Friday, September 7, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၇-၉)


သစ်ထူးလွင်


Posted: 07 Sep 2012 06:42 AM PDT
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း
တဝိုက် ဒေသခံတွေနဲ့  မုံရွာမြို့ခံတွေ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ
-ဒေသခံ ခေါင်းဆောင်တွေက စီမံကိန်းကြောင့် ပျောက်ကွယ်သွားမယ့် လက်ပံတောင်းတောင်ကို နောက်ဆုံးကြည့်တဲ့အနေနဲ့ တောင်ကြည့်ပွဲ ဆိုတဲ့ လှုပ်ရှားမှု တရပ် ဒီနေ့ညနေ မှာပြုလုပ်ကြပါတယ်။

ချင်းတွင်းမြစ် တဖက်ကမ်း မုံရွာမြို့ဘက်ကနေ ကြည့်ကြမှာပါ။ ဒါပေမယ့် အဲဒီတောင်ကြည့်ပွဲသွားဖို့ ချင်းတွင်းမြစ်ကူးမယ့် စက်လှေတွေကို သက်ဆိုင်ရာအာဏာပိုင် တွေကထွက်ခွင့်မပေးပဲ တားထား တယ်လို့ ဝက်မှေးရွာသား ကိုဇော်ဦးက RFA ကိုပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအရ လက်ပံတောင်းတောင် မပျောက်ကွယ်သွားအောင် ကာကွယ်ဖို့ဆောင်ရွက်တာလို့ဆိုပါတယ်။ ဒီပွဲကို မုံရွာမြို့ဘက်ကလဲ ဒေသခံ ရာနဲ့ချီပြီးသွားရောက် ကြသလို၊ လယ်မြေနဲ့အိမ်ယာတွေဖျက်သိမ်းခံရတဲ့ ဝက်မှေး၊ ဆည်တဲ စတဲ့ရွာတွေကဒေသခံ ၁ ရာ ကျော်ကလဲ သွားရောက်ကြည့်ရှုတာလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တွေကပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မနေ့ညကစလို့ ဆည်တဲရွာအပြင်မှာ ရဲတပ်ဖွဲ့ကနေရာယူလိုက်ပြီး ရွာတဝိုက်မှာလဲ သတင်းပေးတွေ လှည့်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

ရွာသားတွေဘက်လဲ ရွာစည်းရိုးတွေကာ-ရွာတံခါးတွေဆောက်နေပြီး ရွာအဝင်စစ်ဆေးမယ့်ဂိတ်တွေလဲစီစဉ်နေတယ်လို့ သိရပါတယ်။

ကြေးနီစီမံကိန်းအကောင်အထည်ဖေါ်နေတဲ့ မြန်မာဝမ်ပေါင် တရုတ်ကုမ္ပဏီ နဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက အဲဒီဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ထားပါတယ်။ ဒါ့အပြင် ရွာသားတွေကို ကူညီနေတဲ့ တက်ကြွလှုပ်ရှား သူတချို့ကိုလဲ ဖမ်းမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်။

RFA Burmese




Posted: 07 Sep 2012 06:05 AM PDT
ရန်ကုန်၊ ရန်ကုန်တိုင်း ဒေသကြီးရှိ စက် မှုဇုန်(၃)ခု၌ ယနေ့မနက်မှ စတင်ကာ အလုပ်သမား ဆန္ဒပြမှုများ တပြိုင်တည်း ဖြစ်ပေါ် နေကြောင်း သိရသည်။

ယင်းဆန္ဒပြမှုဖြစ်စဉ် များသည် လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံဆိပ် ကမ်းမြို့နယ်တို့တွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။ စာချုပ်ပါ အချက်များကို အလုပ်များက ချိုးဖောက်ခြင်း၊ သမဂ္ဂများ ကိုအသိ အမှတ် မပြုခြင်း၊ ဖြန်ဖြေရေး အဖွဲ့များ ဖွဲ့စည်းရာတွင် ဘက်လိုက်မှုများ ရှိနေခြင်း ကြောင့် အလုပ် သမားဆန္ဒပြပွဲများ ပြန်လည်ပေါ် လာခြင်းဖြစ် ကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေ သူများက သုံး သပ်ကြသည်။

''အရင်ကဆန္ဒပြပွဲ တွေကြောင့်အလုပ် ရှင်နဲ့အလုပ်သမားနှစ်ဖက်ညှိနှိုင်းပြီး စာချုပ် တွေချုပ်ခဲ့ကြတယ်။ စာချုပ်ပါ အချက်တွေကို မလိုက်နာဘူး ။ပေါ်ပေါက်လာ တဲ့အလုပ်သမားသမဂ္ဂတွေကိုအသိအမှတ် မပြုဘဲ ပယ်ဖျက်ဖို့ကြိုးစား ကြတယ်။နောက် ပြီးအချိန်ပိုအလုပ်ချိန်လျော့ခိုင်း တဲ့အတွက် အချိန်ပိုကြေး ဘဲလျော့ ရမှာ ကိုအခြားဟာ တွေပါလျော့တဲ့အတွက်လစာ နည်းသွားလို့ မကျေနပ်ဘဲအခုလို ဆန္ဒပြမှု တွေပြန်ဖြစ် လာတာ''ဟုအလုပ်သမားအခွင့်အရေးလှုပ် ရှားသူများမှရှေ့နေတစ်ဦးကပြောသည်။

ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ အာရှနဂါးစက်ရုံတွင် အလုပ်သမားအဖွဲ့နှစ်ဖွဲ့ရှိ ပြီးအလုပ်ရှင် ဘက်မှ ဖွဲ့စည်း ထားသော အလုပ်သမားအဖွဲ့ကကျန်အဖွဲ့ ကိုပယ်ဖျက် ပေးရန်တောင်းဆို သဖြင့် မပြေလည် မှုများ ဖြစ်နေကြောင်းသိရသည်။

''ကျွန်မတို့အဖွဲ့ဖွဲ့ပြီးတော့မှ supervisor တွေ၊ Leader တွေကဦးဆောင်ပြီးအ ဖွဲ့တစ်ဖွဲ့ထပ်ဖွဲ့တယ်။ သူတို့အဖွဲ့ထဲ က သူတွေကို ဒံပေါက်ကျွေးတာ။ထီးပေးတာ တို့လုပ်ပြီး စည်းရုံးတယ်။Leader တွေဆို တော့ကြောက် လို့ဝင်တဲ့သူတွေ လည်းရှိတယ်။ကျွန်မတို့ အဖွဲ့သူတွေကို သူတို့အဖွဲ့ ထဲရောက်အောင် စည်းရုံးပြီး တော့ ကျွန်မတို့ အဖွဲ့ကိုပယ်ဖျက်ပေးဖို့အလုပ်သမားရုံးက သူတွေကိုခေါ်တယ်။ အလုပ် သမား ရုံးကလူ ကြီးတွေလာ လို့မေးတော့ နင့်အလုပ်နင်လုပ် ငါ့အလုပ်ငါလုပ် မယ်ဆိုပြီး ပြောတယ်။ ဒါ ကြောင့် အခုကျွန်မတို့အဖွဲ့ အလုပ်ခွင်ကိုပြန်မဝင်ဘဲနေနေ တယ်''ဟုအာရှနဂါးအထည် ချုပ်မှအ လုပ်သမား အဖွဲ့ ခေါင်းဆောင်တစ် ဦးကပြောသည်။

ဆန္ဒပြပွဲများပြီးနောက်ချုပ်ဆို သည့်အလုပ်ရှင်၊အလုပ်သမားသဘောတူစာ ချုပ်များကို လိုက်နာမှု မရှိခြင်း သည်အလုပ် သမားဆန္ဒပြမှုများထပ်မံပေါ်ပေါက်လာနိုင် ပြီးသက်ဆိုင်ရာဝန်ကြီး ဌာနမှ အောက်ခြေ ဝန်ထမ်းများ၏ဆောင်ရွက်ချက်များမှာယခင် အတိုင်းပင်ရှိနေ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသူများ ထံမှသိရသည်။ ဆန္ဒပြမှုများမှာလှိုင်သာယာ စက်မှုဇုန်တွင်မြူး နှင့်စူး အထည်ချုပ် ၊ ရွှေ ပြည်သာ စက်မှုဇုန်တွင်စန္ဒာကားစက် ရုံတို့ ဖြစ်ကြောင်းသိရသည်။

အေးမြမြထွန်း - Yangon Media Group





Posted: 07 Sep 2012 05:32 AM PDT
နေပြည်တော် စက်တင်ဘာ ၇

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့မွန်းလွဲ (၂)နာရီ (၁ဝ)မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ တိုင်းရင်း သားရေးရာ ဝန်ကြီးများအား တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

 တွေ့ဆုံပွဲ အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် ဦးလှထွန်း၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားကြသည်။       

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှာစကားပြောကြားရာ၌  တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်ပါတယ်။ အားလုံး ကျန်းကျန်းမာမာ ရှိကြစေရန် ရှေးဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာလူမျိုးစုများ၏ ကိုယ်စားလှယ်များဖြစ်သည်နှင့်အညီ မိမိတို့လူမျိုးစု များ၏ အရေးအရာကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးရန် တာဝန်ရှိသူများ ဖြစ်ကြ ပါတယ်။

ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရများနဲ့ တန်းတူ ရည်တူဆက်ဆံနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ် ပေးခဲ့သည့်အတိုင်း ဥပဒေရေးရာကိစ္စများကို ပြင်ဆင်ပေးနိုင်ဖို့နဲ့ လိုအပ်တဲ့ အုပ်ချုပ်မှုကိစ္စအဝဝတို့ကို ဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရတို့နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်မည့်အပြင် ပြည်ထောင်စု အဆင့် အစိုးရအဖွဲ့ နဲ့လည်း တိုက်ရိုက် ထိတွေ့ဆက်ဆံနိုင်အောင် သမ္မတရုံးတွင် ပြည်ထောင်စုဝန်ကြီး တစ်ဦးနှင့်အတူ ဝန်ကြီးဌာနတစ်ခုကိုလည်း ဖွင့်လှစ် ပေးထားပြီးဖြစ်၍ အထက်အောက်နဲ့ ဘေးတိုက် ဆက်သွယ်ဆောင်ရွက် နိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုပေါင်း (၁၀၀) ကျော်ရှိပြီး အားလုံးဟာ တိုင်းပြည်ရဲ့ နယ်နိမိတ်အဝန်းအဝိုင်း တစ်ခုတည်းအောက်တွင် အတူနေထိုင် ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ဖြစ်ကြတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို တန်းတူရည်တူ ရရှိကြရမည့်အပြင် တူညီသည့် တာဝန်များကိုလည်းအတူတကွ ထမ်းရွက်ကြရမှာ ဖြစ်ပါတယ်။

တူညီတဲ့ အဓိကတာဝန်ကတော့ ပြည်ထောင်စုကြီးအတွင်း ဥမကွဲသိုက်မပျက် အတူတကွ ပူးပေါင်းနေထိုင်ရေးနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး ဖြစ်ပါတယ်။ ပြည်ထောင်စုကြီး မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ အဓိကတာဝန်ကြီး (၃) ရပ်ဟာ နိုင်ငံသားတိုင်း ရာသက်ပန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမယ့် တူညီသောတာဝန် ဖြစ်ပါတယ်။ ဒီတာဝန်ကိုမိမိတို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်း ထမ်းဆောင် သွားကြရမှာဖြစ်တယ်။

နယ်စပ်ဒေသတွေဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေဆဲဖြစ်တယ်။ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စီးပွားရေးစတဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့တာ အားလုံးအသိဘဲဖြစ်ပါတယ်။ ဒါဟာ လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ပဋိပက္ခတွေကြောင့် ဖြစ်တယ်။ ယခုအခါ နှစ်ပေါင်းကြာရှည်ခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်း သွားအောင် မိမိတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် နေတယ်။ ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများအနေနဲ့ မိမိတို့ လူမျိုးစုတွေကို ဦးဆောင်ပြီး ပူးပေါင်းပါဝင် ကူညီလုပ်ဆောင်ပေးကြဖို့ လိုတယ်။

နောက်တစ်ခုကတော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကိစ္စ ဖြစ်တယ်။ ဘိန်းစိုက်ပျိုးမှု ပပျောက်အောင်၊ အခြားသော ဝင်ငွေရအလုပ်အကိုင်များနဲ့ အစားထိုးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဆေးပြားများ ချက်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်မှုများကိုလည်း မြန်မာနိုင်ငံမူးယစ်ဗဟိုနဲ့ အစွမ်းကုန်ပူးပေါင်း ကူညီဆောင်ရွက် ပေးကြဖို့ လိုတယ်။

နယ်စပ်ဒေသတွေမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဦးဆုံး လိုအပ်ချက်ဟာ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဖြစ်တဘ်။ သို့မှသာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေကို ထိထိရောက်ရောက် ကူညီပေးနိုင်မယ်။ ယခုအခါ ကိုယ့်ဒေသကိုယ်ဖွံ့ဖြိုးအောင် ဝန်ကြီးတွေကိုယ်တိုင်က တာဝန်ယူပြီးအပြိုင်အဆိုင် လုပ်ကြရမယ်။ လိုအပ်ချက်တွေကို အထက်ကဖြည့်ဆည်းပေးနိုင်တာတွေ ဖြည့်ဆည်း ပေးမယ်။

နိဂုံးချုပ်အနေဖြင့် ဒီကနေ့ မိမိတို့အစိုးရရဲ့ ရည်မှန်းချက်ဟာ ပြည်သူအများစု၏ ဆန္ဒဖြစ်သော တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်တယ်။

ဒါကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်အောင်၊ ပြည်ပဖိအားတွေ လျော့ပါးသွားအောင် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးအောင်၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း၊ လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ငန်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ပြည်ပအရင်းအနှီးများ ဖိတ်ခေါ်ပြီး မိမိတို့ ပြည်သူများ အကျိုးရှိစေမည့် စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များ ထူထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေတယ်။

အစိုးရ၏ ရည်မှန်းချက်များ အောင်မြင်အောင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ မှလည်း မိမိတို့လူမျိုးစုများနဲ့အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန် တိုက်တွန်းပါတယ်။

ယင်းနောက် တိုင်းရင်းသားရေးရာဝန်ကြီးများက  မိမိတို့ တိုင်းရင်းသား လူမျိုးများအလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးလှထွန်း၊ ဦးစိုးမောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး တို့က တိုင်းရင်းသားရေးရာဝန်ကြီးများဆိုင်ရာ ဥပဒေကို ပြင်ဆင်ရေးဆွဲဆောင်ရွက်နေမှု၊  လစာ၊ အဆောင်အယောင်နှင့် ခံစားခွင့်များ တိုးမြှင့်ပေးမည့် အခြေအနေနှင့် နယ်စပ်ဒေသများ အပါအဝင် လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

၎င်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုကိစ္စနှင့်ပတ်သက်၍ မူလတန်းအဆင့်တွင် ကျောင်းချိန်ပြင်ပ၌ သင်ကြားပေးရန် ပညာရေး ဝန်ကြီးဌာနက စီစဉ် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ထိုသို့ သင်ကြားရာတွင် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်အောင် အလေးထား ဂရုပြုသင့်ကြောင်း၊ လွတ်လွတ်လပ်လပ် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ကျောင်းချိန် အတွင်း သင်ကြားရန်မှာမူ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၃ဝ) ကျော် ရှိသည့်အတွက် သင်ကြားပေးရန်အခက်အခဲရှိပါကြောင်း၊ သို့သော်လည်း ဒေသရှိတိုင်းရင်း သားများအနေဖြင့် ၄င်းတို့နှင့်သက်ဆိုင်သည့် စာပေကို သင်ကြားလိုသည် ဆိုပါက ဆောင်ရွက်နိုင်ရန် ကျောင်းရှိ ဆရာ၊ဆရာမများကို သင်ကြားပေးရန် ဆောင်ရွက်ပေးနေ ပါကြောင်း၊ သက်ဆိုင်ရာ ကျောင်းများ အနေဖြင့် သင်ကြားပေးရန်အခက်အခဲရှိပါက သက်ဆိုင်ရာ စာပေနှင့်ယဉ်ကျေးမှု ကော်မတီက ကူညီဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုနှင့်ပတ်သက်၍ အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်နှစ်များက တိုင်းရင်းသားများ ပါဝင်ယှဉ်ပြိုင်ရသည်မှာ နည်းပါးပါကြောင်း၊ ယခုနှစ်မှစ၍ မြန်မာတိုင်းရင်းသား တို့၏ အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲကို မိမိနေထိုင်ရာ တိုင်းဒေသကြီး၊ မိမိနယ်ခံပြည်နယ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားပါကြောင်း၊ ယင်းသို့ ပါဝင်ယှဉ်ပြိုင်ပြီးနောက် ဆုရရှိသူများကို ပြည်နယ် အစီအစဉ်ဖြင့် ဆုပေးသွားမည် ဖြစ်ပါကြောင်း၊ တစ်ဖန် ဗဟိုတွင်ကျင်းပသည့် ပြိုင်ပွဲတွင်လည်း ပြည်နယ်၌ဆုရခဲ့သည့် အဖွဲ့များ၊ ပုဂ္ဂိုလ်များကို ထပ်မံဖိတ်ခေါ်၍ ဂုဏ်ပြုချီးမြှင့် ဆုပေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားတို့၏ စာပေနှင့်ယဉ်ကျေးမှု အတွက် ပြည်ထောင်စုအစိုးရက စီစဉ်ဆောင်ရွက် ပေးမှုကို ရှင်းပြခြင်း ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က  နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေးများတွင် ဆွေးနွေး စရာရှိပါက တင်ပြ၍အစည်းအဝေးသို့ တက်ရောက်နိုင်ပါကြောင်း၊ ထို့အတူ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားရေးရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန်  ရှိသဖြင့် အစည်းအဝေး ဖိတ်ကြား ပါကလည်း  တက်ရောက်ရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တိုင်းရင်းသား ရေးရာ ဝန်ကြီးများနှင့် တစ်နှစ်လျှင်နှစ်ကြိမ် တွေ့ဆုံနိုင်အောင် ကြိုးစား မည် ဖြစ်ပါကြောင်း၊ အလားတူ တိုင်းရင်းသားရေးရာ ဝန်ကြီးများ အားလုံးကို နှစ်စဉ်ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားကြီးသို့ တက်ရောက်ရန် ဖိတ်ကြားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးအသီးသီး၏ စာပေနှင့် ယဉ်ကျေးမှု၊ အနုပညာနှင့်ပတ်သက်၍ ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားပါကြောင်း၊ တိုင်းရင်းသား စာပေများ သင်ကြားမှုနှင့်ပတ်သက်၍ အခိျု့နေရာများတွင် အခက်အခဲမရှိ သော်လည်း အခက်အခဲရှိသော နေရာများလည်း ရှိပါကြောင်း၊ ဥပမာအားဖြင့် ရှမ်းပြည်နယ်တွင် ရှမ်းစာပေအပြင် ၊ အခါ၊ ဓနု၊ လားဟူ၊ ဝ၊ လွယ်၊ ကော် စသည်ဖြင့် ကျန်တိုင်းရင်းသား လူမျိုးစုများ၏ စာပေများလည်း ရှိနေကြောင်း၊ အစိုးရ၏ စီမံချက်တွင် ထည့်သွင်း ဆောင်ရွက်မည် ဖြစ်သော်လည်း မိမိနည်း မိမိဟန်ဖြင့်လည်း တတ်နိုင်သရွေ့ ဆောင်ရွက်ကြစေလိုကြောင်း၊

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နေရာတော်တော်များများတွင် ပစ်ခတ်မှုများ မရှိသလောက် အေးချမ်းသွားပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လုံခြုံမှုရှိလာပြီဟု ဆိုရမည် ဖြစ်ပါကြောင်း၊ လုံခြုံမှုရှိလာသဖြင့် မိမိတို့အသက်မွေး ဝမ်းကျောင်း အလုပ်များအား စိတ်ချလက်ချလုပ်ကိုင်နိုင်ပြီ ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကျန်သည့် အဖွဲ့များနှင့် အထိုက်အလျောက် အောင်မြင်မှုများရရှိနေပြီဖြစ်ပါကြောင်း၊ KIO/ KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဆိုပါက မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် လုပ်ငန်းစဉ်အများစု အောင်မြင်မှုရပြီဟု ဆိုရမည်ဖြစ်ပါကြောင်း၊ သို့သော်လည်း ရာနှုန်းပြည့် အောင်မြင်ရန်အတွက်မူ အချိန်ယူ၍ ဆွေးနွေး ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း၊ ဦးစွာ အပစ်အခတ်ရပ်စဲရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှု ဆောင်ရွက်ရန်မှာမူ တစ်နေရာနှင့် တစ်နေရာ၊ လူမျိုးစု တစ်စုနှင့်တစ်စု၊ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူညီကွဲပြားသော အချက်များရှိသဖြင့် အချိန်ယူဆွေးနွေးပြီး ညှိနှိုင်း ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပြီးလျှင် နောက်ဆုံးအဆင့်အနေဖြင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ပထမအဆင့်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆွေးနွေးရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံး ဝိုင်းဝန်းဆောင်ရွက်ပါက ပိုမိုအဆင်ပြေ ချောမွေ့မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးများအနေဖြင့် မိမိတို့အစိုးရအဖွဲ့နှင့်အတူ လက်ရည်တစ်ပြင်တည်း လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် ပြောကြားပြီး တွေ့ဆုံပွဲကို ညနေ(၃)နာရီ(၄၅)မိနစ် တွင် ရုပ်သိမ်းလိုက်သည်။

သမ္မတရုံး ၀က်ဆိုဒ်





Posted: 07 Sep 2012 05:12 AM PDT
( ၇ - ၉- ၂၀၁၂ )တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ ကြခြင်း ဖြစ်ပါတယ်။ အားလုံး ကျန်းကျန်း မာမာ ရှိကြစေရန် ရှေးဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးများဟာ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များ အတွင်းရှိ သက်ဆိုင်ရာ လူမျိုးစုများ၏ ကိုယ်စားလှယ် များဖြစ်သည် နှင့်အညီ မိမိတို့ လူမျိုးစုများ၏ အရေးအရာ ကိစ္စများကို တာဝန်ယူ ဆောင်ရွက် ပေးရန် တာဝန်ရှိသူများ ဖြစ်ကြပါတယ်။ ----

မိန့် ခွန်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားသည့် မိန့် ခွန်းစဉ်



Posted: 07 Sep 2012 04:52 AM PDT
နိုင်ငံခြား ရင်နှီးမြှုပ်နှံမှု ဥပဒေ မူကြမ်းကို နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးက ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ဒီလို အတည်ပြု လိုက်ပြီဖြစ်တဲ့ အတွက် မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံမယ့် နိုင်ငံရပ်ခြား ကုမ္ပဏီတွေ အနေနဲ့ ၀င်ရောက် လုပ်ကိုင်ဖို့ တရားဝင် လမ်းပွင့် သွားစေပါတယ်။ အချိန်ယူ ဆွေးနွေးခဲ့တဲ့ ဒီဥပဒေကြမ်းကို စတုတ္တအကြိမ် လွှတ်တော် အစည်းအဝေးရဲ့ နောက်ဆုံးနေ့ရက်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အငြင်းပွားခဲ့တဲ့ မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံဖို့အတွက် နိုင်ငံခြားသားတွေ ဒေါ်လာ ၅ သန်းကနေ စတင်ရင်းနှီးထည့်ဝင်ရမယ် ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ရင်းနှီးမြှုပ်နှံရေးကော်မရှင်က သတ်မှတ်ပေးဖို့ ဆိုတဲ့အပိုဒ်နဲ့ အစားထိုးလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “အခု သူတို့ ဥပဒေကြမ်းကော်မတီ ၂ ခု ပြန်ပြီးတော့ ပြင်လိုက်တဲ့အထဲမှာတော့  ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြန်ပြီးတော့ ခွင့်ပြုလို့ရှိရင် ရတယ်ဆိုတဲ့သဘောပေါ့နော်။ မူလက ပြည်သူလွှတ်တော်က နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ သန်း သို့မဟုတ် မြန်မာနိုင်ငံ ဗဟိုဘဏ်က လက်ခံသည့် ယင်းနှင့် ညီမျှသော နိုင်ငံခြားသုံးငွေ ပါဝင်ရမည်လို့ ပြောထားရာကနေ အခု ပြန်ပြီး အတည်ပြုလိုက်တာက နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် လုပ်ငန်းကဏ္ဍအလိုက် အနည်းဆုံး ရင်းနှီးမြှုပ်နှံရမည့် ပမာဏကို ကော်မရှင်က လုပ်ငန်းသဘာဝအပေါ် မူတည်၍ ပြည်ထောင်စုအစိုးရ၏ သဘောတူ ခွင့်ပြုချက် ရယူပေးရမည်ဆိုပြီး လုပ်ပေးလိုက်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံခြားသားတွေကို ကန့်သတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းကိုလည်း ပြောင်းလဲပြင်ဆင်ခဲ့တယ်လို့ ဦးရဲထွန်းက ဆိုပါတယ်။

“နိုင်ငံခြားမတည်ငွေ ရာနှုန်းပြည့် လုပ်ကိုင်ခွင့်မရှိသော ကန့်သတ်ထားသည့် လုပ်ငန်းများတွင် ဆက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းခွင့်ရပါက နိုင်ငံခြားမတည်ငွေ အရင်းသည် စုစုပေါင်း မတည်ငွေရင်း၏ အများဆုံး ၄၉ ရာခိုင်နှုန်း ဖြစ်ရမည် ဆိုတဲ့ဟာ အဲဒါက ပြည်သူ့လွှတ်တော်က ထပ်ပြီးတော့ ပြင်ထားတာ။”

နဂိုက ရင်းနှီးမြှုပ်နှံမှုဥပဒေမှာပါဝင်တဲ့ မြန်မာနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ နယ်မြေကနေ အနည်းဆုံး ၁၀ မိုင်အထိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် မရဘူးဆိုတဲ့ ဖော်ပြချက်ကိုလည်း ခြွင်းချက် အနေနဲ့ နယ်စပ်က စီးပွားရေးဇုန်တွေမှာလည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်တယ် ဆိုပြီး ဖြေလျှော့တဲ့ ဥပဒေကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြဋ္ဌာန်းလိုက် ပါတယ်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြည်ထောင်စုလွှတ်တော် နာယက ကနေ ပြည်ထောင်စုသမ္မတထံ ပေးပို့သွားမည်ဖြစ်ပြီး သမ္မတက ပြင်ဆင်ဖို့ မရှိရင်တော့ရင် အပြီးသတ် အတည်ပြုပြီး အသက်ဝင်မှာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု အသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) တာဝန်ရှိသူတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင်တဲ့အချက်တွေ ပါဝင်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုတွေကြောင့် အနောက်နဲ့ ဥရောပနိုင်ငံတွေက စီးပွားရေး ဒဏ်ခတ်မှုတွေ ရုပ်သိမ်းထားကြပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေတရပ် မရှိသေးတာကြောင့် ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လုပ်ဆောင်ကြတာ မတွေ့ရသေးပါဘူး။

by မင်းလွင် (ဒီဗွီဘီ)



Posted: 07 Sep 2012 05:48 AM PDT
ဒုက္ခရောက် သူတွေ အတွက် အကူအညီပေး ရအောင် နယ်လှည့် ဖျော်ဖြေရှာဖွေတဲ့ အနုပညာရှင် ဦးရဲလွင်တို့ အဖွဲ့ရဲ့ ကောက်ခံရ ငွေတွေကို သူတို့ထံ လွှဲပြောင်းပေးဖို့ မကွေးမြို့ အုပ်ချုပ်ရေး အာဏာပိုင်က တောင်းခံပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Sep 2012 04:45 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၇

လူမှုဖူလုံရေး ဥပဒေသစ် ၂၀၁၂ အရ အမျိုးသမီးအလုပ်သမားများသာမက အမျိုးသားများသည်လည်း ဇနီးသည် ကိုယ်ဝန်ဆောင်မီးဖွားစရိတ်ရရှိမည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး အဖွဲ့ဒုတိယ မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

၎င်းခံစားခွင့်ကို လုပ်ငန်းခွင်တွင်၊ လုပ်သက်တစ်နှစ်ရှိကာ လူမှုဖူလုံရေး အာမခံကြေး ၆လ ဆက်တိုက်သွင်းထားသော အမျိုးသားသည် ဇနီးသည်မွေးဖွားချိန်တွင် လုပ်ခလစာ၏ ၇၀ ရာခိုင်နငန်းကို ခံစားခွင့်ရရှိမည်ဖြစ်သည်ဟု ၎င်းကပြောသည်။

ယခင်လူမှုဖူလုံရေးဥပဒေအရ အမျိုးသမီးများသာ မီးဖွားခွင့်နှင့် လစာခံစားစရိတ်များ ရရှိခဲ့သော်လည်း ယခု ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေသစ်တွင်မူ အမျိုးသားများ အတွက်ပါ ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

၂၀၁၂ လူမှုဖူလုံရေး ဥပဒေသစ်သည် အလုပ်သမားနှ့် အလုပ်ရှင်များက အမှန်လစာအတိုင်း ဖော်ပြ၍ အာမခံကြေးများ ပေးသွင်းရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် မလိုက် နာသူ အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်သည် ပြစ်ဒဏ်များ ပါဝင်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည့်ဖြိုး - Popular Myanmar News Journal

Posted: 07 Sep 2012 03:52 AM PDT
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၄ က မြူးနဲ့ဇူး (myue & sue) အထည်ချုပ် စက်ရုံက  အလုပ်သမား ၁၀၀၀ ကျော်ဟာ အခြေခံ လစာ တိုးမြှင့်ပေးရေး အတွက် အလုပ် သမားရုံးကို သွားရောက်ပြီး ကူညီဖြေရှင်းပေးဖို့ တင်ပြကြပါတယ်။ လှိုင်သာယာ စက်မှုဇုန် ၄ ကနေ ၃ မိုင်ကျော်ခန့်ဝေးတဲ့ မရမ်းကုန်မြို့နယ်က အလုပ်သမား ရုံးဆီကို ချီတက် သွားကြတာဖြစ်ပြီး အလုပ်သမား အများစုက အမျိုးသမီး တွေဖြစ်ကြပါတယ်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အလုပ်သမားဝန်ကြီးဌာန ၊အလုပ်သမားညွန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ရုံးရှေ့မြင်ကွင်း။ ဓါတ်ပုံ - ဒီဗွီဘီ



Posted: 07 Sep 2012 03:12 AM PDT
စက်တင်ဘာလ ၄ ရက်နေ့ ထုတ် Flower News Journal အတွဲ(၈) အမှတ် (၃၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Sep 2012 03:04 AM PDT
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မော်တင် (၁) လမ်း၊ ကမ်းနားလမ်းပေါ်ရှိ CHO အိမ်သုံးဂတ်စ် အရောင်းဆိုင်တွင် ယနေ့နေ့လည် ၂နာရီ၃၀မိနစ် ၀န်းကျင် ခန့်က မီးလောင်ကျွမ်းခဲ့ရာ လက်ရှိ အချိန်အထိ ဆက်လက် လောင်ကျွမ်းဆဲ ဖြစ်ကြောင်းသိရသည်။

မီးလောင်ကျွမ်းရာသို့ မီးသတ်ယာဉ် ၁၅ စီး လာရောက်၍ ငြှိမ်းသတ်နေသော်လည်း ဂတ်စ်အိုးများလောင်ကျွမ်းနေမှုကြောင့် ဆက်လက် မကူးစက်စေရန် အတွက် မီးညွန့် ထိန်းသိမ်းနိုင်ရေး ကြိုးစားနေဆဲ ဖြစ်ကြောင်းသိရသည်။

လက်ရှိ အခြေအနေအရ ဂတ်စ်အိုးသို လှောင်ထားသည့် ဂိုဒေါင်တစ်လုံး၊ တစ်ထပ်တိုက်ခံ အိမ်တစ်လုံးနှင့် တစ်ထပ်သစ်သား အိမ်တစ်လုံး လောင်ကျွမ်းနေကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ရောက်ရှိ နေကြောင်းလည်း သိရသည်။

Popular Myanmar News Journal





ဓါတ်ပုံ - Popular Myanmar News Journal

Posted: 07 Sep 2012 02:46 AM PDT
၂၀၁၁ခုနှစ် ဒီဇင်ဘာ၁၀ရက်နေ.မှ စတင်ကာ  ကချင်ပြည်နယ်တွင်KIA တပ်များကို
ခုခံ ကာကွယ်ရုံမှ အပ ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုလုပ်ရန် အတွက်
သမ္မတ ဦးသိန်းစိန်က ညွှန်ကြားခဲ့ပြီး ယင်းညွှန်ကြား ချက်ကြောင့် ထိုးစစ်ဆင်
တိုက်ခိုက်ခြင်း လုံးဝမပြုလုပ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး
ဗိုလ်မူးချုပ်အောင်သော်က ပြောကြားသည်။ ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အစိုးရနှင့် KIO ရွှေလီ မှာ တွေ့ ဆုံဆွေးနွေး ခဲ့စဉ်တွေ့ ရပုံ



Posted: 07 Sep 2012 01:53 AM PDT
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် ခန့်တွင် ကာလူနှင့် မော်ဟန် အကြား မိုင်တိုင် အမှတ် ၆၂၂/၈၉ အကြား တွင် ကေအိုင်အေနှင့် တပ်မတော် တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း၊ သံတံတားအမှတ် ၅၅၅ တွင် သံပေါင် သုံးပေ ပျက်စီးခဲ့ကာ သံလမ်း နှစ်ဖက် လေးပေခန့် ပျက်စီးခဲ့သည့် အတွက်-----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Sep 2012 01:33 AM PDT
စက်တင်ဘာ ၇ ရက်နေ့ထုတ် Premier Eleven Sports Journal အတွဲ ၁၀ အမှတ် ၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 07 Sep 2012 01:23 AM PDT

မြို့နယ် အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိ သူများနှင့် ဆွေးနွေးစဉ်။

မြို့နယ် အဖွဲ့ချုပ် ဥပဒေ ပညာရှင်များနှင့် မြေယာ ကိစ္စ၊ စားကျက်မြေ ကိစ္စများ ဆွေးနွေးစဉ်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ၀ယ်ယူထားသော မြေအား သွားရောက် ကြည့်ရှုစဉ်
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...