ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ မေးခွန်းများကြောင့် ဘွဲ့ရလူငယ် ဆရာဝန်များ အခက်တွေ့နေရ
Written by Hot News Weekly Journal | Saturday, 01 Sep 2012 10:53
ဆရာဝန်ဘွဲ့ ရပြီးသော်လည်း အလုပ်ခွင် ဝင်ခွင့်ရရှိရန် အခက်အခဲ ဖြစ်နေကြသော လူငယ်ဆရာဝန်ဘွဲ့ရ (၈၀) ခန့်သည် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လူတွေ့စစ်ဆေးမေးမြန်း ရွေးချယ်မှုတွင် ဝေဖန်ထောက်ပြ စရာများနှင့် မကျေနပ်ချက်များကို နိုင်ငံတော် သမ္မတကြီးနှင့် ဝန်ကြီးဌာန (၂) ဌ

ာနအပြင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ကျန်းမာရေးမြှင့်တင်မှုကော် မတီ၊ ပညာရေးမြှင့်တင်မှု ကော်မတီ၊ နိုင်ငံသား မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီများသို့ သြဂုတ်လ (၂၇) ရက်နေ့တွင် လက်မှတ်ထိုး အကြောင်းကြား တင်ပြကြသည်ဟု စုံစမ်းသိရှိရပါသည်။
လူငယ်ဆရာဝန်များထဲမှ တစ်ဦးကို ဆက်သွယ် မေးမြန်းရာတွင် လွန်ခဲ့သော ၁၀ နှစ်ကျော် ကာလအတွင်း၌ လက်ထောက်ဆရာဝန် ခန့်ထားရေးတွင် ကျန်းမာရေးဝန်ကြီးဌာနက တိုက်ရိုက်ခေါ်ယူ ခန့်ထားခဲ့သော်လည်း ၂၀၁၁ နှစ် စက်တင်ဘာလမှ စတင်၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ခေါ်ယူခန့်အပ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ ခန့်ထားခဲ့ရာတွင် လူတွေ့စစ်ဆေးမေးမြန်ရာ၌ ကျန်းမာရေး ဝန်ကြီးဌာနက အနည်းငယ်သာ မေးမြန်းပြီး ပြည်ထောင်စု ရာထူးဝန် အဖွဲ့က မေးမြန်းခဲ့သော မေးခွန်းအချို့မှာ ဖြေဆိုသူ ဆရာဝန်များနှင့် လုံးဝ မအပ်စပ်သော မေးခွန်းများ မေးမြန်းခြင်းကို တွေ့ရ သည်ဟု ဆိုသည်။
ဥပမာ တံတားတစ်ခု၏ အရှည်ကို ပေဖြင့် အတိအကျမေးခြင်း၊ လမ်းအရှည်ကို မိုင်ဖြင့် အတိအကျမေးခြင်း၊ ရွေးချယ် ခံရသူနှင့် ရွေးချယ်မခံရသူအကြား သတ်မှတ်ထားသော စံနှုန်း မရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ တိကျသေချာသော မူဝါဒကျင့်သုံးခဲ့ခြင်း မရှိခဲ့ခြင်းတို့ကြောင့် ရွေးချယ်မခံရသူများ များစွာ ထိခိုက်နစ်နာခဲ့ခြင်း၊ နီးစပ်ပတ်သက်သော ဆရာဝန် အများစု ရွေးချယ်ခံရခြင်းနှင့် ဆေးကျောင်းများတွင် ထူးချွန် ထက်မြက်ခဲ့သူတချို့ ရွေးချယ်မှု မခံရခြင်းတို့ကြောင့် ဘက်လိုက်မှု အဂတိ လိုက်စားမှုများ ရှိနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဝင်ရောက်ဖြေဆိုသူများ၏ သံသယကို တိုးပွားစေခဲ့သည်ဟူသော အချက်များ တင်ပြလွှာတွင် ထည့်သွင်းဖော်ပြထားသည်ကိုလည်း တွေ့ရှိ ရသည်။
ထို့ပြင် လူငယ်ဆရာဝန် ၈၀ ဦး လက်မှတ်ထိုးထားသော တင်ပြလွှာတွင် ဆရာဝန်များ၏ သဘောထား (၅) ချက်နှင့် တောင်းဆိုချက် (၄) ချက်ကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။
ဥယျာဉ်မှူး
လူငယ်ဆရာဝန်များထဲမှ တစ်ဦးကို ဆက်သွယ် မေးမြန်းရာတွင် လွန်ခဲ့သော ၁၀ နှစ်ကျော် ကာလအတွင်း၌ လက်ထောက်ဆရာဝန် ခန့်ထားရေးတွင် ကျန်းမာရေးဝန်ကြီးဌာနက တိုက်ရိုက်ခေါ်ယူ ခန့်ထားခဲ့သော်လည်း ၂၀၁၁ နှစ် စက်တင်ဘာလမှ စတင်၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ခေါ်ယူခန့်အပ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ ခန့်ထားခဲ့ရာတွင် လူတွေ့စစ်ဆေးမေးမြန်ရာ၌ ကျန်းမာရေး ဝန်ကြီးဌာနက အနည်းငယ်သာ မေးမြန်းပြီး ပြည်ထောင်စု ရာထူးဝန် အဖွဲ့က မေးမြန်းခဲ့သော မေးခွန်းအချို့မှာ ဖြေဆိုသူ ဆရာဝန်များနှင့် လုံးဝ မအပ်စပ်သော မေးခွန်းများ မေးမြန်းခြင်းကို တွေ့ရ သည်ဟု ဆိုသည်။
ဥပမာ တံတားတစ်ခု၏ အရှည်ကို ပေဖြင့် အတိအကျမေးခြင်း၊ လမ်းအရှည်ကို မိုင်ဖြင့် အတိအကျမေးခြင်း၊ ရွေးချယ် ခံရသူနှင့် ရွေးချယ်မခံရသူအကြား သတ်မှတ်ထားသော စံနှုန်း မရှိခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ တိကျသေချာသော မူဝါဒကျင့်သုံးခဲ့ခြင်း မရှိခဲ့ခြင်းတို့ကြောင့် ရွေးချယ်မခံရသူများ များစွာ ထိခိုက်နစ်နာခဲ့ခြင်း၊ နီးစပ်ပတ်သက်သော ဆရာဝန် အများစု ရွေးချယ်ခံရခြင်းနှင့် ဆေးကျောင်းများတွင် ထူးချွန် ထက်မြက်ခဲ့သူတချို့ ရွေးချယ်မှု မခံရခြင်းတို့ကြောင့် ဘက်လိုက်မှု အဂတိ လိုက်စားမှုများ ရှိနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဝင်ရောက်ဖြေဆိုသူများ၏ သံသယကို တိုးပွားစေခဲ့သည်ဟူသော အချက်များ တင်ပြလွှာတွင် ထည့်သွင်းဖော်ပြထားသည်ကိုလည
ထို့ပြင် လူငယ်ဆရာဝန် ၈၀ ဦး လက်မှတ်ထိုးထားသော တင်ပြလွှာတွင် ဆရာဝန်များ၏ သဘောထား (၅) ချက်နှင့် တောင်းဆိုချက် (၄) ချက်ကို ထည့်သွင်းထားသည်ကို တွေ့ရှိရပါသည်။
ဥယျာဉ်မှူး
0 comments:
Post a Comment