Saturday, September 8, 2012

ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို



{အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း}

RFA 2012-09-05

မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ NLD ပါတီကို ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာသာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဧရာဝတီတိုင်း မြောင်းမြမြို့၊ ရန်ကုန်တိုင်း တွံတေးမြို့တွေမှာ များမကြာခင်က ဒေသခံ NLD ပါတီဝင်တွေ စုရုံးပြီး ပါတီရုံးချုပ်ရဲ့ ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ရွေးချယ်မှု မူဝါဒကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး နောက်ထပ်လည်း မကွေးတိုင်းအတွင်း ဆန္ဒပြဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို ဦးဥာဏ်ဝင်းက အခုလို တုံ့ပြန်ပြောကြားလိုက်တာပါ။

“ဒါကတော့ NLD ကို မလိုလားတဲ့သူတွေက လုပ်တာပဲ။ ဆန္ဒပြတာ ဘယ်လိုပုံစံမျိုးနဲ့ ပြပြ ကိုယ့်အထဲမှာ ညှိနှိုင်းရမှာကို မညှိနှိုင်းပဲ လုပ်တဲ့အတွက် ဒါဟာ NLD ကို အားနည်းအောင်လုပ်တယ်လို့ ကျွန်တော် ယူဆတယ်။ ကျွန်တော်တို့က ကြိုပြီးတော့လည်း မသိဘူး။ ကြိုသိရင်လည်း အကျိုးအကြောင်း ပြည့်စုံမသိဘူး။ မသိပဲနဲ့ ကျွန်တော်တို့ တားတာ ပြုတာ မလုပ်ဘူး”

NLD ပါတီဟာ မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ခဲ့သူ နှစ်ဦးကို ပါတီဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းထားလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။

မနေ့က တွံတေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့တော့ ဘယ်လို ဆောင်ရွက်ဖို့ ရှိတယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။


xxxxxxxxxxxxxxxxxxx ---- xxxxxxxxxxxxxxxxxxx


(သုံးသပ်ချက်)


ပါတီတွင်း ဆန္ဒပြခြင်းနဲ့ပတ်သက်ပြီး အခုလိုရပ်ဆဲလိုက်တယ် ဆိုတာထက် ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးပေးသင့်ပါတယ်။

အစိုးရရဲ့ ကြံ့ဖွံ့ပါတီကို တပ်မတော်သားများ ဆန္ဒပြခြင်း မလုပ်ဆောင်ရဲသလို၊ NLD ပါတီအတွင်း ဆန္ဒပြတဲ့သူကိုလည်း ပါတီကနေ ထုတ်ပစ်တာမျိုး ပြင်းပြင်း ထန်ထန် အပြစ်ပေးသင့်ပါတယ်။

ကိုယ်အရည်အချင်းရှိလို့ ခေါင်းဆောင်နေရာလိုချင်လို့ မကျေနပ်တဲ့စိတ်ကြောင့် ဆန္ဒပြ ကန့်ကွက်တာဖြစ်တဲ့အတွက် တစင်ထောင်ခွင့်ပေးတဲ့အနေနဲ့ ပါတီကနေ ထုတ်သင့်တယ်လို့ သုံးသပ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...