Tuesday, September 4, 2012
ယာခင်းထဲက စက်ဝိုင်းကွင်းတွေဟာ အမှိုက်သရိုက် ရုပ်တုသက်သက်လား - ရဲမြင့်သူ
by Ye Myint Thu on Tuesday, September 4, 2012 at 6:34am
သင်ဟာတရုတ်စံကားပင်ပေါ်ကနေ ကောင်းကင်ကိုကြည့်နေတယ်။သင်ဟာကလေးဘ၀ရဲ့ ကာတွန်းလှုပ်ရှားမှုလို
ဖြာဆင်းလာတယ်။ နေရောင် ဟာ မျက်စိကျိန်းစပ်နေပြီ။ လူဖြစ်ရခြင်းအဖြစ်ကို ကျိန်းစပ်နေပြီ။ဗလာနတ္ထိ
အလျဉ်းမရှိ ခြင်းမှသည် ဘစ်ဘန်းနဲ့အတူ ရုပ်နုပစ္စည်းတွေဟာ ကျွန်ုပ်တို့ရဲ့ ဘ၀ဖြစ်စဉ်အတွက် ခဏိက၀တ္ထုတွေ
ပေါင်းဆုံရာ ဆွဲငင်တွန်းတိုက်ရာက ထွက်လာတဲ့ အစစ်အမှန် ဟင်းလင်း။ အာကာသပြဋ္ဌာန်းလိုက်တဲ့
ကိစ္စဃန စွမ်းအင်။ ဒို့ ကို စတင်ခဲ့တဲ့ ပင် လယ်ဟာ တစ်နေ့တို့ကို သတ်ပစ်လိမ့်မယ်။ ကမ္ဘရီယံ
ရုတ်ချည်းဖြစ်ပေါ်မှုမှာရေအောက်က အသက်ဇီဝ နင်ရယ် ငါရယ် ပူးကပ်သွားခဲ့တဲ့နောက် အဖြစ်တရား ဟာ
စင်္ကြာဝဠာဖန်ဆင်းရှင်ရဲ့စိတ်ကူးဥာဏ်ကွန့် မြူးမှုနဲ့ နဂါးငွေ့တန်းကြယ်စု ကြီးတွေထဲမှာ ကျွန်ုပ်တို့၏ သေးငယ်
လှစွာသောဂြိုလ်ပြာပေါ်။အနန္တတွေအနန္တနဲ့ဟိုးမိုးကုပ်စက်ဝိုင်းကို ကျော်လွန်၊ ဒေသရဲ့ကာလတိုင်းကိုဆက်လက်
ကျော်ဖြတ်ကြွလှမ်းသွားပြီ။
လှုပ်ရှားရွေ့လျားမှုလို ဖွဖွလေးကူး ခတ်၊ အော့စရာလို ပီသီကပ်စ် မျောက်ဝံမျိုးနွယ်ရဲ့ သွေးထဲကို ပြင်ပကမ္ဘာက
ဓာတုဂုဏ်သတ္တိတွေ၊ ဒီအင်အေတွေ ပြောင်းလဲစီးဝင်သွားပြီးတဲ့နောက်မှာ အလှ အပ အဆန်းကျယ်ဆုံး
လူသားအဖြစ်ထိအောင်။ သဟဇီဝဖြစ်ပေါ်မှုဟာ ဘယ်လို ဘယ်ပုံ စတင်ခဲ့ပုံကို သိရှိနိုင်ရန် မီးလုံးပဒေသာ
မှိတ်တုပ်မှိတ်တုပ် တောက်ပတဲ့ အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာဝတ္ထုတွေဟာ ဧကန်မဲ့မှုဆီမှာ။
ဘ၀ဟာ သင့်ကလေးဘ၀ရဲ့ ကွင်းပြင်အကျယ်ကြီးတွေဆီ လမ်းညွှန်ချက် မြေပြင်အမှတ် အသားတွေနဲ့ ပြန်လည်
ရောက်ရှိတယ်။ ယာခင်းထဲက စက်ဝိုင်းကွင်းတွေဟာ အမှိုက်သရိုက်ရုပ်တုသက်သက် မဟုတ်ဘူးဆိုတာ ဒါဟာ ဘယ်လို
တုန်လှိုင်းတွေ ကနေ အန်ထုတ်လိုက်တဲ့ စွမ်းပကား၊ အမြင်အာရုံနဲ့ဆိုင်သော လှည့်ဖြားမှု၊ ပကတိပြည့်စုံကောင်းမွန်သော
နာမ်လှိုင်းဖြင့် ဆက်သွယ်မှုဆီ ဒွန်တွဲနေပြီး ခေါ်သံသဲ့သဲ့ဆီ လျင်မြန်စွာ ကြည့်လိုက်တဲ့အခါအစွန်းတစ်ဖက်ကို
မွစာကြဲနေအောင်။
အာကာသယာဉ်မှူးဟာ သင့်နေအိမ်ဧည့်ခန်းထဲ ပြန်ရောက်လာလိမ့် မယ်။ လက်ထဲမှာလည်း ငါးအကြေးခွံလို
အရောင်ပြေးနဲ့ အခြားဂြိုလ်တစ်ခုက ထူးဆန်းဖွယ်သက်ရှိကို ယူဆောင်လာပြီး။
သြော်….. ကမ္ဘာတစ်သိန်းမှာ ပြန်လည်ဖြစ်တည်လာမယ့် အသက်ဇီဝ။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...