Sunday, September 2, 2012

မောင်အာယု နားမလည်သော ရွှေပြည်သာလယ်သမား၏ လျော်ကြေးပြဿနာ


by Naung Taw Lay on Sunday, September 2, 2012 at 1:21am 


မောင်အာယုရဲ့ -
(၁) နိုင်ငံတော်ကို ချစ်တာမှန်ပေမယ့် လယ်သမားတွေကိ ဒုက္ခမပေးပါနဲ့။

(၂) လယ်သမားတွေတောင်းဆိုနေတာ ရူးလို့ / အလို့ တောင်းနေတာမဟုတ်ဘူး။ (နိုင်ငံတော်ကို လယ်သမား တွေဆီက သိမ်းဆည်း ထားတဲ့ စာရင်းအမှန် သိစေချင်လို့) စာရင်းပို့ပေးဖို့ဖြစ်တယ်။ ဘယ်အစိုးရလက် ထက်မှာပဲဖြစ်ဖြစ် နိုင်ငံတော်အစိုးရဆိုတာ ဗရမ်းဗတာ ဘယ်တော့မှ မလုပ်သလို ပေးစရာရှိရင်လည်း ဗရမ်း ဗတာ မပေးပါဘူး။ အမှန်တကယ်စိစစ်ပြီး ပေးသင့်တာကို ပေးပြီး လျော်သင့်တာကိုပဲ လျော်တာပါ။
(၃) တစ်ဧကကို တစ်ဆယ့်သုံးသိန်းနှစ်သောင်းနဲ့ ရဲတပ်ရင်း(၆)က လျော်သွားတာအမှန်။ လွန်ခဲ့တဲ့ နှစ်သုံးဆယ် လောက်က သိန်းသွားတာနော်။ အဲဒါကို လျော်ပေးခဲ့တာ။ ခလရ (၆) က လွန်ခဲ့တဲ့အနှစ်(၄၀) ကသိမ်းထား ခဲ့တာ။ အဲဒီအတွက် မြေခွန်တော်ရဲ့ (၅)ဆိုပြီးလျော်သွားခဲ့တယ်။ အဲဒါမင်းပြောတဲ့ ပန်းခြံစု ၊ ဇီးကုန်းရွာတွေပဲ။
(၄) ၁၉၈၈ ပတ်ဝန်းကျင်ကနေပြီး အခု(၂၀၁၀) အထိသိမ်းသွားတဲ့ လယ်မြေတွေကို လယ်သမားတွေက တောင်းဆိုနေတာ မင်းသိသင့်တယ်။
(၅) အစိုးရက သိမ်းပြီး ပြန်ရောင်းစားထားတဲ့ ကုမ္ပဏီသူဌေးတွေဆီကနေ လယ်သမားတွေတောင်းနေတာ။ နိုင်ငံတော်ထံ တောင်းနေတာမဟုတ်တဲ့အတွက် နိုင်ငံတော်မွဲစရာလည်း မလိုဘူး။ ပလုံစွပ်လည်း မဖြစ်ဘူး။ အဲလောက်မှ မင်းနားမလည်ဘူးလား။ မင်းနဲ့အနေသာကြီး။
(၆) မင်းအခုပြောနေတာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက်မဟုတ်ဘူး။ ဘယ်ကုမ္ပဏီသူဌေးတွေကို မျက်နှာလို မျက်နှာရရေးနေတာလဲလို့ ငါတို့လယ်သမားထုက ဝေခွဲမရဖြစ်နေတယ်။ ကုမ္ပဏီတွေနဲ့ လယ်သမား တွေဖြစ်နေတာကိုတောင်မသိဘဲနဲ့ မင်းက ကြီးကြီးကျယ်ကျယ် ဆောင်းပါးကြီးရေးလို့။
(၇) ငါတို့လယ်သမားတွေ စိတ်ကူးယဉ်ပြီး ရူးတော့ရော ဘာဖြစ်လဲ။ ဘယ်သူ့ကိုမှ နစ်နာအောင် မလုပ်ခဲ့ဘူး။ မတရားလုပ်ပြီး ရူးနေတာလဲ မဟုတ်ဘူး။
(၈) ဒီမိုကရေစီ နိုင်ငံဖြစ်နေပြီ အာယုရေ။ ငါတို့လယ်သမားတွေ ငါတို့နစ်နာမှုအတွက် လွတ်လွတ်လပ်လပ် စိတ်ကူးယဉ်ခွင့်ရှိတယ်။ ရူးခွင့်ရှိတယ်။ မင်းတစ်ယောက် ဒီမိုကရေစီမရသေးဘူးလား။ ခေတ်နောက်ကျကျန် ခဲ့ပြီလား။ မင်းလည်း ထမင်းစာပြီး အသက်ရှင်နေတဲ့အတွက် လယ်သမားတွေ ရူးတာကို နားလည်ပေးပါ။ နိုင်ငံတော်ဆီက တောင်းနေတာလား ။ ခရိုနီသူဌေးကြီးတွေဆီက တောင်းနေတယ်ဆိုတာတောင် ခွဲခြား မသိတဲ့မင်း။ ဒါမှမဟုတ် မင်းကိုယ်တိုင်ပဲ ရူးချင်ယောင်ဆောင်နေတာလား။
(၉) မင်းကိုမင်း ရှက်သင့်တယ်။ ဟိုခေတ်တုန်းက ဟိုလူ့မျက်နှာလုပ် ဒီလူ့ကိုဆော်။ ဒီခေတ်ရောက်တော့ သူဌေး မျက်နှာလုပ်ပြီး လယ်သမားကို ဆော်တဲ့ကိန်းကျနေပြီ။ အာယုရေ မင်းသတိထားဖို့။


ရွှေပြည်သာမြို့နယ် လယ်သမားများ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...