Wednesday, June 19, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၆)

သစ်ထူးလွင်



Posted: 18 Jun 2013 09:03 PM PDT
လူသားတို့သည် အတိတ်ကို တူးဆွလိုသော ဆန္ဒမရှိကြပေ။ အနာ ဂတ်၏ လားရာဘက်သည် ဖြောင့် ဖြူးသာယာသော ခရီးလမ်းများသာ ဖြစ်လိုကြသည်။ လူသားတို့ အသက် ရှင်နေကြ ရသည်မှာ သဘာဝတရား၏ ဆန်းပြားသော ပြုပြင်ပြောင်းလဲခြင်း များနှင့်အတူ နံနက်တစ်နပ်စာ၊ ညနေ တစ်နပ်စာတည်းဟူသော ထမင်းနှစ် နပ်စားသောက်နိုင်ရေးအတွက် လှုပ် ရှားရုန်းကန်နေကြသူများသာ ဖြစ် သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 08:53 PM PDT
ဇွန်လ (၁၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 08:51 PM PDT
ဇွန်လ (၁၉)ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 08:47 PM PDT
မလေးရှားမှာ စာရွက်စာတမ်း အထောက်အထားမဲ့ နေထိုင်သူတွေနဲ့ တရားမဝင် ရောက်နေတဲ့ မြန်မာအလုပ်သမား တွေကို တရားဝင် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ မလေးရှားအစိုးရကို ဆက်လက် တိုက်တွန်းမယ်လို့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောကြားလိုက်ပါတယ်။ အလုပ်သမားတွေရဲ့ အခေါ်အဝေါ်ဖြစ်တဲ့ အောက်လမ်းက သွားတဲ့သူ၊ တောင်ကျော်သွားတဲ့သူဆိုတဲ့ တရားမဝင် မလေးရှားကို ရောက်နေတဲ့သူတွေကို တရားဝင်နိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ရေးအတွက် မြန်မာဘက်က မလေးရှား အစိုးရကို တိုက်တွန်း ထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာ ပါ့စ်ပို့ထ် ပထမ စာမျက်နှာ

Posted: 18 Jun 2013 08:43 PM PDT
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ရှစ်ယောက် ဟာ မနေ့ က လန်ဒန် ကို ရောက်လာတဲ့ နေ့ မှာပဲ ဘီဘီစီ ကမ္ဘာတလွား ရုပ်မြင်သံကြား နဲ့ အသံလွှင့် ဌာန ကို ရောက်လာ ခဲ့ပြီး မြန်မာ နိုင်ငံ ရဲ့ လတ်တလော အခြေအနေ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကြမ်း၊ မြန်မာ့ အနာဂတ် စတာတွေ ကို ဘီဘီစီ သတင်းဌာန တွေ က တွေ့ဆုံမေးမြန်းမှု ပြုခဲ့ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


၈၈ ကျောင်းသား အဖွဲ့ ကို ဘီဘီစီ မေးမြန်း

Posted: 18 Jun 2013 08:36 PM PDT
၁၈.၆.၂၀၁၃ရက်နေ့ ၂၃၀၀ အချိန် လေဆိပ်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်သက်လွင်သည် လမ်းကြောင်း လုံခြုံရေးတာဝန် ဆောင်ရွက်ပြီး လေဆိပ်နယ်မြေ ရဲစခန်းသို့ပြန်ရန်အတွက်
VIP ၀င်ပေါက်ဝဘေး လမ်းတစ်ဖက်တွင် ဆိုင်ကယ်အား ခွလျက်ရှိနေစဉ် လေဆိပ်ပြည်တွင်းဝင်ပေါက်ဘက် မှမောင်းနှင်ထွက်လာသော TAXIယာဉ်မှ ၎င်းအား တိုက်မိ ထွက်ပြေးသဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 08:14 PM PDT
ရခိုင်အဆိုတော်ဒိုးအ်ရီဇနီး မဥမ္မာထွန်း(၃၂)နှစ် အား ၁၇-၆-၂၀၁၃ နေ့ ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်ရှိ ၄င်းတို့၏ အိမ်အနီးတွင် မျက်နှာချင်းဆိုင် နေအိမ်မှ မောင်တော(ခ) လပြည့် (၃၅)နှစ်(ဘ) ဦးသိန်းထွန်း မှ ဓားဖြင့် ထိုးသတ်ခဲ့သဖြင့် သေဆုံးခဲ့ရသည်။ အဆိုပါ မှုခင်း မဖြစ်ပွားမီ တစ်ရက်ခန့် ညနေပိုင်းတွင် ရခိုင် အဆိုတော် ဒိုးအ်ရီအိမ်၏ မျက်နှာချင်းဆိုင်အိမ် (တရားခံနေအိမ်)မှ မိသားစုဝင်များ ဖြစ်ကြသော ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 18 Jun 2013 05:59 PM PDT
ငွေစက္ကူ အတုများကို လက်ဝယ်ထားရှိ သုံးစွဲမိသူ ကားပွဲစားတစ်ဦးအား တာမွေရဲစခန်းက ဇွန် ၁၆ ရက်တွင် အမှုဖွင့် စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် ကားပွဲစားတစ်ဦးဖြစ်သူ ဦးခင်မောင်မြင့်က သူရရှိထားသော ငွေအချို့ ကို ငွေစက္ကူအတုဟု သံသယရှိသဖြင့် ဇွန် ၄ ရက်တွင် တာမွေမြို့နယ် မလွှကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် အပ်နှံခဲ့သည်ဟု ရဲဌာန၏ မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Jun 2013 05:52 PM PDT
အာဖဂန်နစ္စတန်မှာ လုံခြုံရေးတာဝန်တွေကို နေတိုးတပ်ဖွဲ့ဝင်တွေဆီကနေ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက တရားဝင်လွှဲ ပြောင်းယူလိုက်ပါပြီ။ တာဝန် လွှဲပြောင်းတဲ့ အခမ်းအနားမှာ အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ဒီအချိန်ဟာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ သမိုင်းဝင် ကာလတခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အာဖဂန်တပ်ဖွဲ့တွေ နိုင်ငံလုံခြုံရေး တာဝန်လွှဲယူ

Posted: 18 Jun 2013 05:33 PM PDT
အာဖဂန်နိုင်ငံမှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်ပွဲကို အဆုံးသတ်နိုင်မယ့် ဘောင်တစ်ခု ချမှတ်နိုင်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ တာလီဘန်တို့နဲ့ တရားဝင် ညှိနှိုင်းဆွေးနွေးဖို့ အမေရိကန်ပြည်ထောင်စုက စီစဉ်ထားပါတယ်။ ဆွေးနွေးပွဲကို ကာတာနိုင်ငံ Doha မြို့တော်မှာ ကြာသပတေးနေ့ကျရင် စတင်ကျင်းပမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 05:29 PM PDT
ဇွန်လ (၁၇)ရက်နေ့ ထုတ်  စီးပွားရေး သတင်းဂျာနယ် အတွဲ (၁၃) အမှတ် (၂၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 05:20 PM PDT
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်းက ရိုဟင်ဂျာ မွတ်ဆလင်တွေ အပါအ၀င် မွတ်ဆလင် လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အတော်လေး စိုးရိမ်မကင်း ဖြစ်ရတယ်ဆိုတာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေး ခဲ့ကြပါတယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့နဲ့ မတူကွဲပြား မှုတွေကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကိုလည်း မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို တိုက်တွန်း သွားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လူ့အခွင့်ရေးကောင်စီ အစည်းအဝေးကျင်းပနေစဉ်။

Posted: 18 Jun 2013 05:10 PM PDT
မကြာသေးခင်က မလေးရှားနိုင်ငံတွင်း မြန်မာနိုင်ငံ သားချင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူသေဆုံး ရတဲ့အထိ ဖြစ်ခဲ့တဲ့ အတွက် လုံခြုံရေး စိုးရိမ်ရလို့ မလေးရှားနိုင်ငံကို အလုပ်သမား စေလွှတ်မှုကို ခေတ္တ ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားရေး ဝန်ကြီးဌာနက ဒီကနေ့ ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အလုပ်သမားတွေ အတွက်လည်း အလုပ် အကိုင်တွေ စီစဉ်ပေးနေ တယ်လို့ အလုပ်သမား ဝန်ကြီးဌာန ပြောခွင့်ရ ရုံးအဖွဲ့မှူးက ဗွီအိုအေကို ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ၏




Posted: 18 Jun 2013 08:43 AM PDT
နယ်စပ်က စခန်းတစ်ခုကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁ဝဝ ကျော်ကို ထိုင်းနိုင်ငံ တပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအစိုးရ သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ သူတို့ကို မဲဆောက်မြို့မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ဒီဖမ်းဆီးလိုက်တဲ့ မြန်မာတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်ကြောင်း၊ ဒါပေမယ့် တရားဝင် စာရွက်စာတမ်းကိုင်ဆောင်ထားတာ မရှိကြောင်းလည်း သတင်းမှာ ရေးသားထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပြီးခဲ့တဲ့ နှစ် က ထိုင်းနယ်စပ်မှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား တချို့ အားတွေ့ ရစဉ်

Posted: 18 Jun 2013 08:34 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံး ပြုပြင်မယ်ဆိုရင် ရှေ့နောက်မညီတဲ့ ပုဒ်မတစ်ခု ချင်းစီကို စပြီး ပြုပြင်ရမယ်လို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့(UNA)တို့နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြား လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 08:31 AM PDT
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၈)ရပ်ကွက်မှာ ရွေနဂါးမင်းကုမ္ပဏီက သိမ်းယူထားတဲ့ (၄၄၆) ကျုံမနာကွင်းက လယ်ဧက ၁ဝဝ ကျော်မှာ လယ်သမား ၁၃ ဦးက လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့် ရရှိဖို့အတွက် ဒီကနေ့ ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။ လယ်သမားတွေဟာ သိမ်းယူထားတဲ့ လယ်ယာမြေတွေနားမှာတဲထိုးပြီး ထွန်တုံးတိုက်ပွဲဝင်နေကြတာလို့ လယ်သမား ဦးလှဌေးက RFA ကို အခုလို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 08:28 AM PDT
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်ကြားမှာ အစိုးရတပ် လှုပ်ရှားစစ်ကြောင်းတစ်ကြောင်းက ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ်စခန်းကို ဒီကနေ့ နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နှစ်နာရီကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကတော့ ကွတ်ခိုင်မြို့နဲ့ ၁ဝ မိုင်အကွာမှာအခြေစိုက်ထားတဲ့ TNLA တပ်ရင်း ၁၁၂ က တပ်ရင်းမှူး တာဝိန်းမာန် ဦးဆောင်တဲ့ တပ်စခန်းမှာဖြစ်တယ်လို့ အထွေထွေအတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 08:25 AM PDT
ကယားပြည်နယ်မှာ နေထိုင်ကြတဲ့ ပဒေါင်တိုင်းရင်း သားတွေရဲ့ လည်ပင်းကြေးကွင်း ပတ်တဲ့ ရိုးရာဟာ ဒီကနေ့ကာလမှာ တဖြည်းဖြည်း တိမ်မြုပ် ပျောက်ကွယ်တော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်၊ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 08:13 AM PDT
ဇွန် ၁၇၀၀၄၀ ချိန် ရှမ်းပြည်နယ် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးလွတ်မြောက် သွားသော တရားခံ ၃ ဦးအနက် မမစ(နမ့်ခမ်း)(ပ)၁၆/၁၃ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အမှုမှ ထွက်ပြေးတရားခံ အိုက်ဆမ်(၂၁)နှစ် ရှမ်း/ဗုဒ္ဓ တောင်ယာ(ဖ)ဦးအိုက်ချစ် နမ့်ကတ်ရွာ မူဆယ်မြို့နေသူအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျန်းဖုန်းမြို့နယ် ကျန်းစန်းမြို့မှာ ပြန်လည် ဖမ်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန် ထားပါသည်။
ကျန်းစန်းမြို့ မန်ဟောင်ရွာ(၂)နှင့် (၁၇)မိုင်ခန့်အကွာ ချိန်ဇင်းမြို့ဟောင်း တောစပ်အနီး တောင်ယာတဲမှ လုံချွမ်းခရိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ အိုက်ဆမ် အချုပ်မှထွက်ပြေးစဉ် ရဲတပ်ဖွဲ့ဖမ်းဆီးခြင်းမှ ကာကွယ်ရန် အကြံဖြင့် တောင်ယာတဲတွင် ၀ှက်သိမ်း ပေးထားသူ ၄င်း၏အစ်ကို အိုက်ရီ(ခ)စိုင်းရီ(၂၄)နှစ် ရှမ်း/ဗုဒ္ဓ (ဖ)ဦးအိုက်ရီ အမှတ်(၁၅) မန့်နော်ရွာ ကျိန်းခမ်းမြို့နေသူအား အိုက်ဆမ်နှင့် အတူ ဖမ်းဆီးရမိခဲ့ရာ တရားခံ ၂ ဦးအား ၁၄၀၀ ချိန်တွင် လုံချွမ်းခရိုင် ရဲတပ်ဖွဲ့မှ မူဆယ်ခရိုင် ရဲတပ်ဖွဲ့သို့ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (ရဲဇာနည်-ဖေ့ဘုတ်)မှာ ဖော်ပြထားပါသည်။


Posted: 18 Jun 2013 08:05 AM PDT
ယနေ့နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်က လှည်းကူးမြို့နယ် ရန်ကုန် - မန္တလေးလမ်းဟောင်း ဇရပ်ကွင်းရွာ စီအိုဒီ ကားမှတ်တိုင်အနီး ရန်ကုန်ဘက်မှ မောင်းနှင်လာသော ကုန်တင်ယာဉ် တစ်စီးသည် မိုးရွာသွန်းမှုကြောင့် လမ်းချော်ကာ လမ်းလယ်ကျွန်းရှိ သစ်ပင်အား ၀င်တိုက်ကာ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိသွားပြီး အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်အား ၀င်တိုက်ကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်တိမ်းမှောက်မှုကြောင့် ကုန်တင်ယာဉ်မောင်း နှင့် ဆိုင်ကယ်မောင်းနှင် သူ နှစ်ဦးတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး လှည်းကူးဆေးရုံသို့ အနီးပတ်ဝန်းကျင် တွင် နေထိုင်သူများက တင်ပို့လိုက်ရကြောင်း သိရသည်။

သူရထွန်း - Popular Myanmar News Journal


Posted: 18 Jun 2013 07:44 AM PDT
စစ်တပ်ပိုင်မြေဆိုပြီး နေအိမ်တွေကနေ ဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂ နဲ့ ၃ က ပြည်သူတွေကို အစားထိုးပြန်ပေးတဲ့ ဒဂုံအရှေ့မြို့နယ် ၁၅၅ ရပ်ကွက်က မြေနေရာဟာ လူတွေနေထိုင်ဖို့ မသင့်တော်တဲ့ နေရာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်က ပြောဆိုလိုက်ပါတယ်။ မိကျောင်းကန် အပိုင်း ၁၊ ၂ နဲ့ ၃ မှာ နေထိုင်တဲ့သူတွေကို စစ်တပ်ကနေ ဇွန် ၁၃ ရက်နေ့က အင်အားသုံး ဖယ်ရှားပြီး ဒဂုံအရှေ့မြို့နယ် ၁၅၅ ရပ်ကွက်က ရွှေ့ပြောင်းနေကြဖို့ နေရာပေးခဲ့တာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဦးသိန်းညွန့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...