Monday, June 17, 2013

နိုင်ငံ့အရေးကို အလွယ်တကူ ချ နင်းမပစ်ပါနဲ့.....

ဦးရွှေမန်းကတော့ ပေါ်ပင်ပဲ...... အရင်ကတည်းက အစိုးရ လုပ်ရမယ့်အလုပ်ကို ဝင်လုပ်ပီး ဖျာခင်းဖို့ ကြိုးစားခဲ့တယ်...... အစိုးရ ဝန်ထမ်းတွေ လစာတိုးပေးဖို့ ကိစ္စဟာ အစိုးရ တစ်ရပ်က လုပ်ရမယ့် ကိစ္စပဲ...... ဒါပေမယ့် သူနာမည်ရဖို့အတွက် အစိုးရလုပ်ရမယ့်အလုပ်ကို ဝင်လုပ်ခဲ့တယ်....
သူရဲ့ လွှတ်တော် ဥက္ကဌ ရာထူးကနေ လုပ်ရမယ့် ကိစ္စတွေကိုတော့ တာဝန်ကျေပွန်အောင် မလုပ်ခဲ့ဘူး..... အခုလက်ရှိ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့၊ မပြည့်စုံတဲ့ ဥပဒေတွေဟာ လွှတ်တော်က အသုံးမကျတာ အလုပ်မလုပ်တာ အကောင်းဆုံး ပေါ်လွင်နေတဲ့ သက်သေတွေပဲ......

လွှတ်တော်တင် မဟုတ်ဘူး၊ လွှတ်တော်ဥက္ကဌကို ဦးတိုက်ရတဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီမှာလည်း နိုင်ငံရဲ့ ဥပဒေတွေ မပြည့်စုံမှုတွေဟာ တိုက်ရိုက်သက်ဆိုင်တယ်..... ဘာကြောင့်လည်းဆိုတော့ တရားဥပဒေ စိုးမိုးမှု ကော်မတီရဲ့ တာဝန်တွေထဲမှာ ဒီအချက်တွေ ပါနေလို့ပဲ..... တရားရုံးတွေလိုက်ပီး တရားသူကြီး၊ ရှေ့နေ၊ တရားခံ၊ တရားလို၊ တရားပြိုင်၊ တရားရေး ဝန်ထမ်းတွေ လိုက်တွေ့နေရုံနဲ့ ပီးတဲ့ကိစ္စမဟုတ်ဘူး..... ဆေးမြီးတိုနဲ့ပဲ ကုနေလို့မရဘူး...... ဒါတွေဟာ ဝေဒနာကြီးကြီးနဲ့ ဖြစ်နေတဲ့ နိုင်ငံအတွက် အမြစ်ပြတ်သွားမယ့် ကိစ္စတွေမဟုတ်ဘူး...........

အခုလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ နိုင်ငံတကာက ၉၆၉ ကို ဘာလဲ ဘယ်လဲ စပ်စုနေချိန်၊ ဘင်္ဂါလီ လော်ဘီတွေ မောင်းတင်လာတဲ့ ၉၆၉ ဟာ အကြမ်းဖက်ဆိုတဲ့ လိုင်းကို ခပ်တည်တည်နဲ့နင်းပီး ၉၆၉ ကို နှိမ်နှင်းမယ် ဆိုပီး နိုင်ငံတကာရှေ့မှာ ပြောခဲ့တယ်..... ဒါဟာ တကယ်နှိမ်နှင်းချင်တာလား နိုင်ငံတကာမှာ မျက်နှာလိုချင်လို့ ပြောခဲ့သလား သူပဲ အသိဆုံးနေလိမ့်မယ်......

တရားဥပဒေပြုရေး လွှတ်တော်ဥက္ကဌတစ်ယောက်ဟာ ၉၆၉ လှုပ်ရှားမှုကို အရေးယူမယ်လို့ လက်လွတ်စပါယ် ပြောလို့မရဘူး.... ၉၆၉ နဲ့ လက်ရှိ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ သက်ဆိုင်သလား မသက်ဆိုင်သလား စနစ်တကျ စုံစမ်း၊ သက်သေပြနိုင်မှဖြစ်မယ်..... မိမိမျက်နှာရဖို့ တစ်ခုတည်းအတွက်နဲ့ အရေးယူချင်တာတွေကို ကောက်ပီး အရေးယူပစ်မယ်ဆိုတာ အာဏာရှင်တွေရဲ့ လုပ်ရပ်ပဲ..... အထူးသဖြင့် ဒီမိုကရေစီကို တန်ဖိုးထားပါတယ်လို့ ပြောခဲ့တဲ့၊ လက်ရှိလည်း တရားဥပဒေပြုရေး မဏ္ဍိုင်က လွှတ်တော်ဥက္ကဌလို လူတစ်ယောက်စီက ဒီလို တရားမဲ့တဲ့ စကားမျိုး လက်လွတ်စပါယ် လုံးဝ မပြောသင့်ဘူး......

ဆိတ်ဖွားကို ဖမ်းဖို့တစ်ခုအတွက်နဲ့ ဆက်သွယ်ရေးကို လိုသလို ဝင်စွက်ဖက်တဲ့ ဆိတ်ဖမ်း ကော်မတီရဲ့ လုပ်ရပ်တွေဟာ ဥပဒေအပေါ်မှာ ရောက်နေသလို ခံစားရတယ်.... အခုလည်း ၉၆၉ ကိုနှိမ်နှင်းမယ်ပြောတဲ့ လွှတ်တော်ဥက္ကဌရဲ့ စကားဟာ လက်လွတ်စပါယ် နိုင်လွန်းသလို၊ လိုချင်သလို အရေးယူပစ်လို့ ရတယ်ဆိုတဲ့သဘော သက်ရောက်နေတယ်...... ဒီအတွက် လွှတ်တော်ဥက္ကဌကို မေးချင်တာ ဥပဒေအပေါ်မှာ ရှိနေတယ်၊ ကိုယ်လိုချင်သလို လုပ်လို့ရနေတယ်လို့ အရာအားလုံးကို တွက်ဆထားပါသလား...... ယခုလက်ရှိ လွှတ်တော် ဥက္ကဌ ရာထူးနဲ့ နိုင်ငံအတွက် တကယ်လိုအပ်နေတဲ့ ဥပဒေတွေ ပြဌာန်းနိုင်အောင်၊ နိုင်ငံရဲ့ တကယ်လိုအပ်နေတဲ့ နေရာတွေကို ဖြည့်ဆည်းပေးနိုင်အောင် စွမ်းဆောင်နိုင်ပီလား ဆိုတာပါပဲ.....

ပေါ်ပင်အတွက် နာမည်ကြီးဖို့၊ နာမည်ရဖို့အတွက် နိုင်ငံနဲ့ အမျိုးသားရေး အထူးသဖြင့် နိုင်ငံ့အရေးကို ချနင်းသူတွေ ကင်ဝေးပါစေပဲ ဆုတောင်းမိတယ်.....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...