Monday, September 17, 2012

ဖေ့ဘုတ်မှာ သူငယ်ချင်းမဟုတ်တဲ့အပြင်လူတွေ မက်ဆေ့ပို့မရအောင်ပိတ်ထားနည်း


by သက်တန့်ချို on Monday, September 17, 2012 at 1:28am ·

သိပြီသားလူများ အတွက်မရည်ရွယ်ပါဘူး မသိသေးသူများအတွက်ကို ရည်ရွယ်ပါတယ် ။ တချို့က သူငယ်ချင်းမဟုတ်တဲ့အပြင်လူတွေ မက်ဆေ့တွေ ပို့တာကိုလက်မခံချင်တဲ့သူတွေရှိတယ် ။ နှောက်ယှက်တဲ့ မေးလ်တွေနဲ့ မလိုလားအပ်တဲ့မေးလ်တွေကို ကာကွယ်ဖို့အတွက်အောက်ပါနည်းလေးကို ဖော်ပြပေးလိုက်ပါတယ် ။

အဆင့် ၁



ပုံမှာပြထားတဲ့အတိုင်း ကိုယ့်အကောင့်ရဲ့ ညာဖက်အပေါ်ထောင့်က Home ဘေးနားက မြှားအောက်စိုက်လေးကိုနှိပ်လိုက်ပါ ။ ပြီးရင် Privacy Settings ကိုနှိပ်ပါ ။

အဆင့် ၂


How you connect ဆိုတဲ့စာကြောင်းလေး ညာဖက်မှာ Edit ကိုနှိပ်ပါ ။ အဲဒီမှာစာကြောင်း ၃ ကြောင်းရှိပါတယ် ။



Who can look you up using the email address or phone number you provided? ဆိုတာကတော့ ကိုယ့်အကောင့်ရဲ့အီးမေးလ်နဲ့ ဖုန်းနံပတ်တွေဘာတွေထည့်ထားရင်ဘယ်သူတွေကိုမြင်စေချင်သလဲဆိုတာပါ ။ အပြင်လူတွေ မမြင်စေချင်ရင် Friends ကိုရွေးလိုက်ပါ ။

Who can send you friend requests? ဆိုတာကတော့ ကိုယ့်ကို Mutual friend မပါပဲ အပြင်ကနေ အစိမ်းသက်သက် အပ်လို့ရသလားဆိုတာပါ သူငယ်ချင်းရဲ့သူငယ်ချင်းလောက်ပဲလက်ခံချင်တယ်ဆိုရင် Friends of Friends ကို ရွေးပါ ။

Who can send you Facebook messages? ဆိုတာကတော့ ကိုယ့်ကို ဘယ်သူတွေမက်ဆေ့ပို့နိုင်မလဲဆိုတာပါ လူတိုင်းကပို့တာကိုလက်မခံပဲ ကိုယ့်သူငယ်ချင်းတွေကပဲလက်ခံမယ်ဆိုရင် Friends ကိုရွေးပါ ။ Save နှိပ်လိုက်ရင် ကိုယ့်ကို သူငယ်ချင်းကလွဲလို့ သူငယ်ချင်းမဟုတ်တဲ့လူတွေမက်ဆေ့ပို့လို့မရတော့ပါဘူး ။ အဆင်ပြေပါစေ ။

သက်တန့်ချို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...