Sunday, September 2, 2012

အစားအသောက်


အမေရိကန်ရောက် မြန်မာများရဲ့ အစွဲလမ်းဆုံးကတော့ အစားအသောက်ပဲဖြစ်ပါတယ်။

အစားအသောက်များ ပေါများ၊ ဈေးချိုပြီး အမေရိကန်များ အားလပ်ချိန်အပမ်းဖြေခြင်းဟာ အစားအသောက် ထွက်စားခြင်းပါပဲ။ တပတ်တခါ၊ နှစ်ခါ အပြင် စားသောက်ဆိုင်ထွက် မစားနိုင်ရင် အမေရိကားမှာ နေရကျိုး မနပ်သလိုပါပဲ။ 
အစားအသောက်ပေါများလွန်းတာကို ဗာရာဏသီပြည်ကြီးကဲ့သို့ မှတ်ယူနိုင်ပါတယ်။ သမ္မာကျမ်းစာထဲက ခန္ဓာန်ပြည်ကြီးလို ကြွယ်ဝပေါများလှပါတယ်။ နိုင်ငံကြီးကလည်း အကျယ်ကြီးဆိုတော့ ရာသီဥတုမျိုးစုံရှိပြီး၊ ကမ္ဘာတ၀ှမ်းက ဘယ်ဒေသက သစ်သီးဝလံ၊ပန်းပင်များ အမေရိကန်ပြည်နယ်များမှာ ရှင်သန်၊ဖွံ့ဖြိုး၊ အသီးသီးနိုင်ပါတယ်။ အသီးအနှံ စိုက်ပျိုးရေးကိုတော့ ကာလီဖိုးနီးယားနဲ့ဖလောရီဒါပြည်နယ်များမှာ အင်မတန်ဖြစ်ထွန်းပါတယ်။ သားငါး၊ နွား၊ ဆိတ် မွေးမြူ၊ စည်သွတ်ခြင်းများကိုတော့ တက်ကဆက်နဲ့ အမေရိကားအလယ်ပိုင်းပြည်နယ်များမှာ အကြီးအကျယ် လုပ်ငန်းကြီးများရှိပါတယ်။ ဘီယာ၊ ၀ိုင်များကိုလည်း စပျစ်သီးခင်းများစွာကတဆင့် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်ပြီး၊ ဘီယာ၊ ၀ိုင်များကို ၁၀လီတာ ပုလင်းကြီးများနဲ့ ရောင်းတဲ့အခါ၊ မင်နရယ်ဝါးတား ရေသန့်ဗူးထက်တောင် ဈေးချိုနေတာ တွေ့ရပါတယ်။

အစားအသောက်စရိတ်
စားသောက်ဖို့အတွက် မြန်မာအများစုဟာ အိမ်မှာပဲ ချက်ပြုတ်စားသောက်ကြပါတယ်။ မြန်မာအစားအစာများစွာ အမေရိကားမှာပဲ အိမ်တွင်းမှုလုပ်ငန်းအနေနဲ့၊ လုပ်ကိုင်ကြပါတယ်။ ချဉ်ပေါင်ရွက်၊ သရက်သီး၊ ဂွေးတောက်ရွက်၊ ဒန့်ဒလွန်သီး၊ ဆူးပုတ်ရွက်၊ ဗူး၊ ဖရုံ ..စသဖြင့် အသီးအရွက်များ မြန်မာများဘယ်လိုရရှိသလဲမသိ၊ ဈေးတွေမှာ ၀ယ်လို့ရနေပါတယ်။ ၂၀၀၇နောက်ပိုင်း မြန်မာ၊ ကရင်များစွာ အခြေချလာတဲ့အခါ ဖေးဖရိတ်အစာကတော့ ဒိန်ညင်းသီးဖြစ်ပါတယ်။ ဒိန်ညင်းသီး ဆားရေစိမ်များ မြန်မာပြည်က လေယဉ်နဲ့သယ်လာပြီးရောင်းဝယ်ကြတယ်။ နောင်ဆိုရင် အမေရိကားမှာ ဒိန်ညင်းပင်များ စိုက်ပျိုးကြမှာ သေချာပါတယ်။ ငှက်ပျောကတော့ နဲနဲရှားပါးပစ္စည်းဖြစ်ပါတယ်။ မုံဟင်းခါးချက်စားတဲ့အခါ ငှက်ပျောအူကို မနည်းရှာဖွေရတယ်။

အမေရိကားမှာ အနည်းဆုံး လုပ်ခက တနာရီ ဒေါ်လာ၁၀လောက် ဆိုတော့၊ တနေ့ကို ၈နာရီလုပ်ရင်၊ သန့်ရှင်းရေး၊ လုံခြုံရေးအလုပ်သမားတောင် ဒေါ်လာ ၈၀လောက် ၀င်ငွေရပါတယ်။ ဒီတော့ တနေ့ကို ၁၀ဒေါ်လာဖိုးလောက်ကတော့ စားသောက်စရိတ်၊ မနှမျောကြပါဘူး။ သူငယ်ချင်း ညီအစ်ကို၂ယောက်ဆို ဘဲကင်၊ ကြက်ကင်တွေ တနေ့ကို တယောက်တကောင်၊ စားသောက်လိုက်ကြတာ .. ၅နှစ်အတွင်းမှာ ပေါင်ချိန် ၁၂၀ ကနေ ၂၂၀ပေါင်အထိ တက်သွားပြီး၊ လူတွေက မက္ကဆီကိုတွေကို လယ်ပင်းတုတ်၊ ခန္တာကိုယ်တုတ်ခိုင်ရုံမကဘူး၊ ၁၀နှစ်လောက်ကြာတဲ့အချိန် ဆီးချို၊ သွေးတိုး၊ အဆီအိမ့်တက်မှုများနဲ့ ကျန်းမာရေးထိခိုက်နေကြတယ်။ အစားမတော် တလုပ်မဟုတ်ပါ။ စားကောင်းတိုင်း အရမ်းစားတော့ ဘေးဥပါတ်နဲ့ ငယ်ငယ်ရွယ်ရွယ်၊ ကျန်းမာရေးထိခိုက်နေတာ တွေ့ရပါတယ်။ အစားအစာပေါတိုင်း အရမ်းမစားသောက်ဖို့ပါပဲ။

မြန်မာများရဲ့ ဈေးရောင်းပွဲများ
အားလပ်ချိန်မှာ အမေရိကားရောက် မြန်မာများ၊ တွေ့ဆုံပွဲကတော့ ဈေးရောင်းပွဲဖြစ်ပါတယ်။ မြန်မာစားစရာပေါင်း အမျိုးများစွာ ဆိုင်များစုပေါင်းပြီး၊ ချက်ပြုတ်ရောင်းချကြပါတယ်။ မိုးမခမှာ ချိုဇင်ရေးတဲ့ မန်လေးစားသောက်ဆိုင်များမှာ ရေးထားတဲ့ မန္တလေးမှာရနိုင်တဲ့ မြန်မာအစားအစာ အားလုံး၊ ဈေးရောင်းပွဲမှာ လက်စွမ်းပြ၊ ရောင်းချကြပါတယ်။ မုန်တီ၊ မြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ ရှမ်းထမင်း၊ ဒါန်ပေါက်၊ အသုတ်စုံ၊ ကော်ပြန့်ကျော်၊ ဖက်ထုပ်၊ အာပူလျှာပူ၊ လက်ဘက်ရည်၊ ပလာတာ၊ ထပ်တရာ၊ နံပြား၊ ပဲပြုတ်၊ အအေးစုံ၊ ဖွာလူဒါ၊ ကျောက်ကျော၊ ဒိန်ချဉ်၊မုန့်လုပ်ဆောင်း၊  ပေါက်စီ၊ ကြေးအိုး၊ ဆီချက်ခေါက်ဆွဲ၊ ရွှေတောင်ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ .. စသဖြင့် မြန်မာအစားအသောက်များစွာ အပြန်အလှန် ၀ယ်ယူ၊ စားသောက်ကြပါတယ်။

 ဘာသာရေး - ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများမှာလည်း အစားအသောက်မပါရင် မပြီးပါ။ ဘာသာရေးဝတ်ပြုဖို့လာတဲ့အခါတိုင်း လူတိုင်းက မိမိတို့ ဒါနနဲ့ ချက်ပြုတ်ယူလာတဲ့ အစားကောင်း၊ အသောက်ကောင်း များစွာ ချက်ပြုတ်ကျွေးမွေးပါတယ်။ ကျွန်တော်ကိုယ်တိုင် ငွေကြေးအနည်းငယ်နဲ့ ဈေးဝယ်ပြီး၊ ကြက်သား၊ ၀က်သား၊ ငါး၊ အသီးအနှံများ ကိုယ်တိုင်ချက်ပြုတ်၊ ဘုရားကျောင်းယူသွားရင် လူတွေ အများကြီး စားသောက်လို့ရပါတယ်။ ဒါကြောင့် အမေရိကားရောက်ကာစ မြန်မာများ သူများနဲ့ ကားကြုံလိုက်ပြီး၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ သွားစား၊ ပိုတဲ့ အစားအသောက်တွေအိမ်ပြန်ယူလာပြီး၊ အလျှံအပယ် စားသောက်ခဲ့ဖူးပါတယ်။ ဗာသျှနွားမကြီးများလို ၀ဖြိုးနေတဲ့ အမေရိကန်၊ လူဖြူ၊ လူမဲ ၊ လူဝါ စသဖြင့် မိန်းမကြီး၊ ယောင်္ကျားကြီး များစွာရှိပါတယ်။ အစားအသောက်နဲ့ ပတ်သတ်ရင်တော့ အမေရိကန် အထူးသဖြင့်၊ ဆင်းရဲသားများဟာ ပိုပြီး ၀ဖြိုးနေသလိုပါပဲ။


စူပါမားကက်များ၊ Shops များ
တနေရာမှာစုပြီး ကားရပ်ရန် နေရာကို ဆိုင်များဝင်း ပတ်ထားတဲ့ပုံစံလေးတွေ အများအားဖြင့်တွေ့ရတယ်။ နာမည်ကြီးတဲ့ကုန်တိုက်တွေတစုတဝေးထဲတွေ့ရတယ်။ စင်ကာပူက Shopping Center ပုံစံပါပ။ဲ  အမေရိကားမှာတော Wal-mart, Wal-green, Home Depot, Office Depot, Ross, Circuit City, Radio
Shark စတဲ့ကုန်တိုက်များနဲ့ လူသုံးကုန်ပစ္စည်း ရောင်းချတဲ့ ဆိုင်များ၊ စားသောက်ဆိုက်များ
စုဝေရောင်းချကြတယ်။  ကိုးရီးယား၊ တရုပ်၊ ဗီယက်နမ် .ရှော့ပင်စင်တာများလည်း တပုံတပင်ကြီး ရှိကြပါတယ်။ အဓိကတော့ အစားအသောက်တွေပဲ ရောင်းချကြပါတယ်။ သားငါး၊ ပုဇွန်၊ ဂဏန်း၊ ရေမျှော့၊ ကြက်၊ ၀က်၊ ကင်ထားတဲ့ ၀က်ပေါင်၊ ကြက်ဆင်အကောင်လိုက်ကင်၊ ဘဲ၊ ကြက်၊ အကောင်လိုက်ကင် တွေ အမြောက်အများ ရောင်းချကြပါတယ်။ အသား၊ငါးများကို အစိမ်းလိုက်ဝယ်ပြီး၊ အနောက်တိုင်းစတိုင် ချက်ပြုတ်ပေးတဲ့ ဆားဗစ်တွေလည်း ရှိတယ်။ အိမ်သယ်သွားပြီး တခါတည်း စားသောက်ပစ်ယုံပဲပေါ့..။


Restaurant ဆိုတဲ့ စားသောက်ဆိုင်များ
အမေရိကားက မြို့တိုင်းမှာ စားသောက်ဆိုင်ပေါများပုံကတော့၊ စံတင်လောက်ပါတယ်။ အထူးသဖြင့် ကာလီဖိုးနီးယား နဲ့ နယူးယောက်တွေမှာ လူမျိုးပေါင်းများစွာ၊ နိုင်ငံစုံက လာရောက်နေထိုင်ကြတဲ့အတွက်၊ ကမ္ဘာ့စားသောက်ဖွယ်ရာ အစုံအလင်ရှိတဲ့ မြို့ကြီးပါ။  ဈေးအသက်သာဆုံး စားသောက်ဆိုင်ကတော့ မက်ဒေါနယ်၊ ဘာဂါကင်း၊ စတဲ့ အမြန်ရတဲ့ စားစရာတွေပါ။ အမေရိကန်လာ ၃ဒေါ်လာလောက်ဆို၊ အဆာပြေစား ၀ယ်စားလို့ရပါတယ်။ နောက်ဈေးအချိုဆုံးကတော့ တရုပ် ဗူဖေးစားသောက်ဆိုင်တွေပါ။ အ၀စါး .. ၅ဒေါ်လာလောက်ပေးပြီး၊ ထမင်းဟင်း၊ ကြိုက်သလို ထည့်စားလို့ရတယ်။
ဈေးအကြီးဆုံး စားသောက်ဆိုင်ကတော့ မြန်မာစားသောက်ဆိုင်ပါပဲ။ အထဲမှာ စားသောက်နေသူများကို လှမ်းကြည့်လိုက်ရင် မြန်မာမတွေ့ရဘူး။ အဖြူကောင်တွေချည်းပဲ။ အထူးဆန်း စားသောက်ဆိုင်တွေ လိုက်စားသောက်နေသူများ မြန်မာစားသောက်ဆိုင်က လက်ဘက်သုတ်ကို ၀ယ်စားကြတယ်။ လဘက်သုတ်ဆိုပေမဲ့ အမေရိကန်လျှာနဲ့ ကိုက်အောင် အသား၊ အသီးအနှံတွေ များများထည့်ပြီး ခွက်အကြီးကြီးနဲ့ အ၀စားရတဲ့ လဘက်နည်းနည်းပဲပါတဲ့ စားသောက်ဖွယ်ရပါ။ ထုံးစံအတိုင်း မြန်မာဆန်ဆန် အဆင်အပြင်၊ အခင်းကျင်းတွေလုပ်ထားပြီး အမေရိကန်များ ကြိုက်တတ်တဲ့ စားသောက်ဖွယ်ရာများလည်း ထည့်ရောင်းရပါတယ်။

မက္ကဆီကိုစားသောက်ဆိုင်၊ ရုရှားနဲ့ အရှေ့ဥရောပစားသောက်ဆိုင်၊ တူရကီ၊ အာရပ်၊ အရှေ့လယ်ပိုင်း၊ အစားအစာများ၊ အာဖရိက၊ တောင်အမေရိကာ၊ ဥရောပ အစာအစာဆိုင်များစွာ အပြိုင်အဆိုင်ဖွင့်ထားပါတယ်။ တခါသွားစားရင် ၁၀ဒေါ်လာ အထက်ပေးရပါတယ်။ အမေရိကားရောက် လူမျိုးစုံ၊ အစားအသောက်ဖိုး မနှမျောပဲ လျှောက်စားသောက်နေကြပါတယ်။ ဗီယက်နမ်၊ ဖိလစ်ပင်း၊ ထိုင်း အစားအစာများဟာ တရုပ်အစားအစာများလို စားသောက်ဆိုင်အများကြီး ဖွင့်ထားတာ တွေ့ရပါတယ်။ အထူးသဖြင့် ထိုင်း စားသောက်ဆိုင်များဟာ အထူးအောင်မြင်တာကို တွေ့ရပါတယ်။ ထိုင်း.. တုံရမ်းဟင်းချိုပေါ့။


စင်ကာပူကလူနေတိုက်အောက်က၊ စားသောက်ဆိုင် Food Court
အမေရိကားရောက်မြန်မာအများစုဟာ စင်ကာပူကို ဖြက်ကျော်ပြီး ရောက်သွားလေ့ရှိပါတယ်။ အခုခေတ် နယ်စပ်က တိုက်ရိုက် အမေရိကားရောက်သူများက လွဲရင်ပေါ့။ အမေရိကားရောက် မြန်မာများ စင်ကာပူလို နိုင်ငံသေးသေးလေးကို စိတ်ပျက်ကြမှာသေချပါတယ်။ အစားအသောက် စားမယ်ဆိုရင်၊ တိုက်အောက်က ဟော့ကာစင်တာဆိုတဲ့ Food Court တွေမှာ တခါစား ၃ဒေါ်လာ၊ ၄ဒေါ်လာ နဲ့ အစားအသောက်များ ၀ယ်စားကြပါတယ်။ မလေးအစားအစာ၊ ကုလားအစားအစာ၊ တရုပ်အစားအစာ ..အစုံအလင် တနေရာထဲမှာ ရပါတယ်။ ချစ်ကင်းရိုက်စ်၊ ကွေးတရာင်၊ ၀မ်ထမ်မီး၊ မီးပေါ့၊ ဟုတ်ကင်မီး၊ လာဆာ ဆိုတဲ့ အုန်းနို့ခေါက်ဆွဲ၊ ဟော်ဖန်၊ မီးဖန်၊ ဆာတေး၊ စသဖြင့် အစားအစာများကို ကော်ဖီ၊ လဘက်ရည်၊ အအေးများနဲ့ စားသောက်ကြတယ်။ အသက်ကြီးငယ်မရွေး၊ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဘီယာ ကို ၀ယ်သောက်ကြတယ်။ ဘီယာငဲ့ပေးတဲ့ တရုပ်ပြည်က အလုပ်လာလုပ်တဲ့ ဘီယာပရိုမုတ်တာ ကလေးမလေးများ အလုပ်လုပ်ကြပါတယ်။  အသက်ရွယ်ကြီးကြီး၊ ကြီးမိုက် လူကြီး ဘီယာဝိုင်းတော်သားများ၊ ၂၄နာရီ ဖွင့်တဲ့ဆိုင်မှာ ဘော်လုံးပွဲတီဗွီကလာတာ ထိုင်ကြည့်နေသူ မြန်မာလူငယ်လေးများ .. စသဖြင့်၊ စင်ကာပူ အများစားသောက်ဆိုင်ရှုခင်းဖြစ်ပါတယ်။

Reference Link
http://burmeseamericasingapore.blogspot.com/2012/05/blog-post.html#more
-- 
With Faithfully
Zaw Aung
Mobile: Singapore +65 93360662,   Vietnam:  +84 1217046721
Email: uzawaung@gmail.com

Grace be with you all

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...