Saturday, August 6, 2011

တွန်းမလား.......ဆွဲမလား

by Than Min Lwin on Sunday, August 7, 2011 at 12:51pm
 
တစ်ခါက
အက်ဒီဆင်မှာ အားအကိုးရဆုံး တပည့်ကြီးတစ်ယောက်ရှိတယ်.။ သူဟာ အက်ဒီဆင်ရဲ့ အားအကိုးရဆုံးသော တပည့်ကြီး တစ်ယောက်ဖြစ်တယ်. ။ တွေးခေါ်စဉ်းစား လုပ်ကိုင်မှု အားအလွန် ထက်သန်ကောင်းမွန်တယ်.။ လုပ်ရည်ကိုင်ရည် ပြည့်ဝတယ်.။ အက်ဒီဆင်ပြီးရင် သူ့ကို အားလုံးက အလေးစားဆုံး ဖြစ်ခဲ့ကြတယ်.။ ဒါကို သူက ဒီလို ပြောတယ်.။


“ တကယ်တော့ဗျာ.။ ကျွန်တော် က ဘာမှ တတ်တဲ့ သိတဲ့ တော်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး.
ကျွန်တော်ဟာ သာမာန်လူတစ်ယောက်ပါ.။ ဒါပေမဲ့ အရမ်းကို တတ်ကြွ ဖြတ်လတ် နေတတ်တဲ့ ကျွန်တော့်ဆရာနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ကျွန်တော်မှာ အင်အားတွေ အလိုလို ရှိလာတယ်.။ အတွေးတွေ ထက်မြက်လာတယ်.။ ကျွန်တော့်မှာ စိတ်ပျက်နေမိတဲ့ နေ့ရက်တွေ ၊ အင်အားမဲ့နေတဲ့ အချိန်တွေမှာ ဆရာရဲ့ အမြဲတမ်း သွက်လက်နေမှုက ကျွန်တော့်ကို အမြဲတမ်းသွက်သက် ထက်မြက်လာအောင် ဆွဲဆောင် လှုပ်ဆော်သွားတာပါပဲ.။ ”

တကယ်တော့ ကျွန်တော်ဟာ ဒီစကားလေးကို သဘောပေါက် နားလည်ဖို့ အချိန်တွေ များစွာ ပေးခဲ့ရ ပါတယ်.။ ကျွန်တော် ငယ်ငယ်ကတော့ ဖေဖေက ဒီစကားလေး သဘောပေါက်စေဖို့ ကျွန်တော့်ကို ခဲလုံးလေး တစ်လုံး ၊ အပ်ချည်ကြီုးတစ်စ ၊ တုတ်လေး တစ်ချောင်း ပေးပြီး စမ်းသပ်စေခဲ့ပါတယ်.။

ခဲလုံးလေး တစ်လုံးကို နေရာရွှေ့အောင် တွန်းကြည့်စေခဲ့တာပါ.။ ဒီမှာ ခဲလုံးလေး နေရာ ရွေ့စေဖို့ တုတ်ချောင်းလေး တစ်ချောင်းနဲ တွန်းပြတယ် ။ နောက်တော့ ဒီခဲလုံးကိုပါပဲ နေရာ ရွေ့စေဖို့ အပ်ချည်ကြီုးနဲ့ ကြိုးစားတွန်းကြည့်ရာမှာ .. ၊ အပ်ချည်ကြိုးက ဘယ်လိုမှ ခဲလုံးကို နေရာ ရွေ့အောင် မတွန်းနိုင်ပါဘူး.။

သူက နဂိုကကို ပျော့ပြောင်းနေတာလေ.။ ဒါကြောင့် ဘယ်လိုမှ တွန်းလို့ မရ..။ ဒါပေမဲ့ ဒီခဲလုံးလေးကိုပဲ ဒီအပ်ချည်ကြိုးလေးနဲ့ ချည်ပြီး ဆွဲလိုက်တော့ ခဲလုံးလေး နေရာ ရွေ့လာပါတော့တယ် ။

ဒီနောက်မှာတော့ ကျွန်တော် စာအုပ်လေးတွေ လိုက်ဖတ်နေရင်း ရုပဗေဒ ဆိုင်ရာ သဘောတရားမှာ     “အရွေ့တစ်ခု အတွက် တွန်းမှု နဲ့ ဆွဲမှု အင်အားစိုက်ထုတ်ရမှုမှာ အရာဝတ္ထု တစ်ခု ရွေ့ရှားဖို့ အတွက် ဆွဲအားထက် တွန်းအားက အနည်းဆုံး ၅ ဆလောက် ပိုပြီး အားစိုက်ထုတ်ရကြောင်း ”      ဖတ်လိုက်ရပါတော့တယ်.။

ဒါလေးကို ကျွန်တော် ဆက်စပ်ပြီး လူ့လောကနဲ့ ပတ်သတ်ပြီး တွေးကြည့်မိပါတော့တယ်.။ လူတွေမှာ ပြောတတ်ကြတယ်လေ.။ အထူးသဖြင့် မိဘတွေကလေ.။ သူတို့ သားသမီးကို ဖြစ်စေချင်ဇော နဲ့ အတင်းတွန်းပို့ မိတတ်ပါတယ်.။ ဒီတော့ သားသမီးနဲ့ ဝါသနာ အကြောင်းအရာ မတူလေတော့ လုပ်ရပ် တော်တော်များများမှာ အခက်အခဲပေါင်းများစွာ ရှိတတ်ကြပါတယ်.။

တကယ်ဆို လူတစ်ယောက်ကို အောင်မြင်စေလိုရင် တွန်းပို့မှုထက် ဆွဲဆောင်မှုက အကောင်းဆုံးပါပဲ..။ ဒါကြောင့်မို့လိုလည်း အဖေ ဆရာဝန် ၊ အမေဆရာဝန်က မွေးတဲ့ သားသမီးတွေက ဆရာဝန်တွေ ဖြစ်တယ် ဆိုတာ တကယ်တော့ မိဘတွေက တော်နေလို့ ဆိုတာထက် သူတို့ရဲ့ ဆွဲဆောင်မှု နောက်ကို သားသမီးတွေက လိုက်သွားတာပါ.။

တကယ်တော့ ဒါဟာ Management တစ်ခုပါ.။ခေါင်ဆောင် တွေ အတွက် အရေးကြီးမှု တစ်ခုပါ.။
  ခေါငဆောင်တွေဟာ အောက်က လူတွေကို အမိန့်တွေပေး. ၊ အတင်းတွန်းပို့တတ်ကြပါတယ်.။

တကယ်တော့ ကိုယ်ကလည်း တတ်တတ်ကြွကြွ နဲ့ လုပ်ကြည့်ပါ.။ ကိုယ်က နေရာတကာမှာ တတ်ကြွနေရင် ကိုယ့်ရဲ့ တတ်ကြွမှုတွေက သူတို့ကို ကူးစက်ပြီး အလိုလို ပါလာပါလိမ့်မယ်.။ ဒါဆို အတင်းတွန်းပို့စရာ မလိုတော့ပါဘူး.။

သူများကို ဆွဲဆောင်နိုင်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်ကစိတ်ဝင်စားပြီးတက်ကြွ ဖျက်လတ်နေရပါလိမ့်မယ် ဆိုတာကတော့ ပြောစရာ မလိုဘူးလို့ ထင်ပါတယ်.။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...