မကျေနပ်ချက်တွေ သမ္မတဦးသိန်းစိန်ထံ အွန်လိုင်းမှ တဆင့် တိုင်ကြားနိုင်ပြီ
by General Knowledge on Saturday, September 8, 2012 at 3:58pm ·
သမ္မတ ဦးသိန်းစိန်က ပြည်သူ့အသံ နားထောင်ဖို့အတွက် သမ္မတရုံး အင်တာနက်စာမျက်နှာမှာ အစီအစဉ်တခု လုပ်ထားပါတယ်။ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ၊ အကြံပြုချက်တွေကို အင်တာနက်ကတဆင့် သမ္မတ ဆီကို ပေးပို့နိုင်ပါပြီ။
အစိုးရ အဆက်ဆက် မလုပ်ဆောင်ခဲ့တဲ့ အလိုအပ်ဆုံးအလုပ်တခုကို သမ္မတ ဦးသိန်းစိန်က လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဘာအခက်အခဲတွေဖြစ်နေလဲ၊ သမ္မတဆီကို ဘာတွေရင်ဖွင့်ချင်လဲ၊ မကျေနပ်ချက်တွေကို သမ္မတဆီ အင်တာနက်အွန်လိုင်းက ပေးပို့လိုသူတွေအတွက် ပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ သမ္မတရုံးရဲ့ အင်တာနက်စာမျက်နှာလိပ်စာဖြစ်တဲ့ Myanmar President Office
Myanmar President Office အင်တာနက် စာမျက်နှာမှာ “ပြည်သူ့အသံ” ဆိုတဲ့ စာအိတ်ပုံသဏ္ဍန်အကွက်ကို အရင်ရှာရပါမယ်။ ရှာလို့ တွေ့ပြီဆိုတာနဲ့ ‘ပြည်သူ့အသံ’ စာအိတ်ပုံကို ကလစ်လိုက်ပါ။
အဲဒီလိုကလစ်လိုက်ရင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတရုံး
ပြထားတဲ့ ကွက်လပ်တွေမှာ အမည်၊ ပေးပို့သူရဲ့ အီးမေးလ်လိပ်စာဖြည့်ပြီး ဘယ်တိုင်း၊ ဘယ်ပြည်နယ်က ဆိုတာကို ရွေးချယ်ရပါမယ်။ ပြီးတာနဲ့ ပေးထားတဲ့ နောက်တခုမှာ ကိုယ်ပေးပို့မယ့်စာအမျိုးအစားရွေးရပါမယ်။
အကြံပြုစာ၊ တိုင်ကြားစာ၊ အသနားခံစာ၊ ပစ်စာ ဆိုတဲ့ ၄ ခုထဲက တခု ခုကို ရွေးရမှာဖြစ်ပါတယ်။
ပြီးရင်တော့ ကိုယ့်ရဲ့ နိုင်ငံသား စိစစ်ရေးအမှတ်၊ လိပ်စာ၊ ခေါင်းစဉ်တွေထည့်ပြီး မက်ဆေ့ခ်ျ အကွက်ထဲမှာ အကျိုးအကြောင်း ရေးတာနဲ့ တချို့ ဓာတ်ပုံးအစရှိတဲ့ ပူးတွဲ ဖိုင်တွေပါ ပေးပို့နိုင်ဘို့လည်းပါပါတယ်။
အားလုံး ပြီးသွားရင်တော့ မှင်အနီနဲ့ ၀ိုင်းပြထားတဲ့ Submit ဆိုတာလေးကို နှိပ်ပြီး သမ္မတဆီကို ပေးပို့လိုက်ရင် အဆင့်အားလုံး ပြီးဆုံးသွားပြီး သမ္မတဆီကို ရောက်ပြီလို့ ဆိုပါတယ်။
သမ္မတ က ဘာတွေဆက်လက်အကောင်အထည်ဖော်မယ်ဆိုတာကတော့ ကာယကံရှင်ရဲ့ တိုင်ကြားစာပေါ်မူတည်မယ်ထင်ပါတယ်။
0 comments:
Post a Comment