Political Divisive and Destructive Actors- နိုင်ငံရေးဇာတ်ပျက်တို. ပတ်လည်ရိုက်ဖို. ကြံနေသည်။
by Udp Myanmar on Sunday, September 2, 2012 at 10:46pm

ပြည်ပက နိုင်ငံရေးဇာတ်ပျက်တွေ ပတ်လည်ရိုက်ဖို. ကြံနေပါသည်။ Return of Political Divisive and Destructive Actors လို. ဇာတ်ကားတောင် ရိုက်ရမည် ထင်ပါသည်။ ဗိုလ်အောင်ဒင်ပြန်လာပြီ မဟုတ်ပဲ နိုင်ငံရေးဇာတ်ပျက်တွေ ပြန်ဝင်လာပြီလို.သာ ဆိုရမည်။
မကြာခင် ရက်ပိုင်းအတွင်းက ပြည်ပရောက် နိုင်ငံရေးဇာတ်ပျက်တွေ ပြည်တော်ပြန်လာတာ အားလုံးအသိပါ။ ။ မြန်မာပြည်ဖွားတွေမို. ကိုယ့်မိဘနဲ.ကိုယ့်အရပ်ကို ပြန်လာတာ ဘာမှ ကန်. ကွက်စရာ ပြောစရာမရှိပါ။
ဒါပေမယ့် ဒီလူတွေဟာ နိုင်ငံရေး ဇာတ်ပျက်တွေဖြစ်တဲ့အပြင် ရောက်တဲ့အရပ်မှာ ဒီလူတွေပါ တာနဲ.တပ်ပျက်ခဲ့ရတဲ့သမိုင်းကိုတော့ သတိထားရမည် ဖြစ်ပါသည်။
အမေရိကန်တွေ ပြောသလိုပေါ့။ We don’t care “who they are”, and “where they come from”, but it is important to know and check “what they do”.
အခုလည်း ဒီလိုပါပဲ။ သူတို.ဘာကောင်တွေ ဘယ်သူတွေ ဘယ်ကလာတဲ့သူတွေဆိုတာ ပြည်သူတွေအနေဖြင့် အရေးမကြီးပါ။ ဒါပေမယ့် သို.တို. ဘာတွေ လုပ်နေလဲ။ ဘာတွေ လုပ်ခဲ့သလို ဆိုတာကတော့ အရေးကြီးတာမို. ဒီအချက်တွေကိုတော့ သိထားဖို. စောင့် ကြည့် ဖို.တော့ လိုပါသည်။
ပြည်တော်ပြန်လာတဲ့ နိုင်ငံရေးဇာတ်ပျက်တွေကို မျော်လင့်ချက်တွေ HOPE တွေ တအားထား လို. မျှော်လင့်ချက် အိမ်မက်တွေထားရင်တော့ မှားမယ်ထင်ပါသည်။ အကြောင်းကတော့ ဒီ ဇာတ်ပျက်တွေအနေဖြင့် ဘာမှ လက်တွေ. တကယ်လုပ်ပေးနိုင်တာ မရှိလို.ပါ။
ပြည်တော်ပြန် နိုင်ငံရေးဇာတ်ပျက်တွေ ပြန်လာလို. တချက်ချင်း စမ်းစစ်စဉ်းစားပြီး ဒီလူတွေ ဘာလုပ်ပေးနိုင်မလဲ မေးကြည့်ပါ။
၁)၊ နိုင်ငံရေးဇာတ်ပျက်တွေ လာလို. စည်းရုံးရေး စည်းလုံးရေး ညီညွတ်ရေး- Unity ကို လုပ် ပေးနိုင်မလား။
နိုင်ငံရေးဇာတ်ပျက်တွေဟာ ပြည်ပမှာ နှစ်ပေါင်း ၂၀ကျော် ဦးဆောင်မှုတွေကို ရရှိခဲ့ဘူးသူတွေ ပါ။ သူတို.ကြောင့်ပဲ ပြည်ပနိုင်ငံရေးတခုလုံး ဇာတ်ကောင်းကွဲပြီး အဖွဲ.အစည်းတွေ အစိတ် အမွှမွှ ဖြစ်ခဲ့တာမို. ဒီလူတွေအနေဖြင့် နိုင်ငံရေးအရ စည်းရုံးရေး ညီညွတ်ရေးဆိုတာ မလုပ် နိုင်ပါ။
၂)နိုင်ငံရေးဇာတ်ပျက်တွေ လာလို. ပြည်ပကနေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ပေး ခေါ်ပေးနိုင်မလား အလုပ်အကိုင်တွေ ဖန်တီးနိုင်အောင် ကူညီနိုင်မလား။
နိုင်ငံရေးဇာတ်ပျက်တွေဟာ ပြည်ပမှာ ဘာမှ စီးပွားရေးအရ မယ်မယ်ရရ ခိုင်ခိုင်မာမာ မရှိတဲ့ အပြင် ဘယ် စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာ သြဇာရှိတဲ့သူ အဆက် အသွယ်နဲ. အတွင်းစည်းကို ၀င်နိုင် သွားနိုင် ပေါက်ရောက်သူတွေ မဟုတ်ပါ။ မြန်မာပြည်က လူ တွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးဖို. မပြောနဲ. သူတို.မှာတောင် နိုင်ငံခြားမှာ နေပြီး အလုပ်က မယ်မယ်ရရ ရှိကြတာ မဟုတ်ပါ။
၃) နိုင်ငံရေးဇာတ်ပျက်တွေ လာလို. တိုင်းရင်းသား အဖွဲ.အစည်းတွေနဲ. အမျိုးသားပြန်လည် ညီညွတ်ရေးကို ကူညီပေးနိုင်မလား။
နိုင်ငံရေးဇာတ်ပျက်တွေဟာ နယ်စပ်ကနေတဆင့် တတိယနိုင်ငံတွေကို ရောက်လာသူတွေပါ။ သူတို.အကြောင်းတွေကို နယ်စပ်မှာ ရှိတဲ့လက်နက်ကိုင်အဖွဲ.တွေရော နိုင်ငံတကာက တိုင်း ရင်းသားအဖွဲ.အစည်းတွေအပေါ်မှာ သြဇာညောင်းသူ ယုံကြည်မှု လေးစားမှု ရှိသူတွေ မဟုတ် ပါ။ ဒါကြောင့် နိုင်ငံရေးဇာတ်ပျက်တွေကြောင့် ပြည်ပမှာဆိုရင် တိုင်းရင်းသားတွေနဲ.တောင် ပိုပြီး ညီညွတ်ရေးတွေ ယုံကြည်မှုတွေ ပျက်ဆီးခဲ့တာ လက်တွေ.ပါ။
ပြည်ပနိုင်ငံရေးလောကမှာ ဒီနိုင်ငံရေးဇာတ်ပျက်တွေပဲ ကြီးစိုးခဲ့ပြီး သူတို.ကြောင့်ပဲ ကြီးမား အားကောင်းတဲ့အဖွဲ.အစည်းတွေ ပျက်စီးပြီး ဖရိုဖရဲဖြစ်သွားခဲ့တာ လက်တွေ.ပါ။ သောင်းချီ အင်အားရှိတဲ့ ကျောင်းသားတပ်ကြီး ဒီနိုင်ငံရေးဇာတ်ပျက်တွေကြောင့် အခုတော့ ကလးရော ခွေးရောပေါင်းမှ ရာဂဏန်တောင် အနိုင်နိုင်ပဲ အားချိသွားခဲ့တာတွေဟာ ဒီနိုင်ငံရေးဇာတ်ပျက် တွေမှာ တိုက်ရိုက် တာဝန်ရှိခဲ့တာပါ။
ဒါကြောင့် အခုပြည်တော်ပြန်ပြီး နိုင်ငံရေးဇာတ်ပျက်တွေက အကွက်ဖန် ကုလားဖန်ထိုးပြီး ၂ကျပ်ကွက်ကို ပတ်လည်ရိုက်ဖို. ပြန်လာတာမို. မြန်မာပြည်သူတွေအနေဖြင့် သတိထား စောင့်ကြည့်ဖို. လိုပါသည်။ မဟုတ်ရင် ဒီနိုင်ငံရေးဇာတ်ပျက်တွေက အသုံးချဖို. အခွင့်ကောင်း စောင့်နေတာမို. သူတို.ရဲ့အကွက်ထဲ ရောက်မသွားအောင် မခံရအောင် သတိနဲ. ရှောင်ကြဉ်ရ မည်ဖြစ်ပါသည်။
တရုန်းရုန်းနဲ. အရင်ဆုံး အသုံးချ ခံသွားနိုင်သူတွေကတော့ လူငယ် မီဒီယာသမားတွေပါ။ ဒီနိုင်ငံရေးဇာတ်ပျက်တွေက ဒါတွေကျတော့ ကျွမ်းသူတွေပါ။ အခွင့်အရေးရတာနဲ. အသုံးချ တတ်တာမို. နည်းနည်းကပ်ကပ်နဲ.ပေါင်းလေ ခံရဖို.က များလေပါ။ ဒါတော့ လူငယ်မီဒီယာ တွေအနေဖြင့် ပြည်တော်ပြန် နိုင်ငံရေးဇာတ်ပျက်တွေ၏ အသုံးချတာကို မခံရဖို.က သတိ ပို ထားရမည်ဖြစ်ပါသည်။
နိုင်ငံရေးဇာတ်ပျက်တွေကြောင့် ပြည်ပနိုင်ငံရေးလောက တခုလုံး ဇာတ်ပျက်သွားရပြီး ဒီလူ တွေ၏ အသုံးမကျမှုတွေ ညံ့ဖျင်းမှုတွေ ခေါင်းဆောင်မပီသမှုတွေကြောင့် အချင်းချင်း အုပ်စုဖွဲ. ပြီး သတ်ဖြတ်လာသည့်အထိ လူသတ်မှုတွေကို ဖြစ်စေခဲ့ ပါဝင် ပတ်သက်ခဲ့သူတွေမို. နိုင်ငံရေး ဇာတ်ပျက်တွေ၏ လက်တွေမှာ သွေးတွေ အထူးသဖြင့် ကျောင်းသားတွေ၏ သွေးတွေ ပေကျန်နေဆဲပါ။
ဒီနိုင်ငံရေးဇာတ်ပျက်တွေဟာ အနှစ် ၂၀ကျော်ကျော်လုံး ကမ္ဘာပတ်ပြီး နိုင်ငံရေးသူတောင်းစား အလုပ်တွေကိုပဲ တောင်းစားခဲ့တာမို. သူတို.ဆီမှာ ကျွမ်းကျင်တာဆိုလို. နိုင်ငံရေးသူတောင်း စား အလုပ်ပဲ ဖြစ်ပါသည်။
ခေါင်းဆောင်မှု-Leadership Skill, စီမံခန်.ခွဲမှု Management Skill, တာဝန်ယူမှု- Responsible, ပွင့်လင်းမြင်သာမှု-Transparency, ရိုးသားတာဝန်ခံမှု- Accountability အပိုင်းတွေကို စမ်းသတ်ကြည့်ရင် ဒီနိုင်ငံရေးဇာတ်ပျက်တွေဟာ သုည-Zero ပဲ ဖြစ်ပါသည်။
ပြည်ပနိုင်ငံရေးတခုလုံးကို ဖျက်ဆီးထားသူတွေမို. အခုတခါ ပြည်တော်ပြန်ပြီး နိုင်ငံရေးဇာတ် ပျက်တွေက ချဲတွက်သလို ၂ကျပ်ကွက်တွေ ပတ်လည်ရိုက်ဖို. ကြံစည်နေတာမို. သူတို.ရဲ့ ခြေလှမ်းတွေကို ပြည်သူတွေက ကြိုမြင်ပြီး ရိုက်ချိုးဖို. တားဆီးဖိုးလိုပါသည်။
သူတို.ကိုယ်သူတို. ပြည်ပနိုင်ငံရေးအင်အားစုတွေရဲ့ခေါင်းဆောင်တွေဆိုပြီး ဒီမိုကရေစီ အင်အားစုတွေရဲ့ ကိုယ်စားလှယ်တွေဆိုပြီး အစိုးရတို. စစ်တတ်တို.နဲ. ကိုယ်စားပြု ဆွေးနွေးမှု မျိုးတွေဟာ အန္တရာယ်များပါသည်။ ဒီအသုံးမကျတဲ့ နိုင်ငံရေးဇာတ်ပျက်တွေကြောင့် အာဏာ ပိုင်တွေ စစ်တပ်တွေနဲ. မတော်တစနဲ. ထိပ်တိုက်တွေ.မှုတွေ ပြန်ဖြစ်ပြီး ကတောက်ကစ တွေဖြစ်ပြီး အခု ပြည်တွင်းမှာ အပြုသဘော ပြုပြင်ပြောင်းလဲမှုတွေ လမ်းချော်သွားတာမျိုး အဖြစ်မခံနိုင်ပါ။
ဒီနိုင်ငံရေးဇာတ်ပျက်တွေကြောင့် စစ်တပ်တို. အာဏာပိုင်တို.နဲ. နားလည်မှုတွေ လွဲပြီး လမ်း ချော်သွားရင် နောက်ထပ် မျိုးဆက်တွေ ၂ဆက် ၃ဆက် နစ်နာသွားစေနိုင်တာမို. ဒီလိုမျိုး မဖြစ် အောင် နိုင်ငံရေးဇာတ်ပျက်တွေလက်ထဲ အလွဲသုံးစားတွေ အလုပ်မခံရအောင် ကြိုမြင်ဖို. အထူးလိုပါသည်။
နိုင်ငံရေးဇာတ်ပျက်တွေဟာ ပြည်ပ နိုင်ငံရေးကိုလည်း ဖျက်ဆီးခဲ့ပြီ။ ပြည်ပမှာ နိုင်ငံရေးဇာတ် ကောင်းကို ခွဲခဲ့ပြီ။ ကမ္ဘာပတ် အရပ်လည်ပြီးလည်း နိုင်ငံရေး သူတောင်းစားအလုပ်ကိုလည်း ဆယ်စုနှစ် ၂ခုကြာအောင် တောင်းစား လုပ်စားခဲ့သည်။ နောက် သူတို.လက်တွေဟာလည်း ကျောင်းသားသွေးတွေ ပေကျန်နေတာမို. ဒီတခါတော့ ပြည်တွင်းနိုင်ငံရေးကို ဒီနိုင်ငံရေးဇာတ်ပျက် ပြည်တော်ပြန်တွေ၏လက်ထဲ လုံးဝ မရောက်အောင် ပြည်တွင်းနိုင်ငံရေး အင်အားစုတွေအကြား အကွဲအပြဲ အာဏာလုပွဲ နေရာလုပွဲ လုပ်စားပွဲ စတဲ့ ရောဂါတွေ ကူးမသွားအောင် အမျိုးသားရေးအမြင်နဲ. နိုင်ငံရေးဇာတ်ပျက်တွေကို သတိထားပြီး စောင့်ကြည့်ရမယ်။
လိုအပ်ရင် ရှေ.ထွက်ပြီး တားဆီးဟန်.တာပြီး ရပ်တန်.ရမည်ဖြစ်ပါသည်။
ပြည်တော်ပြန် နိုင်ငံရေးဇာတ်ပျက်တွေဟာ ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ ၀င်လာအောင်လည်း မလုပ်ပေးနိုင်ပါ။ နိုင်ငံရေးအင်အားစုတွေ အချင်းချင်း စည်းလုံးရေး ညီညွတ်ရေးလည်း မစွမ်း ဆောင်ပေးနိုင်ပါ။ တိုင်းရင်းသား ညီအကိုတွေနဲ.လည်း အမျိုးသားရေး သင့်မြတ်အောင် ညီ ညွတ်ရေးရရှိအောင် လုပ်ပေးနိုင်တဲ့ ယုံကြည်လေးစားခံရသူတွေ မဟုတ်ပါ။
ဒီနိုင်ငံရေးဇာတ်ပျက်တွေ ပါတာနဲ. အဖွဲ.က ပျက်ပြီး။ ကွဲပြီ။ ဇာတ်ကောင်း ကွဲကုန်သည်။ ငွေရေး ကြေးရေးအရလည်း စိတ်မချရသလို လူမှုရေးအရလည်း မယုံကြည်ရပါ။ ကြောသားရင်သား မခွဲခြားပဲ စွဲစားလို.ရရင် လက်မရှောင်သူတွေမို. ဒီအရည်အချင်းတွေဟာ သူတို.ရဲ့ သမိုင်းဝင် မှတ်တမ်းတင်ရမည့် Track Record တွေ မဟုတ်လား။
ပြည်ပမှာလည်း သူတို.နောက်မှာ ဘာနိုင်ငံရေး အင်အားစုမှ မရှိပါ။ ငွေကြေးလည်း မတောင့်ပါ။ နိုင်ငံရေးအရ နိုင်ငံခြားအစိုးရတွေ စီးပွားရေးလုပ်ငန်းရှင်တွေအပေါ်မှာလည်း သြဇာညောင်းသူတွေမဟုတ်ပဲ နိုင်ငံရေးသမားရောင်ရောင် Refugee ဒုက္ခသည်ရောင်ရောင်နဲ. ဂျလေပီလုပ်နေတဲ့ နိုင်င့ရေးဇာတ်ပျက်တွေသာ ဖြစ်ပါသည်။
ဒါကြောင့် ဘာ Track Records မှ မကောင်းတဲ့ဒီနိုင်ငံရေးဇာတ်ပျက်တွေဟာ ပြည်တွင်းကို ပြန်လာခြင်းဟာ သူတို.ရဲ့ ထွက်သက်ငင်နေတဲ့ နိုင်ငံရေးအသက် ပြန်ရှင်သန်ဖို. အသုံးချဖို. အချင်းချင်းကြား ပတ်လည်ရိုက်ပြီး ဂွင်ဖန်ဖို.သာ များပါသည်။
ဒါကြောင့် ပြည်တော်ပြန် နိုင်ငံရေးဇာတ်ပျက်တွေ ပတ်လည်ရိုက်ဖို. ဂွင်ဖန်နေတာ ကြံစည်နေတာမို. အားလုံး သတိထားဖို.လိုပါသည်။
သတိ ရောဂါကူးသွားမည်။ နိုင်ငံရေးဇာတ်ပျက်တွေကို မျက်နှာပေးလိုက်ရင်တော့ ခံရဖို.သာ သေခြာမည်။ နို်င်ငံရေးဇာတ်ပျက်တွေ၏ အလှည့်ကို မခံရအောင် ပြည်တွင်းက အုပ်စုတွေ မ အ ဖို.ပဲ လိုပါသည်။

0 comments:
Post a Comment