"အချောင်သမားစိတ်ဓာတ်"
Rozoner King created the doc:
[By Hana San]
သဘာဝဘေးအန္တရာယ်တွေကြောင့်နဲ့ အခြားအကြောင်းအမျိုးမျိုးတို့ြေ ကာင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေကို နီးနီးကပ်ကပ်တွေ့မြင်ပြောဆိုရတဲ့ အခါမှာ သူတို့လေးတွေဟာ အရင်တုန်းက ထင်ထားမိခဲ့သလို အလှူရှင်နဲ့ ကူညီပံ့ပိုးသူတွေအပေါ်မှာ လုံးလုံးလျားလျား မှီခိုမနေတာကို တွေ့ရတယ်။
ဒီအတွက် စိတ်ပူခဲ့တာတစ်ခု စိတ်အေးသွားခဲ့တယ်။
ရန်ကုန်ကို ပြန်ရောက်ပြီး ပထမဦးဆုံးအနေနဲ့ လှိုင်သာယာမြို့နယ်ရှိ အရုဏ်ဦးပညာ့ရိပ်သာကို ရောက်သွားခဲ့ပါတယ်။ ကလေးတွေဟာ ဝိုင်းဝန်းပြီး သူတို့ တတ်နိုင်တာလေးတွေကို ကူလုပ်ပေးဖို့ ဝန်မလေးသလို ဆရာမ ...သမီး လုပ်ပေးမယ်၊ သားလုပ်မယ်နဲ့ ကူညီချင်ကြတာကို တွေ့ခဲ့ရတယ်။ ဒီအတွက် ကလေးတွေအတွက် စိတ်ထဲမှာအားရဝမ်းသာဖြစ်မိတယ်။ ကလေးတွေနဲ့ အရင်တွေ့ဆုံပြီးသား ဆရာမနေနေပြောပြလို့ ကလေးတွေဟာ သူတို့ကို ဖက်လှဲတကင်းရင်းနှီးတာကို အရမ်းလိုလားတယ်လို့ သိရတယ်။
လွင်တီးခေါင်လိုဖြစ်နေတဲ့ ကျောင်းဝန်းအတွင်းမှာ အရိပ်ရသစ်ပင် ပျိုးပင်များကို စိုက်ပျိုးတော့ ကလေးတွေက အားတက်သရော မြေကြီးတူး၊ အပင်တွေ သယ်ပေးနဲ့ ကူညီကြတယ်။ ဒီအပင်က သရက်ပင်...သရက်သီးတွေ သီးလာရင် သားတို့ ၊သမီးတို့ စားပြီး ပိုတာကို ကျောင်းက ဝင်ငွေရအောင် ရောင်းရမယ်။ ဒီဟာက ဒန့်သလွန်ပင်...ဒန့်သလွန်သီးတွေ သီးရင် ဟင်းချက်စားကြမယ်...ပိုတာကို ဈေးမှာရောင်းကြမယ်။ ဒီဟာက မန်ကျည်းပင်...မန်ကျည်းရွက်နုေ လးတွေကို ဟင်းချက်စားကြမယ်...ပိုတဲ့အရွက် နုတွေကို ရောင်းမယ်။ ဒီဟာက ခရေပင်..ခရေပန်းတွေအများကြီး ပွင့်လာရင် ခရေပန်းကောက်ပြီး ရောင်းကြမယ်...ဒီအပင်တွေက သားတို့ ၊ သမီးတို့အတွက်...သားတို့ သမီးတို့က ဒီအပင်တွေကို ပြုစုစောင့်ရှောက်ကြရမယ်လို့ ပြောပြတော့ အားတက်သရော ကူညီ စိုက်ပျိုးကြတယ်။ နောက်တစ်ပတ်မှာ ကျောင်းကို နောက်တစ်ခေါက် ပြန်ရောက်သွားတော့ စိုက်ပျိုးထားတဲ့အပင်တွေကို ဝါးခြမ်းပြားချောင်းလေးတွေနဲ့ ကာရံထားပြီး ဂရုစိုက်ပြုစုထားတာကိုတွေ့ရတယ်။
ဆရာမ ...အပင်တွေကို သားတို့ ရေလောင်းထားတယ်၊သမီးတို့ ရေလောင်းတယ်နဲ့ ပြေးလာပြောကြတယ်။ ဒါနဲ့တင်ပဲ ကျွန်မ သူတို့အတွက် စိတ်ပူပင်ထားတဲ့ ပူပင်သောကစိတ်တစ်ခု အေးသွားရတယ်။ ကလေးတွေဟာ သူတို့ကိုယ် သူတို့ အားကိုးလိုစိတ် ရှိတယ်လို့ စိတ်ထဲမှာလည်း ယုံကြည်သွားတယ်။
ကျွန်မတို့က သူတို့အတွက် ပျိုးထောင်ပေးလိုက်တယ်။ သူတို့က ဒါကို ဆက်လက် ထိန်းသိမ်း ပြုစုစောင့်ရှောက်တယ်။ ကလေးတွေဟာ လောကဓံကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရပေမယ့် ကလေးတွေရဲ့ စိတ်ထဲမှာ အချောင်လိုချင်စိတ်၊ အလှူရှင်အပေါ်မှာပဲ လုံးလုံးလျားလျားအားကိုးနေလိုစိ တ်တွေ ရှိမနေဘဲ သူတို့ တတ်နိုင်သလောက် တာဝန်ယူကြတာကို တွေ့ရတယ်။
အရွယ်ငယ်ရွယ်သန်မာနေပါလျက် ၊ ခြေလက်အင်္ဂါ အကောင်းပကတိကြီး ရှိနေပါလျက်နဲ့ ပိုက်ဆံ လိုက်တောင်းနေကြတဲ့သူတွေကို ရန်ကုန်မြို့မှာ သွားလာရင်း တွေ့ရတဲ့အခါ အဲဒီ တောင်းနေတဲ့သူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေ ၊ ကိုယ့်လက်နဲ့ ကိုယ့်လုပ်အားနဲ့ ရှာဖွေအောင် ဘယ်လိုများ စည်းရုံး ပြောရမလဲလို့ ခုထိ စဉ်းစားနေတုန်းပဲ။ မီးပွိုင့်မှာ မီးနီလို့ ကားရပ်တုန်း ခဏပဲ တွေ့ဆုံလိုက်ရတာဆိုတော့ သေသေချာချာ ပြောပြဖို့ အချိန်လည်း မရတာလည်းတစ်ကြောင်း၊ ပြီးတော့ ကလေးမဟုတ်တော့တဲ့ အရွယ်တွေ (အရိုးရင့်နေတဲ့သူတွေ)ကို ဘယ်လိုများ စည်းရုံးပြောရမလဲလို့ အကြံမရသေးတာလည်းတစ်ကြောင်း။
ဖြစ်နိုင်ချေ ရှိတာကတော့ အဲဒီလို လမ်းပေါ်မှာ လိုက်တောင်းနေတဲ့သူတွေကို စုပြီးတော့ သူတို့ တတ်နိုင်တဲ့အလုပ်တစ်ခုခုကို ကိုယ်က ရှာပေးပြီး (ဥပမာ...လက်ဖက်ရည်ဆိုင်တွေမှာ ပန်းကန်ဆေးတာမျိုး) လုပ်ကိုင်စေပြီးတော့မှ ငွေကိုပေးလိုက်မယ် ဆိုရင်ကော။ ဒါမှမဟုတ်ရင်လည်း ဒီနေရာမှာ သန့်ရှင်းရေးလုပ်၊ အမှိုက်ကောက်သိမ်း ၊ ဒါတွေရှင်းလင်းသွားရင် ငွေဘယ်လောက်ပေးမယ်လို့ ဆိုရင်ကော။ ဒီတိုင်းထားလို့ကတော့ မဖြစ်တော့ဘူး။ ကာလကြာလာတာနဲ့အမျှ အချောင်လိုချင်စိတ်တွေ ပိုမိုကြီးထွားလာမှာပဲ။ တောင်းတဲ့သူတွေကို မပေးနဲ့ပေါ့လို့ ပြောလို့တော့ရပါတယ်။ ကျွန်မလို အသည်းမာသူဆိုရင်တော့ မပေးဘူးပေါ့။ ဒါပေမဲ့ တချို့က နားငြီးမခံနိုင်တာရှိတယ်။ ကားပြတင်းမှာ မီးမစိမ်းမချင်း၊ ကားမထွက်သေးမချင်း နားပူအောင် တဆာဆာတောင်းနေတော့ စိတ်က ရှုပ်လာ၊နားက ငြီးလာနဲ့ မြန်မြန်ထွက်သွားရင် ပြီးရော ငွေထုတ်ပေးလိုက်တာမျိုး။ အဲဒါကတော့ တောင်းတဲ့သူတွေ သုံးလိုက်တဲ့ ဆိုက်ကိုမှာ ကိုယ်က ခံလိုက်ရတာပါပဲ။ သူတို့က ဆိုက်ကိုသုံးပြီး ကိုယ့်ဆီက ငွေကို ယူသွားတာ။ ဒါက သိသာမြင်သာတဲ့ အချောင်သမားတွေ။ လူမသိ သူမသိ လူကြီးလူကောင်းအမည်ခံ ၊နာမည်မပျက်ဘဲ အချောင်သမားတွေလည်း ရှိနေနိုင်သေးတာပဲ။
သဘာဝဘေးအန္တရာယ်တွေကြောင့်နဲ့ အခြားအကြောင်းအမျိုးမျိုးတို့ြေ
ဒီအတွက် စိတ်ပူခဲ့တာတစ်ခု စိတ်အေးသွားခဲ့တယ်။
ရန်ကုန်ကို ပြန်ရောက်ပြီး ပထမဦးဆုံးအနေနဲ့ လှိုင်သာယာမြို့နယ်ရှိ အရုဏ်ဦးပညာ့ရိပ်သာကို ရောက်သွားခဲ့ပါတယ်။ ကလေးတွေဟာ ဝိုင်းဝန်းပြီး သူတို့ တတ်နိုင်တာလေးတွေကို ကူလုပ်ပေးဖို့ ဝန်မလေးသလို ဆရာမ ...သမီး လုပ်ပေးမယ်၊ သားလုပ်မယ်နဲ့ ကူညီချင်ကြတာကို တွေ့ခဲ့ရတယ်။ ဒီအတွက် ကလေးတွေအတွက် စိတ်ထဲမှာအားရဝမ်းသာဖြစ်မိတယ်။ ကလေးတွေနဲ့ အရင်တွေ့ဆုံပြီးသား ဆရာမနေနေပြောပြလို့ ကလေးတွေဟာ သူတို့ကို ဖက်လှဲတကင်းရင်းနှီးတာကို အရမ်းလိုလားတယ်လို့ သိရတယ်။
လွင်တီးခေါင်လိုဖြစ်နေတဲ့ ကျောင်းဝန်းအတွင်းမှာ အရိပ်ရသစ်ပင် ပျိုးပင်များကို စိုက်ပျိုးတော့ ကလေးတွေက အားတက်သရော မြေကြီးတူး၊ အပင်တွေ သယ်ပေးနဲ့ ကူညီကြတယ်။ ဒီအပင်က သရက်ပင်...သရက်သီးတွေ သီးလာရင် သားတို့ ၊သမီးတို့ စားပြီး ပိုတာကို ကျောင်းက ဝင်ငွေရအောင် ရောင်းရမယ်။ ဒီဟာက ဒန့်သလွန်ပင်...ဒန့်သလွန်သီးတွေ
ဆရာမ ...အပင်တွေကို သားတို့ ရေလောင်းထားတယ်၊သမီးတို့ ရေလောင်းတယ်နဲ့ ပြေးလာပြောကြတယ်။ ဒါနဲ့တင်ပဲ ကျွန်မ သူတို့အတွက် စိတ်ပူပင်ထားတဲ့ ပူပင်သောကစိတ်တစ်ခု အေးသွားရတယ်။ ကလေးတွေဟာ သူတို့ကိုယ် သူတို့ အားကိုးလိုစိတ် ရှိတယ်လို့ စိတ်ထဲမှာလည်း ယုံကြည်သွားတယ်။
ကျွန်မတို့က သူတို့အတွက် ပျိုးထောင်ပေးလိုက်တယ်။ သူတို့က ဒါကို ဆက်လက် ထိန်းသိမ်း ပြုစုစောင့်ရှောက်တယ်။ ကလေးတွေဟာ လောကဓံကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရပေမယ့် ကလေးတွေရဲ့ စိတ်ထဲမှာ အချောင်လိုချင်စိတ်၊ အလှူရှင်အပေါ်မှာပဲ လုံးလုံးလျားလျားအားကိုးနေလိုစိ
အရွယ်ငယ်ရွယ်သန်မာနေပါလျက် ၊ ခြေလက်အင်္ဂါ အကောင်းပကတိကြီး ရှိနေပါလျက်နဲ့ ပိုက်ဆံ လိုက်တောင်းနေကြတဲ့သူတွေကို ရန်ကုန်မြို့မှာ သွားလာရင်း တွေ့ရတဲ့အခါ အဲဒီ တောင်းနေတဲ့သူတွေကို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေ ၊ ကိုယ့်လက်နဲ့ ကိုယ့်လုပ်အားနဲ့ ရှာဖွေအောင် ဘယ်လိုများ စည်းရုံး ပြောရမလဲလို့ ခုထိ စဉ်းစားနေတုန်းပဲ။ မီးပွိုင့်မှာ မီးနီလို့ ကားရပ်တုန်း ခဏပဲ တွေ့ဆုံလိုက်ရတာဆိုတော့ သေသေချာချာ ပြောပြဖို့ အချိန်လည်း မရတာလည်းတစ်ကြောင်း၊ ပြီးတော့ ကလေးမဟုတ်တော့တဲ့ အရွယ်တွေ (အရိုးရင့်နေတဲ့သူတွေ)ကို ဘယ်လိုများ စည်းရုံးပြောရမလဲလို့ အကြံမရသေးတာလည်းတစ်ကြောင်း။
ဖြစ်နိုင်ချေ ရှိတာကတော့ အဲဒီလို လမ်းပေါ်မှာ လိုက်တောင်းနေတဲ့သူတွေကို စုပြီးတော့ သူတို့ တတ်နိုင်တဲ့အလုပ်တစ်ခုခုကို ကိုယ်က ရှာပေးပြီး (ဥပမာ...လက်ဖက်ရည်ဆိုင်တွေမှာ ပန်းကန်ဆေးတာမျိုး) လုပ်ကိုင်စေပြီးတော့မှ ငွေကိုပေးလိုက်မယ် ဆိုရင်ကော။ ဒါမှမဟုတ်ရင်လည်း ဒီနေရာမှာ သန့်ရှင်းရေးလုပ်၊ အမှိုက်ကောက်သိမ်း ၊ ဒါတွေရှင်းလင်းသွားရင် ငွေဘယ်လောက်ပေးမယ်လို့ ဆိုရင်ကော။ ဒီတိုင်းထားလို့ကတော့ မဖြစ်တော့ဘူး။ ကာလကြာလာတာနဲ့အမျှ အချောင်လိုချင်စိတ်တွေ ပိုမိုကြီးထွားလာမှာပဲ။ တောင်းတဲ့သူတွေကို မပေးနဲ့ပေါ့လို့ ပြောလို့တော့ရပါတယ်။ ကျွန်မလို အသည်းမာသူဆိုရင်တော့ မပေးဘူးပေါ့။ ဒါပေမဲ့ တချို့က နားငြီးမခံနိုင်တာရှိတယ်။ ကားပြတင်းမှာ မီးမစိမ်းမချင်း၊ ကားမထွက်သေးမချင်း နားပူအောင် တဆာဆာတောင်းနေတော့ စိတ်က ရှုပ်လာ၊နားက ငြီးလာနဲ့ မြန်မြန်ထွက်သွားရင် ပြီးရော ငွေထုတ်ပေးလိုက်တာမျိုး။ အဲဒါကတော့ တောင်းတဲ့သူတွေ သုံးလိုက်တဲ့ ဆိုက်ကိုမှာ ကိုယ်က ခံလိုက်ရတာပါပဲ။ သူတို့က ဆိုက်ကိုသုံးပြီး ကိုယ့်ဆီက ငွေကို ယူသွားတာ။ ဒါက သိသာမြင်သာတဲ့ အချောင်သမားတွေ။ လူမသိ သူမသိ လူကြီးလူကောင်းအမည်ခံ ၊နာမည်မပျက်ဘဲ အချောင်သမားတွေလည်း ရှိနေနိုင်သေးတာပဲ။
0 comments:
Post a Comment