သစ်ထူးလွင် သတင်းစုစည်းမှု (၁၀-၉)
သစ်ထူးလွင်
|
- ၃၈ လမ်း ရှစ်လွှာ တိုက်ခန်း မီးလောင်၊ အသက်ရှစ်ဆယ်ခန့် အဖိုးအို သေဆုံး
- ပုတ်ပွနေသော မိန်းကလေး အလောင်းတွေ့
- အဖမ်းခံထားရသူများ ပြန်လွှတ်ပေးရေးအတွက် ရဲစခန်းရှေ့မှာ ကျောင်းသားတွေ ဆန္ဒပြနေ
- ဗဟိုအစည်းအဝေးတွင် လွှတ်တော်အတွေ့အကြုံရှင်းခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်
- ရန်ကုန် တွင် ဟိုတယ်သစ် လေးလုံး အခန်းပေါင်း ၁၀၀၀ ကျော် တိုးချဲ့
- မြန်မာ စတော့ရှယ်ယာ ဈေးကွက် ၂ နှစ်အတွင်း အကောင်အထည် ဖော်မည်
- ဘူဂေးရီးယားမှ လေယာဉ်သစ်များ ရောက်ရှိ
- သမ္မတမိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားကျင်းပ
- မုံရွာ အမှတ်(၁) ရဲစခန်းရှေ့ မှ ဆန္ဒပြပွဲ (ရုပ်/သံ)
- ရန်ကုန်မြို့လယ်တွင် မီးလောင်
- ဆန္ဒပြသူများ မသွားနိုင်ရန် မုံရွာ-ညောင်ပင်ကြီး စက်လှေဆိပ် ပိတ်၊ ၁၂ ဦး ဖမ်းဆီးခံရ
- ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား မုံရွာ အမှတ်(၁) ရဲစခန်းမှ ဖမ်းဆီး
- အင်တာနက် စနစ် ချို့ ယွင်းပါက လျော်ကြေးပြန်ပေးမည်ဟု ၀န်ကြီး ဦးသိန်းထွန်း ပြောကြား
- စက်တင်ဘာ ၁၀ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၇ အမှတ် ၄၉
- မိုးထိမိုးမိက ရွှေလုပ်သားတွေကို သိန်းပေါင်း ၂၇၀၀ ကျော်ပေးအပ်ပြီးဟုဆို
- ပုသိမ်ပွင့်လင်းရုံးခမ်းဖွင့်ပဲ
ွ - ဂါဇာကို အစ္စရေး လေကြောင်းက တိုက်ခိုက်
- ရှမ်းလူမျိုးများကို နိုင်ငံသား အဖြစ် ထိုင်းလက်ခံ
- မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား
- ပန်းရဲ့လမ်း ကို ကူညီတဲ့ မကွေး ဒေသခံတွေကို အာဏာပိုင်က စစ်ဆေးမေးမြန်း
- အုပ်ချုပ်ရေးမှူး လာဒ်စားမှုကြောင့် လမ်းတံတားများပျက်စီးနေ
- သမိုင်းဝင်အဆောက်အအုံ ပုဂ္ဂလိကထံ လွှဲပြောင်းပေးသည့်ကိစ္စ ရုပ်သိမ်းဖို့ တောင်းဆို
- စာနယ်ဇင်းကောင်စီအသစ် ဖွဲ့စည်းရေး ပြန်ကြားရေးဝန်ကြီးနှင့် သတင်းမီဒီယာအဖွဲ့များတွေ့ဆုံ
- ဦးဥတ္တမနေ့ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ် ပထမဆုံး တက်ရောက်
- အီရတ် ဒုသမ္မတကို သေဒဏ်ချမှတ်
Posted: 10 Sep 2012 07:05 AM PDT
ရန်ကုန်မြို့တော်၊ ကျောက်တံတား မြို့နယ်၊ ၃၈ လမ်း အလယ်ဘလောက် အမှတ် ၁၆၉ ၊ ရှစ်ထပ်တိုက် ရှစ်လွှာ တိုက်ခန်း (ဘယ်ခြမ်း) ယနေ့နေ့လယ် ၂ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားရာ ယင်းအခန်းထဲရှိ အသက် ၈၀ ဝန်းကျင် အဖိုးအို တစ်ဦး မီးလာင်မှုကြောင့် သေဆုံးသွားကြောင်း----
၃၈ လမ်း ရှစ်လွှာ တိုက်ခန်း မီးလောင် မြင်ကွင်း - ဓါတ်ပုံ - The Voice Weekly
| ||||
Posted: 10 Sep 2012 06:55 AM PDT
ကမာရွတ်မြို့နယ် ဗဟိုလမ်း အမှတ် ၁၉၅ (ခိုင်ရွှေဝါ ဆိုက္ကားဂိတ်မှတ်တိုင် အနီး) နေအိမ်တိုက်ခန်း တစ်ခုတွင် အသက် ၁၃ နှစ် အရွယ် အိမ်ဖော် မိန်းကလေး တစ်ဦး အသတ်ခံခဲ့ရကြောင်း အဆိုပါနေရာသို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
အသတ်ခံရသော မိန်းကလေး၏ အလောင်းမှာ ပုတ်ပွနေပြီး အဆိုပါ တိုက်ခန်း၌ ၄င်းနှင့် အတူ နေထိုင်သူမှာ MRTV-4 ရုပ်/သံဌာန တွင် အစီအစဉ်တင်ဆက်သူ တစ်ဦးဟု သိရှိရပြီး ကမာရွတ်ရဲတပ်ဖွဲ့စခန်းက ခေါ်ယူစစ်ဆေးလျှက်ရှိကြောင်း ၄င်းက ဆက်လက် သတင်းပေးပို့သည်။ The Voice Weekly | ||||
Posted: 10 Sep 2012 06:29 AM PDT
လက်ပန်းတောင်းတောင်အရေး ဆောင်ရွက်သူ ၁၂ ဦးကို မုံရွာခရိုင် အာဏာပိုင်တွေက ဖမ်းဆီးထားတာ လွှတ်ပေးဖို့ ဒေသခံတွေနဲ့ ကျောင်းသားတွေက ဆန္ဒပြနေကြပါတယ်။ မုံရွာမြို့နယ် အမှတ် ၁ ရဲစခန်းရှေ့မှာ မုံရွာခရိုင် ကျောင်းသားများသမဂ္ဂနဲ့ ဒေသခံတွေက---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 10 Sep 2012 06:10 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံသို့ မထွက်ခွာမီ ပါတီတွင်း ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတစ်
အဆိုပါ ဒီချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 10 Sep 2012 05:49 AM PDT
ခရီးသွား လာရောက်မှု ၅၀ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သော မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း အပေါ် တွက်ချက်၍ လာမည့် ၂၀၁၃ ခုနှစ်အတွက် ရန်ကုန်မြို့တွင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဟိုတယ် လေးလုံး ထပ်မံ ဆောက်လုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 10 Sep 2012 05:55 AM PDT
နိုင်ငံတကာနှင့်အိမ်နီးချင်းနို
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 10 Sep 2012 06:00 AM PDT
မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) က လာမည့် အောက်တိုဘာတွင် နိုင်ငံတကာ ခရီးစဉ် များတိုးချဲ့ပျံသန်းရန် အတွက် ဘူဂေးရီးယား နိုင်ငံမှ ငှားရမ်းလိုက်သော အဲဘတ်စ် လေယာဉ် နှစ်စင်း သည် ရန်ကုန် မြို့သို့ ရောက်ရှိနေပြီ ဖြစ် ကြောင်း (MAI) မှ ပြောရေးဆိုခွင့်ရှိ သူ ဒေါ်အေးမရသာ က ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 10 Sep 2012 05:12 AM PDT
နေပြည်တော် စက်တင်ဘာ ၁၀ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချု ယင်းအခမ်းအနားဝယ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ပြောကြားသည့်မိန့် အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ- အခုဆိုရင် ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီး အသစ်တွေ ကတိသစ္စာ ပြုခဲ့ကြပါပြီ။ ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီးတွေ ယခုလို အသစ်ခန့်အပ်ခြင်း ခံရတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုကြောင်း ရှေးဦးစွာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေ ယခုလို တိုးပွားလာတဲ့ အတွက် တိုင်းပြည်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မယ် လို့လည်း အခိုင်အမာ ယုံကြည်ထားပါတယ်။ ဒီလို ယုံကြည်ထားလို့လည်း စနစ်တကျ ရွေးချယ်ပြီး ဥပဒေနဲ့အညီ ခန့်အပ်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ ယခုလို ရာထူးတွေ တိုးမြှင့်ခန့်အပ်တာဝန်ပေးမှု ခံရခြင်းဟာ မိမိတို့ရဲ့ကြိုးစားမှု၊ ရိုးသားမှု ကြောင့်သာ ဖြစ်ပြီး ကြီးလေးတဲ့ရာထူးတွေ တိုးမြှင့်ရရှိလာတာနဲ့အမျှ မိမိတို့ ထမ်းဆောင်ကြရမယ့် တာဝန်တွေ ဟာလည်း ပိုမိုပြီး ကြီးမား များပြားလာမှာ ဖြစ်တဲ့အတွက် ဒီတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြဖို့အတွက် အရည်အချင်းတွေ၊ အရည်အသွေးတွေ ပြည့်ဝနေအောင် အမြဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုတဲ့နေရာမှာ နိုင်ငံတော်ရဲ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦးချင်း စောင့်ထိန်းရမယ့် တာဝန်တွေ ရှိပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်ကို ကျေပွန်ဖို့ အရေးကြီးပါတယ်။ အဓိကကျတဲ့ နိုင်ငံတော်ရဲ့ တာဝန်ဟာပြည်ထောင်စုကြီး မပြိုကွဲ မပျက်စီးအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲ မပျက်စီးအောင်၊ မိမိတို့ရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ကာကွယ်ရေးပဲ ဖြစ်ပါတယ်။ မိမိတို့ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာကတော့ ပြည်ထောင်စုအစိုးရရဲ့ တာဝန်တွေ အောင်မြင်ဖို့ အတွက် ဝန်ကြီးဌာနအလိုက် ခွဲဝေ ထမ်းဆောင် နေကြတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ တာဝန်တွေ၊ ဆောင်ရွက်ချက်တွေက ဘာတွေလဲ။ ဒါတွေကို တစ်ဦးချင်း နားလည်သိရှိ ထားကြဖို့ လိုပါတယ်။ တိုင်းပြည်ရဲ့တာဝန်၊ အစိုးရရဲ့တာဝန်တွေကို မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင် အကောင်အထည်ဖော်ကြရမှာ ဖြစ်တဲ့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အစွန်းတစ်ဖက်သို့ ရောက်မသွားစေဖို့ အထူး သတိပြုပြီး မူဝါဒများကို ယုံယုံကြည်ကြည် ခံယူထားကြဖို့ လိုပါ တယ်။ အသိမှန်မှ အလုပ်မှန်မှာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရဟာ သန်း(၆၀)သော ပြည်သူတွေရဲ့ တူညီတဲ့ အဓိက ရည်မှန်းချက်(၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရင်း နိစ္စဓူဝ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့အောင် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တူညီတဲ့ အဓိကဆန္ဒဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့ပဲ ဖြစ်ပြီး ပြည်သူတွေရဲ့ နိစ္စဓူဝ လိုအပ်ချက်တွေ ကတော့ အလုပ်အကိုင် ရရှိရေး၊ ထိုက်သင့်တဲ့ ဝင်ငွေရရှိရေး၊ စားဝတ်နေမှု အဆင်ပြေရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် ရေ၊ မီးနဲ့ သွားလာရေး အဆင်ပြေ ကောင်းမွန်ရေးတို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ဒီဆန္ဒတွေကို အလေးအနက် ထားရပါမယ်။ အစိုးရရဲ့ ဆောင်ရွက်ချက် မှန်သမျှဟာ ပြည်သူတွေရဲ့ အဆင်ပြေ ချောမွေ့မှု၊ စိတ်ချလုံခြုံမှု၊ စိတ်ကျေနပ် စိတ်ချမ်းသာမှုတွေကို ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒတွေကို အခြေပြုပြီး ဖော်ထုတ်ထားတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရာ မှာလည်း ပြည်သူတွေကို ဗဟိုပြုပြီး ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ခေတ်ပြောင်း စနစ်ပြောင်းမှာ အပြောင်းအလဲတွေ သိသာထင်ရှားစွာ ထွက်ပေါ်လာဖို့ အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးကြတဲ့ နေရာမှာ အမှန်တစ်ကယ် ပြောင်းလဲလာဖို့၊ ပြည်သူတွေကို အလေးအမြတ်ထားတဲ့ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ပြည်သူတွေအကြားမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရတယ်၊ ဘာတွေ လိုလားတောင့်တ နေကြတယ်၊ ဒါတွေကို သိရှိနားလည်အောင် လုပ်ကြဖို့ လိုပါတယ်။ ပြည်သူတွေအကြားမှာ နေထိုင်ရှင်သန်နေကြရတဲ့ ပြည်သူ့ဝန်ထမ်းတွေ ဖြစ်တာနဲ့အညီ ဂုဏ် သိက္ခာ မြင့်မားတဲ့ အစိုးရယန္တရား တစ်ရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင်၊ အထက်က ညွှန်ကြားမှ ဆောင်ရွက်တာ၊ မီဒီယာတွေမှာ ထောက်ပြလာမှ ဆောင်ရွက်တာ စတဲ့ အမှုမဲ့ အမှတ်မဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကို ယုံကြည်စွာနဲ့ တာဝန်တွေ အပ်နှင်းပေးလိုက်ပါပြီ။ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ အနေနဲ့လည်း လက်အောက်မှာရှိနေတဲ့ အစိုးရဝန်ထမ်း အရာရှိ အဆင့်ဆင့်ကို ယုံကြည်စွာနဲ့ တာဝန်တွေ ခွဲဝေအပ်နှင်းပေးကြဖို့ လိုပါတယ်။ ရှင်းလင်း လွယ်ကူပြီး တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်တွေ ချမှတ် ပေးကြဖို့ လိုပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာလည်း ပြည်သူတွေနဲ့ အမှန်တစ်ကယ် ထိတွေ့ ဆက်ဆံနေကြရတဲ့ အောက်ခြေဝန်ထမ်း အဆင့်ဆင့်အထိ ရောက်ရှိဖို့ လိုပါတယ်။ ဒါမှသာလျှင် အစိုးရအုပ်ချုပ်ရေးယန္တရားအတွက် ခေတ်အဆက်ဆက် မလိုလားအပ်တဲ့ အနှောင့်အယှက် အတားအဆီးတွေ ဖြစ်ခဲ့တဲ့ ကြိုးနီစနစ်တွေ လျော့နည်း ပပျောက် သွားစေမှာ ဖြစ်ပါတယ်။ ဒီတာဝန်တွေဟာ အလွန်မှ ကြီးမားကျယ်ပြန့် များပြားပြီး တစ်ရက်တည်း၊ တစ်လတည်း၊ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့ လည်း မရနိုင်တဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ဒီတာဝန်တွေ အောင်မြင်ဖို့ အတွက် အစိုးရတစ်ဖွဲ့တည်း အားနဲ့တင် မရဘဲ မိဘပြည်သူတွေပါ ပါဝင်ပြီး တက်ညီ လက်ညီ ဦးထမ်းပဲ့ထမ်းနဲ့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အားကို ရယူနိုင်ဖို့အတွက် ပြည်သူတွေ လေးစား ယုံကြည်တဲ့ အစိုးရအဖွဲ့ ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ ပြည်သူတွေဟာ ကျွန်တော်တို့ အစိုးရအပေါ်မှာ မြင့်မြင့်မားမား မျှော်လင့်ချက် ထားနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်ဆန္ဒတွေ၊ ထားရှိတဲ့ မျှော်လင့်ချက်တွေကို အတတ်နိုင်ဆုံး ပြည့်ဝအောင်မြင်လာအောင် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ရပ်လုံးက အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ကြရပါမယ်။ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေဖို့အတွက် ကျွန်တော်တို့ တစ်ဦးချင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်တစ်ဦးချင်း ကောင်းရုံနဲ့လည်း မရပါဘူး။ အဖွဲ့အစည်းတစ်ခုကို တာဝန်ခံ၊ တာဝန်ယူ ထားကြရသူများ ဖြစ်ကြတဲ့အတွက် ကိုယ်ကောင်းသလို ကိုယ့်အဖွဲ့အစည်း ကောင်းအောင်လည်း လုပ်ကြရပါမယ်။ ကိုယ့်အဖွဲ့အစည်း ကောင်းအောင် တည်ဆောက်ရာမှာ ခေါင်ကလုံမှ တံစက်မြိတ်လည်း လုံမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ကောင်းအောင် အရင်ဆုံး တည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်။ အလားတူပဲ မိမိတို့ဝန်ကြီးဌာန၊ မိမိတို့အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့ ရှုမြင်ချက်၊ သတ်မှတ်ချက်တွေ အတွက်လည်း မိမိတို့မှာ အဓိက တာဝန်ရှိကြောင်း သတိပြုကြစေ လိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါ၊ ဒို့တာဝန်အရေး(၃) ပါးကို ဦးထိပ်ထားပြီး အလုပ်လုပ်တဲ့အခါ အမှားမှား အယွင်းယွင်း မဖြစ်စေဖို့ ဝန်ကြီးဌာနအလိုက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကြိုးစား အကောင်အထည် ဖော်ကြပါ။ နိုင်ငံတော်ရဲ့ မူဝါဒ၊ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ကိုယ့်ဝန်ကြီးဌာနရဲ့ လုပ်ငန်း တာဝန်တွေကို သိရှိ နားလည်ပြီး အလုပ်ကို ရိုးရိုးသားသားနဲ့ စေတနာထား ကြိုးစားလုပ်ဆောင်ကြပါ။ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ကျွန်တော့်အနေနဲ့ တာဝန်ယူ ပြုပြင် ပေးသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း ကိုယ်ကျင့်တရား၊ စာရိတ္တမဏ္ဍိုင်နဲ့ ပတ်သက်ပြီး တစ်ဦးချင်း ပုဂ္ဂိုလ်ရေး မမှားကြဖို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။ (နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်မှ) | ||||
Posted: 10 Sep 2012 05:05 AM PDT
၁၀ စက်တင်ဘာ ၂၀၁၂။ မသွဲ့သွဲ့ဝင်း အပါအ၀င် ဆားလင်းကြီး တောင်သူ (၁၂)ဦးကို ထိန်းသိမ်းထားတဲ့ မုံရွာ အမှတ်(၁) ရဲစခန်းရှေ့ အခြေအနေ----
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 10 Sep 2012 04:50 AM PDT
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ၃၈ လမ်း အလယ်ဘလောက်က တိုက် ၁ လုံးရဲ့ ၈ လွှာမှာ ဒီနေ့ခင်း မီးလောင်တယ်လို့ သတင်းသွားယူတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
တိုက်နံပါတ် ၁၇ (၁) ရဲ့ ၈ လွှာက အခန်းတခုမှာ နေ့ခင်း ၂ နာရီကျော်က စတင်လောင်ကျွမ်းတာဖြစ်ပြီး မိနစ်ပိုင်းအတွင်း မီးငြိမ်းသတ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီအခန်းမှာ အသက် ၅၀ ကျော်ခန့်အရွယ် အမျိုးသားတဦး နေထိုင်ပြီး သူ လွတ်မြောက်မှု ရှိ မရှိ မသဲကွဲသေးသလို ဘယ်ကစပြီး လောင်ကျွမ်းတယ်ဆိုတာလည်း မသိရသေးပါဘူး။ မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၁၅ စီးနဲ့ လာရောက်ငြိမ်းသတ်တယ်လို့ ဆိုပါတယ်။ by ဒီဗွီဘီ | ||||
Posted: 10 Sep 2012 04:54 AM PDT
အာဏာပိုင်တွေက ဆန္ဒပြပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင်က ဆန္ဒပြသမားတွ မုံရွာမြို့ဘက်ကို မ၀င်လာနိုင်အောင် မုံရွာ-ညောင်ပင်ကြီး ချင်းတွင်းမြစ်ကူး စက်လှေတွေ မထွက်ဖို့ တားမြစ်ထားပါတယ်။
ဆားလင်းကြီးဒေသ လက်ပန်းတောင်းတောင်က ဆန္ဒပြသမားတွေဟာ မုံရွာမြို့ပေါ်မှာ ဘုရားဝတ်ပြုဆုတောင်းဖို့ မြစ်ဆိပ်ကိုအသွားမှာ စက်တင်ဘာ ၉ ရက်နေ့ကစလို စက်လှေတွေ မထွက်ဖို့ပိတ်တာဖြစ်ပါတယ်။ လက်ပန်းတောင်းတောင်အနီးက တောင်သူတွေဟာ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းကြောင့် ရွာတွေ ဖယ်ခိုင်းခံရလို့ မကျေနပ်လို့ ဆန္ဒပြနေတာ လနဲ့ချီရှိပြီဖြစ်ပါတယ်။ သူတို့ဆန္ဒကို လူသိရှင်ကြားဖြစ်အောင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအသစ် အဖြစ် မုံရွာမြို့က ဆုတောင်းပြည့် ဘုရားကြီးရင်ပြင်တော်မှာ ၀တ်ပြုဆုတောင်းပွဲလုပ်ဖို့ စီစဉ်ကြတာဖြစ်ပြီး မြစ်မကူးနိုင်အောင် ဒေသအာဏာပိုင်တွေက စက်လှေတွေကို ပိတ်ပင်ထားတယ်လို့ ၀က်မှေးကျေးရွာ ဒေသခံတဦးက ပြောသည်။ “ဒီနေ့လည်း ကျနော်တို့ ဆုတောင်းပြည့်ဘုရားကြီးကို သွားပြီးတော့ ၀တ်ပြုဆုတောင်းတာ။ မနေ့ကလည်း လာတယ်။ ဒီနေ့လည်း လာတယ်။ စက်လှေကို မနေ့ကရော ဒီနေ့ရော ပိတ်ထားတယ်။ ခရိုင်ရဲမှူးကြီးက ပိတ်ခိုင်းထားလို့ စက်လှေတာဝန်ခံက ပြောတယ်ဗျ။” ၂ ရက်ဆက်တိုက် စက်လှေတွေကို ပိတ်ပင်ထားတဲ့အတွက် မုံရွာသွားမယ့် ခရီးသည်တွေပါ အခက်အခဲ ဖြစ်နေကြတယ်လို့ ခရီးသည်တဦးက ပြောပါတယ်။ “စက်လှေတွေကို အကုန်ပိတ်ထားတဲ့အခါကျတော့ ခရီးသွားတွေ အခက်အခဲ ဖြစ်နေတယ်ဗျ။ မနက်ကတည်းက ပိတ်ထားတော့ ဒီလိုပဲ ထိုင်စောင့်နေရတာပေါ့။” ညောင်ပင်ကြီး မြစ်ဆိပ်မှာ တားမြစ်ထားသလို ချင်းတွင်းမြစ်ကူး တံတား (မုံရွာ) မှာလည်း ရဲအင်အားတိုးမြှင့်ချထားပြီး အနောက်ဘက်ကမ်း လာတဲ့ ဆိုင်ကယ်တွေ မော်တော်ယာဉ်တွေကိုလည်း စစ်ဆေးနေတယ်လို့ မုံရွာအခြေစိုက် သတင်းထောက်တဦးက သူမြင်တွေခဲ့ရတာတွေကို အခုလို ပြောပါတယ်။ “သူတို့ဘက်ကတော့ စက်လှေဘက်ကိုလည်း ပိတ်ထားတယ်။ တံတားပေါ်မှာလည်း လုံခြုံရေးတွေ၊ ရဲတွေ အများကြီး ချထားတယ်။ တံတားဘက်က ပတ်သွားတဲ့သူတွေကိုလည်း တော်တော်လေး ဒုက္ခရောက်ကြတယ်။ စက်လှေကိုလည်း ပိတ်ထားတယ်။ တံတားဘက်မှာလည်း ဆိုင်ကယ်တွေကိုရော ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ ကျပ်နေတယ်ဗျ။” ဒီနေ့ နေ့လယ် ၁၂ နာရီလောက်ကလည်း မုံရွာမြို့ဘက်ခြမ်းက ဆုတောင်းပြည့် ဘုရားကြီးရင်ပြင်တော်မှာ ၀တ်ပြုဆုတောင်းပွဲ သွားသူ ဆန္ဒပြ အမျိုးသမီး မသွဲ့သွဲ့ဝင်းအပါအ၀င် ၁၂ ဦးကို နန်ချွန်ဆိပ်ကမ်းမှာ အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။ “၁၂ ယောက်ဖမ်းတာကို ၁၀ ယောက် ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။ မသွဲ့သွဲ့ဝင်းနဲ့ မအေးနက်ကို ပြန်မလွှတ်ပေးဘူးလို့ပြောတယ်။ ဒီဘက်ကလည်လူတွေကလည်း လုံးဝ လက်မခံနိုင်ဘူး။ ၁၀ ယောက်ကလည်း မထွက်ဘူး၊ ကျမတို့ကိုပါဖမ်း၊ ၁၂ ယောက်လုံး မလွှတ်ပေးဘူးဆိုရင် ကျမတို့လည်း နေမယ်ဆိုတဲ့ပုံစံ။” တပ်မတော်ပိုင် မြန်မာစီးပွားရေးဦးပိုင်လီမိတက် by မင်းလွင် (ဒီဗွီဘီ)
| ||||
Posted: 10 Sep 2012 04:40 AM PDT
ယနေ့ 10-9-2012 ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံရသော ဒေသခံတောင်သူ (၁၀)ဦးခန့် ဘုရားဝတ်ပြုဆုတောင်းနေသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟန့်တားသည့်အနေဖြင့် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးအား ထိုဒေသခံများအား ထွက်ပေါက်မရှိစေရန် ယခုအချိန်ထိ ပိတ်လှောင်ထားသဖြင့် ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဘုရားဖူးမြှော်ကြသူများ အခက်ကြုံတွေရသည်။
မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားရာတွင် အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားရာ ပြန်လည် လွတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒ္ထထုတ်ဖော်ခြင်းကို မြို့နယ်မှူးသည် ကိုင်ဆောင်ထားသည့် စာရွက်များအား ၀င်ရောက်လုယူစုတ်ဖြဲဖြစ်ခြင်း အခြေအနေမှာ အပြန်အလှန် ယခုအချိန်ထိ ညှိနှိုင်းဆဲ။ Aung Nay Myo - Facebook
| ||||
Posted: 09 Sep 2012 10:12 PM PDT
အင်တာနက် စနစ်ကို ယုံကြည်၍ နိုင်ငံခြား ကုမ္ပဏီများမှ အပ်နှံသည့် outsourcing လုပ်ငန်းများကို ပြည်တွင်းမှ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ အင်တာနက် စနစ်ချို့ယွင်းခဲ့ပါက လျော်ကြေးအနေဖြင့် ပြန်လည်ပေးအပ် သွားမည်ဖြစ်သည့်
အတွက် ယုံကြည်စိတ်ချစွာ လုပ်ကိုင်ဆောင် ရွက်စေလိုကြောင်း --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 09 Sep 2012 09:20 PM PDT
| ||||
Posted: 09 Sep 2012 08:30 PM PDT
နေပြည်တော် စက်တင်ဘာ (10)ရက်နေ့
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ မိုးထိမိုးမိ ရွှေတောဒေသရှိ အမျိုးသားကြီးပွား တိုးတက်ရေးကုမဏီတွင် စက်တင်ဘာလ (၈)ရက်နေ့မှ စက်တင်ဘာလ (၉)ရက်နေ့အထိ စာနယ်ဇင်းသမားများ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်ရာတွင် ရွှေတောဒေသအတွင်းရှိ အမှန်တစ်ကယ်နစ်နာသူ ရွှေလုပ်သားများအား သိန်းပေါင်း ၂၇၀၀ကျော် လျှော်ကြေးပေး အပ်ပြီးဖြစ်ကြောင်း--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 09 Sep 2012 08:15 PM PDT
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း ( ပုသိမ် ) ရုံးဖွင့် ပွဲအခမ်းအနားကို ၉ . ၉ . ၂၀၁၂ နေ့ နံနက် ၁၀း၀၀ နာရီ တွင် အခန်းအနား အစီအစဉ် ( ၅ ) ရပ်ဖြင့် ဖွင့်လှစ်ပါသည်။
အခန်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးမောင်မောင် ရုံးဖွင့်ပွဲသို့ အရပ်ဖက် လူ့အဖွဲစည်းများ၊ ဧရာဝတီတိုင်း ဒေသဒေသကြီး N.L.D အဖွဲ့ဝင်များ ၊ ပုသိမ်မြို့မှ ကဗျာဆရာများ နှင့်စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားနံနက်၁၀း၃၀နာရီတွင်အော ပုသိမ်ပွင့်လင်း | ||||
Posted: 09 Sep 2012 07:09 PM PDT
Rafah ရာဖာ ဒေသက တိုက်ခိုက်မှာ အနည်းဆုံး ကလေးနှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ ဂါဇာမြို့က ဖြစ်ခဲ့တဲ့ လေကြောင်းက တိုက်ခိုက်မှုတွေထဲက တခုဟာ ပါလက်စတိုင်း အကြမ်းဖက် အဖွဲ့တဖွဲ့ ဖြစ်တဲ့ ဟားမက်စ်ရဲ့ ဂါဇာမြို့က စစ်လေ့ကျင့်ရေး စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဂါဇာ မြောက်ပိုင်းက တခြား လေ့ကျင့်ရေး စခန်းတခုကို ပစ်မှတ်ထား တိုက်ခိုက်မှုကတော့ အီဂျစ် နယ်စပ်နားက မှောင်ခိုလမ်းကြောင်း လှိုင်ခေါင်း တခုနားမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ ဘီဘီစီ - မြန်မာပိုင်း
| ||||
Posted: 09 Sep 2012 07:05 PM PDT
ထိုင်းဖက်ကို စစ်ပြေး ဒုက္ခသည် တွေအဖြစ် ရောက်နေတဲ့၊ မြန်မာဖက် နယ်စပ်က၊ ရှမ်းလူမျိုး တွေကို ထိုင်းအစိုးရက နိုင်ငံသား ဥပဒေ အသစ် ပြဌာန်း ပြီးတော့၊ အခု နိုင်ငံသား ပေးဖို့ ဆောင်ရွက် နေပါပြီ။ အခု ထိုင်း အစိုးရက၊ ထိုင်းနိုင်ငံသား ပေးမယ် ဆိုတဲ့ သူတွေဟာ၊ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က၊ မြန်မာ အစိုးရ စစ်တပ်တွေ၊ ထိုင်းနိုင်ငံနဲ့ ထိစပ် နေတဲ့၊ မြန်မာ နယ်စပ်က၊ လူမျိုးစု သူပုန် စခန်းတွေကို---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 09 Sep 2012 06:36 PM PDT
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၄၂ လမ်းကြားနှင့် ၇၈ လမ်း နှင့် ၇၉ လမ်းကြားရှိ မင်္ဂလာတူးမြောင်း အတွင်း စွန့်ပစ်ထား ခဲ့သည့် ကလေးငယ် တစ်ဦးကို ယခုလ ၄ ရက်နေ့က တွေ့ရှိခဲ့ ကြောင်း သိရသည်။ စွန့်ပစ်ထားသော ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး လေးပေါင် ရှိကြောင်း ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment