သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၆)
သစ်ထူးလွင် |
|
- အိမ်ပြန်ခရီး မချောမွေ့ပါ
- ၈၈ ကျောင်းသားများ ဗြိတိန်ခရီးစဉ် ယနေ့စမည်
- မလေးရှား သွားရိုက်မည့်ဇာတ်ကား ပြေတီဦး ပယ်ဖျက်
- ဥက္ကံ ပဋိပက္ခ စတင်သူ အမျိုးသမီးနှစ်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်
- ကွယ်လွန်သူ နိုင်ရောစ အတွက် ဒေါ်အောင်ဆန်းစုကြည်မှ ၀မ်းနည်းကြောင်း သ၀ဏ်လွှာပေးပို့ 
- စင်ကာပူရောက် မြန်မာအိမ်အကူ ထွက်ပြေးနှုန်း ဆက်လက်မြင့်တက်
- ဇွန်လ (၁၉)ရက်နေ့ ထုတ် Smart Pro ဂျာနယ် အတွဲ ၁ အမှတ် ၂၀
- ဇွန်လ (၁၆)ရက်နေ့ ထုတ် Digital Life နည်းပညာဂျာနယ်၏ အတွဲ ၂ အမှတ် ၆
- တာမွေမြို့နယ်တွင် ရပ်ထားခဲ့သည့်ကားပျောက်ဆုံး
- အိမ်ထောင်ရေးအဆင်မပြေတဲ့ ပါကစ္စတန်အမျိုးသမီးတွေ
- အမေရိကန်နှင့် ဆွေးနွေးရန် မြောက်ကိုရီးယား ကမ်းလှမ်း
- လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ပြီးစီးဟုဆို
- ဗိုလ်ချုပ် စောလားပွယ်ကို မူးယစ်ရာဇာအဖြစ် ဆုငွေထုတ်ခြင်း ထိုင်းအစိုးရ ပြန်တောင်းပန်ဟုဆို
- ပြည်တော်ပြန် မြန်မာများကို လေဆိပ် လဝက ငွေကောက်လျှင် အရေးယူမည်
- ဇွန်လ (၁၉)ရက်နေ့ ထုတ် Mobile Guide ဂျာနယ် အတွဲ ၂၊ အမှတ် ၇
- မလေးရှားရောက် မြန်မာများ နိုင်ငံကူး လက်မှတ်မရှိလျှင်ပင် သံရုံးထောက်ခံပါက ပြည်ဝင်ခွင့်ရမည်
- လူနာများ ပြင်ပမှ ဆေးဝယ်ယူနေရသည့်ကိစ္စ လွှတ်တော်တွင် ကျန်းမာရေးဝန်ကြီး ရှင်းမည်
- ဗလီအတွင်းသို့ ဗုဒ္ဓဘာသာရဟန်းတော်များ ပထမဆုံး ဝင်ရောက်လေ့လာ
- ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဧရာဝတီတိုင်း ကျပ်သန်း ၁၀၀၀ သုံးစွဲမည်
- ဖုန်းခေါ်ဆိုမှု နှုန်းထားမှာ နှစ်ဆသုံးဆ လျှော့ချရန် စီစဉ်
- တပ်သိမ်းလယ်မြေများ၌ ကရင်အလံစိုက်မည်ဟု တွံတေး KPP ပြောဆို
- ဇွန်လ (၁၇)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
- ဇွန်လ (၁၇)ရက်နေ့ ထုတ် ကြေးမုံ နေ့စဉ် သတင်းစာ
- ဇွန်လ (၁၆)ရက်နေ့ ထုတ် ပြည်မြန်မာ နေ့စဉ် သတင်းစာ
- ဇွန်လ (၁၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့စဉ် သတင်းစာ
Posted: 17 Jun 2013 06:08 AM PDT
မလေးရှားနိုင်ငံတွင်
စိုးတထိတ်ထိတ်ဖြင့် နေထိုင်ရသော မြန်မာများ၏ အိမ်အပြန် ခရီးမှာလည်း
အခက်အခဲများစွာ ရှိနေဆဲဖြစ်ပါသည်။ မလေး ရှားနိုင်ငံရောက် မြန်မာများကို
ကူညီပေး နေသော ပီနန်းနာရေး ကူညီမှု အသင်း၏ အလုပ်အမှု ဆောင်များမှာ တစ်ညလျှင်
လေးနာရီထက် ပိုမအိပ်ရသည်မှာ တစ်ပတ်ခန့် ရှိပါပြီ။ မလေးရှားနိုင်ငံတွင်
မနေရဲတော့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသည့် အလုပ်သမားများ
ဆက်သွယ်မေးမြန်းသော ဖုန်းများအား ဆက်တိုက်လက်ခံဖြေကြားနေရသဖြင့်
မအိပ်နိုင်ခြင်းဖြစ်ကြောင်း ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Jun 2013 04:18 AM PDT
အမေရိကန်ပြည်ထောင်စုမှ
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြန်လည်ရောက်ရှိ လာသော ငြိမ်းချမ်းရေးနှင့်
ပွင့်လင်း လူ့အဖွဲ့အစည်း (၈၈မျိုးဆက်ကျောင်းသားများ) အဖွဲ့ဝင် ရှစ်ဦးသည်
ဗြိတိန်နိုင်ငံသို့ ယနေ့ ဇွန်လ ၁၇ရက် သွားရောက်မည်ဖြစ်ကြောင်း ၈၈
မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးထံမှ သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Jun 2013 01:19 AM PDT
မလေးရှားရောက်
မြန်မာ အလုပ် သမားတွေရဲ့ အခက် အခဲတွေကို အခြေခံ ရိုက်ကူးမယ့်
ရုပ်ရှင်ဇာတ်လမ်းကို သဘောတူ ညီချက်ရပြီးမှ ရုပ်ရှင်မင်းသား ပြေတီဦးက
မရိုက်တော့ဖို့ ငြင်းဆန်လိုက်ပါတယ်။ ဒီဇာတ်ကား ရိုက်ကူးမှုအတွက်
သရုပ်ဆောင်မင်းသား ပြေတီဦးကို စရန်ငွေ သိန်း ၅၀ ပေးထားပြီးဖြစ် ပါတယ်။
ဒါပေမယ့် ပြေတီဦးဘက်က အခုလိုငြင်းဆိုမှု အတွက် စရန်ငွေကို ပြန်ပေးပေမယ့်
တဖက်က လက်မခံ သေးပါဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Jun 2013 01:15 AM PDT
လူတစ်ဦး
သေဆုံးခဲ့သည့် ဥက္ကံ ပဋိပက္ခ ဖြစ်ပွားရန် စတင်ခဲ့သူ အမျိုးသမီး နှစ်ဦးကို
တိုက်ကြီး တရားရုံးက ဇွန်လ ပထမပတ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က)
ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း အဆိုပါ
တရားရုံးထံမှ သိရှိရသည်။ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပနီပင်ရွာတွင်
နေထိုင်သူ ဒေါ်ဝင်းဝင်းစိန် ၃၅ နှစ်နှင့် အမှုဖြစ်ပွားရာတွင် ၎င်းနှင့်အတူ
ပါရှိခဲ့သူ ဒေါ်သင်းမာသိန်း ၃၃ နှစ်တို့ကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Jun 2013 01:23 AM PDT
မွန်ပြည်သစ်ပါတီ
ဒုက္ကဌ နိုင်ရောစ ကွယ်လွန် ကြောင်းကြား သိရသဖြင့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် တိုင်းရင်းသား အဖွဲ့ အစည်းများနှင့် ဆက်ဆံရေး ကော်မတီဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်မှ ၀မ်းနဲကြောင်း သ၀ဏ်လွှာ ပေးပို့ လိုက်ကြောင်း
သိရပါသည်။
|
||
Posted: 17 Jun 2013 12:56 AM PDT
စင်ကာပူနိုင်ငံတွင်
မြန်မာအိမ်အကူ လုပ်သားများ ထွက်ပြေးနှုန်း ဆက်လက် မြင့်တက်လာကြောင်း
စင်ကာပူနိုင်ငံက လာသော သတင်းများအရ သိရှိရသည်။ မြန်မာ အိမ်အကူများသည်
လုပ်ငန်းနှင့် ပတ်သက်သည့် ပညာရပ်များတွင် ကျွမ်းကျင်မှု အားနည်း၍
လုပ်ငန်းရှင်များ၏ စိတ်တိုင်းကျ လုပ်ကိုင်ပေးနိုင်ခြင်း မရှိသဖြင့်
ထွက်ပြေးမှုနှုန်း ပိုမို မြင့်တက်လာခြင်း ဖြစ်ကြောင်း The Straits Times
သတင်းဌာနတွင် ဖော်ပြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 17 Jun 2013 12:46 AM PDT
|
||
Posted: 17 Jun 2013 12:44 AM PDT
|
||
Posted: 17 Jun 2013 12:43 AM PDT
၁၆.၆.၂၀၁၃ရက်နေ့
၂၀၀၀အချိန်ခန့်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်း ရပ်ကွက်၊ သြဘာလမ်းနေ
ဦးအောင်စိုးသည် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ကျိုက္ကဆံလမ်း၊ အထက
(၅)ရှေ့တွင် ၎င်းပိုင် ယာဉ်အမှတ် ၈ဂ/၄၉၅၀ လိုက်ထရပ်အဖြူရောင်
ကိုယ်ပိုင်ယာဉ်အား ရပ်ထားခဲ့ရာမှ ၁၇.၆.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်တွင်
ကားအားကြည့်ရာ မတွေ့ရှိဘဲ ပျောက်ဆုံးနေ၍ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Jun 2013 11:54 PM PDT
မာဆို မာဆာရခန်ရဲ့ အသက်က ၂၂ နှစ်ပါ။
“အိမ်ထောင်ကျ သွားတာက မိဘတွေ ပေးစား တာလည်း မဟုတ်ဘူး။ ကိုယ့်စိတ်ကြိုက် အိမ်ထောင်ပြုတာလည်း မဟုတ်ဘူး။ ကျမကို အရုပ်တရုပ်လိုပဲ ရောင်းလိုက်တာပါ။” သူ့မိဘတွေက သူ့ကို အမေရိကန်ဒေါ်လာ ၂၅၀ နဲ့ ရောင်းခဲ့တာာပါ။ ၉ နှစ်ကြာတဲ့အခါ မှာတော့ လင်မယားပြတ်စဲဖို့ လျှောက်ထားရင်းနဲ့ ရုံးတော်ကို ရောက်နေပြန်ပါတယ်။ သူ့လိုပဲ လင်မယားပြတ်စဲလိုကြောင်း လျှောက်ထားတဲ့အမှုတွေ ပါကစ္စတန်နိုင်ငံမှာ တစထက်တစ ပိုများလာပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Jun 2013 11:43 PM PDT
မြောက်ကိုရီးယားအစိုးရက
အမေရိကန်နဲ့ နျူကလီးယားအရေးနဲ့ လုံခြုံရေးကိစ္စတွေ တွေ့ဆုံ ဆွေးနွေးဖို့
ကမ်းလှမ်းလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ အဆင့်မြင့်အရာရှိတွေ တွေ့ဆုံဖို့
ပျက်ပြားသွားပြီးတဲ့နောက်မှာ အခုလို ကမ်းလှမ်းလိုက်တာလည်း ဖြစ်ပါတယ်။
တင်းမာမှုတွေ လျော့ကျဖို့နဲ့ ကိုရီးယားစစ်ပွဲ အဆုံးသတ်ဖို့အတွက်
ငြိမ်းချမ်းရေးစာချုပ်ဆိုင်ရာေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Jun 2013 11:35 PM PDT
လက်ကျန်နိုင်ငံရေး
အကျဉ်းသား ၇၀ လောက် စိစစ်လို့ရပြီး အဲဒီသူတွေကို လွှတ်ပေးဖို့ ကော်မတီရဲ့
သဘောတူညီချက်နဲ့ သမ္မတထံ ဆက်လက်တင်ပြမယ်လို့ ကော်မတီဝင် ဦး ဥာဏ်ဝင်းက
ပြောပါတယ်။ ဇွန် ၁၆ ရက်နေ့ ပြုလုပ်တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ
စိစစ်ရေး ကော်မတီ အစည်း အဝေးမှာ ဆွေးနွေး ခဲ့ကြတာလို့ ဦးဥာဏ်ဝင်းက
ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Jun 2013 11:31 PM PDT
ကရင်လက်နက်ကိုင်
အဖွဲ့အစည်းတစ်ခုဖြစ်သော DKBA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် ခေါ်
ဗိုလ်နှုတ်ခမ်းမွေးကို ထိုင်းအစိုးရက ၂၀၁၂ ခုနှစ် မတ်လအတွင်းက
မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ခဲ့ခြင်း ကို ပြန်လည် တောင်းပန်ထားကြောင်း
DKBA တပ်ဖွဲ့မှ ဗိုလ်ချုပ် စောမိုရှေး က ပြောကြားသည်။ ယင်းအကြောင်းအရာကို
ဗိုလ်ချုပ် စောလားပွယ် နေအိမ်တွင် သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ၎င်းက
အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Jun 2013 11:05 PM PDT
ပြည်ပနိုင်ငံများက
ပြန်လာသည့် မြန်မာနိုင်ငံသားများကို လေဆိပ် လူဝင်မှု ကြီးကြပ်ရေး (လ.ဝ.က)
ငွေကြေး ကောက်ခံပါက တိုင်ကြားနိုင်ပြီး အမှန်တကယ် ကောက်ခံပါက အရေးယူသွားမည်
ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန
ရေဆိပ်လေဆိပ် တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Jun 2013 11:01 PM PDT
|
||
Posted: 16 Jun 2013 10:56 PM PDT
အကြောင်း
အမျိုးမျိုးကြောင့် နိုင်ငံကူး လက်မှတ်မရှိသည့် မလေးရှား နိုင်ငံရောက်
မြန်မာများ အနေဖြင့် မြန်မာ သံရုံးက နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက်
(Certificate of Identity) ပေးလျှင် အရေးမယူဘဲ ပြည်ဝင်ခွင့် ပေးသွားမည်ဟု
လူဝင်မှုကြီး ကြပ်ရေးဌာန ဒုညွှန်မှူး ဦးကျော်မြင့်က ဇွန် ၁၆ ရက်က ပြောသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Jun 2013 10:48 PM PDT
နေပြည်တော်တွင်
ရုံးစိုက်သည့် လွှတ်တော်နှင့် အစိုးရအဖွဲ့များထံ ယခုနှစ်အတွင်း
အစီရင်ခံသည့် နိုင်ငံတော် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဆေးရုံလူနာများ
ပြင်ပတွင် ဆေးဝယ်ယူ သုံးစွဲနေရခြင်းနှင့် ပတ်သက်ပြီး ထည့်သွင်းထားသဖြင့်
ယင်းကိစ္စကို လွှတ်တော်တွင် ပြန်ရှင်းလင်းမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပြောကြားခြင်း ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Jun 2013 10:43 PM PDT
ရန်ကုန်မြို့
ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ C.S အာရ်ကာတီ
ဂျာမေဗလီကြီးအတွင်းသို့ ဇွန် ၁၆ ရက် နံနက်က ဘုန်းတော်ကြီးအချို့
ဝင်ရောက်လေ့လာခဲ့သည်။ ဝင်ရောက်လေ့လာသည့် ဆရာတော်များမှာ
ရွှေဝါရောင်သံဃာ့ကွန်ရက်မှ အရှင်ပဏ္ဏဝံသနှင့် အင်းစိန်မိုဘိုင်း
ဆွမ်းလောင်းအသင်းမှ အရှင်စန္ဒသီရိ(သစ္စာရှင်)တို့ ဖြစ်ကြသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 16 Jun 2013 10:33 PM PDT
ဧရာဝတီတိုင်း
ဒေသကြီး ကျေးလက် ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက်
ယခုဘဏ္ဍာနှစ် သုံးစွဲရန် ပြည်ထောင်စု အစိုးရထံမှ ကျပ်သန်း ၁၀၀၀
ရရှိထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောကြားသည်။
အဆိုပါ ငွေကြေးများကို သုံးစွဲရာတွင် သက်ဆိုင်ရာ လုပ်ငန်း ကော်မတီများက
စနစ်စကျ စီမံသုံးစွဲပြီး စာရင်းစစ်ဆေးမှု ခံယူနိုင်ရန် ဆောင်ရွက်ရမည်ဟု ၎င်းက
ပြောဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Jun 2013 09:15 PM PDT
မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်း၏ လက်ရှိ ကောက်ခံ လျက်ရှိသည့် မိုဘိုင်းဖုန်း
ခေါ်ဆိုခသည် များပြား လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက်
သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဌာန ဒုတိယဝန်ကြီး ဦးသောင်း တင်၏
ပြောစကားအရ သိရသည်။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန
ဒုဝန်ကြီး ဦးသောင်းတင်က လက်ရှိ ကောက်ခံလျက်ရှိသော တစ်မိနစ် ၅၀ကျပ်မှာ
ဈေးနှုန်းလွန်ကဲနေသေးကြောင်း ၎င်းထက် ၂ ဆ၊ ၃ ဆ လျော့ နည်းသည့် ဈေးသာ
ဖြစ်သင့်ကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Jun 2013 09:23 PM PDT
ရန်ကုန်တိုင်း
ဒေသကြီးရှိ တွံတေးမြို့နယ်မှ ကျေးရွာအုပ်စုနှစ်စု ပေါင်း၍ အစိုးရ စစ်တပ်မှ
သိမ်းဆည်းထားခဲ့သော လယ်မြေများ ကို ပြန်လည်ရယူပြီး လာမည့် ဇွန်လ
၂၀ရက်နေ့တွင် ကရင့်အမျိုးသားအလံတော်အား စိုက်ထူ သွားကြမည်ဟု ဒေသခံ လယ်သ
မားများအရေး ကူညီဆောင်ရွက်ပေးနေသော ကရင်ပြည်သူ့ပါတီ (KPP) မှ
မန်းအုန်းမြင့်သိန်းက ကေအိုင်စီသို့ ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 16 Jun 2013 08:51 PM PDT
|
||
Posted: 16 Jun 2013 08:50 PM PDT
|
||
Posted: 16 Jun 2013 08:47 PM PDT
|
||
Posted: 16 Jun 2013 08:47 PM PDT
|
0 comments:
Post a Comment