စစ်နှင့် ငြိမ်းချမ်းရေး....
ကမ္ဘာ အရပ်ရပ်တွင် စစ်ဖြစ်နေကြသည်......။ ပြည်တွင်းစစ် သို့မဟုတ် ပြည်ပကျူးကျော်စစ်၊ သို့မဟုတ် အာဏာသိမ်းစစ်၊ သို့မဟုတ် တွန်းလှန်စစ်ပွဲများ...။
ယခင်ကလည်း ဖြစ်ခဲ့သည်။ ယခုလည်း ဖြစ်နေသည်။ နောက်လဲ...... ဆက်ဖြစ်နေဦးမည် သာ......။
ဘာကြောင့် စစ်ဖြစ်ကြသနည်း.....
သူတစ်ပါး၏ တိုင်းပြည်၊ နေရာ၊ ဒေသကို သွားရောက် ကျူးကျော်၍ တိုက်ခိုက်မှုကြောင့် ဖြစ်ခြင်း။
သူတစ်ပါးက မိမိ၏ တိုင်းပြည်၊ နေရာ၊ ဒေသကို လာရောက် ကျူးကျော်၍ တိုက်ခိုက်မှုကြောင့် ဖြစ်ခြင်း။
လက်ရှိ အုပ်ချုပ်နေသော အစိုးရကို လက်မခံနိုင်၍ တိုက်ခိုက်မှုကြောင့် ဖြစ်ခြင်း။
ကိုလိုနီစနစ်ကို တွန်းလှန်သည့် တိုက်ခိုက်မှုကြောင့် ဖြစ်ခြင်း။
စီးပွါးရေး၊ လူမျိုးရေး၊ နိုင်ငံရေး စနစ်နှင့် အချက်အခြာကျမှုကို ဗဟိုပြု၍ တိုက်ခိုက်မှုကြောင့်ဖြစ်ခြင်း။
နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးမှုကြောင့်ဖြစ်ခြင်း။ ဘာသာရေးအရ ကျူးကျော် သိမ်းပိုက်မှုကြောင့် ဖြစ်ခြင်း။
စစ်ပွဲများကြောင့် မည်သို့ ဖြစ်လာသနည်း
စစ်ပွဲများကြောင့် စစ်ပွဲဖြစ်ပွါးရာ နေရာတွင် .....
- ဒေသတွင်း အသက်အန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်ပါသည်။
- လူသားအရင်းအမြစ်များ ထိခိုက်ခံရပါသည်။
- အဆောက်အဦများ ပျက်စီးပါသည်။
- ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကျဆင်းစေပါသည်။
- အရင်းအမြစ်များ ပျက်စီးဆုံးရှုံးရပါသည်။
- ဆက်သွယ်မှု ပြတ်တောက်ပါသည်။
- အစာရည်စာ ရှားပါးလာပြီး ငတ်မွတ်ခေါင်းပါး လာပါသည်။
- ရောဂါဘယ ထူပြောလာပါသည်။
- စီးပွါးရေးလုပ်ငန်းများ ရပ်ဆိုင်းရပါသည်။
- ယဉ်ကျေးမှုများ ပျက်သုဉ်းရပါသည်။
စစ်ပွဲများကြောင့် စစ်ပွဲဆင်နွှဲသူများတွင် .....
- အသက်နှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရပါသည်။
- ကျဆုံး၊ သေဆုံးသူများ၏ မိသားစုများ အခြေအနေ ပျက်ယွင်းရပါသည်။
- စစ်ပွဲကို စီမံခန့်ခွဲနေသူများ ဘဏ္ဍာငွေ ဆုံးရှုံးရပါသည်။
- စီးပွါးရေး ထိခိုက်ရပါသည်။
- အခြား တိုးတက်မှုများကို အဟန့်အတား ဖြစ်ရပါသည်။
- မဆုံးနိုင်သော စီမံမှုများကို ဆက်လက် စီမံနေရပါသည်။
စစ်ပွဲကြောင့် ကောင်းမွန်သော အကျိုးရလဒ်ကို မမြင်မတွေ့ဘူးခဲ့ပါ....။ စစ်ပွဲကြောင့် အသက်၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပုပ်ပွ မျောလွင့်နေသော သွေးပင်လယ်နှင့် မျက်ရည်ပင်လယ်များ ကိုသာ.... ရာဇ၀င်တွင် ထင်ကျန်ရစ်စေခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၄၀)ကျော်ခန့်....... ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ခေတ်သစ် စာမျက်နှာသစ်ကို ပြည်ပကျူးကျော်စစ်များ၊ ပြည်တွင်းဂိုဏ်းဏန စစ်ပွဲများ၊ လူမျိုးရေး စစ်ပွဲများ၊ တိုက်ခိုက်မှုများ
စစ်ကြောင့် ဘ၀ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီးပြီ.... .။ နယ်မြေဒေသတစ်ခုလုံးလည်း သွေးညှီနှံများ ပျံ့
လွင့်နေခဲ့ပြီးပြီ.....။ နိုင်ငံတော်၏ အခြားကဏ္ဍများတွင် ကောင်းမွန်စွာ အသုံးပြုနိုင်သော မရည်မတွက်နိုင်သည့် ဘဏ္ဍာငွေများ
ကိုလည်း ဆုံးရှုံးခဲ့ရပြီ....။ စစ်ကြောင့် မျိုးဆက်နှစ်ခုခန့်လည်း လူရာမ၀င် လူတောမတိုးသော အခြေအနေများကို ရင်ဆိုင်ခဲ့ရပြီ
ယခု အားလုံးရပ်ဆိုင်းပါတော့မည်..... လိုအပ်သလို ညျိနှိုင်း တိုင်ပင်၍ ဆွေးနွေး အောင်မြင်နေကြပါပြီ.... စစ်ပွဲတွင် အသုံးပြုခဲ့
ရသော ငွေကြေးများအား နယ်စပ်ဒေသရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ဖွံ့ ဖြိုး
တိုးတက်ရေး ကဏ္ဍများတွင် အစားထိုး သုံးစွဲနိုင်တော့မည်.... ဖုန်းဆိုး အရပ်ကဲ့သို့ ဖြစ်ပေါ်ခဲ့သော ဒေသများတွင် နီယွန်မီး
များကို တွေ့မြင်ရတော့မည်.... စစ်နှင့် ငြိမ်းချမ်းရေး၏ ကွာခြားချက်များကြောင့် ဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံ မြောက်ဖျားတွင် စစ်မီးလျှံများ တောက်လောင်နေပါပြီ.. တဖြည်းဖြည်းနှင့် လူနေထူထပ်သော မြို့တွင်းသို့ ရောက်ရှိနေပါပြီ....
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ငြိမ်းချမ်းရေး ရယူခဲ့ပါပြီ.... မြောက်ဖျားဒေသကဘာကြောင့် မီးတောက်နေရပါ သနည်း......။
နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ၏ တိုးတက် တည်ငြိမ် အေးချမ်းရေးကို ဟန့်တားနှောင့်ယှက်သူသည် နိုင်ငံတော်၏ ရန်သူ ဖြစ်ပါသည်....။
မြန်မာပြည် မြောက်ဖျားဒေသရှိ ကချင်တိုင်းရင်းသားများကို ငြိမ်းချမ်းရေး မရအောင် ဆောင်ရွက်နေသူသည် မည်သူဖြစ်ပါသနည်း.... ကချင်တိုင်းရင်းသားများကို စစ်ပွဲအတွင်း သွပ်သွင်းနေသူများမှာ မည်သူများ ဖြစ်ပါသနည်း......ထိုသို့ ဆောင်ရွက်နေသူများသည် ကချင်တိုင်းရင်းသား များ၏ ရန်သူ ဖြစ်ပါသည်။
ထို့အတူ ကချင်တိုင်းရင်းသားများ၏ ရန်သူသည် ပြည်ထောင်စု၏ ရန်သူ၊ နိုင်ငံတော်၏ ရန်သူ အစစ် ဖြစ်
ပါသည်.....။ ၄င်း ရန်သူများအား သေချာစွာ ရှာဖွေ ဖော်ထုတ်၍ လိုအပ်သလို အပြစ်ပေး အရေးယူ သင့်ပါသည်။ ထိုသို့ ဆောင်ရွက်ပြီးပါက နိုင်ငံတော်တွင် နေရာအနှံ့ ငြိမ်းချမ်းရေးပန်းများ၊ တိုးတက်ရေးပန်းများ ပွင့်လန်းလာတော့မည် ဖြစ်ပါကြောင်း....။
(ကွန်ဆူးမား)(၁၅-၉-၂၀၁၂)
0 comments:
Post a Comment