လူနှင့်လောက၏ ဖြတ်ပိုင်းတစ်ခု
by Mike Hunter on Friday, August 20, 2010 at 4:22pm
ခပ်ကြမ်းကြမ်းခြေသံတစ်ခု ဝင်ရောက်လာသည်ကို သိသော်ညားလဲ ပညာရှင်ကြီးကလှည့်မကြည့် စက်ဝိုင်းကိုသာ ဆက်ဆွဲနေလေသည်။
ဂူတွင်းသို့ ဝင်ရောက်လာသော ရောမစစ်သားက မျက်နှာကြမ်းတမ်းသလို စကားပြောသည့်နေရာ တွင်လည်း ကြမ်းတမ်းလေသည်။
' ဒီအခြေအနေ တောင်ရောက်နေပြီ။ ခင်ဗျားကြီးက စိတ်မပျက်သေးဘူးလား '
ပညာရှင်ကြီးက ဘာမှပြန်မပြောချေ ။တွက်လက်စ သချာင်္ကို ဆက်တွက်နေသည်။ လိုလားနားလည်ပုံမပေါ်သော ရောမစစ်သားက မြေပြင်ပေါ်တွင် ရေးခြစ်တွက်ချက်ထားသမျှကို ခြေထောက်ဖြင့် ပွတ်တိုက်ဖျက်ပစ်လိုက်သည်
' ခင်ဗျား ဆရာ အာခိမိဒိ ဘယ်လို သေသွားလဲဆိုတာ ခင်ဗျား အမြင်ပဲ . . . ခင်ဗျားအနေနဲ့ လိမ္မာဖို့ လိုတယ် '
ပြောပြီး ဂူထဲမှ ပြန်ထွက်သွား၏ ပညာရှင်ကြီးက တိတ်ဆိတ် ငြိမ်သက်စွာ ကျန်ရစ်ခဲ့လေသည် . . .
ပညာရှင်ကြီး၏ ဂူတွင်းမှ အကျဉ်ကျ နှစ်ကာလများသည် ရှည်လျားလာ၏ ခံတပ်တည်ဆောက်မှု သချာင်္ ပညာကို ရန်သူဘုရင်ထံ တင်သွင်းဆက်သခြင်း မရှိသောကြောင့် သူ ထိုသို အချုပ်ခံနေရခြင်း ဖြစ်၏
' အိုး . . . ကြည့်စမ်း . ခင်ဗျားရဲ့ နံ့သာဖြူုံကြီးက ကြောက်စရာကြီးပါလား '
အဟာရ ချို့တဲ့မှု အလင်းရောင်နည်းပါးမှု ဂူတွင်းမှာ စိုစွတ်ထိုင်းမှိုင်းမှု စသည်တို့ ကြောင့် ပညာရှင်ကြီး၏ အသားအရေသည် ကြောက်စရာကောင်းလောက်အောင် ဖျော့တော့ ဖြူလျော့နေသည်။
ရန်သူ ရောမ သားများက ခြောက်လတစ်ကြိမ် သူ့ကိုလာရောက်ကြည့်ရှု ကြ၏၊ အခြားသော ဂရိလူမျိုးတို့၏ သူရဲဘောကြောင်မှုများကို သူ့ကို လာရောက်ပြောကြားကြ၏။ သူ မည်သို့မျှ တုံပြန်ပြောဆိုခြင်း မပြုခဲ့။
ဂူထဲမှာ တိတ်ဆိတ်စွာ သချာင်္တွက်ရင်းဖြင့်ပင် တစ်နှစ်ပြီး တစ်နှစ်ကို လွင့်ရော် ဖြတ်သန်းလာခဲ့လေသည်။
' ခင်ဗျား တော်တော် မိုက်တဲ့လူပဲ ။ ကြည့်စမ်း . . . နှစ်တွေ မနည်းတော့ဘူး ၊ ခင်ဗျားလဲ ဆံပင်တွေဖြူ မုတ်ဆိတ်တွေ ဖြူပါရော့လား '
သူ့ ဆံမျှင် မုတိတ် တို့ ဖြူရော်လာကာ သူ့ ခါးလဲ ကုန်းခဲ့ပြီ။ သူ၏ အိုမင်းလာမှုကို ရန်သူတို့ ရယ်သွမ်းသွေးကြ၏။ လှောင်ပြောင်သရော်သော စကားများနှင့်အတူ ယခု အချိန်တိုင်အောင် မပြောင်းလဲသော သူ့ စိတ်ထားကို မကျေမနပ် ဆဲဆို ပြောကြားကြ၏။
သူကတော့ ဂူထဲမှာသချာင်္တွက်ရင်း တစ်ခါတစ်ခါ အဝေးကို ငေးရင်း သူ့ဆရာဖြစ်သူ ' အာခိမိဒိ' ၏ ရဲရင့်စွာကျဆုံးမှုကို ပြန်လည်မြင်ယောင်ရင်း နှစ်ကာလတို့ကို ထပ်မံ လွန်မြောက် ဖြတ်သန်းခဲ့ပြန်၏။
ထိုသို့ဖြင့် သူ့မျက်လုံးတို့ပင် ကွယ်ခဲ့လေပြီ။
ရန်သူက သူ့ကို ကြည့်ပြီး တဟားဟား အော်ရယ်၏။
'ဟာ ။။ ခင်ဗျားရဲ့ မျက်လုံးက အဖြူကြီး ဖြစ်သွားပါလား .. ခင်ဗျား ကန်းပြီပေါ့။ ခင်ဗျား အရှုံးပေးဖို့ ကောင်းပြီလေဗျာ။ ဟား . . . ဟား . . . ဟား . . '
ထိုင်ရမှာ သူ ဆတ်ခနဲ ထရပ်လိုက်သည်။ သူ မျက်လုံး နှစ်ဖက်လုံးကို သူ့လက်ဖြင့် ထိုးဖောက် ကုတ်ထုတ်ပစ်လိုက်၏။ မျက်နှာပေါ်မှာ သွေးတွေ ပွတ်အန် ရဲပြာသွားသည်။
' ဟင် . . ခင်ဗျား . . ခင်ဗျား '
' အေး . . မင်းတို့ မှတ်ထား ၊ အရည်ပြားတွေ ဖြူရုံမကလို့ ဆံပင်မုတ်ဆိတ်တွေ ဖြူရုံမကလို့ မျက်လုံးအစုံပါ ဆွတ်ဆွတ်ဖြူသွားပလေ့စေ '
မျက်နှာ ပေါ်မှာ သွေးများကို လက်နှင့် သပ်ချရင်း . .
' အဲဒီမှာ ကြည့်ထား . ငါ့သွေးက ဘယ်တော့မှ မဖြူဘူးကွ'
' ခင်ဗျား ... ခင်ဗျား '
ရန်သူစစ်သားက ကြောက်လန့် တကြား နောက်ဆုတ် ထွက်သွားမှုကို သူ ကြားသိနေရသည်။ အောင်မြင်သူတစ်ယောက်လို ပြုံးရင်း ဖြည်းညင်းစွာ သူလဲကျ၏။ အသက်ရှုံသံ ရပ်သွားသည်။
ရဲရင့်စွာ သူ . . . ကျရှုံးသွားလေသည်။
' A ကသူရဲကောင်းစိတ်လို ဆိုပါစို့ . . . B က ကြောက်ရွံခြင်း အညံ့ခံခြင်းတွေ ဆိုပါစို့ . A အစုနဲ့ B အစုနဲ့ ဖြတ်ပိုင်း X ဟာ သုညရတယ်'
စိတ်ဝင်တစား နားထောင်နေသော တပည့်များကို ဆရာက အဆုံးသတ်စကား ပြော၏။
' သူရဲကောင်းစိတ်နဲ့ အညံ့ခံ အရှုံးပေးခြင်းတရားတွေရဲ့ ကြားက ဆက်နွယ်မှုဟာ တစ်ခုတည်းရှိတယ် . အဲ့တာကတော့ သုည ဆက်နွယ်မှုပဲ ဖြစ်တယ် '
စာသင်ခန်းထဲမှာ ခေတ္တ တိတ်ဆိတ်သွားလေသည်။ ဘာကြောင့်ရယ်တော့ မသိ ။ မည်သူမျှ စကားမပြောပဲ ငြိမ်သက်နေမိကြသည်။

0 comments:
Post a Comment