Monday, June 17, 2013

မညီမျှခြင်းများ

လူတချို.က တောတွေ စိမ်းလန်းဖို့ ကြိုးစားနေချိန်
လူတချို.က သစ်တောတွေ အပြောင်ရှင်းနေတယ် ။

လူတချို.က တောင်ယာတွေ အသက်ရှင်ဖို့ အားကိုးနေချိန်
လူတချို.က တောင်တွေကို ဖြိုနေတယ် ။

လူတချို.က ပြည်ပကို ထွက် ဝမ်းရေးအတွက် ဒုက္ခရောက်နေချိန်
လူတချို.က ပြည်တွင်းကိုဝင် သိုက်တူးဖို့ ကြံစည်နေကြတယ် ။

လူတချို.က ဘာသာရေးကို ဦးထိပ်ထားနေချိန်
လူတချို.က သံဃာတွေကို ဆဲနေတယ် ။

လူတချို.က ငြိမ်းချမ်းရေးယူနေချိန်
လူတချို.က စစ်ရေးတိုးချဲ.နေတယ် ။

လူတချို.က အာဏရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေချိန်
လူတချို.က အာဏာရှင်ဖြစ်ရေးအတွက် တိုက်ပွဲဝင်နေတယ် ။

လူတချို.က လယ်ယာတွေ အသိမ်းခံနေရချိန်
လူတချို.က ဟော်တယ်ကြီးတွေ ဆောက်နေတယ် ။

လူတချို.က ထမင်းရည် သောက်နေချိန်
လူတချို.က ပတ္တမြားတွေ လှူနေတယ် ။

လူတချို.က ယဉ်ကျေးမှုကို ထိန်းသိမ်းနေချိန်
လူတချို.က ညအိပ် ဇာတ်ဝင်ခန်းတွေ ရိုက်နေတယ် ။

လူတချို.က တိုက်ပွဲဝင်ဖို့ စုရုံးနေချိန်
လူတချို.က တိုက်ပွဲဝင်ဖို. ကွဲပြဲကြတယ် ။

လူတချို.က အများအကျိုးအတွက် အလုပ်လုပ်နေချိန်
လူတချို.က အတ္တ အတွက် အသက်ရှင်နေကြတယ် ။

လူတချို.က မွေးဖွား ခြင်းအတွက် ပျော်ရွှင်နေချိန်
လူတချို.က သေဆုံးခြင်းအတွက် ပူဆွေးနေကြတယ် ။

လူတချို.က တိုင်းပြည်အတွက် အလုပ်လုပ်နေချိန်
လူတချို.က တိုင်းပြည်ကို သူတို့ အတွက် အသုံးချနေတယ် ။

ရဲသူရိန်မင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...