Sunday, August 21, 2011

"ကိုယ်ပိုင်အိမ်လေး ဘာ့ကြောင့်ဝေး "

Cloud Cuckoo Land created the doc:
The Myanmar Post

အိုးပိုင် အိမ်ပိုင် နေရဖို့ ကြိုးစား နေသူတွေ ဆီက ညည်းညူ သံတွေ ကြားနေ ရတယ်။ အိမ်ဈေး မြေဈေးက ကြာလေ သူတို့နဲ့ အလှမ်းဝေး လာလေပဲတဲ့။ လွန်ခဲ့တဲ့နှစ်ကမြို့သစ်က ၁၅ သိန်း တန် မြေကွက်ကိုမျှော်လင့်ပြီး ငွေစုခဲ့ တဲ့မိသားစုဟာ ၁၅ သိန်းပြည့်သွား တဲ့ ဒီနှစ်ဒီအချိန်အခါမှာတော့ အဲဒီ မြေကွက်က ၂၅ သိန်းဖြစ်သွားတာ ခဲ့ပါပြီ။ မြေကွက် ကဈေးမြင့်ခဲ့ပေမယ့် သူတို့မိသားစုရဲ့ဝင်ငွေက မြင့်မလာ ပါဘူး။ တစ်နာရီမိုင် ၁၀ဝ နှုန်းနဲ့ မောင်းနှင်နေတဲ့ ကားနောက်ကို ခြေကျင်ပြေးလိုက်နေရသလိုပါပဲ။ ဘာ့ကြောင့် ဒီလိုဖြစ်နေ သလဲ။ အိမ်ဈေး မြေဈေးတွေတက်ပြီး တစ်ဦးချင်းဝင်ငွေက အချိုးညီညီ တက်မလာလို့ပါပဲ။
အိမ်ခြံမြေဈေး တွေ ဒီလောက်တက်နေပြီး ဘာ့ ကြောင့်ဝင်ငွေတိုးမလာသလဲ။ ငွေ ပိုငွေလျှံ အများကြီး ရှိနေ သူတွေရဲ့ငွေ တွေ အိမ်ခြံမြေဈေးကွက်ထဲကို အ လုံးအရင်းနဲ့ ဝင်လာလို့ ဖြစ်နိုင် ပါတယ်။ ဘာ့ကြောင့် တခြား နယ်ပယ်တွေကို ငွေတွေများများစီးဝင်မသွားဘဲဒီဈေး ကွက်ထဲကိုမှ စီးဝင် လာရသလဲ။ တကယ်တမ်း စဉ်းစား ကြည့်ရင် ငွေတွေကိုထုတ်လုပ်မှု ဒါမှမဟုတ် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တွေမှာ ထည့်ဝင်လိုက်ရင် ပိုအကျိုးရှိမသွား နိုင်ဘူးလား။ ဥပမာ - စက်ရုံ တည်ထောင် တာမျိုး၊ ခရီးသွား လုပ်ငန်း လုပ်ကိုင်တာမျိုး၊ စိုက်ပျိုး မွေးမြူမှု လုပ်တာမျိုးတွေမှာ ထည့်ဝင်လိုက် ရင် ငွေတွေပိုပြီး တိုးပွားမလာနိုင် ဘူးလား။ ဒီလိုမျိုး ကိုယ်တိုင် လုပ်ငန်း တည်ထောင် လုပ်ကိုင်ဖို့ အဆင်မပြေ ဘူး ဆိုရင်တောင် ဒီငွေတွေကို စီးပွားရေးလုပ်ငန်းတွေမှာ ရှယ်ယာ ထည့်ဝင်တာတို့၊ ဘဏ်မှာ အပ်နှံတာ တို့လုပ်ရင် ပိုမကောင်းဘူးလား။
ဘဏ် ဆိုတာက အသုံးမလိုသေးတဲ့ ငွေပိုငွေလျှံတွေကို အသုံးလိုတဲ့ လုပ်ငန်းတွေဆီ ရောက်အောင်ဝန် ဆောင်ပေးပြီးငွေကို ရှင်သန်အောင်၊ ကောင်းမွန်စွာလည်ပတ်အောင် လုပ်ဆောင် နိုင်တယ် မဟုတ်လား။ ဒီလို ငွေပိုငွေလျှံ များစွာဟာ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုနယ်ပယ် တွေကိုရောက်သွားရင် စီးပွားရေး လုပ်ငန်းတွေ တိုးပွားများပြားလာ မယ်။ အကျိုး အမြတ် တွေရှိ လာမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာမယ်။ အလုပ်ရှိသူများ လာရင် တစ်ဦးချင်းဝင်ငွေတိုးလာ မယ်။ လူတွေ ဝင်ငွေများ လာရင် ဝယ်ယူ စားသုံး မှုတွေ များလာ မယ်။ ဒီလိုဆိုရင် ထုတ်လုပ်မှုပိုင်းကို ပိုမို ချဲ့ထွင်လာနိုင်မယ်။ စီးပွားရေးနယ် ပယ်ပိုမိုဖွံ့ဖြိုး လာနိုင်မယ်။ နိုင်ငံစီးပွားရေးကောင်းတာနဲ့ အမျှ တစ်ဦးချင်း ဝင်ငွေတိုး လာမယ်။ ဒါဆိုရင် အရင် တစ်နာရီမိုင် ၁၀ဝ နှုန်းလောက်နဲ့ပြေးနေတဲ့ အိမ်ခြံ မြေဈေးနောက်ကို ခြေကျင်ပြေး လိုက်နေရသူဟာ တစ်နာရီ မိုင် ၄၀ လောက်ပြေးတဲ့ ဆိုင်ကယ်နဲ့ လိုက် လာနိုင် မယ်။
ရှေ့က မိုင် ၁၀ဝ နှုန်းနဲ့ ပြေးတဲ့ကားဟာလည်း တဖြည်း ဖြည်း အရှိန်လျော့လာမယ်ဆိုရင် အိမ်ပိုင်ရာပိုင်ရှိသူတွေများလာနိုင် ပါတယ်။ ဒီထက်ပို အဆင်ပြေ အောင် အလုပ်နဲ့ ဝင်ငွေ အာမခံ ချက်ရှိသူ တွေကို အိမ်ဝယ်ဖို့ ငွေထုတ်ချေး နိုင်မယ်ဆိုရင် အိမ်ခြံမြေဈေးကွက် မှာဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုဒဏ် ကိုပါ အိမ်ရာ မပိုင်သေး သူတွေ ရှောင်လွှဲ နိုင်မယ်။ ပြီးခဲ့တဲ့ လကပဲ ထိုင်းနိုင်ငံမှာ အစိုးရက အိမ်မဝယ် ရသေးတဲ့သူတွေအတွက် အိမ်ဝယ် နိုင်အောင် နှစ်နှစ်စာ အတိုးမဲ့ငွေ ထုတ်ချေးပေးဖို့ ဘတ်ဂျက်ထုတ်ပြန် တာကို ဘန်ကောက် ပို့စ် သတင်းစာ မှာတွေ့လိုက်ရတယ်။ ဒီအစီအစဉ်က အိမ်ဝယ်ချင်သူတွေအတွက်သာမက ဘဲ ဆောက်လုပ်ရေး နယ်ပယ်က လုပ်ငန်းရှင်တွေ၊ အင်ဂျင်နီယာတွေ၊ အလုပ်သမား တွေ အတွက်ပါ အကျိုး ရှိမယ့်ပုံပါ။ ဆိုလိုတာက ငွေပိုငွေလျှံတွေ ကို အိမ်ခြံ မြေဈေး ကွက်ထဲ စီးဝင် မသွားဘဲ အခြားစီးပွားရေးနယ် ပယ်ထဲရောက်သွားရင် နိုင်ငံ့စီးပွား ရေးပိုကောင်း လာနိုင် စရာရှိတယ် ဆိုတာပါ။
ဒါဆိုရင် ဘာ့ကြောင့် ဒီငွေတွေက စီးပွားရေးလုပ်ငန်းတွေ ထဲ၊ ဘဏ်တွေထဲကို များများ စားစား ရောက်မလာတာလဲ။ စီးပွားရေးလုပ် ငန်းတွေ လုပ်ရတာ အခက်အခဲရှိလို့ လား၊ အကျိုး အမြတ်က မသေချာ လို့လားဆိုတာ တွေကို ဆန်းစစ်ကြည့် ရမှာပါ။ ဒါ့အပြင် စီးပွားရေးဝန်း ကျင်မှာ ငွေကြေးလည်ပတ်မှုစနစ် တွေ ကောင်းမွန် စေဖို့ ဘဏ်တွေရဲ့ ဝန်ဆောင်မှုက အဓိက ကျပါတယ်။ အိပ်နေတဲ့ငွေပိုတွေ ဘဏ်ထဲ များ များ စားစားရောက်မလာတာ ဘာ့ ကြောင့်လဲ။ ဘဏ်တွေရဲ့ လုပ်ပိုင်ခွင့် က အကန့် အသတ် ရှိလို့လား၊ ဘဏ် တွေကို ငွေအပ် ရမှာ ခက်နေသလား၊ ဘဏ်တွေကရတဲ့ အတိုးနှုန်းက ငွေ ဖောင်းပွမှုကိုမကာမိလို့လား၊ ဘဏ် ကရတဲ့ အတိုးထက် ဒါမှမဟုတ် အ ခြား စီးပွားရေး လုပ်ငန်းလုပ်ရင်ရမယ့် အမြတ်ထက် အိမ်ခြံမြေရောင်း ဝယ်ရင်းရတဲ့အမြတ်ကပိုများနေလို့ လား။ ဒါလည်း ဆန်းစစ် စရာပါ။
အိမ်ခြံမြေဈေးကွက်ကို ပြန် ကြည့်ရင် ရန်ကုန်မှာ သာမကဘဲ မန္တ လေး၊ ထားဝယ်၊ ကျောက်ဖြူစတဲ့မြို့ တွေမှာလည်း အဆမတန်ထိုးတက် နေတာတွေ့ရပါလိမ့်မယ်။ ဘယ်သူတွေ ဝယ်နေလို့ ဘယ် လောက်တွေဈေးပေးလို့ ဘယ်လို တွေတက် နေမှန်း သေချာမသိရပေ မယ့် သိသိသာသာထိုးတက်နေတာ တော့အမှန်ပါ။ အချက်အချာနေ ရာကောင်း တွေဈေးတက် တော့ မနီး မဝေးက အိမ်ခြံမြေတွေ လည်းတက်၊ ဆင့်ကဲ ဆင့်ကဲ တက်လာတော့နောက် ဆုံးဝင်ငွေနည်းအိမ်မဲ့တွေ မျှော်လင့် တဲ့ မြို့သစ် အစွန်အဖျားက အိမ်ခြံ မြေတွေအထိပါ ဂယက် ရိုက်လာ တယ်။ ဒီတော့ စီးပွားရေးမကောင်း လို့ ဝင်ငွေတိုး မလာတဲ့ မိသားစုတွေ ငွေဘယ် လိုပဲစုစု ကိုယ်ပိုင် အိမ်လေး နဲ့ကတော့ အလှမ်းဝေး နေဆဲပါပဲ။
ကံရှင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...