Wednesday, June 19, 2013

"သံယာ"


-သံယာကိုကြည်ညိုတယ်ဆိုတာ ပုဂ္ဂိုလိက individually ကိုးကွယ်တာထက် အဖွဲ့ အစည်းကို institution ကို ကိုးကွယ်မှ အစစ်အမှန်ဖြစ်တာ..။ ၀ိနည်းနဲ့ ညီခြင်းမညီခြင်းဆိုတာက individually သီးသန့် ပုဂ္ဂလိက ကိုသွားကြည့်တဲ့အခါမှာ သဒ္ဓါပျက်သွားတတ်တဲ့ အကြောင်းအရာ...။

- ပါရာဇိက ကျပြီးသားဖြစ်တဲ့ သံယာတုတောင်မှ သင်္ကန်းရုံထားသရွေ့ ရဟန္တာကြီးတွေနဲ ဆွမ်းတ၀ိုင်းတည်း စားခွင့်ရှိသေးတယ်...။ အတူတကွသာ ဥပုသ်ပြုခွင့်မရှိတော့တာပဲ....။

-စိတ္တသူကြွယ်ဟာ အိမ်မှာ သံယာကိုဆွမ်းကပ်တဲ့အခါ အလဇ္ဇီရဟန်းကိုပင်လျှင် သံယာဟူသော အမှတ်နဲ့ ကြည်ညိုရိုသေမှုပေးပေမယ့်…ပေါက်တူးလာငှားတဲ့အခါ မှာတော့ ခြေမနဲ့ ကော်ပေးသတဲ။့လေ့လာဆန်းစစ်ဖို့ ပါ....။



-ရဟန်းသံယာကို ကြည်ညိုတယ်ဆိုတာ ..မိခင်က သားငယ်ကို ထားတဲ့ သဘောထားမျိုး နဲ့ ကြည်ညိုရတယ်..။ အမှားကို တွေ့ ရင် အမှားကို ပြင်စေလိုတဲ့ စေတနာနဲ့ ပြောရတယ်..။ နာယူလက်ခံလွယ်အောင်ဆုံးမရတယ်...

-အပစ်တင် နှိမ့်ချတဲ့စိတ်ထားက ကိုယ်တိုင်က အကုသိုလ်ကို အခမဲ့ ဝင်ယူသလိုဖြစ်စေတယ်...။ ၀ိနည်းနဲ့ ညီခြင်းမညီခြင်းဆိုတာ သိက္ခာပုဒ်လေးတစ်ခုတည်းကြည့်ပြီးဆုံးဖြတ်လို့ မရဘူး..။

- ၀ိနည်းအကြောင်းပြောရင် "အပ်ဖျားပေါ်မုန်ညင်းစေ့တင်သကဲ့သို့ " ဆိုတဲ့စကားကို သတိရအပ်တယ်..။ အချိန်မရွေးကျိုးပေါက်နိုင်တယ်ဆိုတဲ့ ဥပမာအလင်္ကာ။

- အကျဉ်း ၂၂၇၊ အကျယ် ကုဋ္ဋ ကိုးထောင်ကျော်ဆိုတဲ့ သိက္ခာပုဒ်တွေညီမှ ကြည်ညိုမယ်ဆိုတဲ့ စိတ်ထားဟာ သဒ္ဓါ တရားညံ့ဖျင်းလွန်းလို့  ဒီသာသာနာမှာ ဘာအသီးအပွင့်မှ ခံစားရမှာမဟုတ်။

- သံယာ့ဂုဏ်တော် ကိုးပါးမှာ "အနုတ္တရာပုညခေတ္တံ = ကောင်းမှု မျိုးစေ့ကြဲချစိုက်ပျိုးရာ လယ်မြေကောင်းနဲ့ တူသော သံယာတော်အပေါင်း" ဆိုတဲ့ ဂုဏ်တော်ကို နားလည်ခြင်းဟာ သူတော်ကောင်းတရား ဆိုတာ ဘာလဲ လို့ နားလည်ခြင်းပဲ..။

- သာသနာတော်ဟာ ပင်လယ်နဲ့ တူတယ်...အသေကောင်ပုပ်ကို လက်မခံ ပြန်ပုတ်ထုတ်သကဲ့သို့ ဆိုတဲ့ အတိုင်း အလဇ္ဇီ ဟာ သာသနာတော်မှာ ကြာရှည်မနေနိုင်။ မသူတော်ဟာ သူ့ သဘောသူဆောင်သွားလိမ့်မယ်..။

- ကနေ့ ခေတ် ရဟန်းသံယာအချို့ ဟာ နိုင်ငံရေး၊လူမျိုးေ၇း လှိုင်းလုံးတွေအောက်မှာ အလူးလူးအလိမ့်လိမ့် ဖြစ်နေတာနဲ့ ဒီသံယာတွေဟာ ပါရာဇိက ကျပြီ၊ ကြည်ညိုစရာပျက်ပြီ၊ သာသနာတော်ပျက်ပြီ လို့ ...."ခွေးနာလောက်ကိုက်သလို" .. တအီအီ အော်မြည်နေတဲ့သူတွေဟာ အမှန်က သူတို့ ကိုယ်တိုင် ဒီသံယာတွေကို နိုင်ငံရေးမှာ လိုအပ်တဲ့အခါ အသုံးချခဲ့ကြတဲ့သူတွေပဲ..။

-"ရွှေဝါရောင်" ဆိုတဲ့ နာမည်လှလှလေးတပ်ပြီး အသုံးချခဲ့တာလည်းသူတို့ တွေပဲ..။ အဖြူတွေပြောသမျှ..ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား...လုပ်တတ်ကြတဲ့...ဘာသာရေးကလေက၀ ပြည်ပ မီဒီယာတွေပေးတဲ့ ခေါင်းစဉ်တစ်ခု ကို ဘုရားဟောမုခ်ပါတ်လို ခံယူကျင့်သုံးခဲ့တာလည်း သူတို့ ပဲ.....

-ဘာသာရေးအကြောင်းပြောချင်ရင် ဘာသာရေးကို ထဲထဲဝင်ဝင် လေ့လာရမယ့်အစား နိုင်ငံတကာသုံး ဘာသာစကားတတ်ရင် သဗ္မညုတညဏ်ရသလို ဘ၀င်မြင့်ကြတဲ့ ခေတ်ပညာတတ် နိုင်ငံရေးသမားတွေက သံယာကို အလိုဆိုးနဲ့ အသုံးချတဲ့အခါမှာ ဒီကနေ့ လို အရှုပ်အထွေးတွေဖြစ်လာတော့တာပဲ….

- ထေရ၀ါဒီမှန်လျှင်…ဦးဝီရသူမှမဟုတ်ဘူး၊ သီတဂူဆရာတော်မှမဟုတ်ဘူး၊ ဒုလ္လဘကိုယ်တော်လေးအစ၊ မင်းကွန်းဆရာတော်ကြီးအလယ်...ရဟန္တာကြီးတွေအဆုံး ....အားလုံးသော သံယာတွေဟာ အာပတ်သင့်တတ်တယ်...၀ိနည်းနဲ့ ရာနှုန်းပြည့် အချိန်ပြည့် မညီနိုင်ဘူးဆိုတာ...သိရမယ်..။

-ရဟန္တာကြီးတွေသည်ပင်လျှင် "သံယာဒိဿ်" လို့ ခေါ်တဲ့ ပါရာဇိက ပြီးရင် ဒုတိယ အကြီးဆုံးအာပတ်ကိုတောင် သင့်တတ်တယ်..။ ဒါကို..မစူးမစမ်း...တစ်လုံးစ၊ နှစ်လုံးစ လေးသိရုံနဲ့ ... ခုတလော နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဦးဇင်းတွေကို ပါရာဇိက ကျပြီ ဆိုတဲ့ စွပ်စွဲတဲ့အပြောအဆိုတွေဟာ စွပ်စွဲသူကိုယ်တိုင်က "ကျနော်ဟာဇတ်ပျက်ပါခင်ဗျ" လို့ မပြောသော်လည်း ပြောသလိုပါပဲ...

-လူဝတ်ကြောင်ဥပဒေမှာတောင် တရားခံဟုတ်မဟုတ် စစ်ဆေးရတဲ့ အဆင့်တွေ အများကြီးဖြတ်သန်းရသေးတာ…။ ပါရာဇိက လို ဂရုအာပတ်သင့်ခြင်းမသင့်ခြင်းကို အလွယ်တကူ ဆုံးဖြတ်လိုက်တာ အတော့်ကိုမိုက်မဲတဲ့အပြောအဆိုတွေပဲ….။

-လူ့ ဥပဒေမှာတောင် အမှုဖြစ်အခြင်းအရာ၊ အခြေအနေ စတာတွေပါနေသေးတာ.. အာပတ်သင့်ခြင်းအင်္ဂါတွေ…စိတ်ဇောတွေပါပါတဲ့ ဗုဒ္ဓရဲ့ ဥပဒေတော်ကြီးကို နားလည်ဖို့ ဆိုတာ တပိုင်းကြောင်တွေအတွက် ပိုလို့ သာဝေးရော…

-ဦးဥတ္တမ၊ ဦးဝီရသူ၊အရှင်ဂမ္ဘီရ စတဲ့ကိုယ်တော်တွေ ဟာနိုင်ငံရေးမှာပတ်သက်တာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့  နှစ်ခြိုက်စရာမဟုတ်ပါဘူး..။ မှန်တယ်လို့ မယူဆဘူး..။ဒါပေမယ့် အမျိုးသားရေးအတွက် ကျိုးစားတာဟာ တရားနည်းလမ်းကျရင် ဘုရားအလိုကျဖြစ်တယ်..။ ဥာတကာနင်္စသင်္ဂဟော ဖြစ်တယ်..။

-ဦးဝီရသူ လို သကျသီဟ ဘိဝံသ ရထားတဲ့ ဦးဇင်းတစ်ပါးကို ဘာသာရေးအဆုံးအမတွေ သွားပြောနေတဲ့ "ဖအေထက် တလကြီးချင်နေ"တဲ့ ကနေ့ ခေတ် ဒီမိုလစ်ဗြဲတွေ ကို မြင်နေကြားနေရတာဟာ...ယိုသူမရှက် မြင်သူရှက်ဖွယ်..။

-..သပိတ်တလုံးနဲ့ သင်္ကန်းသုံးထည်ဆောင်ရဟန်းအတွက် ...ဘာအကျိုးအမြတ်မှ မျှော်ကိုးလို့ မဟုတ်ဘူးဆိုတာ.... ငြင်းလို့ မရတဲ့အမှန်တရားပဲ..။ ထောင်အပြင်တန်းမျှပဲရှိနေတာကို သိသိကြီးနဲ့ လုပ်နေတာဟာ…လူဝတ်ကြောင် နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ ကလူတွေ၊ ဒေါင်းတံဆိပ်ကပ်တဲ့ ကျောင်းသားဆိုတဲ့သူတွေထက် ပိုယုံကြည်စိတ်ချအပ်တဲ့ စေတနာဆိုတာ ငြင်းလို့ မရ…။

-ရဟန်းသံယာတွေ နိုင်ငံရေးမှာ မပတ်သက်စေချင်ရင် လူဝတ်ကြောင်တွေ ရိုးသားဖို့ လိုတယ်..။ သာသနာတော်ကို အမှန်တကယ် ထွန်းတောက်စေလိုတဲ့ စိတ်ကောင်းရှိဖို့ လိုတယ်..။ ရဟန်းသံယာနဲ့ သီလရှင်တွေအပေါ်မှာ မိဘက သားသမီးကို ပြုစုပျိုးထောင်ပေးတဲ့ မေတ္တာစေတနာမျိုးထားရှိဖို့ လိုတယ်..။

-ခေါင်းဆောင်တွေ သတ္တိရှိဖို့ လိုတယ်..။ ပြတ်သားဖို့ လိုတယ်..။ လူဝတ်ကြောင်ခေါင်းဆောင်တွေက နိုင်ငံရေးသမားပီပီ… နိုင်ငံရေးစကား၊ ဥပဒေစကားပြောမယ့်အစား "မေတ္တာထားပါ" လို့ အဖြေပေးခြင်းဟာ ဦးဝီရသူက ဥပဒေပြုဖို့ ကြိုးစားတာလို တလွဲဆံပင်ကောင်းတာပဲ..။ ကိုယ့်အလုပ် ကိုယ်မလုပ် false hope မျှော်လင့်ချက်အမှားကို ပေးကြတာပဲ..။ အဆိုးဆုံးကတော့… အာဏာပိုင်အဆက်ဆက်ဟာ လာဘ်လာဘနဲ့ သံယာကို သိမ်းသွင်းပြီး မိမိလိုရာပုံဖေါ်ရင်း သံယာထုကိုချိနဲ့ အောင်လုပ်ခဲ့တာပဲ..။

-ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆုံးစွန်မျှော်မှန်းချက်ဟာ နိဗ္ဗာန်ဆိုတာက ကလေးငယ်တောင် အလယ်တန်းလောက်ရောက်ပြီဆိုရင် နားလည်ပြီ..။ အဲ…နားမလည်တာက အဲဒီနိဗ္ဗာန်ကို သွားတဲ့လမ်းမှာ ၀စီဘေဒ ထိတိုင်းရှပြီး မဂ်တားဖိုလ်တားတရားတွေကို အသံကြောင့်ဖားသေ လုပ်နေကြတဲ့ ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင်လို့ ထင်…လစ်ဘရယ်ကျတယ်လို့ ထင်ကြတဲ့ပုဂ္ဂိုလ်တွေပဲ..။

-ခုဖြစ်နေတာတွေဟာ နိုင်ငံရေးကိုဘာသာရေးအတွက်၊ ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချဖို့ ကြိုစားလာကြတဲ့ ဗုဒ္ဓဘာသာဝင်နဲ့ အခြားဘာသာဝင်တွေကြောင့် ဖြစ်လာတာပဲလို့ ယုံကြည်တယ်..။ ဒါပေမယ့် သံယာကိုတော့ မစော်ကားလေနဲ့ ….။ အနှစ် ၂၅၀၀ ကျော်သက်တမ်းရှည်တဲ့ ဒီ အင်စတီကျူးရှင်းကြီး ကို ခေါင်းနဲ့ တိုက်ဝံ့တယ်ဆိုရင်တော့လည်း…"စိန်ခေါ်က ဘွာမခတ်ကြေး"…။

  2 comments:

  1. သိပ်ကောင်းတဲ့ စာပါ။ ဒီလိုစာတွေဖတ်ရတာ အားရှိတယ်။ အမှန်တရားတွေပါပဲ။ မူလဓါတ်ခံကိုက သံဃာကို ကြည်ညိုရကောင်းမှန်း မသိသူတွေက သံဃာကို ပစ်မှားဆော်ကားနေကြတာပါ။ ကျွန်တော်တို့ ပြောချင်နေတာ ဒီစာထဲက အကြောင်းအရာတွေပဲ။ သူများလို မရေးတတ်တော့ အခုလို ရေးထားတာတွေ့ရတာ သိပ်ကိုကျေနပ်တယ်ဗျာ။

    ReplyDelete
  2. pyae arkar
    Yesterday 9:46 PM

    ရဟန်းတော်တပါး၏လိုအပ်ချက်ကိုပြုပြင်စေလိုသောစေတနာဖြင့်ထောက်ပြဝေဖန်မှုပြုခြင်းသည်ဘုရားရှင်၏ရွှေလက်ထက်တော်၌ပင်ရှိခဲ့ကြောင်းအထောက်အထားများကို ဒေသနာနော်များ၌ရှာလျှင် တွေ့နိုင်ပါသည်။သို့ရာတွင် ဘောင်ကျော်လျှက် ဝိနည်း
    နှင့်မညီကြောင်း(ပါရာဇိကကျကြောင်း အာပတ်သင့်ကြောင်းစသည်ဖြင့်ပြောဆိုပါမူ လူပုဂ္ဂိုများမဆိုထားနှင့် ရဟန်းတော်အချင်းချင်းပင်လျှင်မစွတ်စွဲအပ်ကြောင်းမှတ်သားဖူးပါသည်။သို့ဖြစ်ရာ ဝေဖန်ရာ၌ မူဝါဒ နှင့် စည်းကမ်းဘောင်ရှိကြောင်းသတိမူသင့်ကြပါသည်။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...