Monday, June 3, 2013

ရာသီစာ

by Zay Yar Phyo (Notes) on Monday, June 3, 2013 at 8:31am
အခုတလော ဆေးခန်းမှာ ကလေး လူနာတွေ လာပြတာ အရင်တုန်းကထက် များသည်။ အရင်တုန်းက ဆိုရင်တော့တော်ရုံတန်ရုံ ဖျားတယ်ဆိုရင် အိမ်မှာပဲ ဆေးမြီတိုနဲ့  ကြိတ်ကုကြသည်။ ပါရာစီတမော လ်လေး သောက်ပြီး နေကြသည်။ အဲဒီလောက်နဲ့ မသက်သာဘူးဆိုမှ ဆေးခန်းကို အားကိုးကြသည်။
အခုတော့ ကျောင်းတွေ ကလည်း ဖွင့်ခါစဆိုတော့ မိဘတိုင်း နီးနီးလို လို ကလေး ကျောင်းပျက်မှာ စိုးရိမ်ပြီး အမြန်ပျောက်ချင်တာရော
ပြီးတော့ ဂျာနယ် သတင်းစာတွေထဲမှာ သွေးလွန်တုပ်ကွေး တွေ အဖြစ်များလာကြတဲ့ သတင်းတွေ ရော တွေ့ လာရတော့ ကိုယ့်သားသမီး ဖျားနေရင် သွေးလွန်တုပ်ကွေး လေလား ဆိုပြီး စိုးရိမ်ပြီးတော့
နီးစပ်ရာ ဆေးခန်းကို အပြေးလာပြကြသည်။ ရာသီဥတုကလည်း မိုးအုံ့လိုက် နေသာလိုက် မိုးရွာလိုက် နဲ့ ဆိုတော့ တုပ်ကွေးတွေလည်း နည်းနည်း ခေါင်းထောင် ထချင်လာသည်။
မိုးတွင်းလည်း ဝင်ကာစဆိုတော့ တုပ်ကွေး ထဲမှာ ကြောက်ရတဲ့ ရာသီပေါ် သွေးလွန်တုပ်ကွေးကလည်း အစကတည်းက ယဉ်သကိုး ဆိုပြီး နေပြည်တော်နဲ့  ရန်ကုန်တိုင်းဒေသကြီး အချို့ နယ်တွေမှာ outbreak ဖြစ်ပြီး
ဟိုးလေးတကျော် နဲ့  ဝင်ဆော်သွားသည်။သတင်းမီဒီယာတွေလည်း သွေးလွန်တုပ်ကွေး ဆောင်ရန်ရှောင်ရန်တွေ ထည့်သွင်းတင်ပြလာကြတော့ တော်ရုံတန်ရုံ ပညာမတတ်တဲ့  မိဘတွေတောင် သားသမီးတစ်ခုခု ဖြစ်ပြီဆိုရင်
သွေးလွန်တုပ်ကွေးလေ လား ဆိုပြီး သံသယပွားကာ ဆေးခန်းကို အပြေးမြန်မြန် နဲ့  မနှေးဧကန် ရောက်ချလာကြသည်။ဆေးရုံတက်ရမှာ ကြောက်သည်လည်း ပါတာပေါ့။


ကိုယ်တွေလည်း ကျန်းမာရေးဝန်ထမ်း တစ်ယောက်ဆိုတော့ ဒီရာသီရောက်ပြီ ဆိုရင် ရာသီပေါ် သွေးလွန်တုပ်ကွေးကို အမြဲတမ်း သတိပြုရသည်။ ကလေး တွေ ဖျား နာပြီး ရောက်လာပြီ ဆိုရင် လက်လွတ်စပယ် မလုပ်ရဲ။
သွေးလွန်တုပ်ကွေး လေလား ဆိုပြီး ဦးစားပေးထားကာ ကြည့်ရှုကုသရသည်။ မိုးရာသီ ဝင်ကာစဆိုတော့ စွတ်စိုထိုင်းမှိုင်းတော့ ရိုးရိုး အာဂန္တု တုပ်ကွေး များလည်း ဖြစ်ကြသည်။
တုပ်ကွေး တိုင်း လို လို ဖျားတာချင်းတူပေမယ့်  သွေးလွန်တုပ်ကွေးကတော့ နာမည် နဲ့ လိုက်စွာ သွေး ထွက် သွေးလွန်ကြသည်။သွေးထဲမှာ ရှိသည် platelet ဆိုသည့် သွေးခဲ အောင် လုပ်ပေးသည့် ပစ္စည်းတစ်မျိုးကို ထိတော့
ကလေးတွေ သွေးအန် သွေးဝမ်းသွားကြ အရေပြားမှာ သွေးချေဥသလို ဒဏ်ရာမျိုးတွေ ရပြီး နောက်ဆုံး အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်နိုင်သည့် တုပ်ကွေး။ ကလေး တစ်ယောက် ဖျားပြီး ဆေးခန်းလာပြပြီဆိုလျှင် သွေးလွန်တုပ်
ကွေးရဲ့  ရောဂါ လက္ခဏာတွေ ဆောင်ရန်ရှောင်ရန်တွေပါ သေချာမှာရသည်။ကိုယ်မမှာလည်း မပူနဲ့ မိဘတိုင်းနီးနီးလိုက စိုးရိမ်ပြီး မေးမှာ အသေအချာပဲ။ အဓိကကတော့ ကာကွယ်ရေး ကို ဦးတည်ပြီး ပြောရသည်။ ဖုံးသွန်လဲစစ် ခပ်လောင်းထောင်မြုပ်
ဖွင့်ရှင်းမှုတ် ဆိုပြီး အလွယ်နည်းနဲ့ ပညာပေးရသည်။ဟုတ်တယ်လေ ဖြစ်မှ ကုရတာထက်စာရင် မဖြစ်ခင် ကြိုတင်ကာကွယ်တာက ပိုမထိရောက်ပေဘူးလား။ အရင်တစ်ခါက သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံတက်ဖူးလို့ နောက်တစ်ခါ သွေးလွန်တုပ်ကွေး မဖြစ်
ဘူးလို့ လည်း မသတ်မှတ်လေနဲ့ ။ ဒီဗိုင်းရပ်စ် ပိုးက အမျိုးအဆွေ တွေများသည်။ မျိုးကွဲ လေးမျိုးလောက်ရှိသည်။ ဒီနှစ်ကို ဗိုင်းရပ်စ်အကိုကြီး ဝင်ရင် နောက်နှစ် ဗိုင်းရပ်စ်ညီလေး အလှည့် ဆိုပြီး သွေးလွန်တုပ်ကွေး ထပ်ဖြစ်နိုင်သည်။
ပြီးတော့ သွေးလွန်တုပ်ကွေးက ကလေး တွေမှာ အဖြစ်များသည်။အထူးသဖြင့်တော့ ၁၅ နှစ်အောက်တွေ ဆိုပေမယ့် ကိုယ်တွေကတော့ အသက် ၁၇ နှစ် အရွယ် ကလေးမလေး သွေးလွန်တုပ်ကွေး ဖြစ်ပြီး
ဆေးရုံရောက်လာတာတွေ့ ဖူးသည်။ ဒီတော့ အသက်၁၈ နှစ်အောက်
တွေ ဖျားပြီ နာပြီဆိုလျှင် ကိုယ့်မှာ မပေါ့ရဲဘူး။လူနာတွေက ပေါ့ရင်တောင်ကိုယ်က မပေါ့ရဲ ဘူး။ မိဘတွေကိုလည်း သေချာမှာရသည် ကော်ဖီရောင်တွေ အန်ရင် ဝမ်းမည်းမည်းတွေ ဒါမှမဟုတ် ဝမ်းထဲမှာ သွေးတွေပါရင် အရေပြားပေါ်မှာ သွေးချေဥသလို အကွက်အကွက်
တွေ ပေါ်လာရင် ဗိုက်အရမ်းအောင့်လာရင် ခြေဖျားလက်ဖျားတွေ အေးပြီး ချွေးစေးတွေ ပြန်လာရင် သတိလစ်သွားရင် အရေးကြီးတယ် ဆေးရုံဆေးခန်းကို မြန်မြန်ပြေး သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ် ဆိုပြီး သေချာမှာထားရသည်။


ပြီးတော့ မန္တလေး ဆိုတာကလည်း ဖုန်ထူခြင်ကိုက် ပူအိုက်ရေဝေးဆိုသည့်
အတိုင်း ခြင်နဲ့ လူဦးရေ အချိုးချကြည့်စရာမလိုအောင်ကို ခြင်က ပေါလှသည်။ပြီးတော့ ရာသီကလည်း ကျောင်းဖွင့်ရာသီ။
ဒီ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် ကို သယ်ဆောင်ထားတဲ့ ခြင်က လည်း ရိုးရိုးခြင်မဟုတ် ကျားနဲ့ စပ်မွေးထားသလား အောက်မေ့ရသည့် ခြင်ကျား။ဒီကောင်က အသန့် အရှင်းကလည်း ကြိုက်သည်။ ရေကြည် ရေသန့်မှာ ပေါက်တာကိုး။
ခြုံခိုတိုက်ခိုက်မှု တွေလည်း လုပ်တတ်သည်။ သစ်ပင် ခြုံပုတ် ထူထပ်သောနေရာတွေမှာ ခိုအောင်းနေတတ်သည်။ ပြီးတော့ ညသန်းခေါင်သန်းလွဲမှ အိပ်ရေးပျက်အောင် ထမကိုက်တတ်။နေ့လည်နေ့ခင်း လင်းလင်းချင်းချင်း အချိန်မှာ
ဝင်ဆော်တတ်သည်။ ကျောင်းသားကျောင်းသူ ကလေး အရွယ်တွေ ကျောင်းစာသင်ခန်းထဲမှာ စာသင်ရင်လည်း ဒီကောင်က ဝင်ဆော်သွားတတ်သည်။ ဒီတော့ မိဘတွေ ခမျာ ကျောင်းအပ်ရင် ကိုယ့်သားသမီး ဆရာဆရာမ မျက်စိရှေ့ 
တင် ထားချင်တာ ရှေ့ ဆုံးခုံမှာ ထားချင်တာ ချောင်ကျသည့် နေရာတွေကို ရှောင်ရှားခြင် ကျတာ ဒီခြင်ကျားကြောင့်လည်း ပါလောက်သည်။ ဟုတ်တော့ဟုတ်သည်။ ကိုယ့်ကလေး နေတဲ့ကျောင်းက ခြင်ဆေး ဖြန်းထားခြင်းလည်း မရှိ။
စာသင်ရမယ့်အခန်းကလည်း မှောင်နဲ့ မည်းမည်း လေဝင်လေထွက် ကောင်းကောင်းမရှိ။ ထိုင်ရမည့်  ခုံနေရာကလည်း နောက်ဆုံး တန်း ချောင်ကလည်း ကျသေးဆိုလျှင်တော့ ခြင်ကျား နဲ့  တွေ့ မည်သာမှတ်ပေတော့။


ကျောင်းမှာ ကျောင်းသားကျောင်းသူတစ်ယောက် သွေးလွန်တုပ်ကွေး ဖြစ်ပြီဆိုရင်လည်း နောက်ထပ် ကျောင်းသားကျောင်းသူတွေပါ သွေးလွန်တုပ်ကွေး ဖြစ်ဖို့ ရာ ရာခိုင်နှုန်းတော်တော်များသွားသည်။ ဒါကြောင့် မိမိနေတဲအိမ် ကျောင်း သန့်ရှင်းဖို့ ရာ
အရေးကြီးလှသည်။ ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သန့်ရှင်းရေးတွေ မှန်မှန် လုပ်သင့်သည်။ ခြင်ဆေးတွေ ဖြန်းသင့်သည်။ အိမ်နား ကျောင်းနား ဝန်းကျင် ခြင်ခိုအောင်းနေနိုင်သည့် ရေအိုင်တွေ မြောင်းတွေရှိရင်လည်း ဖို့ တာတွေ မြောင်းရေစီးရေ
လာကောင်းအောင် လုပ်သင့်သည်။ ခြုံပုတ်တွေ ရှိရင်လည်း ရှင်းလင်းပေးရမည်။ ရေဝပ်နိုင်သည့် အရာတွေရှိလျှင်လည်း ရှင်းလင်းထားသင့်သည်။ ဘုရားပန်းအိုး သောက်တော်ရေအိုး သနပ်ခါးရေခွက်က အစ အုတ်ကန် ရေကန် မိုးရေလှောင်ကန် အဆုံး ပိုးလောက်လန်းတွေ မပေါက်ပွားနိုင်အောင် ဆေးခပ်ထား
သင့်သည် ဂရုစိုက်ပြီး ရေလဲပေးသင့်သည်။ လုံခြုံအောင် ဖုးံအုပ်ထားသင့်သည်။ပြီးတော့
အိမ်နား ကျောင်းနား ဝန်းကျင်မှာ ရေဝပ်နိုင် ရေအိုင်နိုင် ရေစုနိုင်တဲ့ ကားတာယာတွေ ပုလင်းကွဲ ပန်းကန်ကွဲတွေက အစ
စနစ်တကျ ရှင်းလင်းသင့်ရှင်းလင်း မြေမြုပ်သင့်မြုပ်။ ဒါကတော့ ကိုယ်လုပ်နိုင်တာလေးတွေပေါ့။ အိမ်ကို ခြင်လုံဇကာ တပ်ပါတို့  ဘာတို့ ကျတော့ ကိုယ်တွေကပိုက်ဆံတတ်နိုင်အုံးမှကိုး။ ခြင်ထောင်တွေကို ဆေးစိမ်ပါဆိုတာကလည်း
စည်ပင်တို့ မိခင်ကလေးတို့ က စီမံချက်နဲ့ လာစိမ်ပေးမှပဲ။ကိုယ့်ဘာသာကိုယ် ဆိုလို့ ကတော့ စိမ်ဖို့ ရာ မစဉ်းစားဘူး။ ခြင်မကိုက်အောင် ခြင်ဆေးထွန်းပါဆိုတာကလည်း ခြင်ရေးထက် မီးရေးထိန်းရေးက စိုးရိမ်ရသေးသည်။အခုနောက်ပိုင်းတော့ ခြင်ပြေးစက်လေးတွေ ပေါ်လာ
တော့ မီးရေးထိန်းရေးတော့ နည်းနည်း စိတ်ချသွားရသည်။ဒါတောင် ဒီကောင်တွေက လျှပ်စစ်မီးရှိအုံးမှ သုံးနိုင်မည်။
ကျောင်းသားလေးတွေ ကျောင်းသွားပြီဆိုလျှင်လည်း မိဘတွေက လုံလုံခြုံခြုံဝတ်စားပေးလိုက်သင့်သည်။ ကိုယ့်သားသမီးကို လှချင်စေလိုတဲ့ စေတနာနဲ့  အတိုအပြတ်နဲ့ သာ ကျောင်းလွှတ်လိုက်ကတော့ ဟိုက ခြင်ကျားက သားသားသိပ်ကြိုက်ဆိုပြီး ဖြစ်သွားမည်။
ကျောင်းပိတ်ရက် နေ့လည်နေ့ခင်း ကလေးတွေ အိမ်မှာ အိပ်ပြီဆိုရင်လည်း ခြင်ထောင် နဲ့  စနစ်တကျ အိပ်ခိုင်းသင့်သည်။


ဒီရာသီမှာ ကလေးတစ်ယောက် ဖျားတာလည်း ကြာလာပြီဆိုရင် ဆရာဝန်တစ်ယောက်ကျန်းမာရေးဝန်ထမ်းတစ်ယောက် အနေနဲ့ ကတော့ သွေးလွန်တုပ်ကွေး ဟုတ်မဟုတ် အဓိကထား စစ်ဆေးဖို့ လိုလာပြီ။
သွေးလွန်တုပ်ကွေးလို့ သေချာရင်လည်း နီးစပ်ရာ ဆေးရုံကို သွားပြဖို့  ညွှန်ပေတော့ပဲ။ timely referral ဟာ သွေးလွန်တုပ်ကွေးမှာ အရမ်းအရေးကြီးသည်။ အချိန်နှင် တစ်ပြေးညီ ကုသနိုင်မှ အလေအလွင့် အဖိတ်အစင်နည်းမည်။
မဟုတ်လို့ ကတော့ ဖုတ်လှိုက်ဖုတ်လှိုက် ဘဝရောက်မှ ဆေးရုံရောက်လာလို့ ကတော့ သိကြားမင်းဆင်းကယ်တောင် မနိုင်ဘူး ဖြစ်သွားမည်။ ဆေးရုံရောက်ပြီဆိုရင်လညး စိတ်ကို ဒုံးဒုံးချထားလို့ မရဘူး။ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ
ခမျာ close monitoring လုပ်ကြရသည်။ကိုယ်တွေ ဟောက်စ် ဆာဂျင်ဆင်းတုန်းကတော့ ဆေးရုံကို သွေးလွန်တုပ်ကွေးလူနာ လာပြမှာ အရမ်းကြောက်သည်။ အဲဒီလို လူနာ တစ်ယောက်လောက်ရှိလို့ ကတော့
ည လည်း ကောင်းကောင်းမအိပ်ရ monitoring သွားသွားလုပ်ရသည်။ သွေးပေါင်ချိန်ကျသွားသလား သွေးခုန်နှုန်းတွေ မြန်လာသလား ဒါတွေက သေချာ monitoring လုပ်မှ သိနိုင်မည်။ပြီးတော့ ကလေးလူနာရဲ့ သွေးကိုလည်း လေးနာရီ ဒါမှမဟုတ်
ခြောက်နာရီ တစ်ခါ ဖောက်ပြီး ဖန်ပြွန်သေးသေးလေးနဲ့ ယူပြီး PCV လုပ်ရသည်။အဲဒီလိုအချိန်ဆို ကလေးလူနာတွေကိုလည်း သနားသည်။ကလေးမိဘတွေကိုလည်း မျက်နှာပူသည်။ သူတို့ သားသမီးအတွက် လုပ်ပေးပေမယ့်လည်း တချို့  စေတနာနားမလည်တဲ့
မိဘတွေက ဆရာတို့ကလည်း သွေးလောက်ပဲ လာလာ ဖောက်နေတာပဲ ဆိုပြီး မျက်စောင်းထိုးခံရသည်။ဟုတ်တော့လည်း ဟုတ်ပါသည်။ သူတို့ သားသမီးကို အပ်နဲ့ ဖောက်ပြီး သွေးတွေ ယူ တာ ပြီးတော့ ကလေးက နာလို့ တအားငိုနေတာတွေကို
ဘယ်မိဘ က ကြည့်ရက်ပါ့မလဲ ။ ဒါပေမယ့် ကိုယ်တွေမှာကတော့ တာဝန်ဝတ္တရားအရ ကောင်းစေလိုသော စေတနာလေးထားပြီး လုပ်ကြရသည်။ဆေးရုံကို အချိန်မှီရောက်လာတဲ့ သွေးလွန်တုပ်ကွေးလူနာတွေကတော့ များသောအားဖြင့်
ကောင်းတာတွေ များသည်။ဒီလို မဟုတ်ပဲ အိမ်မှာတင်ကြိတ်ကုပြီး ဆရာမနိုင်မှ ရောက်လာလို့ ကတော့ သေဖို့ ရာများသွားပြီ။မသေရင်တောင် ဆရာဝန်တွေ ဆရာဆရာမတွေ ခမျာ သေတွင်းထဲကနေ ခက်ခက်ခဲခဲ ဆွဲထုတ်ပေးကြရသည်။မိဘတွေ ကျန်းမာရေး
ဝန်ထမ်းတွေ ရဲ့ ပေါ့လျော့မှုတွေကြောင့် နိုင်ငံရဲ့ အနာဂတ်လေးတွေ အဖိတ်အစင် မဖြစ်စေချင်လိုဘူး။ ကုသရေးထက် ကာကွယ်ရေးဟာ သွေးလွန်တုပ်ကွေး မှာ အရေးကြီးဆုံးပဲ ဆိုတာ လူကြီးမိဘတိုင်းနားလည်စေချင်တယ်ဗျာ။


ဒီစာစုလေးကို ကိုယ်သိသလောက်တတ်သလောက် ပညာလေးနဲ့ ရေးလိုက်ရပါတယ်။ဒီလို အချိန်
ဒီလို ရာသီမှာ ကိုယ့်ရဲ့  သားသမီးကလေးငယ်တွေ တူတူမလေးတွေ ဖျားပြီ နာပြီ ဆိုလျှင် မပေါ့ စေလို့ တဲ့ စေတနာလေးထားပြီး ရေးလိုက်ရပါတယ်။လိုအပ်ချက်တွေ လည်း ဒီစာစုထဲမှာ
ပါကောင်းပါနိုင်ပါတယ်။ မှားတာများ ရှိရင်လည်း ထောက်ပြဆုံးမ နိုင်ပါတယ်.။အားလုံး ကျန်းမာချမ်းသာကြပါစေ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...