Wednesday, September 12, 2012

မြ၀တီမှ မြေသိမ်းသည့်ကိစ္စ နိုင်ငံတော်သမ္မရုံး website ပြည်သူ့ဟစ်တိုင်ကဏ္ဍမှ တင်ပြတိုင်ကြားစာ


by Naung Taw Lay on Wednesday, September 12, 2012 at 8:09am 


သို့
နိုင်ငံတော် သမ္မတ
နိုင်ငံတော်သမ္မတရုံး
နေပြည်တော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေ့စွဲ ။            ။ ၁၀ . ၉ . ၂၀၁၂
အကြောင်းအရာ ။        ။ ခြံမြေများမှ အဓမ္မဖယ်ရှားခိုင်းနေခြင်း ကိစ္စအား တင်ပြခြင်း
အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ ကျွန်တော် ဦးစိန်ဝင်း၏ တရားဝင်ပိုင်ဆိုင်ထားသော မြေနေရာများအား သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှ ကျွန်တော်၏ ပိုင်ဆိုင်မှုများအား နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်း ကြောင်းဖြင့် အကြိမ်ကြိမ်အခါခါ လာရောက်၍ မှီခိုနေထိုင်ကြသူများကို ဖယ်ရှားခိုင်းခြင်း ကျွန်တော်၏ ပိုင်ဆိုင် ကြောင်း ဆိုင်းဘုတ်များအား ဖယ်ရှားခိုင်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်နေပါသည်။

မြို့နယ်အဆင့်မှ ဤသို့ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ ကျွန်တော်ပိုင်ဆိုင်ထားရှိမှုအခြေအနေ သက်ဆိုင်ရာ မှဆောင်ရွက်နေမှု အခြေအနေအသေးစိတ်တို့ကို မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ၏ လစဉ်ထုတ်စာစဉ် (၂၀)တွင် ဖော်ပြခဲ့ပြီးလည်း ဖြစ်ပါ၍ ပူးတွဲပေးပို့ပါသည်။
သက်ဆိုင်ရာမှ နိုင်ငံတော်အမိန့်ဖြင့် ဆောင်ရွက်နေခြင်းအပေါ်စာရွက်စာတမ်းများ ပြသရန် တောင်းဆိုသော အခါတွင်လည်း ထုတ်ပေးနိုင်ခြင်း မရှိပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဌာနဆိုင်ရာများသို့စုံစမ်းလေ့လာ၍ ကျွန်တော်၏ ပိုင်ဆိုင်မှုများအပေါ် ယခုကဲ့သို့ဆောင်ရွက်နေခြင်းအား လေ့လာစုံစမ်းရာ ဌာနဆိုင်ရာအဆင့်ဆင့် မှသိရှိခြင်း မရှိဘဲ အောက်ခြေမှ အထက်သို့တင်ပြဆောင်ရွက်ခြင်းမရှိဘဲ လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။
အာဏာပိုင်အဖွဲ့အစည်းမှ ပြည်သူတစ်ဦးတစ်ယောက်အပေါ် ယခုကဲ့သို့ဆောင်ရွက်နေခြင်း အာဏာကို အသုံး ချ၍ တလွဲဆောင်ရွက်နေခြင်း ဟုယူဆပါသည်။ နိုင်ငံတော်သမ္မတကြီးမှလည်း မြေယာကိစ္စများနှင့် ပတ်သက်၍ နေပြည်တော်တွင် သြဂုတ်လ (၁၅)ရက်နံနက်က ပြုလုပ်သော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယ အကြိမ် အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာနများကလည်း နိုင်ငံတော်မှ ဖွဲ့စည်းပေးထားသော မြေ အဆောက်အအုံးများမှတပါး ကျန်ဝန်ကြီးဌာန အစီအစဉ်ရှိနေသည့် မြေနှင့်အဆောက်အအုံများကို တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များက စီမံကိန်းကော်မရှင်သို့ တင်ပြထားသည့် မြို့ပြစီမံကိန်းနှင့်အညီဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြလွှဲပြောင်းသွားရမည် ဖြစ်ကြောင်းပြောဆိုထားပါသည်။
ထို့အပြင်အောက်ခြေမြို့နယ်အချို့တွင် အာဏာပိုင်အဖွဲ့အစည်းများက သူ့နည်းသူ့ဟန်ဖြင့် ရင်းနှီးမြှုပ်နှံမှု များကို နေရာချပေးခြင်း ၊ ဘာသာရေးအဆောက်အအုံ တိုးချဲ့မှုများကို မသိရှိခြင်း ၊ အချို့ဓာတ်ဆီဆိုင်နေရာ များကို ယင်းတို့သဘောအတိုင်း နေရာချထားခြင်းကြောင့် ပြည်သူများနှင့်ပြဿနာဖြစ်ပွားခြင်း စသည့် ပြဿနာ များကြုံတွေ့နေရကြောင်းလည်း ထည့်သွင်းပြောဆိုထားခဲ့ပါသည်။
ကျွန်တော်တို့မှာ နိုင်ငံတော်သမ္မတပြောဆိုချက်ကို ထောက်ရှု၍ လက်ရှိ ကျွန်တော်၏ ပိုင်ဆိုင်မှုများအပေါ် ယခုကဲ့ သို့လာရောက်လုပ်ဆောင်နေခြင်းပေါ် အောက်ခြေ၀န်ထမ်းများ၏ လုပ်ဆောင်ချက်သက်သက်သာ ဖြစ်သည်ဟု ယူဆပါသည်။ ပြဿနာဖြစ်ပေါ်နေခြင်းကြောင့် မီခိုနေထိုင်သူများ စိတ်ဒုက္ခကြုံတွေ့နေရသလို ယခု ကိစ္စအတွက် လိုက်လံစုံးစမ်းနေရခြင်းအတွက် ကိုယ့်အလုပ်ကိုယ်ပင် ဖြောင့်ဖြောင့် မလုပ်ရပါ။
 ၈.၉.၂၀၁၂ ရက်နေ့က မြို့နယ်ရုံးသို့ ထပ်မံခေါ်ယူ၍ ခြံရှေ့တွင် စိုက်ထူထားသော ဆိုင်းဘုတ်များနှင့် ခြံတွင်းနေ အလုပ်သမားများအား ပြောင်းရွှေ့ပေးရန်ပြောဆိုလာပါသည်။ ၁၀.၉.၂၀၁၂ ရက်နေ့တွင် အမှတ်(၄) ရပ်ကွက် ဆယ်အိမ်မှူးမှ ခရိုင်ရဲမှူး၏ ညွှန်ကြားချက်ဟုဆို၍ ဆိုင်းဘုတ်များ ဖြုတ်ပေးရန် နှင့် လူများပြောင်း ရွှေ့ပေးရန် နှစ်ကြိမ်တိုင်တိုင် လာရောက်ပြောဆိုပါသည်။ ထို့သို့ညွှန်ကြားသလိုဆောင်ရွက်ခြင်း မရှိက ဥပဒေ အရအရေးယူမည်ဟုလည်း ခြိမ်းခြောက်လာပါသည်။
ကျွန်တော်တို့မှာ ထွက်ရှိလာသောမြေယာဥပဒေများ၊ လွှတ်တော်မှဖွဲ့စည်းလိုက်သော မြေယာစုံစမ်းရေး ကော်မ ရှင်ထံတင်ပြရန်လည်း စီစဉ်ထားရှိပြီးဖြစ်ပါသည်။ ယခုလက်တလော ဖြစ်ပေါ်နေသော အခက်အခဲအား နိုင်ငံ တော်အကြီးအကဲများအနေဖြင့် တားမြစ်ပေးစေလိုပါသည်။ကျွန်တော်၏ အလုပ်သမားများမှာလည်း ပြောင်းရွှေ့ နေထိုင်စရာမရှိသည့်အပေါ်ယခုကဲ့သို့ အဓမ္မဆောင် ရွက်နေခြင်းများအား တားမြစ်ပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
ဦးစိန်ဝင်း
၃/မ၀တ(နိုင်) ၀၁၄၉၀၅
ပအို့ဝ် + ကရင် တိုင်းရင်းသား
အမှတ်(၄)ရပ်ကွက်၊ မြ၀တီမြို့
ကရင်ပြည်နယ်
မိတ္တူကို -
-       မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ၊ မြ၀တီမြို့
-       ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ၊ မြ၀တီမြို့
(မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီ လစဉ်ထုတ်စာစဉ် (၂၀)တွင် ဖော်ပြခဲ့သော မြေယာများ သိမ်းဆည်း ရန်သက်ဆိုင်ရာမှ ကြိုးပမ်းနေမှု)
မြ၀တီက ဦးစိန်ဝင်းတစ်ယောက် ရန်ကုန်ကိုရောက်လာပြီး သူကိုယ်တိုင်အသိမ်း ဆည်းခံထားရတဲ့ မြေတွေအတွက် ရင်ဖွင့်ပြောကြား ပါတယ်။ သူသိမ်းဆည်းခံထားရတာတွေက ကရင် ပြည်နယ်၊ မြ၀တီမြို့နယ် ထဲမှာပါ။ အိမ်ယာကွက်(၁)ကွက်၊ စိုက်ပျိုးမြေ(၃)ကွက် သိမ်းဆည်းခံထား ရပါတယ်။ ဦးစိန်ဝင်း သိမ်းဆည်းခံ ခဲ့ရတဲ့ မြေတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ - ““အိမ်ယာကွက်က ၁၉၉၀ထဲမှာ တာဝန် ကျလာတဲ့ ဗိုလ်မှူးကြီး စိုးဝင်းဆီက သူ့အမည်ပေါက် ခြံကို ၂၀၀၁ခုနှစ်မှာ ကျွန်တော်က၀ယ်ထားတာပါ။ ၄ဧကကို သိန်း(၂၀၀)နဲ့ ၀ယ်ထားပါတယ်။ လန(၃၉) လည်းကျပြီးသား။ သူကအဲဒီတုန်းက ခ.ယ.က ဥက္ကဌ။ အဲဒီ အကွက်နဲ့ ကပ်ရပ်မှာပဲ စိုက်ပျိုးမြေက ၄ဧကခွဲကျွန်တော်ဝယ်ထားတယ်။ နောက်ထပ် (၁၀)ဧကတစ် ကွက်။နောက်တစ်ကွက်က အမှတ်(၅) ရပ်ကွက် ရေပူဘုရားလမ်းမှာ (၂၅)ဧက တစ်ကွက်။ စိုက်ပျိုးမြေတွေပဲ။ အဲဒီ(၂၅)ဧကကိုအရင်က သူတို့ ကြက်ဆူပင်စိုက်တယ်။ မအောင်မြင်တော့ ဒေသရန်ပုံ ငွေရအောင်ဆိုပြီးတော့ ရောင်းတာ။ ၄ဧကခွဲက ခရိုင် ကချပေးတာ။ မြ၀တီမှာရှိတဲ့ လုပ်ငန်းရှင် (၁၀) ဦးကို ခေါ်ပြီးတော့ ချပေးထားတာ။ သူတို့စိုက်ခိုင်းထား တဲ့အပင်တွေစိုက်ဖို့အတွက်။ အဲဒါကတစ်ဧကကို (၅၂၀၀၀၀)ငါးသိန်းနှစ်သောင်း သွင်းရ တယ်။ ကျန်တဲ့(၁၀)ဧကအတွက်က ဦးစံသွင်ကိုချပေး ထားတာ။ ကျွန်တော်က သူ့ဆီကပြန်ဝယ်ထားတာ ပါ။ စိုက်ပျိုးရေးမလုပ်နိုင်လို့ ကျွန်တော့်ကို သိန်း (၁၉၀) နဲ့ ပြန်ရောင်းတာ။ ””လို့ သူရရှိပိုင်ဆိုင်ထားတဲ့ မြေတွေနဲ့ ပတ်သက်ပြီးရှင်းပြပါတယ်။
 မြေတွေကို စတင်လာရောက်နှောက် ယှက်တာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ - ““၂၀၀၈ ခုနှစ်ထဲမှာပါ။ မြ၀တီခရိုင်အုပ် ချုပ်ရေးမှူး ဦးအောင်ဆွေ ညွှန့်နဲ့ပေါင်းပြီး စ.စ.စ (စသုံးလုံး)က ဒီမြေ(၄)ကွက်လုံးကို ကျွန်တော့်ရဲ့ မျက်ကွယ်မှာမြေစာရင်းတို့၊ ရပ်ကွက်အုပ်ချုပ်ရေးတို့မှာ လိုက်ပြီးစုံးစမ်းမှာပေါ့။ကရင်ပြည်နယ် (စသုံးလုံး) ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဟန် ကနေပြီးတော့ ကျွန်တော့်ကိုခေါ်ပြီးတော့ ကျွန်တော့် ခြံမြေ တွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ တရားဝင်ငွေကြေး အဖွဲ့ကနေပြီး သိမ်းဆည်းတယ်ဆိုတဲ့အကြောင်း ပြောတယ်။ ချိတ်ပိတ်မယ်လို့ ပြောပြီး ၁၉.၉.၂၀၁၀မှာ လာပြီး ချိတ်ပိတ် တယ်။ ဘာကိစ္စအတွက် ချိတ်ပိတ်ရတာလဲလို့ မေးတဲ့အခါမှာ ““မဟုတ်ဘူးတဲ့။ ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်မှာရှိတဲ့ ဌာနကစာဝင်တယ်ပေါ့။အဲဒီဌာနကပို့တဲ့စာကိုမပြဘူး။ ပြည်နယ်က သူထုတ်တဲ့ ၃/၂၀၁၀ အမိန့်နဲ့သိမ်းတယ်လို့ ရည်ညွှန်းထားတယ်””ပေါ့။ ၃/၂၀၁၀အမိန့်ဆိုတာကိုပြ ဆိုတော့ လည်း““ငါ့ကို ရန်ကုန်မှာ ရှိတဲ့ (စသုံးလုံး) အောက်မြန်မာပြည်ညွှန်ကြာေးရးမှူး ဦးအေးမောင်သန်းက နှုတ်မိန့် နဲ့ခိုင်းလို့ ငါကအခုလိုလုပ် တာတဲ့။ မင်းငါ့ကို အတိုက်အခံမလုပ်နဲ့ပေါ့။ မင်းမကျေနပ်ရင် ကိုယ့်ဟာ ကိုယ် အပေါ်မှာလိုက် ယူ””လို့ပြောတယ်။ ကျွန်တော့် တပည့်တွေပဲ ဆိုင်မှာထားတယ်။ ဒုတိယအကြိမ်ကြတော့ ၅.၉.၂၀၁၁ထဲမှာ ချိတ်ပိတ်သွားတဲ့ (စသုံးလုံး)အဖွဲ့ကမလာတော့ပြန် ဘူး။မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦး က ကျွန်တော့်ကို နို့တစ်စာပေးတယ်။ အဲဒီနို့တစ်စာကို ဖတ်ကြည့်တော့ (စသုံးလုံး)က ပေးတဲ့အတိုင်းပဲ။ ခေါင်းစဉ် ကတော့ အောက်မြန်မာနိုင်ငံ မြေယာ ဥပဒေ ဆိုပြီးတော့ သူတို့ထွေအုပ်က လုပ်နည်း ကိုင်နည်းနဲ့ပေါ့။ ဒီစာက ဦးသိန်းဟန်ကျွန်တော့်ကို လာပြီးမလိမ့် တပတ်လုပ်တဲ့စာပဲ။ အဲဒီစာကိုယူပြီးကျွန်တော်က ပြည်ထဲရေး ၀န်ကြီးဌာနကို အဲဒီစာပို့လိုက်တယ်။ ခေါင်းစဉ် ပြောင်းပြီး ကျွန်တော်ကိုနိုးတစ်စာ တွေပို့ပြန်ပြီဆိုပြီးတော့ မေးကြည့် တဲ့အခါမှာ ၃/၂၀၁၀ဆိုတာမရှိဘူးလို့ ပြောတယ်။အဲဒီလိုသိရတာလည်း ဆရာသမားတွေနဲ့ မေးမြန်းစုံစမ်းကြည့်လို့ သိရတာပါ။ မြ၀တီ ခရိုင်မှူး ဦးဇော်လွင်ဦးကနေပြီးတော့ နို့တစ်စာတွေ (၃)စောင် လောက်ထုတ်တယ်။ အထက်မြန်မာနိုင်ငံရော အောက်မြန်မာနိုင်ငံရော အမျိုးမျိုးထုတ်တယ်။ ကျွန်တော်ကလည်း လုံးဝဂရုမစိုက်တော့ဘူး။ အရင် အတိုင် ပြန်ပြီေးတာ့ ပန်းခြံပြန်လုပ်တယ်။ ကလေး ကစားကွင်း တွေလုပ်တယ်။ အဲဒီ လိုအခြေအနေမှာ ဦးဇော်လွင်ဦးကပြည်နယ်အစိုးရ အဖွဲ့ထဲကို ပြောင်း သွားတယ်။ သူ့နေရာမှာ ဦးမြင့်တင် ထပ်ရောက်လာ တယ်။ သူကဒီနှစ်ထဲမှာပဲ အဆောက်အဦးတွေ ဖျက်ပေးဖို့ပြောလာတယ်။ မဖျက်ပေးရင် တရားစွဲ မယ်လို့ဆိုတယ်။ ပုဒ်မ(၁၈၈)တဲ့။ ဒေသဆိုင်ရာ အာဏာပိုင်ရဲ့အမိန့်ကိုမနာခံတဲ့ အမှုပေါ့။ ကျွန်တော်ကတော့ တရားစီရင်ရေးက သူရဦးအောင်ကိုကို စီတင် တဲ့စာကို သူတို့ဆီ မိတ်္တူပို့ လိုက်တယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ဘာမျှမဆိုင်တာကို လုပ်နေတဲ့သဘော။ (စသုံးလုံး) ဦးသိန်းဟန် မလိမ့်တပတ် လုပ်ထားတာဖြစ်တယ်လို့ ကျွန်တော့်အပေါ် မလိမ့်တပတ်လုပ်တာတွေ များနေပြီဆိုတဲ့အကြောင်းတင်လိုက်တယ်။သူတို့က တရား စွဲတာကိုကျွန်တော်က ရင်မဆိုင် ဘဲနဲ့ဒီစာပဲ ပေးလိုက်တယ်။ နောက်ဆုံးတစ်ကြိမ် (၂၃.၇.၂၀၁၂) မှာ မြ၀တီက (စသုံးလုံး) ဦးမြင့်သိန်းနဲ့ မြေစာရင်းကအဖွဲ့ တွေနဲ့မြို့နယ်အုပ် ချုပ်ရေးက လာပြီးတော့ အရင်စိုက် ထားတဲ့ ဆိုင်းဘုတ်တွေ အတိုင်းပဲ ပြည်ထဲ ရေးဝန်းကြီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း ထားတယ်လို့ လုပ်တယ်။ လူကိုတော့ လာမဖယ်ခိုင်းဘူး။ ကျွန်တော့်မန်နေဂျာကပြော လိုက်တယ်။အရင်တခါ လည်းဥပဒေမဲ့လာ လုပ်ပြီးပြီ။ အခုတစ်ခါဒါမျိုးထပ်လုပ်သေးတယ်။ ဘယ်သူ့ အမိန့်နဲ့လည်းလို့မေးတယ်။ အထက်ကတာ ၀န်ပေးလို့ ၊ နိုင်ငံတော် ကခိုင်းလို့သူတို့လုပ်တာတဲ့။””
အဲသလိုနဲ့ လယ်သိမ်းမြေသိမ်းအမှုတွေမှာ လိုက်ပါဆောင်ရွက်နေတဲ့ ဦးနေမျိုးဝေဆီကို ရောက်ရှိလာပြီး ဒီသတင်း ကို အများပြည်သူသိ စေဖို့ ဖြန့်ဝေပေးဖို့ သက်ဆိုင်ရာတွေအနေနဲ့လည်း စဉ်းစားဆောင်ရွက်ပေး နိုင်ဖို့ တင်ပြတိုင်တန်း တဲ့သဘောဖြစ်ပါတယ်။ သူဌေးတွေ(ခရိုနီ)ကမြေ သိမ်းတဲ့အမှုတွေ နိုင်ငံတ၀ှမ်းဖြစ်ပေါ် နေတဲ့အချိန်မှာ မြ၀တီက သူဌေးတစ်ဦးကတော့ အသိမ်းခံရတဲ့ အထဲမှာပါနေတယ်။ ဇာတ်ကြောင်းကို သုံးသပ်ကြည့်တော့ မရှင်းတာလေးတွေရှိတယ်။ သက်ဆိုင်ရာ တွေကို တင်ပြတိုင်တန်းရတာလည်း အတော်ကို မောတယ်။ တကယ်လုပ်ပိုင်ခွင့်ရှိလို့ ၊ သူ့မှာ ပြစ်ချက် တွေရှိလို့ သူ့ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီးသံသယ ရှိတယ်ဆိုရင်ပွင့်ပွင့်လင်းလင်းစစ်ဆေးဆောင် ရွက်ကြပါ။ ဒီမြေတွေကိုသူဘယ်လိုအသုံးပြု နေသလဲ ဆိုတာနဲ့ ပတ်သက်ပြီးမေးမြန်းရာမှာတော့ - ““ခြံမြေမှာတော့ ကျွန်တော်အဆောက် အဦးတွေ ဆောက်ထားတယ်။ ဆိုင်ခန်းသဘော မျိုးပေါ့။ ၀ပ်ရှော့ရုံတစ်ရုံရှိတယ်။ ၄ဧကခွဲမှာတော့ ငှက်ပျောတို့ သရက်တို့ပဲစိုက်ထားတယ်။ ၁၀ဧကရှိ တဲ့ခြံမှာတော့ယခင်ကတည်းက သီဟိုပင်တွေရှိ တယ်။ငှက်ပျော်ထပ်စိုက်တယ်။ ကျွန်တော်တို့ ဘက်မှာဖြစ်လေ့ဖြစ်ထရှိတာက သူများခြံကနေ မီးကူးတတ်တယ်။ ကိုယ်ကရှင်းထားပေမယ့် သူများ မရှင်းထား ရင် ကိုယ့်ခြံလည်း မီးလောင်တဲ့ အထဲပါရတာပဲ။ အပင်တွေသေတယ်။ ပြန်စိုက်ရ တာပေါ့။ ဧက(၂၅)မှာက နှစ်တိုင်းပြောင်းတို့ပဲတို့ စိုက်တယ်။ ဒီနှစ်အားလုံး ပြောင်းစိုက်ထားတယ်။ ပြီးသွားရင် ပဲပြန်စိုက်မယ် ””လို့ ဆိုပါတယ်။ နိုင်ငံတော် နိုင်ငံတော် ဆိုတဲ့ စကားရပ်ကြီးက အလွဲသုံးစားလုပ် ဖို့ဖြစ်နေတယ်။ နိုင်ငံ တော်ဆိုတာကို မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီက အဓိပ္ပါယ်ဖွင့် ဆိုပြထားတယ်။ နိုင်ငံတော် ဆိုတဲ့အထဲမှာ အဲဒီအသိမ်းခံရတဲ့ လူတွေလည်းပါသလို သိမ်းတဲ့သူတွေလည်းပါတယ်။ အစိုးရ အာဏာရှိ ပုဂ်္ဂိုလ်တွေပါသလို အာဏာတပြားသားမှ မရှိတဲ့ ပြည်သူ (သူတောင်းစား) ကအစ နိုင်ငံသား မှတ်ပုံတင်ကိုင်ပြီး ဟောဒီမြေပေါ်မှာနေရင် နိုင်ငံတော်ထဲမှာ အကြုံးဝင်တယ်။ မြေတွေကို သိမ်းမယ်ဆို ရင်လည်း မူလပိုင်ရှင် မနစ်နာအောင် ဆောင်ရွက်ပေး ဖို့ဆိုတာလည်း ဥပဒေထဲမှာ ရှိပြီးသားပဲ။ အဲသလို သိမ်းပါ။ အဆင်မပြေစရာ မရှိပါဘူး။ ဒီအမှုမှာတော့ ဦးစိန်ဝင်းဟာ တရားမ၀င်ငွေကြေး တွေရရှိပြီး ဒါတွေပိုင်ဆိုင်ခဲ့တယ်လို့ ယူဆရင် လည်း တရားခွင် ကိုစွဲခေါ်ပြီး ပွင့်ပွင့်လင်းလင်း ရှင်းလင်းကြပါ။ ဦးစိန်ဝင်းဟာ ထီတစ်ဆောင်(၂)ကျပ်ခေတ်က (၅၀၀၀၀၀)ငါးသိန်းထီပေါက်ပြီး စုဆောင်း လုပ်ကိုင်ခဲ့ တာကြောင့် ချမ်းသာတာလို့ မြို့ခံတွေရဲ့ ပြောပြချက် အရ သိခဲ့ရပါတယ် ။ မြ၀တီမြို့ပေါ်မှာ ဦးစိန်ဝင်းထက် ချမ်းသာသူတွေဟာ အများကြီး ရှိနေတာကိုလည်း မြ၀တီသား တွေနဲ့  အုပ်ချုပ်ရေးဝန်ထမ်းတွေ သိကြပါတယ်လို့လည်း ဦးစိန်ဝင်းကပြောတယ် ။
ပါတီ၏ သုံးသပ်ချက်
 ပြည်ထောင်စု လွှတ်တော်မှဖွဲ့စည်း ထားသော စုံစမ်းရေး ကော်မရှင် အနေဖြင့်စုံစမ်းရန် သင့်ပါသည် ။ အမှုအခင်းများကို အသေးစိတ် ထပ်မံ စစ်ဆေးပြီး ဆုံးဖြတ်ချက်ကို စာနှင့် တိတိကျကျ ထုတ်ပြန်ခြင်းမျိုးဖြင့် တရားဝင်မှုကို တည်ဆောက် သင့်ပါသည် ။
 ပီဒီပီ


 (ဆိုင်းဘုတ်များ ဖြုတ်ပေးရန် နှင့် ဖယ်ရှားပေးရန် ပြောဆိုနေခြင်း)
  
  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...