Wednesday, August 17, 2011

"အချိန်မကုန် အကျိုးမယုတ် ကိုယ့်အလုပ်ကိုလုပ်"

created the doc: "အချိန်မကုန် အကျိုးမယုတ် ကိုယ့်အလုပ်ကိုလုပ်"
Rozoner King created the doc:
[By Aung Shin]

သတင်းစာရှင်းလင်းပွဲတက်ရောက်ရန် ဖိတ်ကြားခံရသည်။ ၀န်ကြီးနှင့်တွေ့ဆုံရန်၊ သက်ဆိုင်ရာဌာနအရာရှိကြီးများနှင့်တွေ့ဆုံမေးမြန်းရန် အခေါ်ခံရသည်။ လူသိရှင်ကြား တရားဝင်ဖိတ်ကြားခံရသည်။ အခြားသတင်းဌာနများမှ သတင်းသမားများ၊ သတင်းတာဝန်ရှိ
လူကြီး၊ လူမကြီးတကြီးများလည်းတက်ရောက်ကြသည်။ အခမ်းအနားအစီအစဉ်ကို တိုင်းသိ ပြည်သိကြေငြာထားသည်။ လူတိုင်းကစိတ်ဝင်စားနေကြသည်။ မေလိုသည်များ
ပြင်ဆင်ထားရန်၊ မေးခွန်းများကြိုတင်ပေးထားရန်၊ အသင့်အတင့်သာမေးမြန်းကြရန်၊
မေးပြီးသည်များကို ထပ်ဆင့်မေးမြန်းခြင်းမပြုရန်၊ မေးမြန်းပြီးသောကာလတွင် ဆင်ဆင်ခြင်ခြင်
သတင်းရေးသားထုတ်ပြန်ကြရန် မေတ္တာရပ်ခံထားသည်။ သတင်းစာရှင်းလင်းပွဲပြီးလေသော
အခါ သက်ဆိုင်ရာတာဝန်ရှိသူမှ မပြောပါနဲ့ မရေးပါနှင့်ဆိုသည်များကို အရင်ဆုံးကြားသိရလေ သည်။
 
အချိန်နှင့်အမျှဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေအရပ်အရပ်အား စနစ်အကျဆုံး
ကြိုတင်စီစဉ်ရေးဆွဲထားသောကြောင့် သတင်းစာရှင်းလင်းပွဲ၊ တွေ့ဆုံပွဲ၊ ဖြေရှင်းပွဲဟူသည်တို့ အတွက် သတင်းလိုက်သည်မမည်တော့။ အားလုံးကြားပြီးသောအကြောင်းအရာများစွာတိ့ကိုပင်
ထပ်ဆင့်ရေးသားထုတ်ပြန်ကြလေသောအခါ သတင်းဌာန၊ သတင်းသမားများအာပေါ်တို့သည်
ထပ်တူထပ်မျှနီးပါးပင်ဖြစ်လေတော့သည်။ ထို့ကြောင့် ကျွန်ုပ်တို့စိတ်ဝင်စားသည်ဟုတ်သည်
ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကျွန်ုပ်တို့သိချင်သောအကြောင်းအရာများမဟုတ်တော့။ ကျွန်ုပ်တို့ စိတ်မ၀င်စားသောအကြောင်းအရာများအတွက် ကျွန်ုပ်တို့ကို အတင်းအဓမ္မသတင်းစိတ်ဝင်စား ခိုင်းလေတော့သည်။ ကျွန်ုပ်တို့ကိုယ်တိုင်နားမလည်၊ စိတ်မ၀င်စားသောအကြောင်းအရာ သတင်းများသည် အလွန်အင်မတန်ပင်အရေးကြီးလေဟန်၊ သဘောပေါက်နားလည်ထား
လေဟန် ကျွန်န်ုပ်တို့ဟန်ဆောင်ရလေသည်။ သတင်းစာရှင်းလင်းပွဲ၊ ၀န်ကြီး၊ သမ္မတနှင့်တွေ့ဆုံပွဲတို့အတွက် အစီအစဉ်တကျဖိတ်ကြားနေရလေသည်။ အမှန်တကယ်တော့
ကျွန်ုပ်တို့အား တကူးတကဖိတ်ကြားရန်မလိုတော့ချေ။ သတင်းမုဆိုး၊ သတင်းတာဝန်ရှိသူများ ဖြစ်သည့်အတွက် သတင်းများနောက်သို့လိုက်နေကြမည်သာ
ဖြစ်သည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ ၀န်ကြီး၊ သမ္မတဆိုသူများလည်း သတင်းများအားဖိတ်ကြားရန်၊
သတင်းများအားပြောကြားရန်၊ သတိပေးရန်၊ တောင်းဆိုရန်၊ ထိန်းကွပ်ရန် စိုးရိမ်ကြောင့်ကြ အချိန်ကုန်ခံဖြစ်မနေသင့်တော့ပေ။ အချိန်မရွေ၊ နေရာဌာနမရွေး သတင်းသမားများနှင့်ဆုံတွေ့နိုင်သည်ပင်။ 

မည်မျှပင်မေးမြန်းစေကာမူ မိမိကိုယ်တိုင်ဖြေကြား ပြောဆိုမှသာလျှင်အရာဝင်ပေတော့မည်။ မည်ကဲ့သို့သော အရေးကိစ္စ များသည် ရှင်းလင်းဖြေကြားရန်လိုအပ်သည်၊ မလိုအပ်သည်ကိုလည်း မိမိသာအသိဆုံးဖြစ်သင့် သည်။ သည်အတွက် သတင်းသမားများ၊ ဌာနများသို့ အရေးတကြီးဖြေရှင်းချက်ပေးရန်၊ သတိပေးရန်၊ တောင်းဆိုရန်မလိုတော့ချေ၊ မိမိတို့အလုပ်၊ မိမိတို့ယုံကြည်ချက်အတွက်
မိမိတို့ကိုယ်ပိုင်ခံယူချက်ဖြင့်လုပ်ဆောင်သင့်ပေသည်။ နိုင်ငံတော်အရေးကိစ္စဖြစ်သည့်အတွက်
မိမိသည်ဦးဆောင်စီမံကွပ်ကဲသူဖြစ်သည့်အားလျောစွာ တခါတရံသတင်းသမားပြောတိုင်း၊
ရေးတိုင် စိုးရိမ်တကြီးလိုက်လံဖြေရှင်းနေဖို့မလိုပေ။ သို့အတွက်ကြောင့် တကူးတကကြိုတင် စီစင်ထားနေရခြင်းထက် အလွယ်တကူလွတ်လပ်ခွင့်ပေးအပ်ခြင်းသည် အလုပ်ပိုတွင်ကျယ်မည်
ဖြစ်သည်။ သတင်းသမားများဘက်မှ အမှားတစ်စုံတစ်ရာဖြစ်ခဲ့သည်ရှိသော နောက်တစ်ကြိမ်
ဖြေရှင်းခွင့်ရသည်အထိ မိမိတို့ရပ်တည်နေမည်သာဖြစ်သည်။ မိမိတို့ရပ်တည်မှုခိုင်မာသည်ဟို မိမိတို့ကိုယ်တိုင် ယုံကြည်ပါလျှင်သတင်းဌာနများနှင့်စိုးရိမ်ကြောင့်ကျဖြစ်နေရန်မလိုအပ်ပေ။
နိုင်ငံခြားတိုင်းပြည်များတွင် အရေးကြီးပုဂ္ဂိုလ်များသွားသည့်နေရာ ရှိသည့်နေရာများ၊ အရေးကြီး
အခမ်းအနားဖြစ်စဉ်များတွင် သတင်းသများအဆင့် အချိန်ပြည့်ရှိနေသည်သာဖြစ်သည်။ မိမိတို့ လုပ်ပိုင်ခွင့်နယ်ပယ်အတွင်းသတင်းသမားများဝင်ရောက်နှောက်ယှက်လာနိုင်ခြင်းမရှိအောင် လည်းကာကွယ်ထားပြီးသားဖြစ်သည်။ အဆိုပါအခမ်းအနားဖြစ်စဉ်များပြီးသောအခါ သက်ဆိုင်ရာ ပုဂ္ဂိုလ်၊ ၀န်ကြီး၊ သမ္မတဆိုသူတို့အား သတင်းထောက်များမှ စောင့်ဆိုင်းမေးမြန်း ကြလေသည်။ ထိုသို့သောခဏတွင် သက်ဆိုင်ရာပုဂ္ဂိုလ်တို့မှ လိုအပ်သလိုဖြေကြားသည်လည်းရှိမဖြေပဲထွက်ခွာသွားသည်လည်း ရှိကြလေသည်။ 

သတင်းသမား၊ သတင်းဌာနများနှင့် အစိုးရ
ပဂ္ဂိုလ်တို့သည် အမြဲတမ်းရှောင်ကွင်းထိန်းချုပ်ထားရန်မဖြစ်နိုင်ပေ။ ကြိုးဝိုင်းအတွင်းရောက်
သောအခါမှ မိမိတို့၏လေ့ကျင့်မှု၊ ကျွမ်းကျင်မှု၊ ယုံကြည်မှု၊ စေတနာတို့ အလုပ်တို့ကို ပြသ
ရှင်းလင်းရခြင်းဖြစ်သည်။ ထိုသို့သောအခါ သတင်းသမား၏အရည်အချင်း၊ စိတ်ဝင်စားဖွယ်မေးခွန်း (မေးခွန်းကိုကြိုမသိရသောကြောင့် စိတ်ဝင်စားစရာဖြစ်ခြင်း) တို့သည်
အများသူငါစိတ်ဝင်စားစရာဖြစ်ပေတော့မည်။ သက်ဆိုင်ရာပုဂ္ဂိုလ်တို့၏ လုပ်ရည်ကိုင်ရည်နှင့်
တာဝန်ယူနိုင်မှုအပိုင်းတို့သည်လည်း သံသယဖြစ်ဖွယ်မရှိ၊ တိုင်းသိပြည်သိ၊ လူသိရှင်ကြား အားရကျေနပ်စရာဖြစ်ပေမည်။ ထိုသို့သောကာလတွင် သတင်းအလုပ်သည်မြတ်နိုးဖွယ်၊ စိတ်ဝင်စားဖွယ်၊ ချစ်ဖွယ်ကောင်းလေမည်။ လူတိုင်းကိုယ်စီအလုပ်လုပ်နေရခြင်းဖြစ်သည့်
အတွက် မိမိတို့ဆိုင်ရာလုပ်ငန်းပိုင်းများကိုအကောင်းဆုံးပြီးမြောက်အောင်စွမ်းဆောင်နိုင်ရန်
ကြိုးပမ်းရမည်ဖြစ်သည်။ မိမိတို့အလုပ်အားနှောက်ယှက် ဟန့်တားနေသည့်အရာများ အဖြစ်များသည် မိမိတို့အားလုံးအတွက် အကျိုးအထူးမရှိနိုင်လေတော့။ သို့အတွက်မိမိတို့အားလုံးသည် ကျေးဇူးအထူးတင်ရန်၊ တောင်းပန်ရန်၊ မေတ္တာရပ်ခံရန်၊ တားမြစ်ရန်၊ ရှောင်ကွင်းရန်၊ ထိန်းချုပ်ရန်၊ ဆော်ရန် (သတင်းရေးရာတွင်)၊ ဆွရန် (သတင်းရေးရာတွင်)၊ နှိပ်ကွပ်ရန် (သတင်းမေးရာ ရေးရာတွင်)၊ အဓိကမဟုတ်သောလုပ်ငန်းများအတွက် အချိန်ကုန်ခံရန် အကြောင်းမရှိတော့ပေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...