သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၉)
သစ်ထူးလွင်
|
- အိမ်ဖော် သေဆုံးမှုတွင် မသေမီ ရိုက်နှက်ခဲ့ဟု အိမ်ရှင်ဝန်ခံ
- ကလေးမြို့ သမ္မတ ထောက်ခံ ဆန္ဒဖော်ထုတ်မှု ဒေသခံ လူထု တစ်သောင်းကျော် ပါဝင် အင်အားဖြည့်
- အစ္စလာမ်ဝါဒီတွေရဲ့ တမန်တော်မိုဟမ်မက်ဒ်အကြောင်း ရိုက်ကူးထားတဲ့ (ဗွီဒီယို)
- ဒုက္ခသည်တွေ ဒုက္ခပေးနေတဲ့ ထိုင်းနိုင်ငံ
- ဖမ်းထားတဲ့ ၀က်မှေးရွာသူတွေ ပြန်လွှတ်ပေးဖို့ သဘောတူလိုက်ပြီ
- အသိမ်းခံထားရသည့် လယ်မြေဧက ၈၀၀ ကျော် ပြန်ရရေး တောင်းဆို
- ကျူးကျော်နေထိုင်နေကြတဲ့ နာဂစ်ဒုက္ခသည်တွေကို ဖယ်ရှားခိုင်းနေကြ (ရုပ်/သံ)
- မုံရွာ ဆန္ဒပြပွဲ နောက်ဆုံးအခြေနေ ကိုဂျင်မီ ပြောပြချက်များ (ရုပ်/သံ)
- ကမာရွတ်ဗုံးကွဲမှုဖြင့် ဆက်စပ်သူများ ထောင်ဒဏ်ချမှတ်ခံရ
- ရခိုင်ပြည်နယ် အရေး ကလေးမြို့ သမ္မတထောက်ခံပွဲ လူတစ်သောင်းကျော်
- ဆီးဂိမ်းအမီ ဂျပန်အကူအညီဖြင့် အင်တာနက်မြန်နှုန်း 10GB အထိ မြှင့်တင်မည်
- မေးခွန်းပေါင်း ၁၀၀ ကျော်ကို ဖြေကြားမယ့် ရခိုင် လွှတ်တော် စက်တင်္ဘာ ၂၄ စမည်
- ကြေးနီတောင်စီမံကိန်း ရပ်တန့်ရန် တိုင်းဒေသအစိုးရ အဆုံးအဖြတ်မပေးနိုင်
- လှိုင်သာယာမှလုပ်သားစံပြ နေအိမ်စုဝင်တို့ FMIကုမ္ပဏီကိုဆန္ဒပြ
- အစိုးရဖြေ ရမည့် မေးခွန်း ၁ဝဝ ကျော် ပြည်သူ့ လွှတ်တော် တွင် ကျန်နေသေး
- ဗိုလ်မှူးချုပ် ကျော်ဇောအတွက် ပြည်တော်ပြန် ကန့်သတ်ချက် များ
- နိုင်ငံပိုင်လယ်မြေကျူးကျော်မှု
ဖြင့် ရွာသား ၁၂၅ဦး ကို နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှဆင့်ေ ခါ် - ပုဇွန်တောင် လူသတ်မှု ဖြစ်ရပ်မှန် ကျန်ရစ်သူ မိသားစုက ဖွင့်ချလိုက်ပြီ
- ကျွန်တော် ခံစားသိရှိ ခဲ့ ရသမျှ မှော်ဝန်းမြေ မှ မြို့  သုံးခွ
- စက်တင်ဘာလ ၁၃ ရက်နေ့ ထုတ် Venus News Weekly ဂျာနယ်အတွဲ-၄ အမှတ်-၈
- ရိုးရာမပျက် မီးပုံပျံပွဲ အတွက် မီးပုံးပျံများ စတင်ပြုလုပ်ပြီ
- Apple ကုမ္ပဏီက iPHONE 5 တရားဝင် မိတ်ဆက်ပွဲထုတ်
- လစ်ဗျား- အမေရိကန်သံရုံး တိုက်ခိုက်မှု ကြိုတင်ကြံစည်မှုဖြစ်နိုင်
- မိုးထိမိုးမိ ရွှေကွက်တွင် ကုမ္ပဏီနှင့် အင်းသားများ အကျိုးစီးပွား ကွာဟဆဲ
- ကေအိုင်အေနဲ့ အစိုးရတပ် လွယ်ဂျယ်အနီး တိုက်ပွဲဖြစ်
Posted: 13 Sep 2012 07:21 AM PDT
ကမာရွတ်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ ဗဟိုလမ်းမကြီး အမှတ်၁၉၅ ၊ ၃လွှာ တွင် စက်တင်ဘာ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အသက်၁၈ နှစ်အရွယ် ဒဏ်ရာများနှင့် အိမ်အကူ သေဆုံးမှုနှင့် ပတ်သက်၍ မသေမီ စက်တင်ဘာ ၈ ရက်နေ့ အထိ တစ်ရက်ခြား တစ်ခါ ရိုက်နှက် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်ဟု အိမ်ရှင်ဖြစ်သူ မေဇွန် (ခေါ်) မျိုးဇာနည်ဇွန် က ဝန်ခံ ထွက်ဆိုကြောင်း---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 13 Sep 2012 07:12 AM PDT
ကလေး၊ စက်တင်ဘာ ၁၃
မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် သမ္မတ ထောက်ခံ ဆန္ဒပြမှု အပြီး ကလေးမြို့တွင်လည်း သမ္မတထောက်ခံ ဆန္ဒ ဖော်ထုတ်ပွဲကို ယနေ့ ပြုလုပ်ခဲ့ရာ ဒေသခံ လူထု တစ်သောင်းကျော် ပါဝင် အင်အား ဖြည့်ခဲ့ကြကြောင်း ဒေသခံများ ထံမှ သိရသည်။ အဆိုပါ လူထုသည် (သမ္မတကြီး၏ အဆိုကို ထောက်ခံခြင်းဖြင့် အမိ မြန်မာပြည်ကို ကာကွယ်ကြပါ) ဟုသော ကြွေးကြော်သံ နှင့် နိုင်ငံတော် သီချင်းကို သံပြိုင်ဆိုကာ အချို့မှာ သမ္မတကြီး၏ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်ကာ ပြောကြားချက်ကို ထောက်ခံကြောင်းကို ပြောကြား နေကြကြောင်း ၄င်းက ဆိုသည်။ ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွက်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေးခဲ့ပြီး စီတန်း လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီ အထိ ဖြစ်ကြောင်း လမ်းကြောင်းမှာ မင်္ဂလာ ဥယျာဉ် ကျောင်းလမ်း-ကလေးဝလမ်း(တောင်ဘက် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တရားဝင် ခွင့်ပြု လိုက်သဖြင့် ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားများ ကို ထောက်ခံသည့် ဆန္ဒ ထုတ်ဖော်ပွဲကို ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနဲ့ အဖွဲ့ကို သမ္မတကြီး ပြောခဲ့တဲ့ သဘောထားတွေ၊ အဆိုတွေကို ထောက်ခံတဲ့ အနေနဲ့ ဒီဆန္ဒ ထုတ်ဖော်ပွဲကို ပြုလုပ်ကြမှာပါ။ ပွဲမှာ ခွင့်ပြုလိုက်တဲ့ အကြောင်းအရာ တွေက သမ္မတကြီးရဲ့ အဆိုကို ထောက်ခံပါကြောင်းနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ မြန်မာ့ တိုင်းရင်းသား မျိုးနွယ်(၁၃၅)မျိုးမှာ မပါဝင်ဘူး ဆိုတာရယ်၊ အမိ မြန်မာပြည်ကို ကာကွယ်ကြဖို့ ဆိုတာရယ်ကို အဓိက ထားပြီး ဆန္ဒထုတ်ဖော် ခဲ့တာပါ” ဟု ဦးမိုက်ကယ်ဝင်းကျော်က ဆိုသည်။ အဆိုပါ ဆန္ဒ ထုတ်ဖော်ပွဲကို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၅ အရ (အမှတ်စဉ်၊ ၁/၂၀၁၂)၊ စာအမှတ်၊ ၁၀၀၂(၆)/ ၁၀၃/ ဦး ဖြင့် စက်တင်ဘာလ ၁၀ ရက် နေ့က ခွင့်ပြု ပေးလိုက်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။ မြို့နယ် အတွင်းရှိ လူပေါင်းတစ်သောင်းခန့် ဆန္ဒပြ ပရိသတ်နှင့် လိုက်ပါကြပြီး တစ်မြို့လုံးနီးပါး လက်ခုပ်လက်ဝါး တီး၍ ကြိုဆိုကြကြောင်း၊မြို့ခံလူထုမှ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ကလေးမြို့ပေါ်ရှိ စာသင်တိုက်များမှ သံဃာတော်များ လည်း ပါဝင်ကာ ညနေ (၃)နာရီတွင် အေးချမ်းစွာ ပြီးဆုံး၍ မင်္ဂလာ ဥယျာဉ် ကျောင်းဝင်း အတွင်း ပြန်လည် စုစည်းကြပြီး ကိုကျော်သူစိုးနှင့် မနီနီမွှေးတို့က ပွဲပြုလုပ်မှု အောင်မြင်စွာ ပြီးဆုံးကြောင်း၊ ပွဲခွင့်ပြုပေးသော သက်ဆိုင်ရာ အာဏာပိုင်များကို ကျေးဇူးတင်ကြောင်း၊ ပြည်သူများသည် အုပ်ချုပ်သူများ ကောင်းလျှင်ကောင်းသလို၊ မကောင်းလျှင် မကောင်းသလို ဖော်ထုတ်ကြမည် ဖြစ်ကြောင်း ပြောဆိုကာ နိုင်ငံတော် သီချင်းအား သံပြိုင် သီဆိုကြ၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို လိုက်ပါခဲ့သူ ကျူရှင်ဆရာ တစ်ဦးကလည်း “ဒီနေ့ပြုလုပ်တဲ့ ဆန္ဒ ဖော်ထုတ်ပွဲဟာ သမ္မတကြီးရဲ့ လုပ်ရပ်ကို ပြည်သူတွေက ထောက်ခံတဲ့ပွဲပါပဲ။ ကိုယ့်ရေ ကိုယ့်မြေမှာ လာနေထိုင်ပြီး ကိုယ့်ပိုင်နက်ကို သိမ်းပိုက်ဖို့ ကြံရွယ်သူတွေကို ပြည်သူအားလုံးက လက်မခံတဲ့ အကြောင်း ပြသလိုက်တာပါ “ ဟုပြောသည်။ The Voice Weekly | ||||
Posted: 13 Sep 2012 06:26 AM PDT
လစ်ဗျားနိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကို ဆန္ဒပြ လူအုပ်ကြီးက
အတင်း ၀င်ပြီး တိုက်ခိုက်တဲ့အတွက် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ သံရုံးဝန်ထမ်းသုံးဦးတို့ သေဆုံးသွားတယ်လို့ အမေရိကန်သတင်းဌာနတွေက ပြောကြပါတယ်။ အမေရိကန်နိုင်ငံသားတဦး စီစဉ်ရိုက်ကူးထားတဲ့ ဗွီဒီယိုတခုမှာ တမန်တော် မိုဟမ်မက်ဒ်ကို လှောင်ပြောင်ထားတယ် ထိပါး စော်ကားတယ် ဆိုပြီး ဒေါသထွက်သူတွေက အကြမ်းဖက် ဆန္ဒပြခဲ့ကြတာပါ။ အဆိုပါ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ ---- ဗွီဒီယို ကို ဒီနေရာမှာ နှိပ်ပြီ ကြည့်ရှုနိုင်ပါတယ် | ||||
Posted: 13 Sep 2012 05:49 AM PDT
ထိုင်းနိုင်ငံရဲ့ ဒုက္ခသည်ဆိုင်ရာမူဝါဒဟာ ဒုက္ခသည်တွေအတွက် အကူအညီ မရတဲ့ အပြင် ဖိစီးမှုတွေ ဖြစ်စေတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ ကဝေဖန်လိုက်ပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 13 Sep 2012 05:37 AM PDT
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ကန့်ကွက် ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဆန္ဒပြသူတွေကို အရေးမယူဖို့ တောင်းဆိုချက်ကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးက သဘောတူလိုက် ပေမယ့် စီမံကိန်း ရပ်ဆိုင်းရေးနဲ့ လျော်ကြေး
ငွေ ပေးဖို့ ကိစ္စတွေကို ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 13 Sep 2012 05:05 AM PDT
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် သက္ကသောင်ကျေးရွာအုပ်စု အောင်ခိုင်ရွာမှာ အသိမ်းခံထားတဲ့ လယ်မြေဧက ၈၀၀ ကျော် ပြန်ရဖို့ လယ်သမားတွေက တောင်းဆိုနေကြပါတယ်။ ဒီလယ်မြေတွေကို လယ်သမား ၅၄ ဦးက ပိုင်တာဖြစ်ပြါတယ်။ ပထမအကြိမ် လယ်မြေ ဧက ၂၀၀ ကျော်အသိမ်းခံရပြီး ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 13 Sep 2012 04:54 AM PDT
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တံတားချောင်းကျေးရွာမှာ ကျူးကျော်နေထိုင်နေကြတဲ့ အိမ်ခြေ ၆၅ လုံးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖယ်ရှားခိုင်းနေတယ်လို့သိရပါတယ်
အဆိုပါ ကျူးကျော်သူတွေဟာ ၂၀၀၈ ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် နေစရာနေရာမရှိတော့ဘဲ မြေလွတ်မြေရိုင်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်နေကြတာလဲဖြစ်ပါတယ်။ တာဝန်ရှိသူတွေကဖယ်ရှားခိုင်းေ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 13 Sep 2012 04:52 AM PDT
၁၃ စက်တင်ဘာ မနက်ပိုင်း ၈၈မျိုးဆက် ကျောင်းသားများနဲ့ မုံရွာခရိုင် ဗကသ ကျောင်းသားများတွေ့ဆုံဆွေးနွေး၊ ကိုဂျင်မီ ပြောပြချက်များ ---
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 13 Sep 2012 03:22 AM PDT
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က အများသုံး သန့်စင်ခန်းအတွင်း ပြီးခဲ့တဲ့နှစ်က ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်ဖမ်းဆီးထားတဲ့ စိုင်းတင်မင်းကိုနဲ့ စိုင်းတင်မင်းထွန်း ညီအစ်ကို ၂ ဦးကို ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၁၂ ရက်နေ့မှာ ထောင်ဒဏ်စီရင်လိုက်ပါတယ်။ ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 13 Sep 2012 02:57 AM PDT
ကလေးမြို့ သမ္မတထောက်ခံ ဆန္ဒဖော်ထုတ်ပွဲတွင် ဒေသခံပေါင်း တစ်သောင်းကျော်သည် ကလေးမြို့တွင်း ယခုလှည့်လည်နေကြကြောင်း The Voice Weekly ကလေးမြို့နယ် သတင်းထောက်က သတင်းပေးပို့သည်။
နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုကာ အချို့မှာ သမ္မတကြီး၏ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ကာ ပြောကြားချက်ကို ထောက်ခံကြောင်းကို ပြောကြားနေကြကြောင်း ၄င်းက ဆိုသည်။ ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွက်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေးခဲ့ပြီး စီတန်း လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ၃နာရီ အထိ ဖြစ်ကြောင်း လမ်းကြောင်းမှာ မင်္ဂလာ ဥယျာဉ် ကျောင်းလမ်း-ကလေးဝလမ်း(တောင်ဘက် The Voice Weekly | ||||
Posted: 13 Sep 2012 02:35 AM PDT
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃အာဆီယံဆီးဂိမ်းပြိုင်ပွဲအမီ ပြည်တွင်း အင်တာနက်လိုင်းမြန်နှုန်းများကို
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 13 Sep 2012 02:04 AM PDT
ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မူတွေနဲ့ အတူ လတ်တလော ပေါ်ပေါက်ခဲ့တဲ့ ဆူပူ အကြမ်း ဖက် မူတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများအပြား လွှတ်တော်ကို ရောက်ရှိနေပြီး တချို့ မေး ခွန်းတွေ ကတော့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ၊ မြေယာ သိမ်းယူမူတွေ၊ လမ်းတံတား ပျက်စီးနေ တာတွေ၊ လူထုတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ မျိုးစုံနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေလည်း ပါဝင်တယ် လို့ ဆိုပါတယ်။---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 13 Sep 2012 01:53 AM PDT
မုံရွာခရိုင် ကြေးနီတောင် စီမံကိန်းရပ်တန့်ရန် တောင်းဆိုမှုသည် မိမိတို့ တိုင်းဒေသကြီး အစိုးရ အနေဖြင့် လုပ်ဆောင်၍ မရနိုင်ဘဲ ရေရှည်စဉ်းစား ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးမှ ပြောဆိုသည်ဟု ဝန်ကြီးချုပ်နှင့် သွားရောက်ညှိနှိုင်းခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုဂျင်မီ က ---
သတင်အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 13 Sep 2012 01:38 AM PDT
လှိုင်သာယာမြို့နယ် ( ၄ )ရပ်ကွက် အလုပ်သမား စံပြနေအိမ်စုမှ မိသားစုဝင်များက FMI ကုမ္ပဏီမှ ရွှေ့ပြောင်းခိုင်းမှု အပေါ်ယနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အလုပ်သမား စံပြနေအိမ်စုမှ FMI City မိန်းဂိတ်ရှေ့သို့ ချီတက်ဆန္ဒပြခဲ့ကြပြီး ၄င်းဂိတ်ဝရှေ့တွင် ---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 13 Sep 2012 01:23 AM PDT
ပထမအကြိမ် ပြည်သူ့ လွှတ် တော် စတုတ္ထ ပုံမှန် အစည်း အဝေး တွင် အစိုးရ အဖွဲ့မှ ဖြေရန် မေးခွန်း ၁၁၁ ခုနှင့် အဆို ၉ ခုကျန်ရှိ ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။ ''ကြယ်ပွင့်ပြ မေးခွန်း အနေဖြင့် ၅၅၅ ခုရှိသည့် အနက် အစိုးရရုံး အဖွဲ့ သို့ ပေးပို့ခဲ့ သည့် မေးခွန်း ၄၂၉ ခုရှိပါတယ်။ ၄င်းတို့အနက်---
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 13 Sep 2012 01:12 AM PDT
ဗိုလ်မှူးချုပ် ကျော်ဇော အား ရဲဘော် သုံးကျိပ်ဝင် တစ်ဦး အဖြစ် သာ ကန့် သတ် ဖိတ်ခေါ် ပြည်ဝင် ခွင့်ပြုခြင်းနှင့် မိသားစုဝင် အားလုံးအား ဖိတ်ခေါ်မှု မပြုခြင်း သည် အစိုးရ ၏ လက်တွေ့မကျသော အပြု အမူဖြစ်ကြောင်း မြန် မာပြည် ပြန်လာ ခွင့် အတွက် ချန်လှပ်ခြင်းခံ ထားခဲ့ ရသည့် သားဖြစ်သူ ဦးအောင်ကျော်ဇော က ဝေဖန် လိုက်သည်။ ထိုသို့ ပြည်တော်ဝင်ရေး အ တွက် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ဗိုလ်မှူးချုပ် ကျော်ဇော၏ သမီး တစ်ဦးဖြစ်သူ ဒေါက်တာ လှကျော်ဇော ထံသို့ ဆက်သွယ် အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 13 Sep 2012 12:59 AM PDT
နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်မှ နိုင်ငံတော်ပိုင် လယ်ယာမြေများကို ကျူးကျော်နေထိုင်မှုဖြင့် ရွာသား ၆၃ဦး အပါအ၀င် အသက်၁၈နှစ်ပြည့်ပြီးသူ မိသားစုဝင်များကို အမှုရင်ဆိုင်ရန် ယနေ့နံနက် ၁၀း၃၀ အချိန်တွင် ဇမ္ဗူသီရိမြိုနယ် တရားရုံးမှ ဆင့်ခေါ်ထားကြောင်း သတင်းရရှိသည်။ ----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 13 Sep 2012 12:48 AM PDT
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက် နေ့  က ရန်ကုန်မြို့ ပုဇွန်တောင်မြို့ နယ် ရေကျော် ၇ ရက်ကွက် ၊ အမှတ် ၇ ၊ ၅ လွှာ မှာ နေထိုင်တဲ့ ဒေါ်မေနှင်းဆီပာန် (ခေါ်) ဒေါ် Betty ပာန် အား လူမဆန်စွာ သတ်ဖြတ်ခဲ့သော လူသတ်မှု ဖြစ်ရပ်မှန်ကို ကျန်ရစ်သူမိသားစုမှ Myanmar News Now သို့  ပေးပို့ထားပါသည်။
အမှုဖြစ်စဉ် ၊ တရားခံ၏ ထိန်ချန် လိမ်လည် လှည့်ဖြား ထွက်ဆိုချက် ၊ ရဲတပ်ဖွဲ့ ၏ အားနည်းသော လုပ်ဆောင်ချက်များ၊ တရားခံ ယူဆောင်သွားသည့် ငွေသိန်း (၆၀) ရဲ နှင့် တရားခံ ပေါင်းပြီ ဖုန်းကွယ်ခြင်းလား၊ ကျန်ရစ်သူ မိသားစု၏ နစ်နာချက်များ စသည်ဖြင့် ------ အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 12 Sep 2012 10:02 PM PDT
သုံးခွမြို့ NLD ပါတီခေါင်းဆောင် များနှင့် ပါတီဝင်များ၊ မဲအောင်နိုင်ရေး ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ခင်ဗျာ သုံးခွမြို့နယ် နေလူထုနှင့် နယ်သူနယ်သားများ အပေါ်
တာဝန်ကျေပွန်ခဲ့ပြီလား...???? မိမိ မဲဆန္ဒနယ်နှင့် ပါတီပေါ်မှာပါ တာဝန်ကျေပြီလား.......???? ကျွန်တော်အခုလို ဘာလို့မေးရပါ သလဲ(NLD)ပါတီဆိုတာ အမေစုခေါင်းဆောင်ပြီး မြန်မာ့ ဒီမိုကရေစီရဲ့ လမ်းပြပါတီဖြစ်သလိုဒီမိုကရေစီကို ချစ်မြတ်နိုးသူလူထုလူတန်းစား အားလုံးတခဲ နက် အားပေးထောက်ခံမှုနဲ့ ဖွဲစည်းထားတဲ့ ပါတီဖြစ်ပါတယ် ----- အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 12 Sep 2012 09:38 PM PDT
| ||||
Posted: 12 Sep 2012 09:33 PM PDT
ရှမ်းပြည်နယ်၊ တောင်ကြီးမှာ ဒုံချပ်၊ ဒုံချပ် ဆိုတဲ့ ရှမ်းအိုးစည်သံ နဲ့အတူ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံပျံပြိုင်ပွ
ပြိုင်ပွဲအတွက် နှစ်လနီးပါး လိုသေးပေမဲ့ အခုကတည်းက ကြိုတင် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရပါသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 12 Sep 2012 07:54 PM PDT
အမေရိကန် ပြည်ထောင်စုက သတင်းနည်းပညာ ဧရာမ ကုမ္မဏီကြီးဖြစ်တဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဟာ အားလုံးက မျှော်လင့် စောင့်စားနေကြတဲ့ iPhone အမျိုးအစားသစ် လက်ကိုင်ဖုန်းဖြစ်တဲ့ iPhone 5 ကို စက်တင်ဘာ (၁၂)ရက်နေ့က စတင် မိတ်ဆက် ပွဲထုတ်လိုက်ပါပြီ။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 12 Sep 2012 10:05 PM PDT
အမေရိကန် သံအမတ်ကြီး J. Christopher Stevens နဲ့ ၀န်ထမ်းသုံးဦး သေဆုံးခဲ့တဲ့ လစ်ဗျားနိုင်ငံ အရှေ့ဘက် Benghazi မြို့က တိုက်ခိုက်မှုဟာ အမေရိကန် ဆန့်ကျင်သူတွေရဲ့ ဒေါသထွက် တိုက်ခိုက်မှုထက် ကြိုတင်စီစဉ် တိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||
Posted: 12 Sep 2012 07:36 PM PDT
မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေတူးဖေါ်ရေး လုပ်ငန်းတွင် ပင်မကုမ္ပဏီကြီး
ဖြစ်သော အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီနှင့် အကျိုးတူ ဆောင်ရွက်သူ ရွှေတူးဖေါ် သူများအကြား အဆင်မပြေ မှုများ ဆက်လက်ရှိ နေကြောင်း အဆိုပါ ရွှေတူးဖေါ်ရေး အသိုင်းအဝန်းမှ ပြောသည်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||
Posted: 12 Sep 2012 07:20 PM PDT
စက်တင်ဘာ ၁၂ ရက်နေ့ မနက်က ကချင်
|
0 comments:
Post a Comment