Monday, June 3, 2013

မမ်မတ်သ်ဆင်များ မွေးထုတ်ပေးရန် သုတေသနပညာရှင်များ မျှော်လင့်

လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀၀၀)ကျော်က ရေခဲသင်္ချိုင်းမြေတွင် နစ်မြုပ်နေခဲ့ပြီး ယခုအခါ မျိုးသုဉ်း ပျောက်ကွယ်သွားပြီဖြစ်သည့် မမ်မတ်သ်ဆင်ကြီး တစ်ကောင်၏ ရုပ်အလောင်းအတွင်း သွေးနှင့် ကြွက်သား တစ်သျှူးများကို ရရှိခဲ့သည့်နောက် ယင်းတို့ကို DNAနည်းဖြင့် ပုံတူမျိုးပွားကာ ကမ္ဘာမြေပေါ် ပြန်လည် ဆောင်ကြဉ်းလာရန် ပညာရှင်များက မျှော်လင့်နေ

ရုရှားနှင့် တောင်ကိုရီးယား သုတေသန ပညာရှင်များသည် အေးခဲနေသည့် ရှေးဟောင်း ရေခဲခေတ် မွေးထူ မမ်မတ်သ်ဆင်ကြီး တစ်ကောင်ထံမှ သွေးနှင့် တစ်သျှူးများကို အသုံးပြုပြီး ယနေ့ခေတ် မမ်မတ်သ်ဆင်များ မွေးထုတ်ပေးရန် မျှော်လင့်နေကြောင်း သိရှိရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀၀၀)ကျော်က ရေခဲသင်္ချိုင်းမြေတွင် နစ်မြုပ်နေခဲ့ပြီး ယခုအခါ မျိုးသုဉ်း ပျောက်ကွယ်သွားပြီဖြစ်သည့် မမ်မတ်သ်ဆင်ကြီး တစ်ကောင်၏ ရုပ်အလောင်းအတွင်း သွေးနှင့် ကြွက်သား တစ်သျှူးများကို ရရှိခဲ့သည့်နောက် ယင်းတို့ကို DNAနည်းဖြင့် ပုံတူမျိုးပွားကာ ကမ္ဘာမြေပေါ် ပြန်လည် ဆောင်ကြဉ်းလာရန် ပညာရှင်များက မျှော်လင့်နေသည်။ 

ဆိုက်ဘေးရီးယား မြောက်ဘက်ကမ်းခြေရှိ နိုဗိုဆိုင်ဘရစ်ကျွန်းတွင် ယခုဆင်ကြီး၏ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆင်မကြီးသည် နွံတောတစ်ခုထဲ ခြေကျွံ နစ်မြုပ်နေရာမှ သေဆုံးသွားပြီး ရေခဲများအောက်တွင် အလုံးအထည်မပျက် နစ်မြုပ် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် တောင်ကိုရီးယား သုတေသီ အချို့ကလည်း ကမ္ဘာပေါ်တွင် မမ်မတ်သ်ဆင်များ ပြန်လည် ပေါက်ဖွား ရှင်သန်လာရေး မျှော်လင့်ချက်အတွက် ကြိုးပမ်းမှုများ ပြုလုပ်နေသည်။ ယခုတစ်ကြိမ် ဆိုက်ဘေးရီးယားတွင် တွေ့ရှိသော ရုပ်အလောင်းမှာမူ ရှာဖွေ ဖော်ထုတ်နိုင်သမျှ မမ်မတ်သ်ဆင် အလောင်းများအနက် အပြည့်စုံဆုံး ထိန်းသိမ်းထားနိုင်သည့် အခြေအနေမျိုးဟု သိရသည်။

ထိုဆင်မကြီး သေဆုံးချိန်တွင် အသက်(၅၀)နှင့် (၆၀)ကြား ရှိနေပြီး သွေးနှင့် ကြွက်သား တစ်သျှူးများမှာ အကောင်းပကတိနီးပါး အခြေအနေမျိုး ဖြစ်နေကြောင်း ရုရှား သုတေသီများက ဆိုသည်။ ယင်းတို့အနက် အချို့ကို DNAနည်းစနစ်ဖြင့် မွမ်းမံမှုများ ပြုလုပ်ရန်အတွက် တောင်ကိုရီးယား ပညာရှင်များထံ လက်လွှဲပေးအပ်ထားခဲ့သည်။ Jurassic Park ရုပ်ရှင် ဇာတ်ကားထဲမှ ဒိုင်နိုဆောများကို DNAဖြင့် ပြန်လည် အသက်သွင်း ဖန်တီးမှုမျိုးကဲ့သို့ပင် မမ်မတ်သ်ဆင်များကို လက်တွေ့ ပြန်လည် အသက်သွင်းရန် သုတေသီများက မျှော်လင့်နေသည်။

ရုရှား သုတေသီ ဆမ်ယွန် ဂရီဂေါ်ရိဗ်က "မမ်မတ်သ်ဆင်ရဲ့ သွေးရော၊ တစ်သျှူးတွေပါ တွေ့ခဲ့ရတော့ ကျွန်တော်တို့ တော်တော်ကြီး အံ့ဩသွားမိတယ်"ဟု ဆိုသည်။ ၎င်းက "ဒီအချက်ကြောင့် ကျွန်တော်တို့ အနေနဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး၊ အပြည့်စုံဆုံး မမ်မတ်သ်ဆင် DNAထိန်းသိမ်းမှုကို ရနိုင်ခဲ့တယ်"ဟုလည်း ပြောကြားသွားသည်။ ပညာရှင်များအနေဖြင့် မမ်မတ်သ်ဆင် သန္ဓေသားလောင်းများကို ဖန်တီးကာ ယနေ့ခေတ် ဆင်မများ၏ သားအိမ်တွင် ထည့်သွင်း ကိုယ်ဝန်ဆောင် ပေါက်ဖွားစေမည့် နည်းလမ်းမျိုးအတွက် လက်တွေ့ ဖြစ်မြောက်အောင် ကြိုးစားနေဆဲဟု သိရှိရသည်။ 

Planet Myanmar Network

လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀၀၀)ကျော်က ရေခဲသင်္ချိုင်းမြေတွင် နစ်မြုပ်နေခဲ့ပြီး ယခုအခါ မျိုးသုဉ်း ပျောက်ကွယ် သွားပြီဖြစ်သည့် မမ်မတ်သ်ဆင်ကြီး တစ်ကောင်၏ ရုပ်အလောင်း အတွင်း သွေးနှင့် ကြွက်သား တစ်သျှူးများကို ရရှိခဲ့သည့်နောက် ယင်းတို့ကို DNAနည်းဖြင့် ပုံတူမျိုးပွားကာ ကမ္ဘာမြေပေါ် ပြန်လည် ဆောင်ကြဉ်းလာရန် ပညာရှင်များ က မျှော်လင့်နေ

ရုရှားနှင့် တောင်ကိုရီးယား သုတေသန ပညာရှင်များသည် အေးခဲနေသည့် ရှေးဟောင်း ရေခဲခေတ် မွေးထူ မမ်မတ်သ်ဆင်ကြီး တစ်ကောင်ထံမှ သွေးနှင့် တစ်သျှူးများကို အသုံးပြုပြီး ယနေ့ခေတ် မမ်မတ်သ်ဆင်များ မွေးထုတ်ပေးရန် မျှော်လင့်နေကြောင်း သိရှိရသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀၀၀)ကျော်က ရေခဲသင်္ချိုင်းမြေတွင် နစ်မြုပ်နေခဲ့ပြီး ယခုအခါ မျိုးသုဉ်း ပျောက်ကွယ်သွားပြီဖြစ်သည့် မမ်မတ်သ်ဆင်ကြီး တစ်ကောင်၏ ရုပ်အလောင်းအတွင်း သွေးနှင့် ကြွက်သား တစ်သျှူးများကို ရရှိခဲ့သည့်နောက် ယင်းတို့ကို DNAနည်းဖြင့် ပုံတူမျိုးပွားကာ ကမ္ဘာမြေပေါ် ပြန်လည် ဆောင်ကြဉ်းလာရန် ပညာရှင်များက မျှော်လင့်နေသည်။

ဆိုက်ဘေးရီးယား မြောက်ဘက်ကမ်းခြေရှိ နိုဗိုဆိုင်ဘရစ်ကျွန်းတွင် ယခုဆင်ကြီး၏ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆင်မကြီးသည် နွံတောတစ်ခုထဲ ခြေကျွံ နစ်မြုပ်နေရာမှ သေဆုံးသွားပြီး ရေခဲများအောက်တွင် အလုံးအထည်မပျက် နစ်မြုပ် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် တောင်ကိုရီးယား သုတေသီ အချို့ကလည်း ကမ္ဘာပေါ်တွင် မမ်မတ်သ်ဆင်များ ပြန်လည် ပေါက်ဖွား ရှင်သန်လာရေး မျှော်လင့်ချက်အတွက် ကြိုးပမ်းမှုများ ပြုလုပ်နေသည်။ ယခုတစ်ကြိမ် ဆိုက်ဘေးရီးယားတွင် တွေ့ရှိသော ရုပ်အလောင်းမှာမူ ရှာဖွေ ဖော်ထုတ်နိုင်သမျှ မမ်မတ်သ်ဆင် အလောင်းများအနက် အပြည့်စုံဆုံး ထိန်းသိမ်းထားနိုင်သည့် အခြေအနေမျိုးဟု သိရသည်။

ထိုဆင်မကြီး သေဆုံးချိန်တွင် အသက်(၅၀)နှင့် (၆၀)ကြား ရှိနေပြီး သွေးနှင့် ကြွက်သား တစ်သျှူးများမှာ အကောင်းပကတိနီးပါး အခြေအနေမျိုး ဖြစ်နေကြောင်း ရုရှား သုတေသီများက ဆိုသည်။ ယင်းတို့အနက် အချို့ကို DNAနည်းစနစ်ဖြင့် မွမ်းမံမှုများ ပြုလုပ်ရန်အတွက် တောင်ကိုရီးယား ပညာရှင်များထံ လက်လွှဲပေးအပ်ထားခဲ့သည်။ Jurassic Park ရုပ်ရှင် ဇာတ်ကားထဲမှ ဒိုင်နိုဆောများကို DNAဖြင့် ပြန်လည် အသက်သွင်း ဖန်တီးမှုမျိုးကဲ့သို့ပင် မမ်မတ်သ်ဆင်များကို လက်တွေ့ ပြန်လည် အသက်သွင်းရန် သုတေသီများက မျှော်လင့်နေသည်။

ရုရှား သုတေသီ ဆမ်ယွန် ဂရီဂေါ်ရိဗ်က "မမ်မတ်သ်ဆင်ရဲ့ သွေးရော၊ တစ်သျှူးတွေပါ တွေ့ခဲ့ရတော့ ကျွန်တော်တို့ တော်တော်ကြီး အံ့ဩသွားမိတယ်"ဟု ဆိုသည်။ ၎င်းက "ဒီအချက်ကြောင့် ကျွန်တော်တို့ အနေနဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး၊ အပြည့်စုံဆုံး မမ်မတ်သ်ဆင် DNAထိန်းသိမ်းမှုကို ရနိုင်ခဲ့တယ်"ဟုလည်း ပြောကြားသွားသည်။ ပညာရှင်များအနေဖြင့် မမ်မတ်သ်ဆင် သန္ဓေသားလောင်း များကို ဖန်တီးကာ ယနေ့ခေတ် ဆင်မများ၏ သားအိမ်တွင် ထည့်သွင်း ကိုယ်ဝန်ဆောင် ပေါက်ဖွားစေ မည့် နည်းလမ်းမျိုးအတွက် လက်တွေ့ ဖြစ်မြောက်အောင် ကြိုးစားနေဆဲဟု သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...