅ နှစ်အတွင်း သိသာလာသည်။ အစိုးရ စာရင်း အင်းများတွင်ပင် ဖွံ့ဖြိုးမှုနှုန်းမှာ ၁၉၈ဝ-၈၅ အတွင်း ပျမ်းမျှ ၃.၃ ရာနှုန်းရှိရာမှ ဝ.၄၅ ရာနှုန်းထိ ဆုတ်ယုတ်ခဲ့ငြား အာဏာပိုင်များက နိုင်ငံတကာ စီးပွားရေး အခြေအနေကိုသာ လက်ညှိုးထိုးနေခဲ့သည်။ ၁၉၈၇ နှောင်းပိုင်းတွင် မခံသာအောင် ဆိုးရွားလာခဲ့သည်။ သြဂုတ်လတွင် လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းက အမှားအယွင်းများရှိခဲ့ကြောင်း ဝန်ခံပီး အပြောင်းအလဲ ဆိုသည်မှာ ရှောင်ရှား မရရုံမက လိုအပ်ကြောင်း၊ အရာရှိများက အချက်အလက် များကို ထိမ်ချန်ခဲ့ကြောင်း အပြစ်တင်ကာ မူဝါဒ အပြောင်းအလဲ အတွက် ၁၉၈၉ နှောင်းပိုင်းတွင် ကျင်းပချိန် တန်သည့် နောက်ပါတီ ညီလာခံ အမီ ပြင်ဆင်ထားရန် ညွှန်ကြားသည်။

၁၉၈၇ စက်တင်ဘာတွင် ဆန်ကို ထိန်းချုပ်မှုမှ လွှတ်လိုက်သော်လည်း တပတ်အတွင်း စက်တင်ဘာ ၅ တွင်ပင် အစိတ်တန် ၃၅ ကျပ်နှင့် ၇၅ ကျပ်တန်များ တရားမဝင် ကြေညာသည်။ ၁၉၈၅ ကပင် ရာတန်တခါ သိမ်းခဲ့ပီး ယခုတခါတွင် ပြန်လဲပေးမည့် အစီအစဉ် မပါတော့ပေ။ အစိုးရဘဏ် စနစ် မကောင်း၍ အများစုက ပိုက်ဆံအဖြစ်သာ သိမ်းတတ်ရာ အခြေအနေမှာ အတော်ဆိုးပါသည်။ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား အချို့ ဆူပူမှုကြောင့် သီတင်းကျွတ် ကျောင်းပိတ်ရက်အဖြစ် ကျောင်းများ ပိတ်လိုက်သည်။ အများစုကြီးက ဤဒုက္ခများကို သည်းခံနေကြသေးသည်။

၁၉၈၇ ဒီဇင်ဘာတွင် ကုလသမဂ္ဂက မြန်မာပြည်ကို အဆင်းရဲဆုံး နိုင်ငံများ စာရင်းတွင် ထည့်သွင်းသည်။ ကြွေးမြီပေးလျော်ရေးအတွက် လျှောက်ထားစဉ်ကရော ကြေညာခံရစဉ်ပါ အစိုးရက အသိမပေးသော်ငြား ပြည်ပ သတင်း ဌာနများနှင့် ပါးစပ်စကားက လူထုကြားပျံ့လာသည်။ လွတ်လပ်ရေးအနှစ် ၄၀ ပြည့်သည့် ၁၉၈၈ ဇန်နဝါရီတွင် အနောက်ဂျာမနီက မြန်မာ့ကြွေးမြီများကို လျော်ပေးကြောင်း သဝဏ်လွှာပို့ချိန်တွင် လူထုအကြား (အထူးသဖြင့်ကျောင်းသားများ အကြား) တိုင်းပြည်အတွင်း အံချော်နေမှုများကို မကျေမလည် ဖြစ်လာကြသည်။

မတ်လလယ် စက်မှုတက္ကသိုလ်မှ မီးပွားများက မကျေနပ်မှုတာဘောင်ကို ပွင့်ကျလာစေသည်။ ကျောင်းပြင်ပ ကိစ္စတခုမှ ဆန္ဒပြပွဲ ပေါ်လာပီး နှိမ်နင်းမှုကြောင့် အသေအပျောက် များခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့လည်း ပျံ့နှံ့လာကာ အစိုးရ ဆန့်ကျင်ရေး ဟောပြောမှုများနှင့် မတ်လ ၁၇ ရက် လုံထိန်း တပ်သားများ တက္ကသိုလ် စီးချိန်တွင် အပျက်အစီးများလည်း ဖြစ်လာခဲ့သည်။ ဆန္ဒပြပွဲက နောက်နေ့မြို့ထဲ ဆက်သွားပီး အစိုးရဆိုင်များ ရုံးများ ကားများ မီးရှို့ခံရသည့် အပြင် လူအုပ်ထဲ ပစ်ခတ်မှုကြောင့် အသေအပျောက်လည်း များသည်။ ရာချီပီး အစုအပြုံနှင့် ဖမ်းသဖြင့် အချုပ်ကားထဲ ၄၁ ယောက် လေပိတ်သေရသည်။ လုံထိန်းများ နာမည်ဆိုး ထွက်လာသော်လည်း မဆလ အတွင်းရေးမှူး ဦးစိန်လွင် ကွပ်ကဲမှုအောက်က ခြေမြန်တပ်ရင်း ၂၂ လှုပ်ရှားမှု များကို လူမသိလှသေး။ အလျင်အမြန် ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် အခြေအနေ ပြန်တည်ငြိမ်သွားပြီး စီးပွားရေး ဒုက္ခများနှင့် လည်ပတ်နေဆဲ ဖြစ်သည်။

ဥက္ကဋ္ဌကြီး ဦးနေဝင်းက အမှားအယွင်းများ ရှိခဲ့ကြောင်း ဝန်ခံပီး အပြောင်းအလဲ ဆိုသည်မှာ ရှောင်ရှား မရရုံမက လိုအပ်ကြောင်း၊ အရာရှိ များက အချက်အလက်များကို ထိမ်ချန်ခဲ့ကြောင်း အပြစ်တင်ကာ အဓိကရုဏ်း အတိုင်းပမာဏကို အာဏာပိုင်များ မသိကျိုးကျွံပြုသည့်ပုံရှိပီး စက်မှု တက္ကသိုလ် ဆူပူမှု စုံစမ်းရေး ကော်မရှင် ထံမှလည်း အကြောင်းရင်း တိတိပပ ထွက်မလာသည့်ပြင်ဧပြီလ ဘက်ဂျက် လွှတ်တော်မှာလည်း တိုင်းပြည် ပကတိ အခြေအနေကို လျစ်လျူရှုကာ ပြီးဆုံးခဲ့သည်။ ဇွန်လ တက္ကသိုလ်ပြန်ဖွင့်ချိန်တွင် ကျောင်းသားများ၏ မကျေနပ်မှု ပမာဏမှာ ပိုကြီးလာပီး ဆန္ဒပြပွဲကြီးများ ပေါ်လာခဲ့သည်။ ဇွန် ၁၇ ဆန္ဒပြပွဲတွင် ကောလိပ်နှင့် အထက်တန်းကျောင်း အများစု ပါဝင်လာပီး အဖမ်းခံရသူများ ပြန်လွှတ်ပေးရေး၊ ကျောင်းထုတ်ခံရသူများ အရေးနှင့် ကျောင်းသား သမဂ္ဂ ဖွဲ့စည်းရေး တောင်းဆိုမှုများမှ ဒီမိုကရေစီနှင့် လွတ်လပ်ရေးတောင်းဆိုမှု၊ မဆလ အစိုးရနှုတ်ထွက်ရေးများ ဘက်သို့ ရွေ့လျားလာသည်။

ထုံးစံအတိုင်း ဇွန် ၂ဝ တွင် ရန်ကုန် တက္ကသိုလ်နှင့် ဆေးတက္ကသိုလ်များ ပိတ်လိုက်ရာမှ ဆန္ဒပြပွဲများ လမ်းမပေါ်သို့ ပျံ့နှံ့သွားကာ လူထုပါဝင်မှုလည်း ကြီးလာခဲ့သည်။ နောက်တနေ့ မြေနီကုန်းအရေးအခင်းတွင် ကျောင်းသားများနှင့် လုံထိန်းများပါ သေကျေကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။ ပဲခူးတွင်လည်း ရဲနှင့် ကျောင်းသားများသေကြေကြသည်။

ဇူလိုင် ၂၃ တွင် အရေးပေါ်ပါတီညီလာခံ ကျင်းပမည်ဟု ၇ ရက်နေ့တွင် ကြေညာသည်။ အထိန်းသိမ်းခံ
ကျောင်းသားများ ပြန်လွတ်လာပီး ကျောင်းပြန်တက်ခွင့်လည်းရကြသည်။
ပါတီညီလာခံတွင် စီးပွားရေးနှင့် ပါတီဖွဲ့စည်းပုံ ပြုပြင်ရေးများ ဆွေးနွေးမည်ဟုလည်း ဆိုသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ပြန်ဖွင့်ပေးမည်ဟု မျှော်လင့်ရုံမှအပ ဦးနေဝင်း နှုတ်ထွက်ပေးမှု အပါအဝင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်လာမည်ဟု မည်သူမှ မထင်မိကြသေး။

ညီလာခံအဖွင့်မှာပင် ဦးနေဝင်းက ဆိုင်းမဆင့်ပဲ စစ်ပီးခေတ် တိုင်းပြည်သမိုင်းတွင် သွေးထွက်သံယိုအဖြစ်ဆုံး လမ်းကြောင်းကို တင်မိသားဖြစ်ခဲ့သည်။ မိန့်ခွန်းအရ မတ်လနှင့် ဇွန်လအရေးအခင်းများတွင် ပါဝင်ထောက်ခံ သူများ အနေဖြင့် ပါတီဦးဆောင်မှုကို မယုံကြည်တော့ကြောင်း ပြနေသည်။ တိုင်းပြည်၏ လူဦးရေမည်မျှက ထိုသဘောထား ရှိမရှိ သိရအောင် တပါတီနှင့် ပါတီစုံစနစ် မည်သည်ကို လိုလားကြောင်း ဆန္ဒသဘောထား ခံယူကြည့်မှ သိမည်
ဖြစ်သည်ဟု ပါတီညီလာခံကို ဦးနေဝင်း အဆိုပြုသည်။ ပါတီစုံစနစ်ကိုရွေးချယ်လျှင် ရွေးကောက်ပွဲသစ်များ အမြန်ကျင်းပရမည်။ စိတ်မချမ်းမြေ့ဖွယ် အရေးအခင်းများ အတွက် သွယ်ဝိုက် တာဝန်ရှိသည်ဟု ယူဆပီး ဦးနေဝင်းနှင့် ဦးစန်းယုစသည့် ထိပ်ဆုံးက လူကြီး ၅ ယောက် အနားယူလိုကြောင်း ဆိုသည်။

ဦးနေဝင်းက အဓိကရုဏ်းများ အတွင်း ဥပဒေမဲ့ ရမ်းကားမှုများနှင့် ပြည်မြို့တွင် တင်းမာနေမှုများကြောင့် မနေ့ကစ၍ တပ်စွဲထားရကြောင်း ဆိုသည်။ နောင် ဆူဆူပူပူလုပ်လာခဲ့လျှင် သည်းညည်းခံမည် မဟုတ်ကြောင်း၊ သေနတ် ဆိုတာ တည့်တည့် ပစ်တတ်ကြောင်း၊ မိုးပေါ် ထောင်ဖောက်မည် မဟုတ်ဟု မိန့်ခွန်း အဆုံးသတ်တွင် သတိပေး သွားသည်။ ဤစကားများက ၁၉၆၂ ဇူလိုင် ရန်ကုန် တက္ကသိုလ် သမဂ္ဂ ဗုံးခွဲမှုအပေါ် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ဖော်ထုတ်ချက်များကို ရည်ညွှန်းနေသလို ရှိသည်။

ထင်ထားသည့် အတိုင်း အကျိုးစီးပွား မျှော်လင့်ချက်များနှင့် ဘဝများစွာကို ရင်းနှီးထားရ၍ ပါတီညီလာခံက
ဦးနေဝင်း၏ တပါတီစနစ် ဖျက်သိမ်းရေးနှင့် ထိပ်တန်း အာဏာပိုင်များ ဖယ်ရှားရေး အလောသုံးဆယ် စိတ်ကူးများကို လက်မခံခဲ့ပါ။ သူကြာရှည် ဦးဆောင်ခဲ့သည့် ပါတီနှင့် သူ မည်မျှ ကင်းကွာနေသည် သူ့အာဏာအခြေကိုသူသေချာ မသိ ဖြစ်နေသည်က ထင်ရှားလာသည်။ မှန်းရခက်သော်လည်း သူဆင်သည့်ဖဲ သူပြန်ချိုးတတ်သည့် ဦးနေဝင်းသည် အာဏာကို စွန့်လိမ့်မည် မဟုတ်ဟု ယူဆသူများလည်း ရှိသည်။ အထင်အမြင်ထက် ပိုသေချာအောင် သုံးသပ်နိုင်ဖို့က မြန်မာသမိုင်းကို ပြန်ကြည့်ဖို့သာ ရှိသည်။ (ဦးနေဝင်းနေရာ ဆက်ခံသည့် ဦးစိန်လွင်ပင်လျှင် သူ့ကို ၁၇ ရက် နန်းအပ်ပီး ပြန်ဖယ်ရှားသွားသည့် သူ့ဥက္ကဋ္ဌကို နားလည်ဟန် မတူ)

မြန်မာများ တွက်ဆထားသကဲ့သို့ ဦးနေဝင်းသည် သူ့အုပ်စိုးမှုကို မြန်မာရာဇဝင်ထဲ ထည့်ချင်သူဖြစ်၍ အလိုလိုပင် ပဒေသရာဇ် ဇာတ်သွင်းပီးသား ဖြစ်သွားတော့သည်။ အသက်ကြီးလာသည်နှင့် အမျှ သမိုင်းတွင် ကျန်ရစ်မည့် သူ့ကဏ္ဍကိုလည်း တွက်ဆလာရာ အထူးသဖြင့် သူနှင့်ခေတ်ပြိုင် သူ့အထက်လူကြီးဟောင်း အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သွားသွားယှဉ်နေသည်။ သူပြုခဲ့သမျှ အမှားများကို ပြန်ပြင်လိုပုံ ပေါ်သော်လည်း နိုင်ငံရေး အရေမထူမှု၊ သမာဓိမခိုင်မှုတို့ကြောင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို ခေါင်းဆောင်နိုင်မည့်သူ မဟုတ်ပေ။

မြန်မာဘုရင်များသည် ဘုန်းသမ္ဘာကြီးသည့် သာသနာ့ ဒါယကာများ ဖြစ်လိုသည့် အပြင် အမှားများကိုလည်း
ချေဖျောက်လို၍ ဘုရားတည်လေ့ ရှိကြသည်။ ဦးနေဝင်းသည် ရွှေတိဂုံ တောင်ဘက်တွင် မဟာဝိဇယစေတီကို တည်ခဲ့သော်လည်း မြန်မာပြည်အတွက် ဤမျှနှင့် မကျေပျောက်နိုင်သေးပေ။ ထို့ပြင် ပါတီ ညီလာခံသည် ဘုရင့် အတိုင်ပင်ခံ တာဝန်ကို မကျေပွန်နိုင်ပဲ ဦးနေဝင်းအလိုကို ဆန့်ကျင်ခဲ့သည်။ ဇူလိုင် ၂၄ ဒုတိယနေ့တွင် ကိုယ်စားလှယ်ကြီးများက ဦးနေဝင်းကို စော်ကားသည်လည်းမဖြစ်ရအောင် ပါတီစုံစနစ် ဗမာပြည်နှင့် မသင့်တော်ဟု ငြင်းပယ်ခဲ့ကြသည်။ ဦးနေဝင်းနှင့် ခေါင်းဆောင်များ အနားယူမှုကိုလည်း ပြန်စဉ်းစားရန် တောင်းပန်ကြသည်။ စီးပွားရေး ပြုပြင်မှုအကြောင်း အဓိကထား မဆွေးနွေးနိုင်သော်လည်း ကုန်စည်နှင့် စက်မှုလုပ်ငန်း တချို့ကို ပြည်တွင်းနှင့် ပြည်ပ ပုဂ္ဂလိက ကဏ္ဍသို့ ဖွင့်ပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။

ညီလာခံ နောက်ဆုံးရက် နောက်တနေ့တွင်လည်း ဆန္ဒခံယူပွဲ အဆိုကို ပယ်ချကြသည်။ ဦးနေဝင်းနှင့် သမ္မတ ဦးစန်းယုတို့ အနားယူသွားသော်လည်း ပါတီ အတွင်းရေးမှူး ဦးစိန်လွင် တက်လာ၍ အံ့အားသင့်စရာ ဖြစ်ရသည်။
ပါတီ အဓွန့်ရှည် ကြံ့ခိုင်ရေးအတွက် တင်လိုက်ခြင်း ဖြစ်သော်လည်း အများလူထု မျှော်မှန်းချက်နှင့် ဝေးကွာနေသည်။ စိန်လွင်လို လူကြမ်းကို တင်လိုက်သည်ထက် ဆိုးသော အဖြစ်က မရှိနိုင်တော့။

လူထု မကျေနပ်မှုကို သိ၍ သြဂုတ် ၃ တွင် ရန်ကုန်၌ မာရှယ်လော ထုတ်ကာ ကျောင်းများ ပိတ်လိုက်သဖြင့် သပိတ်ကို ရွှေတိဂုံသို့ရွှေ့လာသည်။ ဝါဆိုလပြည့် ဇူလိုင် ၂၈ ရွှေတိဂုံဘုရား လူစည်ချိန်တွင် ပြောက်ကျားဆန္ဒပြမှု
များက သြဂုတ် ၈ ရက်နေ့တွင် တနိုင်ငံလုံး ဆန္ဒပြဖို့ နှိုးဆော်ပေးသည်။ စစ်အုပ်ချုပ်ရေးအတွင်း တပ်များကို မြို့တွင်းလမ်းဆုံများနှင့် အရေးကြီးသည့်ဌာနများသို့ ရွှေ့လာသည်။ သို့နှင့် အရေးအခင်းတကယ်စချိန်တွင် အရှိန်အဟုန်နှင့် ပမာဏကို အားလုံးအံ့သြစရာဖြစ်တော့သည်။ သတ်မှတ်ထားသည့် သြဂုတ်လ ၈ ရက်နေ့တွင် မြို့ကြီးများနှင့် မြို့ငယ်များတွင် ဆန္ဒပြလူအုပ်ကြီးများ ပေါ်ထွက်လာသည်။ ရန်ကုန် ဆူးလေဘုရားအနီးက လူအုပ်ကို စစ်တပ်က လူစုခွဲခိုင်းချိန်တွင် မခွဲ၍ ပထမဆုံးအပစ်ခံရသည်။ နောက်နေ့များတွင်လည်း ရန်ကုန် နေရာ အတော် များများနှင့် အခြားမြို့များတွင်ဆက်လက်ပစ်ခတ်
ခံနေရသည်။ မည်းမည်းမြင်ရာပစ်၍ ရာနှင့်ချီသေဆုံးရသည်။ ရန်ကုန် ဆင်ခြေဖုံး တနေရာတွင် ရုံးလာသော အမေရိကန် သံတယောက် စစ်တပ် ဝိုင်းခံနေရသော ဆန္ဒပြ လူအုပ်နှင့် သွားတိုးသည်။ လူအုပ်ကြား တိုးနေချိန်မှာပင် စစ်တပ်က ပစ်၍ သူ့ကားနှင့် ဆန္ဒပြသူများပါ ထိကုန်သည်။ ပြန်လှည့်
မောင်းကာ ဒဏ်ရာရသူများကို သယ်လာရသည်။

ဆက်လက် ပစ်ခတ်နေ၍ အသေအပျောက်ဒဏ် မခံနိုင်တော့သော ရန်ကုန်ဆေးရုံကြီး သူနာပြုများက သြဂုတ် ၁ဝ
တွင် အပစ်အခတ်ရပ်ရန် မေတ္တာရပ်ခံသည်။ ဆေးရုံဝသို့ ဆိုင်းဘုတ်ကိုင် ချီတက်လာစဉ်ပင် လမ်းပေါ်က ထရပ်ကားပေါ်မှ စစ်သားများ လှမ်းပစ်၍ သူနာပြုအချို့ ဒဏ်ရာရကာ ဆန္ဒပြသူများ သေဆုံးကုန်သည်။ ရန်ကုန်နှင့် စစ်ကိုင်းတွင် အသေအပျောက် အများဆုံး ဖြစ်သည်။ ရန်ကုန်အချို့ နေရာများမှာ လွတ်လပ်စွာ ပစ်နိုင်သော free-fire zone များဖြစ်ကုန်ပီး လက်ဖက်ရည်ဆိုင် ကားမှတ်တိုင်နှင့် အိမ်ထဲကလူများပါ အပစ်ခံနေရသည်။ အရပ်သားများ လမ်းကို သစ်တုံးများနှင့် ပိတ်ပီး ရရာလက်နက်နှင့် ကာကွယ်နေကြရသည်။

သြဂုတ် ၁၁ ရက်နေ့တွင် စစ်စခန်းများကို သူပုန်နယ်တွင်းရောက်နေသည့်အလား ပြင်ဆင်လာသည်။ နောက်တနေ့ ဦးစိန်လွင် မထင်မှတ်ပဲ နှုတ်ထွက်သွားမှ မြို့ပေါ်စစ်ဖြစ်တော့မည်ထင်နေရသည့်ဘဝက သက်သာရာရကြသည်။ ဇူလိုင်လပါတီညီလာခံက ဦးနေဝင်းထွက်ပေးခဲ့သော်လည်း လတ်တလောသွေးချောင်းစီးမှုများက ဦးစိန်လွင်ကို ဖယ်ရှားပီး သူ့မူလလမ်းကြောင်းကိုဆက်သွားဖို
့ဖြစ်လာသည်။ ဦးစိန်လွင်ထွက်သွား၍ အနှံ့အပြား အောင်ပွဲခံကြကာ
ပြည်သူ့အာဏာ၏အောင်ပွဲဟု ယုံကြည်လာပီး ပြည်တင်းလျှင် မင်းမခံနိုင်ဟု ယူဆလာကြသည်။

ဒေါက်တာမောင်မောင်သာ အခြေအနေကို နားလည်ပီး ဆုပ်ဆုပ်ကိုင်ကိုင်လုပ်နိုင်ခဲ့လျှင် လူထုဒေါသနှင့် စိတ်မရှည်မှုကို အနည်းဆုံးတော့ အုပ်စီးမိပေလိမ့်မည်။ ပြည်သူ့လွှတ်တော် ဗဟိုကော်မတီအစည်းအဝေးကို သြဂုတ် ၁၉ တွင် ကျင်းပရန်ကြေညာသည်။ ဤတကြိမ်တွင်တော့ အရပ်သား ပါတီလူကြီး ဒေါက်တာမောင်မောင်ကို လစ်လပ်သွားသော ဥက္ကဋ္ဌနေရာရွေးချယ်လိုက်သည်။ သူ့ပထမခြေလှမ်းတခု ဖြစ်သော ၁၁ ဦးပါ ပြည်သူ့ဆန္ဒ ခံယူရေး ကော်မရှင်တွင် ဦးနေဝင်း အကြံပါနေမည်က မလွဲ။ မူလအကြံဖြစ်သော ပြည်သူ့ဆန္ဒခံယူပွဲကို ပါတီက ပယ်ချခဲ့သည်မဟုတ်ပါလား။ ဦးနေဝင်း၏ ဇူလိုင် ၂၃ ရက်အဆိုပြုချက်များကို ယခုမှ အကောင်အထည် ဖော်နေရသော်လည်း ဒေါက်တာ မောင်မောင်အနေဖြင့်  လွှတ်တော်နှင့် ပါတီလုပ်ထုံးလုပ်နည်းများကို လိုက်နာနေရသည့်ပုံပေါ်သည်။ ပါတီကို သစ္စာစောင့်သိမှုက သူ့ကိုဖင့်နှေးစေသည့်အပြင် အကူးအပြောင်းတွင် အခြေခံ ဥပဒေ ခိုင်ခိုင်မာမာ ရှိစေချင်သည့် စိတ်ကလည်း သူ့ကိုနှောင့်နေသည်။ ထိုနှောင့်နှေးမှုများက ကြုံနေရသည့်ကာလနှင့် အဟပ်ကွာနေသည်။ အစိုးရအတွက် ဂယ်ပေါက်ရအောင် အချိန်ဆွဲနေသည်ဟု ယူဆနေကြသည်။ အကယ်၍ ဒေါက်တာမောင်မောင်သာ အခြေအနေကို နားလည်ပီး ဆုပ်ဆုပ်ကိုင်ကိုင်လုပ်နိုင်ခဲ့
လျှင် လူထုဒေါသနှင့် စိတ်မရှည်မှုကို အနည်းဆုံးတော့
အုပ်စီး မိပေလိမ့်မည်။

အသစ်ပြန်ပေါ်လာသည့် နိုင်ငံရေးအတိုက်အခံများနှင့် ပူးတွဲပီး ပြုပြင်ရေးလုပ်သည်က တထစ်ချင်းလျှော့ပေးရမည်
ထက် ပိုအကျိုးကြီးပေလိမ့်မည်။ နိုင်ငံရေးအရိပ်အခြည်ကို ကြည့်ကစားတတ်လျှင် ပိုနေရာကျပေမည်။ သူ့အာဏာကို အားဖြည့်မည့် မာရှယ်လောကိုရုပ်လိုက်သော်လည်း ဒေါက်တာမောင်မောင်သည် တဖက်ကမြင့်တက်လာသည့် လူထုဆန္ဒရေချိန်နှင့် မညှိနှိုင်းနိုင်ဖြစ်နေသည်။ လစာတိုးခြင်း၊ သီးနှံခွန်များလျှော့ပေးခြင်း၊ နိုင်ငံခြားသွားလာခွင့်စသည့် လိုက်လျောမှုများ အစိုးရဘက်ကလုပ်လာသည်။ နိုင်ငံရေးမှ အာရုံလွှဲရန် ကုန်သွယ်ရေးနှင့် စီးပွားရေး အခွင့်အရေးများ ကမ်းလှမ်းပေးသော်လည်း မအောင်မြင်ခဲ့။

ဆန္ဒခံယူရေးကော်မရှင်မှာလည်း တပတ်သာကြာသည်။ နမူနာမေးခွန်းများနှင့် ပထမကြညာချက်ကို ထုတ်ပြန်ချိန်
တွင် ငြိမ်းချမ်းစွာဆန္ဒပြပွဲများ ထပ်ပေါ်လာသည်။ သြဂုတ် ၂၂ တွင် လမ်းမတော်မှ ဆေးရုံကြီး၊ အမေရိကန်သံရုံးတို့
သို့ လှည့်လည်ဆန္ဒပြကြသည်။ သြဂုတ် ၂၄ စစ်အုပ်ချုပ်ရေး ရပ်စဲချိန်တွင် သံဆူးကြိုးကာထားသည့် မြို့တော်ခန်းမထဲ လူအုပ်များ ဝင်လာသည်။ ဆန္ဒခံယူရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်ပီး အရေးပေါ် ပါတီညီလာခံနှင့် ပြည်သူ့ လွှတ်တော်ကို စက်တင်ဘာ ၁၂ ၁၃ ရက်များတွင် ခ်ါယူလိုက်သည်။ ပြည်သူလိုလားသည့် နိုင်ငံရေးပုံစံကို ရရန်
ပြည်သူ့ဆန္ဒခံယူပွဲကော်မရှင်ကိုဖ
ွဲ့မည်ဟု ဒေါက်တာမောင်မောင်က မိန့်ခွန်းပေးသော်လည်း နောက်ကျသွားပီ
ဖြစ်သည်။ လူထုက ထိုမျှနှင့် မကျေနပ်တော့ပဲ မဆလ အစိုးရ နှုတ်ထွက်ပေးပီး ကြားဖြတ် အစိုးရဖွဲ့ကာ ဒီမိုကရေစီ အမြန်ဆုံး ပေးဖို့ တောင်းဆိုနေသည်။

နိုင်ငံရေး လွတ်လပ်ခွင့် အတော်ရလိုက်သည့် ကာလတို အတွင်း ဦးအောင်ကြီး၊ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း
ဦးတင်ဦးနှင့် ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်တို့ လူထုမိန့်ခွန်းကြီးများ ပေးကြသည်။ သို့သော် ဥပဒေမဲ့ လုပ်ရပ်များက မင်းမဲ့ အခြေအနေ ဆိုက်ရောက်နေပီ ဖြစ်သည်။ နိုင်ငံပိုင် ပစ္စည်းများ လုယက် ဖျက်ဆီး
နေကြသည့်ပြင် ရဲသား၊ အစိုးရ သတင်းပေးဟု မသင်္ကာသူများ၊ အဆိပ်ခတ်သည်ဟု စွပ်စွဲခံရသူများကို လူအုပ်နှင့် သတ်ဖြတ်နေကြသည်။ အစိုးရယန္တရားလည်း ရပ်ဆိုင်းသွားကာ နေ့စဉ် ဆန္ဒပြနေကြသည်။ အကျပ်အတည်းမှ သက်သာစေရန် စက်တင်ဘာ ၁ တွင် ဒေါက်တာမောင်မောင်က အခြေခံ ဥပဒေအတိုင်း လိုက်နာဖို့ လိုပုံကို ရှင်းပြသည်။ ကျောင်းသား သမဂ္ဂ အဆောက်အအုံသစ် ပြန်ဆောက်ပေးမည်ဟုပင် ကတိပေးသော်လည်း
သူ့စကားမှာ အရာမထင်တော့ပေ။

ပါတီညီလာခံကို စက်တင်ဘာ ၁ဝ တွင် ၂ ရက်စောကျင်းပသည်။ အခြေအနေကြောင့် ဆန္ဒခံယူပွဲမလုပ်တော့ပဲ ၃ လအတွင်း ပါတီစုံ ရွေးကောက်ပွဲ လုပ်ရန် ဆုံးဖြတ်သည်။ နောက်နေ့တွင် ပြည်သူ့ လွှတ်တော်က ၅ ဦးပါ ရွေးကောက်
ပွဲ ကော်မရှင်ဖွဲ့စည်းသည်။ နောက်တပတ်အတွင်း မဆလနှင့် ပင်မအာဏာဒေါက်တိုင် တပ်မတော်တို့ အိုးစားခွဲ
ကြသည်။ အစိုးရ ဝန်ထမ်းများကို ပါတီမှ နှုတ်ထွက်ခွင့်နှင့် မည်သည့် ပါတီကိုမှ မဝင်ရန်လည်း ကြေညာသည်။
 မြန်မာပြည်၏ အနာဂတ်လမ်းကြောင်း ကောင်းလာတော့မည်ဟု ခန့်မှန်းရသော်လည်း လက်တွေ့ ဖြစ်မလာခဲ့။ အတိုက်အခံများက လက်မခံနိုင်ပဲ မဆလ ဖျက်သိမ်းရေးနှင့် အစိုးရ နှုတ်ထွက်ရေးကိုသာ တောင်းဆိုနေရာ
မရွယ်ပဲနှင့် တပ်က အာဏာသိမ်းဖို့ လမ်းခင်းပေးနေသလိုရှိသည်။

(ဆက်လက်ဖတ်ရှုရန်)
ဘိုဘိုလန်းစင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...