နှလုံးသားအဆိုရှင်နိုင်ငံရဲ့ ပထ၀ီနိုင်ငံရေး စိန်ခေါ်သံများ
ကမ္ဘာ့ပထ၀ိနိုင်ငံရေး
ပညာရှင်ကြီးတွေက ပထမကမ္ဘာစစ်မတိုင်ခင်မှာ Heartland နှလုံးသားနယ်မြေသီအိုရီ
ကို ထုတ်ခဲ့ကြပါတယ်။၎င်းသီအိုရီအရ နှလုံးသားနယ်မြေကို
ပိုင်စိုးသူဟာကမ္ဘာကိုပိုင်စိုးသူလို့ သတ်မှတ် ခဲ့ကြပါတယ်။၎င်းသီအိုရီပါ
နှလုံးသားနယ်မြေဆိုတာဟာ သတ္ထု သယံဇာတ၊စွမ်းအင်အရင်းအမြစ်နဲ့ စိုက်ပျိုးမြေ
စားကျက်မြေ ပေါကြွယ်ဝပြီး ကုန်ထုတ်လုပ်မှုအတွက်
လုပ်သားအရင်းအမြစ်ပေါကြွယ်ဝ တဲ့ ဒေသဖြစ်တဲ့ တရုတ်ပြည်ကြီးနဲ့
ရုရှပြည်ကြီးတို့ပါဝင်ကြပါတယ်။
နှလုံးသားနယ်မြေ အယူအဆထွက်ပေါ်ပြီး နောက်ထပ်မံထွက်ပေါ်လာတာကတော့ Rimland နှုတ်ခမ်း သားနယ်မြေ အယူအဆပဲဖြစ်ပါတယ်။နှုတ်ခမ်းသားနယ်မြေဟာ နှလုံးသားနယ်မြေကို ကပ်လျှက်ဘေးမှ ၀န်းရံနေပါတယ်။နှုတ်ခမ်းသားနယ်မြေမှာ ကျွန်တော်တို့ မြန်မာအပါအ၀င် အန္ဒိယတိုက်ငယ် နဲ့ ရေနံပေါကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းဒေသတို့ ပါဝင်ပါတယ်။နှလုံးသားနယ်မြေအယူအဆဟာ စစ်အေးကာလ ပြီးမြောက်ချိန် ဆိုဗိယက်ယူနီယံပြိုကွဲသွားတဲ့ အချိန်မှာပဲ အယူအဆ ကွဲတွေထပ် ဖြစ်လာပါတယ်။
စစ်အေးကာလပြီးမြောက်ချိန် ကမ္ဘာ စွမ်းအင်အရင်းအမြစ်ရှားပါးလာမှုနဲ့ လိုအပ်ချက် တိုးမြင့်လာမှုဟာ နှလုံးသားနယ်မြေကို အရှေ့အလယ်ပိုင်းဒေသကို နေရာရွေ့သွားစေတယ်လို့ယူဆ ကြပါတယ်။ကျွန်တော့်အနေနဲ့တော့ ရေနှင့်စိုက်ပျိုးမြေ ၊သတ္ထုသယံဇာတ မရှိတဲ့ စစ်ပွဲ တွေ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေနဲ့ လူစွမ်းအားအရင်းအမြစ်တွေ ချွတ်ခြုံကျနေတဲ့ အရှေ့အလယ်ပိုင်းဒေသဟာ နှုလုံးသားနယ်မြေ လို့ယူဆလို့မရနိုင်ပါဘူး။စွမ်းအင်များထုတ်ယူလို့ ကုန်ခမ်းသွားတဲ့အခါ ၄င်းဒေသဟာ ပဋိပက္ခတွေနဲ့ စားနပ်ရိက္ခာရှားပါးမှုတွေ စစ်ပွဲတွေပဲ ကျန်ခဲ့မှာဖြစ်ပါတယ်။သို့သော်လည်း နှလုံးသားနယ်မြေရဲ့ အသက်တမျှ လိုအပ်တဲ့ သွေးနဲ့တူတဲ့ရေနံစွမ်းအင်ကိုတော့ နှလုံးသားနယ်မြေက ရသလောက်စုပ်ယူသုံးစွဲ နေဦးမှာပဲဖြစ်ပါတယ်။ယနေ့အချိန်ထိအရှေ့အလယ်ပိုင်းဒေသရဲ့ စွမ်းအင်အရင်းအမြစ်တို့ နှလုံးသားနယ်မြေကို စီးဝင်ရာ လမ်းကြောင်းကတော့ မလ္လက္ကာရေလက်ကြား ပဲဖြစ်ပါတယ်။နှစ်စဉ်ရေနံတင် သင်္ဘောပေါင်းများစွာဟာ မလ္လက္ကာရေလက်ကြားကို လူးလားခေါက်တုံ့ ဖြတ်သန်းခြင်းအာဖြင့် ၄င်းဒေသတွင်းရှိသော အင်ဒိုနီးရှားမလေးရှား စင်္ကာပူ အစရှိတဲ့ ကျွန်စုနိုင်ငံလေးတွေကို ဆိပ်ကမ်းစက်မှုမြို့ပြကြီးတွေအဖြစ် တိုးတက်စေပါတယ်။ နှလုံးသားနယ်မြေမှာကသူ့ရဲက သွေးကြောအနေနဲ့ အသုံးပြုဖို့ရာက ကုန်ကျစရိတ်ကြီးမြင့်တဲ့ မလ္လက္ကာရေလက်ကြားပဲရှိတာတော့မဟုတ်ပါဘူးတဲ့။နှလုံးသားနယ်မြေရဲ့ကပ်လျှက်နှုတ်ခမ်းသားနယ်မြေမှာ ပါဝင်တဲ့ valveland လို့ခေါ်လို့ရတဲ့ နှလုံးအဆိုရှင်နယ်မြေလေးတစ်ခုရှိနေကြောင်းကို တော့ နှလုံးသားနယ်မြေအပါအ၀င် အန္ဒိယတိုက်ငယ်လေးနဲ့ နှလုံးသားနယ်မြေကို ချုပ်ကိုင်ဖို့ကြိုးစားချင်တဲ့ စူပါပါဝါကြီးတို့က သတိထားမိတာတော့ကြာပါပြီတဲ့ခင်ဗျ။ဒီနယ်မြေလေးမှာ ရေနံပိုက်လိုင်း သွယ်တန်းခြင်း စက်မှုဆိပ်ကမ်းတည်ဆောက်ခြင်းနဲ့ အာရှအရှေ့အနောက် ပေါင်းကူးပေးတဲ့ ကုန်းလမ်းမကြီးတွေ လဲတည်ဆောက်နိုင်ပါသေးတယ်။ဒီနယ်မြေပေါက်စနလေးဟာ ထူးခြားစွာပဲ သဘာဝ သယံဇာတတွေပေါကြွယ်ဝပြီး ရေခံမြေခံကောင်းမွန်တဲ့အပြင် လုပ်သားအရင်းအမြစ်အတွက် လဲစရိတ်စက အလွန်နဲပါးပါတယ်တဲ့ခင်ဗျ။ဒါပေမယ့် ဒီအဆို့ရှင်နယ်မြေလေးဟာ အတိတ်သမိုင်းတစ်လျှောက်မှာတော့ အေးချမ်းတည်ငြိမ်ခဲ့သည်တော့မဟုတ်ခဲ့ပါဘူး။ မြန်မာတွေဟာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးစနစ်တစ်ခုအောက်မှာ စုစည်းစည်းလုံး မိတဲ့အခါ မှာ ပထမဒုတိယတတိယ စသဖြင့် အင်ပါယာနိုင်ငံတော်ကြီးတွေ ထူထောင်နိုင်လောက်အောင်အထိ တန်ခိုးထွားခဲ့ကြပါတယ်။ အတိတ်မှာ မြန်မာဟာ ရေပက်မ၀င် စည်းလုံးမိတဲ့ အချိန်နည်းပါးခဲ့ပေမယ့် စည်းလုံးမိတဲ့အချိန်တိုင်မှာ ကမ္ဘာ့ထိပ်တန်းရောက်ခဲ့ကြောင်း ကို မြန်မာပြည်ရဲ့ နောက်ဆုံးအင်ပါယာ ထူထောင်သူ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်နောက်ပိုင်း လွတ်လပ်ရေးနဲ့အတူဖွားဖက်တော် ပြည်တွင်းစစ်ကြားထဲကကို မြန်မာဟာ အရှမှာ ထိပ်တန်းနေရာက ရှိနေခဲ့တာက သက်သေပါခင်ဗျ။ သို့သော်လည်း ဖွားဖက်တော်ပြည်တွင်းစစ်ဒါဏ်နဲ့ အယူအဆမတူ ကွဲပြားတဲ့ အမြင်တွေရှိကြတာကိုက မြန်မာလူထုရဲ့ အမှတ်လက္ခဏာလိုဖြစ်နေတဲ့ မြန်မာဟာ ထိပ်တန်းနေရာမှာကြာရှည်မရပ်တည်နိုင်ခဲ့ပါဘူး။ ဆယ်စုနှစ်များစွာကြာအောင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခံခဲရတဲ့မြန်မာဟာ တိုင်းပြည်တွင်းမှာ လူငယ်များ အသိပညာနိမ့်ပါးမှု အစိုးရ၀န်ထမ်းများ အကျင့်ပျက်ခြစားမှု လဘ်ပေးလဘ်ယူနဲ့ မသမာတဲ့စီးပွားရှာမှုတွေ ကြောင့် ရာစုနှစ် တစ်ဝက်နီးပါး အတွင်းမှာ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ နိုင်ငံ ခပ်ညစ်ညစ်ကလေး ဖြစ်ခဲ့ရပါတယ်။
၂၀၁၀ပြည်နှစ် မတ်လ ၃၀ရက်နေ့ဟာ ဆယ်စုနှစ်နှစ်ခုကြာမြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အငြင်းပွားဖွယ် နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံမှ သမ္မတအသစ်ဦးသိန်းစိန် ဟာ အစိုးရအာဏာကိုလွှဲပြောင်းယူခဲ့ပါတယ်။ အစိုးရသစ်လက် ထက် ခေါင်းကိုက်စရာပြသနာတွေကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားရင် ဦးသိန်းစိန်အစိုးရဟာ နိုင်ငံခပ်ညစ်ညစ်ကလေးကို အစွမ်းကုန်အားဖြင့်ပြန်လည်ဖြူစင်လာ အောင် လျှော်ဖွတ်ပေးနေရပါတယ်။ ကမ္ဘာကအံ့သြချီးမွမ်းရလောက်တဲ့မြန်မာ့ အပြောင်းအလဲဟာ စိန်ခေါ်မှုတွေ နဲ့တော့ ရင်ဆိုင်နေရဆဲပါပဲ။ ထိုစိန်ခေါ်မှုတွေထဲက တစ်ခုကတော့ သမ္မတရဲ့ လူဦးရေ သန်ခေါင်စာရင်းကောက် ခံဖို့အစီ အစဉ်ကြေငြာပြီးနောက်ပိုင်းမှာဖြစ်ပေါ်လာခဲ့တဲ့ ရခိုင်ပြည်နယ်ရမ်းဗြဲဒေသမှ ဒေသခံတိုင်းရင်းသူ မိန်းကလေးကို တရားမ၀င်ခိုးဝင်ဝင်ရောက်သူ ဘင်္ဂါလီဒုက္ခသည်မွတ်ဆလင်မှ ရက်ရက်စက်စက် အဓမ္မကြံစည် သတ်ဖြတ်ခဲ့မှုကအစပြုတယ်လို့ဆိုရပါမယ်။ ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးအောက်မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကျင့်ပျက် ခြစားမှုတွေရဲ့ အကျိုးရလဒ်အဖြစ်ရခိုင်ပြည်နယ်မှာတိုင်းရင်းသားမဟုတ်သူ ခိုးဝင်ဘင်္ဂါလီ လူမျိုးဦးရေဟာ ကြောက်ခမန်းလိလိမြင့်မားနေပြီး တိုးပွာနှုန်းဟာလည်း အင်မတန်မြန်ဆန်နေပါတယ်။ဒါဟာ ဒေသခံ တိုင်းရင်းသားလူမျိုးတွေအတွက်တော့ ကြောက်စရာ ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ်။ဘာသာကိုးကွယ်မှုနဲ့ ဓလေ့စရိုက်မတူတဲ့ အခြေအနေမှာ အဆမတန်ဖောင်းပွလာနေတဲ့ ခိုးဝင်ဘင်္ဂါလီလူမျိုးတွေဟာ UN အစီအစဉ်နဲ့ ဒုက္ခသည်ပုံစံနေချင်ခဲ့တာတော့မဟုတ်ခဲ့ပါဘူး။အတိတ်တစ်ချိန်က မူဂျာဟစ်လှုပ်ရှားမှုနဲ့ အတူ မြန်မာပြည်ကို ကျူးကျော်ရန်စခဲ့သလို ယခုတစ်ဖန်ထပ်မံပြီး ကြံစည်ပြန်ပြီဆိုတာကို ဗလီမှအဆင်းမြန်မာပိုင် နယ်စပ်မြို့ကို မီးတိုက်သောလှုပ်ရှားမှု ကြီးကသက်သေထူနေပါတယ်။ရခိုင်ပြည်နယ်မှစတဲ့ ခိုးဝင်ဘင်္ဂလီပြသနာဟာ အေးချမ်းခြင်းမရှိသေးပဲ ဘာသာရေးပဋိပက္ခပုံစံဖော်ဆောင်သူတို့ကြောင့် ပိုမိုကြီးထွားနေပါတယ်။ မြန်မာတစ်ချို့ရဲ့ စိတ်မြန်လက်မြန်ပညာမဲ့ နည်းနဲ့ဘာသာခြားတို့ရဲ့ ဗလီကိုမီးရှို့မှုတွေဟာ နိုင်ငံကို နိုင်ငံတကာကဖိအားတွေပိုစေပြီး မွတ်ဆလင်များကိုလဲ လူမျိုးရေးတရားကျင့်သုံးသွားစေပါတယ်။အမှန်မှာ ထိုပြသနာများသည် တရားမ၀င်ခိုးဝင်ဘင်္ဂလီတွေနဲ့ ပြည်တွင်းနေတစ်ချို့ရဲ့ OIC အလိုကျ မြန်မာပြည် အနောက်ခြမ်း အစ္စလာမ်မစ်နိုင်ငံထူထောင်ရေးစီမံကိန်းရဲ့တစ်ဆိတ်တစ်ဒေသ ပဲဖြစ်ပါတယ်။
ပြည်တွင်းမှ နိုင်ငံသားဖြစ်ခွင့်ရရှိပြီးသူမွတ်ဆလင်တွေဟာ အများစုမှာဘာသာရေးကို အခြေခံတဲ့ မွတ်ဆလင်လူမျိုးရေးစိတ်တွေ ပြင်းပျနေတာဟာ ပဋိပက္ခတွေကို ပိုမိုဆိုးဝါးစေသလို မြန်မာတို့ရဲ့ ပညာမဲ့တုန့်ပြန်ပုံတွေဟာလဲ ပြသနာကို ဖြေရှင်းမရအောင် သက်ဆိုးရှည်နေစေပါတယ်။ဘာသာရေးပဋိပက္ခ တွေရဲ့ သားကောင်အဖြစ် အိုးမဲ့အိမ်မဲ့ မိသားစုတွေနဲ့ ကလေးငယ်တွေဟာ တပ်မတော်ရဲ့ စီစဉ်ပေးမှုအောက်မှာ ယာယီဒုက္ခသည်စခန်းများမှာနေထိုင်ရတာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ထို့အတူ တိုင်းပြည်တည်ငြိမ်မှုမရှိပဲ နေရာကြိုကြားမီးလောင် မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်နေတာကလဲ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အရှိန်ယူနေရတဲ့ခြေလှမ်းကို နှေးကွေးလေးလံစေပါတယ်။တည်ငြိမ်မှုမရှိပဲ ပဋိပက္ခတွေကြိုကြားဖြစ်နေတဲ့ နိုင်ငံကို စီမံကိန်ကြီးတွေ ရင်းနှီးမြုတ်နှံလိုသူလုပ်ငန်းရှင်ကြီးတွေကလဲ ခပ်ရွံရွံရှိနေဆဲပါပဲ။
မြန်မာတို့အတွက်သိပ်အချိန်မရှိတော့ပါဘူး လာမယ့်၂၀၁၅ အာဆီယံဒေသတွင်းနိုင်ငံများ လွတ်လပ်စွာကုန်သွယ်မှုအစီအစဉ်ဟာ စတင်တော့မှာပဲဖြစ်ပါတယ်။ထိုအစီအစဉ်မစတင်ခင်မှာ မြန်မာတို့အတွက် ရေရာတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေကို အပိုင် ဆုပ်ကိုင်ထားပြီး သေချာတဲ့ စက်မှုလုပ်ငန်းကြီးတွေကို တည်ထောင်ထားနိုင်မှ ကျန်အာဆီယံနိုင်ငံများရဲ့ အပြိုင်အဆိုင် အလုအယက် အကျိုးအမြတ်ခွဲယူတဲ့ဒါဏ်က သက်သာမှာ ပဲဖြစ်ပါတယ်။တာထွက်ဖို့ကတော့ ၂၀၁၅ ဆိုတော့ တာမထွက်ခင်မှာတော့ ကိုယ့်ဖက်သူ့ဖက် အပြိုင်အဆိုင်ပြင်ဆင်ကြတာထုံးစံပဲဖြစ်ပါတယ်။အထက်မှာ ဆိုခဲ့ပြီးသည့်အတိုင်း မလေးရှား စင်္ကာပူအင်ဒိုနီးရှားတို့ဟာ နှုတ်ခမ်းသားနယ်မြေပြင်ပနိုင်ငံတွေဖြစ်တဲ့အတွက် နှလုံးသားနယ်မြေနဲ့ တိုက်ရိုက်မပါတ်သက်ပါဘူး။ဒါပေမယ့် နှလုံးအဆို့ရှင်နိုင်ငံလေးက ပြသနာတွေကြောင့် ရာစုနှစ်တစ်ဝက် နီးပါး အိပ်မောကျနေလို့သာ နှလုံးသားနယ်မြေရဲ့ အချက်အခြာကျနေရတာပါ။တကယ်လို နှလုံးအဆို့ရှင် နိုင်ငံလေးမှာသာ တောင်ကိုရီးယားရဲ့ စီးပွားရေးဆိပ်ကမ်းမြို့တော် ပူဆန် တို့လိုမြို့မျိုး များစွာ တည်ဆောက် နိုင်တာကို ဂျပန်နဲ့ အနောက်ဥရောပနိုင်ငံတွေက အကောင်အထည်ဖော်ပေးခဲ့ရင် မလေးရှား စင်္ကာပူတို့ရဲ့ ရာစုနှစ်တစ်ဝက်ကျော်မက်ခဲ့တဲ့ရွှေရောင်အိမ်မက်ကလေးဟာလဲ လှုပ်နှိုးခံလိုက်ရမှာပါ။
မလေးရှားနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ လုပ်သားအရေအတွက်ကို ပြည့်မှိအောင်ဖြည့်ဆည်းပေးနေတဲ့နိုင်ငံထဲမှာမြန်မာဟာ ထိပ်ဆုံးကပါပါတယ်။မကြာသေးခင်ရက်ပိုင်းအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မလေးရှားမှမြန်မာလုပ်သားများချောင်းမြောင်သတ်ဖြတ်ခံရမှု အနိုင်ကျင့်ခံရမှုတွေဟာ သာမာန်ဖြစ်ရိုးဖြစ်စဉ်ပြသနာအနေနဲ့ကျွန်တော်မမြင်ပါဘူး။မြန်မာလူမျိုးတွေဟာ သွေးဆူလွယ်ပါတယ် မိမိတို့ သားသမီးရင်သွေးများကို ထိရင် အခြေအနေထိန်းရခက်အောင်ဒေါသကြီးတတ်ကြပါတယ်။ ဒီအခြေအနေတွေကို သိတဲ့ မလေးအစိုးရဟာ မြန်မာပြည်မှ ဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခတွေကို အသုံးချပြီး မြန်မာပြည်တည်ငြိမ်အေးချမ်းမှုကိုဖျက်ဆီးဖို့လုပ်တယ်လို့ပဲကျွန်တော်ယူဆပါတယ်။OIC အဖွဲ့ဝင် မလေးရှားနိုင်ငံရှိ မိမိတို့သားသမီးများကို ရက်ရက်စက်စက်သတ်ခံရတဲ့အပြင် အစိုးရရဲ့ သတိထောက်လွှာပေးပို့ ပြီးနောက်ပိုင်မှစပြီး မြန်မာလူမျိုးတွေကို စစ်ဆင်ရေးအသွင်လိုက်လံ ဖမ်းဆီးနေတာဟာ မြန်မာပြည်တွင်းက ကျန်ခဲ့တဲ့မိသားစုတွေကို ဒေါသူပုန်ထစေပါတယ်။ ဒေါသူပုန် ထသည်နှင့်အညီ ကြီးမားတဲ့ လက်စာချေမှုတွေ မီးရှို့မှုကြီးတွေ ဖြစ်လာစေပြီးမြန်မာပြည်မတည်ငြိမ် မအေးချမ်းဖြစ်အောင်လုပ်ဆောင်တယ်လို့ပဲ ကျွန်တော် ယူဆပါတယ်။ ထို့အတူ စင်္ကာပူမှာလဲ မလေးရှားနိုင်ငံကဲ့သို့ စစ်ဆင်ရေးလုပ်လို့ လွှတ်တော်အမတ်တွေက တင်တယ်လို့ ကြားရတဲ့အတွက် ကျွန်တော်အယူအဆပိုမှန်ကန်တယ်လို့ယုံကြည်ပါတယ်။
နိဂုံးချုပ်အားဖြင့် ကမ္ဘာ့နှလုံးသားနယ်မြေရဲ့ အဆိုရှင်နိုင်ငံ အာရှအရှေ့ခြမ်းနဲ့ အနောက်ခြမ်းတို့ရဲ့ပေါင်းကူနေရာမှာကျနေတဲ့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အနာဂါတ်မှာလဲ စိန်ခေါ်မှုတွေ ဖိအားတွေ ဆွယ်အားတွေ အခက်အခဲတွေကို ရင်ဆိုင်ကြရမှာပါပဲ အဲ့အခါမြန်မာတွေဟာ တစ်ယောက်တစ်ပေါက် မလုပ်ပဲ ပညာအသိပညာသတိနဲ့ စည်းစည်းလုံးလုံးဖြေရှင်းတတ်ကြဖို့လိုပါတယ်။ မြန်မာတို့အနေနဲ့ ပြဿနာဖြစ်လာတဲ့အခါမှာ စိတ်မြန်ကိုယ်မြန်ပညာမဲ့တုန့်ပြန်တာတွေ ကိုဆင်ခြင်သင့်ပါတယ်။မြန်မာတို့ရဲ့ ထိုစိတ်ဓါတ်ကို သိပြီးဖြစ်တဲ့ မြန်မာတို့အကျိုးကိုမလိုလားတဲ့ နိုင်ငံတွေဟာ မြန်မာတို့ကို နည်းမျိုးစုံနဲ့ ဗျူဟာမျိုးစုံ ချပြီးလုပ်ကြမှာပဲဆိုတာကို သဘောပေါက်ထားဖို့လိုပါ့တယ်။ ပြသနာတစ်ခုကို ခေါင်းအေးအေးထားပြီး စည်းလုံးညီညွတ်စွာဖြေရှင်းဖို့ ကိုလဲအကြံပေးလိုပါတယ်။ နောက်ဆုံးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မရိုးနိုင်တဲ့ မိန့်ခွန်းတစ်ခုကိုကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ် "အဲ့ဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး ၊ စားဖားသမားတွေညီညွတ်တာ ကျွန်တော်မလိုချင်ဘူး၊ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး တိုင်းသူပြည်သားလူထု ညိညွတ်ရေး၊ အဲ့ဒိညီညွတ်ရေး နှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း၊ ဘယ်ပါတီတက်တက် ဘယ်အစိုးရလုပ်လုပ် ဖာသယ်တိုင်းပြည်ဖြစ်နေမှာပဲလို့ကျွန်တော်ပြောချင်တယ်၊အဲဒိတော့ကား ဒီနှစ်ခုကို ခင်ဗျားတို့မပျက်ပြားပါစေနဲ့ ဘယ်သူက ဘာလုပ်လုပ်မပျက်ပါစေနဲ့၊အဲ့ဒါအင်မတန်အရေးကြီးပါတယ်" အားလုံး ကျန်းမာရွှင်လန်းကြပါစေ ။

(ဆန်းသစ်)
0 comments:
Post a Comment