Sunday, August 21, 2011

"အမြဲတမ်း စိတ်ဓာတ် တက်ကြွအောင် ဘယ်လိုလုပ် မလဲ "

Cloud Cuckoo Land created the doc:
The Myanmar Post

လူမှာ စိတ်ဓာတ်က အရေးကြီး ဆုံးပါ။ စိတ်ပျိုမှ ကိုယ်နု၊ စိတ်ကျန်း မာမှ ကိုယ်ကျန်းမာ စသည်ဖြင့် စိတ် အရေးပါပုံကို ဖော်ပြထား ကြပါတယ်။ စိတ်က ဦးဆောင်လို့ ပြီးမြောက်သွား တာတွေ တစ်ပုံကြီး ပါပဲ။ ကျန်းမာရေး မကောင်း ပေမယ့် စိတ်ဓာတ်မာလို့ လဲမသွားတာတွေ လည်း ရှိတာပဲ။ တစ်ခါ တလေမှာ စိတ်ကို နုပျို လန်းဆန်း နေအောင်ထားတော့ တော်ရုံလည်း ရောဂါမဝင်ဘူးပေါ့။ ဒါကြောင့် စိတ်ကျန်းမာ ရေးအ တွက် နည်းလမ်း ကောင်းလေးတွေကို ဖော်ပြပေး ချင်ပါတယ်။ ဒါတွေကို ဖော်ပြမယ် ဆိုရင် အလုပ်အကြောင်း လည်းပါဖို့ လိုပါလိမ့်မယ်။ အခုလို ခေတ်ကျပ်ကြီးမှာ အလုပ် မလုပ် ဘဲနေနိုင် သူဆိုတာ ခပ်ရှားရှားပါ။ စိတ်ကျန်းမာနေမယ်၊ ပျော်ပျော်ရွှင် ရွှင် အလုပ်လုပ် နိုင်မယ် ဆိုရင် လူ ကျန်းမာရေး အတွက် သိပ်ပူစရာမလို တော့ဘူးပေါ့။

ဘာဖြစ်လို့အလုပ်လုပ်တာလဲ
လူတိုင်းက အလုပ်လုပ်ရတယ် ပြောပေမယ့် အကြောင်းပြချက်က အရေးကြီးပါတယ်။ အလုပ်ပေါ်မူ တည်ပြီး စိတ်လည်းကွာခြားနိုင်ပါ တယ်။ အလုပ်လုပ်ရတာက အများ အားဖြင့်တော့ ဝင်ငွေအတွက် အ လုပ်တစ်ခုလုပ်ဖို့လိုလို့။ အိမ်ထောင် ဘက် မိဘတစ်ယောက်ယောက် စိတ်ချမ်းသာဖို့၊ နောက် ထပ်အောင် မြင်မှုတစ်ခုယူနိုင်ဖို့၊ ဒီအလုပ်နဲ့ ပတ်သက်ပြီး ကြွားချင်လို့ စသည်ဖြင့် အမျိုးမျိုး ရှိနိုင် ပါတယ်။ အရေးကြီး တာကတော့ ဒီအလုပ်ကို ကိုယ်ဘာ ကြောင့်လုပ်ရတယ်ဆိုတာ ကိုယ့် ဘာသာ သိနေဖို့နဲ့ ကိုယ်လို တာရသ လားဆိုတာပါပဲ။ ကိုယ်လိုတာရရင် ဒီအလုပ်အပေါ်လည်း ကိုယ်က ပိုပြီး တန်ဖိုးထား ဖြစ်တာပေါ့။ ဒါဆိုရင် နှစ်ဖက်လုံးအတွက် အဆင်ပြေပြီး ပျော်ရွှင်စရာ ဘဝကို ပိုင်ဆိုင် နိုင်မှာပါ။

ကြောက်ရွံ့ မှုတွေမထားပါနဲ့
ကိုယ်အလုပ်လုပ်ရပြီ၊ တာဝန် လက်ထဲရောက်လာပြီဆိုရင် လုပ် စရာရှိတာ မြန်မြန် လုပ်လိုက်ပါ။ မြန် မြန်ပြီးတာဟာ ကိုယ့်အရည်အချင်း တစ်ခုပါပဲ။ တစ်ခါတလေကြောက် ရွံ့ပြီး မလုပ်ရဲမကိုင်ရဲနဲ့ အချိန်တွေ ကြာတတ် ပါတယ်။အကြောင်းပြ ချက်အမျိုးမျိုးနဲ့ နေ့ရွှေ့ညရွှေ့လုပ် တာဟာ တကယ်တော့ ကြောက် နေတာပါ။ ဒီအလုပ်ကို အဆုံးသတ် ကောင်းအောင် မလုပ်နိုင်မှာစိုးတာ ပါ။ လုပ်တတ်တဲ့သူကိုလည်း မမေး ရဲတာမျိုး၊ ပြီးသွားရင်လည်း ဘာ ဆက်လုပ်ရမှန်းမသိ အချိန်ဖြုန်းနေ တယ် အထင် ခံရမှာစိုးလို့ မပြီးအောင် လုပ်နေတာမျိုး စသည်ဖြင့်ပေါ့။ အ ကြောက်တရားတွေရှိလို့ မလုပ်ဖြစ် တာပါ။ ဒါတွေကို ဖယ်လိုက် ရင် အိုကေပါပဲ။ တကယ်တော့ ဘယ်သူ မှ မွေးရာပါပညာပါမလာပါဘူး။ သင်ယူရင်း လုပ်ကိုင်ရင်းနဲ့ပဲ လုပ် ကိုင်အောင်မြင် သွားတာပါ။

တစ်ခုခုကိုစလုပ်ပါ
ဒီလောက်ဆို ကိုယ့်အကြောင်း ကိုယ်သိလောက်ပါပြီ။ အလုပ်လုပ် လိုက်ပါတော့။ အလုပ်လုပ် လာတာ နဲ့အမျှ အမြင်ကလည်းပြောင်းလဲလာ မှာပါ။ ခုနပြောသလို ပြောင်းလဲပြီး လုပ်လိုက်တာနဲ့ တိုးတက်မှုတွေမြင် လာပါမယ်။ အဲဒီအခါ စိတ်ဓာတ် တက်ြွကလာပြီး နောက်ထပ်အလုပ် တွေထပ်လုပ်ချင်စိတ်ပေါ်လာပါ လိမ့်မယ်။ အလုပ်လုပ်ချင်စိတ်ပေါ် လာပြီဆိုရင် မသိတာ လေးတွေကို ဝက်ဘ်ဆိုက်မှာရှာကြည့်ပါ။ စာရွက် တစ်ရွက်နဲ့လိုအပ်တာတွေချရေးကြည့် ပါ။ အလုပ်ကို ကဏ္ဍခွဲလုပ်ပါ။ အမြဲ တမ်းပြုံးနေပါ။ အပြုံးနဲ့ ဆက်ဆံပါ။

ဆုချပါ
အဲဒီလိုပြင်ဆင်နိုင်ပြီ၊ လုပ်နိုင် လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် လက် ဆောင်ပေးတာမျိုး၊ ပျော်စရာ ဖြစ် အောင်လုပ်ပေးတာမျိုး မမေ့ပါနဲ့။ သင့်ကိုယ်သင်ဆုချနိုင်ပါတယ်။

အားလုံးနဲ့တည့်အောင်နေပါ
ဒါကို လူတိုင်းကလက်ခံကြပါ တယ်။ ခက်တာတစ်ခုပဲ ရှိတယ်။ မလိုက်နာနိုင်တာပါ။ လွယ်မယောင် နဲ့ ခက်တာကိုး။ ဒီအလုပ်ကို ထွက် ခါမှထွက်ရောပဲ။ မထွက်ခင်တော့ နေ့တိုင်းမြင်နေရတဲ့သူတွေနဲ့ အ ဆင်ပြေတာ အကောင်းဆုံး ပါပဲ။ နောက်အရေးကြီးတာတစ်ခုက ကိုယ့်လုပ်ရပ်တွေက ကောင်းနေဖို့ ကိုယ့်စိတ်တွေက ကောင်းနေဖို့ပါပဲ။ ဒါမှ ကိုယ့်ကို လည်း လူတွေကတန်ဖိုး ထားမယ်။ ကိုယ်တိုင်ကလည်း ပျော် ရွှင်တက်ြွကပြီး အောင်မြင်တဲ့ဘဝကို ရနိုင်မယ်။ ဒါဆိုရင် ကျန်းမာရေးက လည်း အိုကေ ပဲပေါ့။ လူတွေ ကိုယ့်ကိုတန်ဖိုးထား ဖို့ဆိုရာမှာတော့ လူတိုင်းက တန်ဖိုး ထားတာချင်းမတူကြတော့ မဖြစ်နိုင် ပါဘူး။ ဒီတော့ လူချွန် လူကောင်း တွေက တန်ဖိုးထားတဲ့သူဖြစ်ဖို့တော့ ကြိုးစားရမှာပေါ့။ အဲဒီလိုလူကောင်း လူချွန်တွေက တန်ဖိုးထားသူက တော့ လူမိုက်တွေက ကျိန်းသေ ရှုံ့ ချမှာပဲ။ ဒါကို ဂရုမစိုက်ပါနဲ့။ ဆက် လုပ်ပါ။ ဒါဆိုရင်ဘဝမှာ နေပျော်နည်း တွေကျင့်သုံးပြီး ကျန်းမာတဲ့ဘဝကို ရနိုင်ပါ လိမ့်မယ်။

စစ်ငြိမ်းအေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...