Tuesday, August 9, 2011

ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒဂုန်တာရာ ပြည်သူများကို ပန်ကြား


by အား မာန် on Tuesday, August 9, 2011 at 10:17pm
ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး ဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြရန် စာရေးဆရာကြီး ဒဂုန်တာရာက သြဂုတ်လ ၇ ရက်စွဲဖြင့် ပန်ကြားလွှာ လက်ကမ်းစာရွက်များ ဝေငှနေကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများက ပြောကြားသည်။


၂၀၁၁ နွေရာသီသို့ ရောက်လာသည်နှင့် တပြိုင်နက် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည် တောက်လောင်လာခဲ့ကြောင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လက်နက်ကိုင် တိုက်ပွဲ များ ပိုမိုများပြား ပိုမိုပြင်းထန်လာခဲ့ကြောင်း အသက်များစွာသေဆုံးနေရကြောင်းလည်း ယင်းကြေငြာချက်တွင် ဖော်ပြပါ ရှိသည်။

ဆက်ပြီး ပြည်တွင်းစစ်မီးသည် ပိုမိုပြင်းထန် ပိုမိုကျယ်ပြန့် ပိုမိုအသက်သေကြေ၊ အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ်စိုးရိမ်လာကြရကြောင်း သေဆုံးသူများမှာ ပြည်ထောင်စု မြန်မာနိုင်ငံသား များ ဖြစ်ကြပြီး အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာများ ပျက်စီးဆုံးရှုံးရသည်မှာလည်း နိုင်ငံသားများ၏ အိုးအိမ် ပစ္စည်း၊ ဥစ္စာများသာဖြစ်ကြောင်း ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်ဆုံးရှုံးရသမျှ အိုးအိမ်ပစ္စည်း ဥစ္စာတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အသွေးအသားများဖြစ်ကြောင်း ထပ်ဆင့်ဖော်ပြထားသည်။

ထိုဆုံးရှုံးမှုများကို ဆက်ပြီးမခံ ကြရစေရန် အချင်းချင်း တိုက်ခိုက်မှုများကို အမြန်ဆုံးရပ်စဲပစ်ကြဖို့ မလုပ်မဖြစ်လို အပ်နေပြီး သက်ဆိုင်ရာအားလုံး အချင်းချင်း အပစ်အခတ်ရပ်ရန် တွေ့ဆုံဆွေးနွေးပြီး ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန် အလေးအနက် မေတ္တာရပ်ခံထားကြောင်း ယင်းပန်ကြားလွှာ တွင်ဖော်ပြထားသည်။

အဆုံးတွင် “ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ဒဂုန်တာရာ ၇.၈.၂၀၁၁ အောင်ပန်းမြို့ ရှမ်းရဠ ဟု ပါရှိသည်။

NZ
(yangonchronicle သတင်းလွှာ၊ “ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒဂုန်တာရာ ပြည်သူများကို ပန်ကြားမှကူးယူဖော်ပြပါသည်)
http://www.dawnmanhon.com/2011/08/blog-post_8994.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...