သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၉)
သစ်ထူးလွင်
|
- မုံရွာ အမှတ်(၁) ရဲစခန်းရှေ့ မှ ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ
- မုံရွာအမှတ်(၁)ရဲစခန်းရှေ့တွင် ရဲကားတစ်စီး အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ဆန္ဒပြနေသူနှစ်ဦး ဒဏ်ရာရ
- လက်ပန်းတောင်းအရေး လှုပ်ရှား ၉ ဦး ပြန်လွတ် ၃ ဦးကျန်
- ကျန်ရှိ နိုင်ကျဉ်း ၃၀၃ ဦးလွှတ်ရန်သမ္မတထံ စာပေးပို့
- အိမ်ဖော် မိန်းကလေး သေဆုံးမှုအတွက် အိမ်ရှင်ဖြစ်သူ MRTV-4 ရုပ်သံ သရုပ်ဆောင် မမေဇွန်(ခ) မျိုးဇာနည်ထွန်း အား အမှုဖွင့်
- မြန်မာနိုင်ငံမှ အမျိုးသမီးငယ် ၄၂ ဦး ပြည့်တန်ဆာအဖြစ် ရောင်းစားခံရ
- ကလေးမြို့ နိုင်ငံတော်သမ္မတထောက်ခံဆန္ဒဖော်
ထုတ်ပွဲ ခွင့်ပြုချက်ရ သော်လည်း ကင်တားနားအမည်သုံးစွဲခွင့်မပေး - ဘင်္ဂလီ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ သမ္မကို ထောက်ခံ သည့် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ကလေးမြို့တွင် ပြုလုပ်မည်
- စက်တင်ဘာ ၁၁ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၁၅
- ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် NLDမှ ဒေါ်ဖြူဖြူသင်းကို တရားစရိတ် ပေးရန် ကော်မရှင်ခုံရုံး ဆုံးဖြတ်
- ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခရီးစဉ် ရက်ပေါင်းနှစ်ဆယ်ကြာမြင့်မည်
- ရန်ကုန် လေဆိပ် အိမ်သာတွင် ကျဉ်ဆန်များတွေ့ ရှိ၍ လုံခြုံရေး အထူးတင်းကြပ်ထား
- စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ် အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၂၁
- ပန်းရဲ့ လမ်း မကွေး ရှင်းတမ်း
- ဒုတိယမြောက် အငြင်းအခုံ
- ယနေ့ မုံရွာမြို့ အမှတ်-၁- ရဲစခန်းရှေ့ မှာ ဆန္ဒပြမည်
- အယ်လ်ကိုင်းဒါး ထိပ်တန်းခေါင်းဆောင်တဦး ယီမင်မှာ သေဆုံး
- ရခိုင်နဲ့ ကချင်အရေးကြောင့် စိတ်အနှောက်အယှက်ဖြစ်
- မုံရွာကြးနီတောင် စီမံကိန်း ဆန္ဒပြမှု ပုဒ်မ ၁၄၄ ထုတ်
- ရိုဟင်ဂျာအရေးမကျေနပ်သူ အင်ဒိုနီးရှားအကြမ်းဖက်သမား အဖမ်းခံ
- NDAK နဲ့ အစိုးရရဲ့ နယ်ခြားစောင့် စခန်းကို KIA သိမ်း
- အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်
အဖွဲ့ ရခိုင်သွားရောက်လေ့လာ - ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်
သက်၍ အမေရိကန်သံရုံးမှ ထုတ်ပြန်ချက်
Posted: 11 Sep 2012 07:42 AM PDT
သတင်း - ဓါတ်ပုံ ThanLarWaddy Times | ||||||
Posted: 11 Sep 2012 04:42 AM PDT
ယနေ့နေ့လည် ၂ နာရီခန့် အချိန်တွင် မုံရွာအမှတ်(၁)ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ အနီးမှ တပ်ကြပ်မြင့်သောင်း မောင်းနှင်သော ရဲကားတစ်စီးမှ အရှိန်ပြင်းစွာ ကပ်မောင်းရာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူနှစ်ဦး ဒဏ်ရာရရှိ သွားကြောင်း သတင်းရရှိပါသည်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
Posted: 11 Sep 2012 03:59 AM PDT
လက်ပန်းတောင်းအရေး လှုပ်ရှားသော အမျိုးသမီး ၁၂ဦးထဲမှ ကိုးဦးကို စက်တင်ဘာ ၁၁ ရက် နံနက် ၁ နာရီအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး၊ သုံးဦးကိုမူ ဆက်လက်ထိန်းသိမ်း စစ်ဆေးလျက်ရှိကြောင်း ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
Posted: 11 Sep 2012 03:49 AM PDT
နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့မှ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား ၃၀၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် နိုင်ငံတော် သမ္မတထံ အိပ်ပိတ်ပေးစာ တစ်စောင်ကို စက်တင်ဘာလ ၁၁ ရက်က ပေးပို့ခဲ့ကြောင်းသိရသည်။
အဆိုပါ အိပ်ပိတ်ပေးစာတွင် အဓိကတောင်း ဆိုချက်များအဖြစ် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်နေသည့်ကာလ၌ အကျဉ်းထောင်များအတွင်း၌ နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေခြင်း မဖြစ်သင့်ဘဲ ယင်းဖြစ်စဉ်တွင် အကျဉ်းကျခံနိုင်ငံရေးသမားများပါ အဆိုပါ ကိစ္စနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက် ၁၁ နာရီက တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ NLA-Popular Myanmar News Journal | ||||||
Posted: 11 Sep 2012 03:42 AM PDT
ရန်ကုန်တိုင်း ဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်းပေါ်ရှိ တိုက်အမှတ် (၁၉၅) နေအိမ် တိုက်ခန်းတွင် အသက် ၁၈ နှစ်ခန့်အရွယ် အိမ်ဖော်မိန်းကလေး တစ်ဦး၏ ပုပ်ပွနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရမှု ဖြစ်စဉ် စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ထိုဖြစ်စဉ်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အိမ်ရှင် ဖြစ်သူ အမျိုးသမီးအား ပုဒ်မ ၃၀၂/၃၀၅ဖြင့် အမှုဖွင့်လိုက်ကြောင်း ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
Posted: 11 Sep 2012 03:23 AM PDT
ထိုင်းနိုင်ငံ ကန်ချနာ ဘူရီခရိုင်ထဲမှာ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရတဲ့ မြန်မာ အမျိုးသမီးငယ် ၄၂ ဦးကို ထိုင်းရဲနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တို့ ပူးပေါင်းပြီး ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းရတ် သတင်းဌာနက ဖော်ပြသွားပါတယ်။ ကန်ချနာဘူရီခရိုင် ဘန်းရုန်းရတ် ဘန်ဂလိုမှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရပြီး ကူညီ ကယ်ထုတ်ပေးဖို့ အမျိုးသမီးငယ်တဦးက ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 11 Sep 2012 03:14 AM PDT
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကို စက်တင်ဘာ ၁၃ ရက်နေ့တွင် ကလေးမြို့၌ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ တရားဝင်ကျင်းပ ပြုလုပ်သွား မည်ဖြစ်ပြီးဆန္ဒဖော်ထုတ်ရာတွင် ဦးသိန်းစိန်ဟု သုံးစွဲခွင့်မပေးဘဲ နိုင်ငံတော် သမ္မတဟုသာ သုံးစွဲရမည်ဖြစ်ကာ ကင်တားနားအမည်ကိုလည်း သုံးစွဲခွင့်မပြု ကြောင်း သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 11 Sep 2012 02:53 AM PDT
ဘင်္ဂလီ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ပြောကြားသည့် စကားများကို ထောက်ခံဆန္ဒပြပွဲ တစ်ရပ်ကို စစ်ကိုင်းတိုင်ဒေသကြီး ကလေးမြို့တွင် စက်တင်ဘာ ၁၃ ရက်နေ့ တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
"ဆန္ဒထုတ်ဖော်ပွဲအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်ကိုလည်း ရထားပြီးပါပြီ ၊ခွင့်ပြုချက်အရ လူ ၁၀၀ ပါဝင်မှာပါ ။ လမ်းကြောင်းအနေနဲ့ကတော့ မင်္ဂလာဥယာဉ် ၊ ဘုန်းတော်ကြီးကျောင်းကနေပြီးတော ရန်ကုန်မီဒီယာဂရုပ် ဆန္ဒဖော်ထုတ်ပွဲ အစီအစဉ် အသေးစိတ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 11 Sep 2012 02:43 AM PDT
| ||||||
Posted: 11 Sep 2012 03:00 AM PDT
ပြည်ခိုင်ဖြိုး ပါတီမှ ဒေါ် လဲ့လဲ့အေး မှ မင်္ဂလာတောင် ညွန့်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ဖြူဖြူသင်းအား တရားစရိတ် ငွေ ကျပ် ၅ သိန်း ပေးရန် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ခုံရုံးက စက် တင်ဘာလ ၁၁ ရက်နေ့တွင် ဆုံး ဖြတ်လိုက်ကြောင်း သိရသည်။----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 11 Sep 2012 02:56 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကန်နိုင်ငံ ခရီးစဉ်သည် ရက်ပေါင်းနှစ်ဆယ်ကြာမြင့် မည်ဖြစ်ကြောင်း ယင်းပါတီပြန်ကြားရေး တာဝန်ခံ ဦး အုန်းကြိုင် ကပြော သည်။
''စက်တင်ဘာ၁၆ရက်နေ့ ရန် ကုန်ကနေထွက်မယ်။အောက်တိုဘာ ၅ ရက်နေ့ပြန်ရောက်ပါမယ်။--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 11 Sep 2012 12:53 AM PDT
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြည်ပထွက်ခွာ ဌာနအနီးရှိ အိမ်သာတွင် ကျည်ဆန်များ တွေ့ရှိသောကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ အထူးတင်းကျပ် ထားကြောင်း လေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 11 Sep 2012 12:49 AM PDT
| ||||||
Posted: 11 Sep 2012 12:28 AM PDT
၁၀-၉-၂၀၁၂ နေ့တွင် ပန်း ရဲ့ လမ်း ဖျော်ဖြေရေး အလှူခံအဖွဲ့အား ကူညီပေးသူ ဦးမောင်မောင်စိုး ကို မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး မှ တရားလိုပြုလုပ်ပြီး မကွေးမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲဆိုကြောင်း သတင်းရရှိပါသည်။
ယင်း အမှုအား မကွေးမြို့နယ် တရားသူကြီးရုံးသို့ သွားရောက်စုံစမ်းခဲ့ပါသည်။ မြို့နယ်တရားရုံး၏ တာဝန်ရှိသူ တစ်ဦးမှ တရားစွဲဆိုခြင်းဟုတ်မှန်ပါကြော ထို့ကြောင့် ဤ (လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း) ဦးရဲလွင်အဖွဲ့နှင့် မကွေးခရိုင်အုပ်ချုပ်ရေးမှူးတို သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
Posted: 10 Sep 2012 11:31 PM PDT
မြန်မာနိုင်ငံတွင် လွန်ခဲ့သော သြဂုတ်လ အတွင်းက အခြေခံ ဥပဒေ ခုံရုံး ကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် လွှတ်တော် ကိုယ်စားလှယ်များကြား စတင် ဖြစ်ပေါ် လာခဲ့သော သဘောထား ကွဲလွဲ တင်းမာမှုသည် ယခုအခါ အရှိန် ပိုမြင့်မား လာနိုင် သည့် အခြေအနေ တစ်ခု ထပ်မံ ဖြစ်ပေါ်လာလျက် ရှိသည်။
ထို အခြေအနေမှာ မကြာမီက လွှတ်တော် နှစ်ရပ်စလုံးမှ ပြင်ဆင်ပြီးခဲ့ သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြောင့် ဖြစ်သည်။ အကယ်၍သာ အစိုးရနှင့် လွှတ်တော်ကြား ယင်းကိစ္စ အငြင်းအခုံ မြင့်၍ ထပ်မံ ကြန့်ကြာခဲ့လျှင် အာရှ၏ ရေပန်းစား ရင်သပ် ရှုမော ပြောင်းလဲနေပါသည် ဆိုသော မြန်မာနိုင်ငံသို့ အပြေးအလွှား လာရောက် ရင်းနှီး မြှုပ်နှံရန် ပြင်ဆင်နေသည့် နိုင်ငံတကာမှ လုပ်ငန်းရှင်များ အတွက် ပို၍ပင် စိတ်မရှည် စရာ ဖြစ်လာနိုင်ဖွယ်လည်း ရှိသည်။ မြန်မာသမ္မတ၏ ဇူလိုင်လ ထိုင်းနိုင်ငံ ခရီးစဉ် အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် ပူးတွဲ ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ သမ္မတကြီး ဦးသိန်းစိန် က မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေ သည် နောက်နှစ်လ အတွင်း ထွက်လာဖွယ် ရှိသည်ဟု သမ္မတကြီးက ပြောကြားခဲ့ပြီး ထားဝယ် အထူးစီးပွားရေး ဇုန်တွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ သို့ရာတွင် ပြည်သူအများစုက ရွေးချယ် တင်မြှောက် လိုက်သည့် နေပြည်တော် ရှိ ကိုယ်စားလှယ် များသည် လွှတ်တော်နှစ်ရပ်မှ ဥပဒေကြမ်းပါ အချက်ပေါင်း ၉၄ ချက်ကို ပြင်ဆင်လိုက်သည့် နောက် ပိုင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဥပဒေသည် ခုံရုံးကိစ္စ အငြင်းအခုံ ကဲ့သို့ ဝေဖန် ပြောဆိုစရာ ဖြစ်လာရပြန်သည်။ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းရန်ရှိ သည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်တွင် လွတ်လပ်သော စီးပွားရေး ပတ်ဝန်း ကျင် အခြေအနေကို ဦးတည်ခြင်း မရှိဘဲ ယခင် တပ်မတော် အစိုးရ လက်ထက် က လွှမ်းမိုးထားသော ပြည်တွင်း စီးပွား ရေး လုပ်ငန်းများ (Crony) ကိုသာ အကျိုး ဖြစ်စေမည် ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ၊ Macqurie တက္ကသိုလ်မှ မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူ ရှောင်တားနား က သုံးသပ်ပြောကြားခဲ့သည်။ အဆိုပါ ဥပဒေသစ်သည် ကိုယ်ကျိုး စီးပွား ကာကွယ်ရေး သဘောတရားများ ပိုမို ပါဝင်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမည့် နိုင်ငံခြား ကုမ္ပဏီများ ကို အားလျော့သွားစေပြီး ယခင်အစိုးရ လက်ထက်ကတည်းက လွှမ်းမိုးထား သော ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် များ (Crony) အတွက်သာ အကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း ရိုက်တာ သတင်း ၌လည်း ဖော်ပြထားသည်။ ဝေဖန် ပြောဆိုစရာ ဖြစ်သည့် အချက်မှာ ပြည်တွင်းတွင် ခရိုနီဟုလူ သိများသည့် အမတ်အချို့မှာ အခြေခံ ဥပဒေကြမ်းကို ပြင်ဆင်ရာ၌ ဦးဆောင် ပါဝင် အဆိုပြု ဆွေးနွေးခြင်းနှင့် ခရိုနီဟု အမည်တပ်ကြသူတို့၏ ပြည်တွင်းအခွင့် ထူးခံ စီးပွားရေး လုပ်ငန်းများသည် လွှတ်တော် ကိုယ်စားလှယ် အချို့နှင့် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက် သော်လည်းကောင်း ပတ်သက်နေကြခြင်း တို့ဖြစ်သည်။ ပြည်သူ့အသံ နားထောင် မည်ဆိုသော လွှတ်တော်သည် ယခုကဲ့သို့ မိမိတို့ ပုဂ္ဂလ ကိုယ်ကျိုးစီးပွားနှင့် တိုက်ရိုက် ပတ်သက်လာလျှင် ပြည်သူ့အတွက် မည်ရွေ့မည်မျှ ရပ်တည် လုပ်ကိုင်ပါမည် ဆိုသည်ကို မှတ်ကျောက်တင် စမ်းသပ် မှုမှာ တွေးတောစရာလည်း ဖြစ်လာဖွယ် ရှိသည်။ “ပထမ အဆိုပြုတာ လာရောက် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြား ကုမ္ပဏီတွေက မတည် အရင်းအနှီးအဖြစ် ဒေါ်လာသန်း ၃၀ ဆိုပြီး မြိတ်က ဦးဌေးမြင့်က အဆိုပြု တယ်။ နောက်တဖြည်းဖြည်းနဲ့ ကန့်ကွက် လို့ ငါးသန်း ဖြစ်သွားတယ်။ နိုင်ငံခြား ကုမ္ပဏီများ မြေပိုင်ဆိုင်မှုကိုလည်း ၁၀ နှစ်ပဲ ငှားဖို့ သူပြောတယ်။ ဦးသိန်းညွန့် ထကန့်ကွက်တာနဲ့ နှစ်ရှည်ဖြစ်သွား တယ်”ဟု လွှတ်တော် သတင်းထောက် တစ်ဦးက ဆိုသည်။ “လွှတ်တော်ထဲက အမတ် အများစုဟာ ဒီဥပဒေရဲ့ အတိမ်အနက်ကို မသိ ကြတော့ အစိုးရအဖွဲ့ဝင် အချို့က ကန့် ကွက်ကြပေမယ့် မဲခွဲလိုက်တဲ့အခါ လွှတ်တော်ထဲက နိုင်သွားတယ်” ဟု လွှတ်တော် သတင်းထောက် တစ်ဦးက ပြောဆိုသည်။ အထူးသဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် စက်တင်ဘာလ ၄ ရက် နေ့က ကျင်းပသည့် အခမ်းအနားတွင် ကုန်သည် အသင်းချုပ်မှ စီးပွားရေး လုပ်ငန်းရှင်များ ထောက်ပြ ပြောဆိုကြ သည်မှာ ရင်းနှီးမြှုပ်နှံမှု မူကြမ်းပါ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံ မည့် နိုင်ငံခြား ကုမ္ပဏီများသည် မတည် အရင်းအနှီးအဖြစ် အမေရိကန် ဒေါ်လာ ငါးသန်း ရှိရမည် ဖြစ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်း တစ်ခုခုနှင့် ဖက်စပ် ပြုလုပ်ရမည် ဖြစ်ကာ ဖက်စပ်လုပ်ငန်း ပြုလုပ်ရာတွင် လုပ်ငန်း အမျိုးအစား အလိုက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများက စုစုပေါင်း အရင်းအနှီး၏ ၃၉ ရာခိုင်နှုန်း မှ ၄၉ ရာခိုင်နှုန်း ထိသာ ပိုင်ဆိုင်ခွင့် ရှိမည်ဟု ဥပဒေ၌ ပါရှိသည့် အချက်မှာ အဓိကဖြစ်သည်။ နိုင်ငံသား လုပ်ငန်းရှင်နှင့် ဖက်စပ် လုပ်ကိုင်ရမည်ဖြစ်ပြီး မတည်ငွေ အနည်း ဆုံး ၃၅ ရာခိုင်နှုန်းနှင့် အများဆုံး ၄၉ ရာခိုင်နှုန်း လုပ်ကိုင်ခွင့် ပြုထားခြင်းသည် လည်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများကို အဟန့်အတား ဖြစ်စေကြောင်း UMFCCI မှ လုပ်ငန်းရှင်များနှင့် ပညာရှင်များက သုံးသပ် သည်။ “အခု ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း အတိုင်းကတော့ ဘယ်သူမှ လာမှာ မဟုတ်ဘူး” ဟု MBA ဘွဲ့ရ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် ဦးရန်အောင်ကျော်က ပြောဆိုသည်။ မြန်မာသမ္မတကြီး ဦးသိန်းစိန်နှင့် အစိုးရက မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဆန္ဒ ရှိနေပြီး ဥပဒေပြု အမတ်များ အနေဖြင့် ယခုကဲ့သို့ ကန့်သတ် လိုက်မှုများသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို တကြော် ကြော် ဖိတ်ခေါ်နေသည့် သမ္မတဦးသိန်းစိန် အစိုးရ၏ ကြိုးပမ်းမှုကို တုံ့ဆိုင်း စေကြောင်းလည်း ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။ “ဖက်စပ် ကိစ္စကို ပြောရရင် နိုင်ငံတကာက စီးပွားရေး လုပ်ငန်းကြီးတွေ ဟာ မြန်မာပြည်က စီမံခန့်ခွဲမှု အားနည်းတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ချက်ချင်း တွဲပြီး ဖက်စပ် မလုပ်ချင်ကြပါဘူး။ ဒီဟာ က အဓိက ပြဿနာတစ်ခု ဖြစ်လာနိုင် ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ပြောရရင် နိုင်ငံတကာနဲ့ ဖက်စပ်လုပ် တိုင်း ဒီ ပြဿနာ တက်လေ့ ရှိပါတယ်” ဟုလည်း ဦးရန်အောင်ကျော်က ပြောဆိုသည်။ မြန်မာ့နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု၏ ကနဦး မတည်ငွေ အမေရိကန်ဒေါ်လာ ငါးသန်း ပမာဏသည် အာဆီယံနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ၁၅ ဆ အထိပို များနေကြောင်း၊ အာဆီယံ နိုင်ငံများတွင်သာ ရင်းနှီးမြှုပ်နှံမှု မတည်ငွေကို ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံ အနည်းငယ်တွင်သာ ကန့်သတ် ထားသော်လည်း လုပ်ငန်း ကဏ္ဍအလိုက် မတည်ငွေ သတ်မှတ်ထား ပြီး အများဆုံး ပမာဏမှာ အမေရိကန် ဒေါ်လာ သုံးသိန်းဖြစ်ပြီး အချို့ကဏ္ဍ တွင်သတ်မှတ်ထားခြင်း မရှိကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီဝင် ဒေါက်တာဇော်ဦးက ရှင်းပြခဲ့သည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့်ပတ်သက်သည့် သဘောထား ကွဲလွဲမှုသည် ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များလောကတွင်လည်း ပျံ့နှံ့ လျက်ရှိသည်။ “ ဒီဥပဒေကြမ်းကို သေချာ ဖတ်ကြည့်ရင် ဥပမာ-ကိုကာကိုလာကို မလာ ဖို့ ကန့်သတ် ထားတာမျိုး၊ အမေရိကန် က GE, Intel တို့မလာအောင် ကန့်ထား တာမျိုး မတွေ့မိပါဘူး” ဟုလည်း အမြင် မတူသူ ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်း ရှင်တစ်ဦးက ပြောကြားသည်။ လွှတ်တော်တွင် ပြင်ဆင်ထားသော ဥပဒေအရ နိုင်ငံခြား ကုမ္ပဏီများအနေ နှင့် ကဏ္ဍ ၁၃ ခုတွင် ရင်းနှီး မြှုပ်နှံခွင့် ကို တားမြစ်ထားပြီး အဆိုပါ တားမြစ် ထားသော ကဏ္ဍများတွင် ပြည်သူ့ ကျန်းမာရေးကို ထိခိုက် စေနိုင်သော၊ တိုင်းရင်း သား ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို ထိခိုက် စေနိုင်သော လုပ်ငန်းများ သုံး ခု၊ သဘာဝ အရင်းအမြစ်က ပတ်ဝန်းကျင် ဂေဟ စနစ် ရှေးဟောင်း အမွေအနှစ် အဆိပ်အတောက် စွန့်ပစ်ကုန် ထုတ်လုပ်ရေး ဘေးအန္တရာယ် ရှိသော ဓာတု ပစ္စည်းများမှ သုံးခုနှင့် စမ်းသပ်ဆဲ ဆေးဝါးများကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ငါးလုပ်ငန်းနှင့် နိုင်ငံတော် နယ်နိမိတ် အတွင်းဘက် အနည်းဆုံး ၁၀ မိုင်ထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ တို့ ပါဝင်ကြသည်။ ထိုအချက်များတွင် နောက်ဆုံးမှ ပါဝင်သည့် နိုင်ငံတော် နယ်နိမိတ် အတွင်းဘက် အနည်းဆုံး ၁၀ မိုင်ထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကန့်သတ် ခြင်းနှင့် (မြ၀တီ စီးပွားရေးဇုန်ကို ထိုင်းတို့ မလာနိုင် တော့ပါ) လယ်ယာကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ငါးလုပ်ငန်းတို့ ကိစ္စ မှာဝေဖန် ပြောဆိုမှု အများဆုံးဖြစ်သည်။ သို့ရာတွင် ယနေ့အချိန်ထိ မြန်မာ နိုင်ငံရှိ လူလတ်တန်းစားတို့၏ စုဆောင်းငွေသည် တိုင်းပြည်၏ လှည့်လည်ရင်း နှီးမြှုပ်နှံမှု (National/Working Capital) မဖြစ်လာသေးဘဲ ရွှေနဲ့အိမ်၊ ခြံ၊ မြေ တွင်သာ ပိတ်မိနေကြဆဲ ဖြစ်ကာ လူလတ် တန်းစား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အိပ်ပျော်နေသော ငွေများ လှည့်လည်ငွေဖြစ် လာနိုင်ရန် ခိုင်မာသော၊ ယုံကြည်ရသော စီးပွားရေး လုပ်ငန်းများ ပေါ်ပေါက်လာ ပါက မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းအတွက် အိပ်ပျော်နေသော ငွေများ ဖက်စပ် လုပ်ကိုင်ရန် အတွက် ထွက်လာ ဖွယ်ရှိသည်။ သို့ရာတွင် ဒေါ်လာငါးသန်းနှစ် သောင်းအထက် ဖက်စပ် လုပ်ကိုင်ရန် အတွက် လိုအပ်သည့် ငွေပမာဏမှာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံတွင် ရှိပါသည်ဟုလည်း မန္တလေးမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကပြောကြားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ အမျိုးသား လွှတ်တော်မှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေကို အတည် ပြုလိုက်ပြီး ဖြစ်သည့် အတွက် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုဥပဒေသည် ပြည်ထောင်စု လွှတ်တော် တွင် အတည်ပြုကာ ဥပဒေ အဖြစ် ထွက်ပေါ် လာတော့မည်ဖြစ်သည်။ သြဂုတ်လ ၂၃ ရက်နေ့ ရန်ကုန် မြို့ UMFCCI တွင် ကျင်းပသော နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ရင်းနှီး ဆွေးနွေး ပွဲတွင် အမေရိကန် ဂျွန်ဟောကင်း တက္ကသိုလ်မှ ပါမောက္ခက မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသည် အများပြည်သူ ဆန္ဒကို ကျယ်ကျယ်ပြန့် ပြန့် ပါဝင်ခြင်း မရှိဘဲ ရေးဆွဲခြင်းသည် အန္တရာယ်ကြီးကြောင်း သုံးသပ် ပြောဆို ခဲ့သည်။ အသေချာဆုံး အချက်မှာ အဆိုပါ ဥပဒေကို ပြင်ဆင်ခဲ့သူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အများစုနှင့် အစိုးရ အဖွဲ့တို့ကြား တင်းမာမှု မြင့်လာခဲ့လျှင်၊ ပြည်သူ့ကိုယ်စားလှယ် ဆိုသူများသည် ပြည်သူ့ဆန္ဒကို မျက်ကွယ် ပြုခဲ့လျှင် ပြဿနာ စိန်ခေါ်ချက်များ အများအပြား ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ အခြေအနေ သည် ပိုမို ဆိုးရွားစွာ ဆောင်ရွက်လိုက် သကဲ့သို့ ဖြစ်လာနိုင်သည်။ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင် သော အစိုးရသည် ယခု ကိစ္စတွင်လည်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ထိပ် တိုက် မတွေ့ချင်သည့် သဘော ရှိသည်ဟု ယူဆရသည်။ သို့သော် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေ နောက်ကျခဲ့လျှင် ရင်းနှီး မြှုပ်နှံရန် စောင့်ဆိုင်း နေသူများအတွက် စိတ်မရှည် စရာဖြစ်လာနိုင်သည်။ ဗြိတိန်နိုင်ငံမှ စီးပွားရေးပညာ ရှင်တစ်ဦးက မြန်မာနိုင်ငံ အခြေအနေ သည် တိုးတက်မှုများလည်း ရှိပြီး စိုးရိမ် စရာများလည်း ရှိကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းတွင် မရှိခဲ့ဖူးသော လွှတ်တော် နှင့် အစိုးရ၏ စုပေါင်း ခေါင်းဆောင်မှုကို မြင်တွေ့နေရကြောင်း၊ ဒီမိုကရေစီ စနစ် စတင် အမြစ်တွယ်နေပြီဟု ယူဆရကြောင်း သုံးသပ် ပြောကြားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံသား သန်း ၆၀ အတွက် အကျိုးကို လွှတ်တော်က လိုလားခဲ့သည်ဆိုသည်မှာ အမှန်ဆိုလျှင်၊ ပြည်သူ့အသံကို နားထောင်ခဲ့သည်ဆို လျှင် မည်ရွေ့မည်မျှ မှန်သည်ကို ထိုဥပဒေ တွင် မကြာမီ မြင်တွေ့ လာရတော့မည် ဖြစ်သည်။ အစိုးရနှင့် လွှတ်တော်ကြား အကွဲကွဲ အပြားပြား ဖြစ်နေမှုမှသည် ယခု ဖြစ်ရပ်တွင် အသံထွက်လာပါက ဒုတိယ အကြိမ် အငြင်းအခုန် ဖြစ်ပြီး အပြောင်းအလဲ ကို ဦးတည်နေပါသည်ဆိုသော မြန်မာနိုင်ငံ သို့ အပြေးအလွှား လာနေသော ရင်းနှီး မြှုပ်နှံသူများ၏ခြေလှမ်းများကိ Written by တင်အောင်ကျော် - The Voice Weekly | ||||||
Posted: 10 Sep 2012 08:08 PM PDT
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို. အမှတ်-၁- ရဲစခန်းရှေ့ လက်ပတောင်းတောင် နဲ့ပတ်သတ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့  နေလည် (၁၂)နာရီမှစပြီး ည (၈း၃၀)ထိ ဖမ်းဆီးထားသော ၀က်မှေးရွာ တောင်သူ များအား ပြန်လွှတ်ပေးရေး ငြိမ်းချမ်းစွာ
ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို.မစိုးတိုက်သစ် ဆရာတော်ဦးဝီရသူ(ခ) ဦးဝိစိတ္တာဘိဝံသ ဆရာတော် လာရောက်အားပေးခဲ့ပါတယ်။ ည ၁၀ နာရီခန်.တွင် ဆရာတော်ထံ ဖုန်းဆက်မေးမြန်းတဲ့အခါ ဆရာတော်က ဆက်လက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထပ်ပြကြပါ ဒါမှကမ္ဘာကသိမှာ လူအင်အားရှိလျှင် ညပါဆက်ပြပါလို. ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ ယနေ့ညမှာ ဆက်ပြဖို.အင်အားနည်းသည့်အတွက် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် (၈း၀၀)နာရီ မှာ ဆန္ဒပြပွဲ ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ဆန္ဒပြသူတွေက လျှောက်ထားလိုက်ပါတယ်။ ကိုဇော - မုံရွာ
| ||||||
Posted: 10 Sep 2012 07:45 PM PDT
ယီမင်နိုင်ငံမှာ အခြေစိုက်တဲ့ Al-Qaida ကွန်ယက်အဖွဲ့ရဲ့ ဒုတိယအာဏာအရှိဆုံး ခေါင်းဆောင်ကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက သုတ်သင်နိုင်ခဲ့တယ်လို့ ယီမင်အစိုးရက ကြေညာပါတယ်။
ယီမင်နိုင်ငံတောင်ပိုင်း ဟက်ဒရာမောက်ခရိုင်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အယ်လိခိုက်ဒါး ဒုတိယခေါင်းဆောင် ဖြစ်တဲ့--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
Posted: 10 Sep 2012 07:35 PM PDT
မြန်မာနိုင်ငံမှာ အခုထက်ထိ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုေ
|
0 comments:
Post a Comment