Tuesday, August 9, 2011

ဝဋ်လည်ခြင်းလေလား

 
by Thway Thitsar on Tuesday, August 9, 2011 at 10:52pm


စနေနေ့တုန်းက Tottenham မှာ တကယ်ဖြစ်ခဲ့တာပါ.. ဖြစ်ရပ်အစကတော့ ကြာသပတေးနေ.မှာ ရဲတွေရဲ့ သေနတ်ထိမှန်လို. သေဆုံးသွားခဲ့တယ်လို.ယူဆနေကြတဲ့ Mark Duggan ကနေ အစပြုခဲ့တာပါပဲ.. သူ.သေဆုံးမှု.ကို ရဲတွေက မိသားစုကို ဆက်သွယ်အကြောင်းကြားဖို. နှောင့်နှေးရာက လူငယ် ၂၀၀ လောက်က ရဲစခန်းဆီ ချီတက်ခဲ့ကြတာပါ... ရဲတွေက ချက်ချင်း မတုန်.ပြန်ပါဘူး..
ဆန္ဒပြရာမှာ ပါဝင်ခဲ့သူတဦှးုရဲ့ အဆိုအရ Mark Duggan သေဆုံးမှု.အတွက် senior officer နဲ. ဆွေးနွေးဖို. ၄ နာရီကြာ စောင့်ဆိုင်းပြီးနောက်မှာ ဖြစ်ခဲ့တယ်လို.ဆိုပါတယ်..ဆန္ဒပြတဲ့ အကြောင်းက ဒီတခုထဲတော့ မဟုတ်ပါဘူး... အလုပ်လက်မဲ့တိုးပွားလာမှု၊ ပညာဆက်လက် မသင်ကြားနိုင်မှု၊ ရဲတွေရဲ့ ရပ်တန့်စစ်ဆေးမှု.များလဲ ပါဝင်ပါတယ်.. အဲ့နောက်တော့ ဆန္ဒပြသူတွေဟာ မင်းမဲ့ စရိုက်ဆန်စွာပြုမူခဲ့ကြပါတယ်..စတိုးဆိုင်များကို ဖျက်ဆီးမီးရှို.ခြင်း ၊ စာတိုက်၊ ဘတ်စ်ကား ရဲကားများကို မီးရှို.ခြင်း များပြုခဲ့ကြပါတယ်...စတိုးဆိုင်တွေက electronics ၊ အဝတ်အထည် ၊ လူသုံးကုန်ပစ္စည်း ၊ ကင်မရာ ၊ ဖုန်း အကုန်ရောင်းတဲ့ ဆိုင်ကြီးတွေပါ။ ဆုံးရှုံးနစ်နာမှု.တွေ ကို ကြည့်ရင်း သံဝေဂရမိပါတယ်... ဒီလို လှုပ်ရှားမှု.မျိုးကို ဘယ်သူက မှ လက်မခံပါဘူး... ဒီလို လုပ်ရှားမှုမျိုးကို လက်မခံဘူးဆိုတဲ့ အစိုးရက သူများနိုင်ငံမှာ ဒီလိုလှုပ်ရှားမှုတွေ ပေါ်အောင် ဖြစ်အောင် မြောက်ထိုးပင့်ကော်လုပ်ခဲ့တယ်.. အခုသူ့နိုင်ငံမှာဖြစ်နေပီလေ…




တနင်္ဂနွေနေ. မနက် ၄ နာရီလောက်ကတော့ လန်ဒန်မြို.ပေါ်က wood green အရပ်မှာ လူတရာလောက်က ဆိုင်တချို.ကို ဝင်စီးနင်းခဲ့ကြသေးတယ်..... ပြောရရင်တော့ ပညာရေးစရိတ် မြှင့်တင်လိုက်တဲ့ အစိုးရ မှားသလို ရပိုင်ခွင့်တွေ ထိုင်စားနေချင်ကြတဲ့ ဒီနိုင်ငံသားတွေ အလွန်လဲ ပါပါတယ်




အေးဆေးစွာတောင်းဆိုရင် သနားစရာဖြစ်ပေမယ့် ခုလို ဖျက်ဆီးလုယက်လာရင်တော့ ဆုံးရှုံးနစ်နာရတာ အားလုံးပါပဲ.. ပိုင်ရှင်တွေ ၊ ကား ၊ အိုးအိမ် ဆုံးရှုံးသွားရသူများအတွက် ကိုယ်ချင်းစာမိပါတယ်... နောက် ပြန်လည်ထူထောင်ဖို.က အားလုံးရဲ့ tax ထဲကပဲ သုံးရမှာမို. ပြည်သူတရပ်လုံး ဆုံးရှုံးတာပါပဲ... ကျွန်တော်တို့ မြန်မာပြည်မှာလဲ ၈၈၈၈ တုန်းက ဒီလိုမျိုးတွေ ကြုံခဲ့ဖူးပါတယ်... အားလုံး ဖျက်စီးကြ မီးရှို့ကြ ဆန်ဂိုထောင်တွေ ဖောက်ကျ မီးကွင်းပစ်ကြနဲ့ပေါ့.... ဘာပဲဖြစ်ဖြစ် ခုနက ပြောသလိုပါပဲ ပျက်စီးသွားတဲ့ ဟာတွေကို ပြန်ပြင် ပြန်ဝယ်လုပ်ရတော့ ကိုယ့်နိုင်ငံ ပိုက်ဆံပိုကုန်တာပေါ့... အများစုက မျက်နှာဖုံးစွပ် လူငယ်တွေဆိုပေမယ့် ပေါက်ဖွားလာတဲ့ မိသားစု အဆင့်အတန်း ကွာခြားသေးတယ်လေ... ဒီအကြမ်းဖက်မှု.တွေကို twitter ကနေ စီစဉ်ထားခဲ့ကြတယ်လို.ဆိုပါတယ်..ခုလို လန်ဒန် tottenham ကနေစလိုက်တဲ့ ပြဿမီးလေးဟာ ခုဆို နေရာတော်တော်များများ ပျံနှံ.နေပါလို. စိတ်မကောင်းပါ...အဆိုးဆုံးကတော့ စတိုးဆိုင်ကြီးတွေကို ပစ်မှတ်ထားဖျက်ဆီးလုယက်နေတာ ပါပဲ...လူတွေရဲ့ လုံခြူံရေးကိုပါ စိုးရိမ်နေရပါတယ်...



မြို.ခံတွေကတော့ ဒီလို အခြေအနေရောက်အောင် ကြည့်နေခဲ့တဲ့ ရဲတွေကို အပြစ်တင်နေကြသလို ဆူပူသောင်းကျန်းသူများကိုလည်း animalism များလို့ ရှု့မြင်နေကြပါတယ်။
ဒါက ကျွန်တော့်ရဲ့ အစ်မကြီး တစ်ယောက်က ပြောပြတဲ့ လန်ဒန်မြို့ရဲ့ အခြေအနေလေးပါ… ပြောရမယ်ဆိုရင် သူများနိုင်ငံတွေကို ဆူပူအောင် အထောက်အပံ့တွေပေး မြောက်ထိုးပင့်ကော် လုပ်ပေးနေတဲ့ နိုင်ငံတစ်နိုင်ငံပါ… အခုတော့ သူတို့ နိုင်ငံမှာ ဖြစ်နေတာလေးပါ… ပြောရမယ်ဆိုရင် ၀ဋ်လည်ခြင်း တစ်မျိုးလို့ ခေါ်လို့ရပါတယ်… အခု သူတို့နိုင်ငံမှာ ဒီလို ဆူပူမှုဖြစ်လာတော့ ဘယ်လို နိမ်နင်းလဲ ကြည့်ကြပါဦး…








ကဲ ဒါလူထုကို ဦးစားပေးပါတယ်ဆိုတဲ့ လူထု ဆန္ဒအရ အလုပ်လုပ်နေပါတယ်ဆိုပြီး ဒီမိုကရေစီ လှုပ်ရှားသူတို့ အားကိုးနေတဲ့ နိုင်ငံကြီး တစ်နိုင်ငံရဲ အကြမ်းဖက် ဘယ်လို နိမ်နှင်းသလဲ ဆိုတဲ့ဖြစ်ရပ်လေးပါ... ဒီဖြစ်ရပ်ထဲက ဘာကို သင်ခန်းစာအဖြစ်ယူ နိုင်သလဲဆိုရင် ယူတတ်မယ်ဆိုရင် အများကြီးယူလို့ ရပါတယ်... နောက်ပြီး ဒီမိုကရေစီပါလို့ ပြောပြောပြီး စနစ်လေးတစ်ခုနဲ့ လုပ်စားနေတဲ့ နိုင်ငံမှာလဲ ဒီလိုအကြမ်းဖတ်မှုတွေ ဖြစ်လာရင် ဒီလို နှိမ်းနှင်းခံရတာပဲ ဆိုတာလေးလဲ သိစေချင်ပါတယ်... ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကို ချစ်ပါတယ်.. တိုးတက်တာ မြင်စေချင်ပါတယ်ဆိုတဲ့ သူတွေက အကြမ်းဖက် ဖျက်စီးရေးဝါဒကို လုပ်လေ့မရှိကြဘူးဗျ... ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ... သူတို့အတွက်တော့ ဒါက ၀ဋ်လည်ခြင်းလေလား...

(သွေးသစ္စာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...