Saturday, September 15, 2012

ရှေး


by ဇာ တိ on Friday, April 6, 2012 at 5:19am

{ရှေး.......မျက်ရည်လတ်လတ်ဆတ်ဆတ်နဲ့ ကိုယ်ဘာကို တမ်းတနေရမှာလဲ!}

မနက်တိုင်း ဆိုင်ခင်းစပြုပြီဆိုတာနဲ့ ကျောင်းစိမ်းလေးနဲ့ ငယ်ငယ်ရွယ်ရွယ်ပဲရှိသေးပေမယ့်
ပါဝါမျက်မှန်လေးထောင့်လေး တပ်ဆင်ထားတဲ့ချာတိတ်မလေးကို တွေ့တွေ့နေတာ ကြာလာတော့
သတိထားမိလာတယ်၊ xxxxxxxxx အစကတော့ သာမန်ကာလျှံကာပါပဲ
သူလဲ သူ့အလုပ်သူလုပ် ကိုယ်လဲကိုယ့်အလုပ်ကိုယ်လုပ်၊

{တကယ်တော့ ဘာတစ်ခုမှမရည်ရွယ်ခဲ့ဘူး ရှေး..........!}

အဲ့ဒီနေ့က ကျောင်းပိတ်တယ်လို့ ထင်ရတယ် ၊ ချာတိတ်မလေးကို ဆိုင်ခင်းတဲ့အချိန်မတွေ့မိလို့ပေါ့၊
ကျနော်ပဲ ဆိုင်ထဲအာရုံရောက်နေတုန်း သူပဲ ဖြတ်သွားသလားလို့ ထင်မိပါသေးတယ်၊

ဈေးဝယ်သူပါးနေတာနဲ့ပဲ ဖတ်လက်စ စာအုပ်တစ်အုပ်ထိုင်ဖတ်နေတုန်း . . .
ခေါ်သံတစ်ခု စတင်ကြားရတယ်
 (နောက်မှသိရတာ ဘယ်တော့မှ မမေ့တော့မယ့် ခေါ်သံဆိုတာ)

ဦး...ဟန်းနီးပလပ်ရှိလား ဟင် . . .

အနီးကပ်ကြည့်မှ ထင်တာထက်ပိုလှတဲ့ ကောင်မလေးဆိုတာကို သတိထားမိသွားတယ်၊

ရှိတယ်  . .သမီး  အယ်...ညီမ

အမှန်ဆို ကျနော်တို့နှစ်ယောက် အသက်က ဦးခေါ်ရလောက်တဲ့အထိ မကွာဟဘူးဆိုတာ သူလဲ သိလောက်ပါတယ်၊

ဒါဆို သမီးကို ၂ ခုပေးနော်

{ကိုယ်ဟာ ရှေး ကိုဘယ်တော့မှ မမေ့တော့မယ့် လူတစ်ယောက် ဖြစ်သွားပြီ}

နောက်နေ့ကစပြီး ဆိုင်ကို မိနစ် ၃၀ လောက်ကြိုဖွင့်ထားလိုက်တယ်  ဒါမှ သူ့နောက်ကိုလဲ လိုက်လို့ရ
ဘွားတော်ရဲ့ အော်ငေါက်သံလဲ လွတ်မယ်ဆိုပြီးတော့၊

ခုတော့ ကျနော်ကိုယ်တိုင် လုပ်ကြံမှုကို စတင်ဖန်ဆင်းလိုက်ပါတယ်၊

ကျောင်းသွားပြီလား ညီမ . . .

တမင်တကာ အဆင်သင့်သွားတဲ့ ဟန်ပန်ကထိရောက်ပါတယ်၊

သြော်...ဟုတ်ကဲ့ရှင့် . . .

စကားအပြောအဆိုကအစ ယဉ်ကျေးသိမ်မွေ့တဲ့ ရှေး ကိုကျနော်စွဲလန်းမိတာ မလွန်ပါဘူး
စကားပြောတိုင်း နောက်မှ ရှင့် ဆိုတာလေးထည့်တတ်တဲ့ အကျင့်က ကျနော့်အတွက်တော့
မက်လောက်စရာ အမူရာပါပဲ၊

နေ့စဉ်ရက်ဆက်ဆိုတော့ ကောင်မလေးလဲ သတိထားမိလာပုံ ရပါတယ်
ကျနော့်ဘက်က လှုပ်ရှားမှု အားလုံးဟာ သိမ်သိမ်မွေ့မွေ့ပဲ
ခုချိန်ထိ ချစ်စကား ကြိုက်စကား မပြောတာကလွဲပြီး ကျနော်တို့နှစ်ယောက်ဟာ ခင်မင်တဲ့
အဆင့်ကို ရောက်ရှိလို့ လာပါတယ်၊

ညကသောက်တာ နည်းနည်းများသွားလို့ ဒီနေ့ဆိုင်ဖွင့်တာ ပုံမှန်ထက် နောက်ကျသွားတယ်
လွဲပြီဆိုတာ သိပေမယ့် ဘာမှမတတ်နိုင်ပါဘူး၊

{ကံဇာတာက ညံ့ဖျင်းမနေတာကို ကိုယ်ပျော်တယ် ရှေး}

ရှေး အကြောင်းတွေးနေတုန်းပဲ ဦးဆိုတဲ့ ခေါ်သံကို ကြားပါတယ်
ဟင်....ညီမ . . ကျောင်းမသွားဘူးလား
ဟာ . . လက်မှာလဲ ဒဏ်ရာနဲ့ ဘယ်လိုဖြစ်လာတာလဲ

မေးခွးန်တွေ တရပ်စပ်နဲ့ ကျနော့်ရဲ့ ပြူးပြူးပြာပြာ ပုံစံကိုကြည့်ပြီး
ချာတိတ်မလေးက ရယ်ပါတယ်

လက်ကဒဏ်ရာက သေးသေးလေးပါ ဦးရဲ့ ဒီနေ့ကျောင်းမတက်တာက
တမင်တကာ မတက်ချင်လို့ မတက်တာ  . . ဒါပေမဲ့ သမီးကို ဟန်းနီးပလပ် ၁ ခုပေးပါ၊

အခုကပ်မှာလား ညီမ

ဟုတ်ကဲ့ ရှင့်...

သူမရဲ့ စကားသံအဆုံး ညာဘက်တံတောက်ခွက်က ဒဏ်ရာကို ကျနော်ကိုယ်တိုင် တယုတယဖိကပ်ပေးလိုက်ပါတယ်

ဒါဟာ ကျနော်တို့နှစ်ယောက်ရဲ့ ပထမဦးဆုံး ပူးကပ်မှုပါပဲ၊

ရှေးမျက်လုံးတွေက မရိုးသားတော့ဘူး xxx ဒါဟာ ကျနော့်အတွက်တော့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်လောက်ပါရဲ့၊

ဒီလိုနဲ့ သူလိုကိုယ်လိုပါပဲ ကျနော်တို့ နှစ်ယောက် ချစ်သူတွေ ဖြစ်လာကြတယ်၊

ဦး . . .ဘာလို့ သမီးကို ရှေး လို့ခေါ်တာလဲဟင် . . .

ကျနော့်ရဲ့ သူ့အပေါ် ခေါ်ယူသုံးစွဲတဲ့ နာမ်စားကို သူမ အံ့သြနေပုံပါပဲ၊

ဒီလို ရှေး ရဲ့ ရှေး စကားပြောရင် အနောက်မှာ ရှင့် ဆိုတာလေးထည့်ထည့်ပြောတဲ့အကျင့်ကိုစွဲပြီး
ကိုယ့်စိတ်ကူးနဲ့ကို နာမည်တစ်ခုပေးထားတာ ရှေး နဲ့စ စကားပြောမိကတည်းကပဲ

ဟင် . . ဘာမှလဲ မဆိုင်ဘူး xxx ရှင့် နဲ့အနီးစပ်ဆုံး တူညီတာက ရှင်း မဟုတ်ဘူးလား ?

ကိုယ်တို့နှစ်ယောက်ကြားမှာ ရှိတဲ့ အရာတွေကို ကိုယ် ရှင်း မသွားစေချင်ဘူး ဒီတော့ ရှေး လို့ပဲ ခေါ်ပါရစေ

ကျနော်ပြောတာကို အပြည့်အ၀ နားလည်ပုံမရတဲ့ ရှေး ဟာမျက်လုံးလေး ကလယ်ကလယ်နဲ့ ကျနော့်ကို
ပြူးပြီး စိုက်ကြည့်နေပါတယ်

မနက်ဖြန်ဆို စာမေးပွဲ နောက်ဆုံးနေ့ပဲ !

ဒီညနေ ကျနော့် သူငယ်ချင်း မွေးနေ့ပွဲ သွားဖြစ်တယ်!

သားကြီး . . မင်းရည်းစားရနေပြီဆို
အေး . . ဟုတ်တယ်
ဒါဆို ...ချကွာ     ရော့..သောက်

မဆုံတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ အရက်တွေ တ၀ကြီး သောက်ဖြစ်ပါတယ်၊
တစ်ခွက်ပြီး တစ်ခွက် ............လူမှန်း သရဲမှန်း ခွဲခြားလို့မရတော့တဲ့ အဆုံး
ကျနော် အိမ်ပြန်ဖို့ စဉ်းစားပါတော့တယ်၊

ငါပြန်မယ် . . .သားကြီး၊
သူငယ်ချင်း အားလုံးကို နုတ်ဆက်ပြီး ကျနော်ပြန်လာတော့ အချိန်က ည ၈ နာရီထိုးကာနီး စဲစဲ၊

မူးလာရင် ကဗျာရွတ်ချင်စိတ်ပေါ်လာတတ်တဲ့ ထုံးစံအတိုင်း ကျနော့်ကဗျာတွေ ကျနော် တတွတ်တွတ်ပြန်ရွတ်ရင်း
လျှောက်လာပါတယ်၊

အိမ်နားရောက်ကာနီးမှာ ရှေး ကိုသတိရစိတ်နဲ့ အိမ်ထဲ မ၀င်သေးပဲ ရှေးတို့လမ်းဘက် ခဏသွားဖို့ ကျနော်ဆုံးဖြတ်လိုက်ပါတယ်၊

လမ်းထိပ်မှာ အသင့်တွေ့ရတဲ့ ဖုန်းနဲ့ ရှေး ဆီလှမ်းဆက်လိုက်ပါတယ်

ဟဲလို ----------ရှေးလား
ဟင်...ဦး မဆက်စဖူး ဖုန်းတွေဘာတွေတောင် ဆက်လို့ပါလား
အင်. . .ဟုတ်တယ် အခုရှေးတို့ လမ်းထိပ်မှာ ထွက်လာလို့ရရင် ထွက်လာခဲ့ပါ
ဟုတ်လား . . .ဘာလာလုပ်တာလဲ ဒီအချိန်ကြီး ခဏလေးနော် မေမေ့ကို ပြောကြည့်အုံးမယ်
အိုခေ . . ၁၀ မိနစ်စောင့်မယ်

ခဏကြာတော့ ရှေး ရောက်လာပါတယ်၊

မေမေ့ကို သူငယ်ချင်းကို စာသွားမေးမယ်ဆိုပြီး ထွက်လာတာ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဦး . .စကားလဲ မပြောဘူး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဟာ . . .ဘာလို့ စိုက်ကြည့်နေတာလဲ သမီးမနေတတ်တော့ဘူး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဟင် . . ဦးအရက်တွေ သောက်ထားတာလား?
ကိုယ်   မူးနေဘီ ရှေး
ဘာလို့ အရက်တွေ အများကြီး သောက်လာတာလဲ ဦးကလဲ

ကျနော့်ကို ပါးစပ်ကလဲ ပွစိပွစိ ပြော လက်ထဲက စာအုပ်နဲ့လဲ ရင်ဘတ်ကို တဘုန်းဘုန်းနဲ့ ရိုက်ပါတယ်
ပြီးတော့ သူ ငိုပါတယ်၊

ဘာလို့ ငို နေတာလဲ ရှေး   . . .ကိုယ်တို့ ဘ၀တွေအတွက် ရှေ့လျှောက် ဒီထက်ဆိုးမယ့်အဖြစ်အပျက်တွေကို
ရင်ဆိုင်တဲ့အခါ ငို ရအုံးမယ်မဟုတ်လား တိတ်ပါ

ကျနော်တို့ အနည်းငယ် စကားပြောလို့ ပြီးတော့ . . .

သမီး သွားတော့မယ် ဦး . . .
၉ နာရီထိုးတော့မယ် မနက်ဖြန်လဲ စာမေးပွဲ ဖြေရအုံးမှာ စာကျက်ရအုံးမယ်

"ရှေးကို ကိုယ်ခိုးပြေးမယ်"

ကောက်ကာ ငင်ကာပြောလိုက်တဲ့ ကျနော့်စကားကြောင့် ခဏတော့ သူ ကြောင်အမ်းအမ်းဖြစ်သွားပါတယ်
နောက်မှ ခပ်ပြုံးပြုံးနဲ့   .  . . .
မနောက်ပါနဲ့ ဦးရယ်   သမီး ပြန်တော့မယ်နော်

{တစ်ခါတစ်ရံ လူတွေက တစ်ခုခုကို သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေမိတဲ့အခါမှာ ပိုပြီး
နေရထိုင်ရတာ မသက်မသာ ဖြစ်လာတတ်တယ်}

ကိုယ်နဲ့ လိုက်ခဲ့ပါ ရှေး
ဦး . . တကယ်ပြောနေတာလား
အင်း . . ဟုတ်တယ်
မဖြစ်နိုင်ဘူးထင်တယ် ဦး  သမီး အရမ်းငယ်သေးတယ်

မူးယစ်ယီဝေနေတဲ့ ကျနော့်စိတ်ဟာ ကောင်မလေးတစ်ယောက်ကို လွှမ်းမိုးဖို့အတွက် အတော်လေး ဖိအားပေးလျက်ရှိပါတယ်၊

ရှေး  လိုက်မှာလား မလိုက်ဘူးလား
ဟင်အင်း..သမီး မလိုက်ရဲဘူး
အဲ့ဒီ ဆုံးဖြတ်ချက်က တစ်သက်လုံး ဝေးစေနိုင်တယ်ဆိုတာကို ရှေး သိလား
ဟင်အင်း . .ဟင်အင်း . .သိလဲ မသိဘူး သိလဲ မသိချင်ဘူး
ရှေး ရဲ့ဆုံးဖြတ်ချက် သေချာဘီဆိုရင် ကိုယ်ပြန်မယ်

ဟင့် ဟင့်...၀မ်းနည်းဟန်အပြည့်နဲ့ ရှေးဟာ လူကြီးတစ်ယောက်လို ကြိတ်ငိုနေရှာပါတယ်
ကျနော့်ဆန္ဒကို ဖြည့်ဆည်းပေးချင်ပေမယ့် မနက်ဖြန် စာမေးပွဲနဲ့ မိဘတွေမျက်နှာက ဒွိဟဖြစ်စေပုံပါပဲ၊

သမီး . .ဦးနဲ့အခု အိမ်ခဏလိုက်ခဲ့မယ် ပြီးရင် ပြန်မယ်နော် ဦး . .သမီးကို သနားရင်
ခုအခြေအနေကိုပဲ လက်ခံပေးပါ သမီး ကြီးလာရင်လဲ ဦးကိုပဲ ယူဖြစ်မှာပါ
ခု ဦး အရက်မူးနေတဲ့အရှိန်နဲ့ စိတ်တွေ မူမမှန်တာပဲ ဖြစ်လိမ့်မယ်

အသက်အရွယ်နဲ့ အသိဥာဏ်ဟာ ပက်သက်ဆက်နွယ်မှု မရှိဘူးဆိုတာကို ရှေးက သက်သေပြပါတယ်၊

ကျနော့် ခြံဝရောက်တော့ ရှေး ကိုကြည့်ရတာ ကြောက်နေပုံပါပဲ
မူးလာရင် ဆိုင်ထဲမှာပဲ အိပ်တတ်တဲ့ အကျင့်အတိုင်း ဆိုင်တံခါးသော့ကို ရှေးထံသို့ လှမ်းပေးပြီး
နှစ်ယောက်သား ဆိုင်ထဲ ၀င်လိုက်ပါတယ်

ဘွားတော်ရဲ့ ဘုရားရှိခိုးသံနဲ့ ဆိုင်ရှေ့က ဖြတ်သွားဖြတ်လာ လူသံတစ်ချို့နဲ့
ဆိုင်ထဲက ကျနော်တို့ နှစ်ယောက် !!!!!!!!

ညက အတော်များသွားမှန်း သိပေမယ့် ညကအဖြစ်အပျက်တွေက အိမ်မက်တစ်ခုလို ယောင်ဝါးဝါးဖြစ်လို့ နေပါတယ်
ငါ ညက ရှေးကို အိမ်မက်မက်တာလား အပြင်မှာပဲ တကယ်ဆုံဖြစ်တာလား
အရက်သမားတို့ ထုံးစံအတိုင်း အမူးလွန်သွားတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အမူအကျင့်တွေက
စိတ်ကို တရပ်စပ်နှောက်ယှက်နေပါတော့တယ်
ဘာမှ စဉ်းစားလို့မရတော့တဲ့ အဆုံး ရေချိုးဖို့ အိမ်ထဲ ၀င်လိုက်ပါတယ်

ညက နင်မူးပြန်ပြီလား

မူးလာတဲ့အခါတိုင်း မေးနေကျ မေးခွန်းက ခေါင်းတစ်ချက် ညိတ်ရုံနဲ့ ဘွားတော်အတွက် လုံလောက်ပါတယ်၊

တစ်နေ့လုံး ငေါင်စင်းစင်း ဖြစ်နေတဲ့ အခြေအနေနဲ့ ရှေးအကြောင်း တွေးနေမိပါတယ်
အမူးပြေလို ပြေငြား ကော်ဖီပျစ်ပျစ် တစ်ခွက်ဖျော်သောက်လိုက်ပါတယ်၊

ညနေစောင်းတော့ ပြုံးပြုံးရွှင်ရွှင် မျက်နှာနဲ့ ရှေး ကျနော့်ဆိုင်ကို ရောက်လာပါတယ်

ကျနော်ဆေးလိပ်သောက်တာ သဘောကျတဲ့ ရှေးဟာ မပြောစဖူး ကျနော့်ကို ဆေးလိပ်ဖြတ်ဖို့ စပြောပါတယ်

အေးဆေးပေါ့ ရှေး ရယ် . .

ထိုစကားတစ်ခွန်းနဲ့တင် ရှေး ကျေနပ်မှု ရှိပါစေ၊

ဦး . . သမီး စာမေးပွဲ ဖြေနိုင်တယ်သိလား
ကျနော့် လည်ပင်းကို အသာအယာသိုင်းဖက်ပြီး အနီးကပ်ပြောလိုက်တဲ့ ရှေး အမူအယာကြောင့်
ကျနော် အံ့သြသွားရပါတယ် xxxxxxx ကျနော်တို့ နှစ်ယောက်တွဲလာတဲ့ သက်တမ်းတစ်လျှောက်
ရှေး ခုလိုမျိုး ကျနော့်အပေါ်ဆက်ဆံတာ ဒါပထမဦးဆုံးပါပဲ
အပြင်လူတွေ ကျနော်တို့နှစ်ယောက်ကို မမြင်ရပေမယ့် ကျနော့်ရဲ့စိတ်က မနေနိုင်ပါဘူး
ရှေး လက်ကို အသာအယာဖယ်ချပြီး မသိသလို နေလိုက်ပါတယ်

ရှေးကိုနမ်းဖူးခဲ့တာဆိုလို့ မှတ်မှတ်ရရ နှစ်ကြိမ်ပဲ ရှိပါသေးတယ်
အပြင်သွားရင်တောင် သူငယ်ချင်းတွေလိုပဲ စကားတပြောပြောနဲ့ သွားတတ်တဲ့
ကျနော်တို့ နှစ်ယောက်ကြားမှာ ခုလိုမျိုး ကြီးကြီးမားမား အထိအတွေ့ဆက်ဆံမှုပုံစံမျိုး မရှိခဲ့ပါဘူး၊

ရှေးကို ကြည့်ရတာ ရှက်သွားသလိုပါပဲ ပြီးတော့ သူတစ်ခုခု ထူးခြားနေတယ်လို့လဲ ကျနော်ထင်တယ်
ရှေးကလဲ ကျနော့်ကို တစ်ခုခုထူးခြားနေတယ်လို့ ထင်နေပုံပါပဲ

ဦး . .သမီးကို မချစ်တော့ဘူးလား
ဘယ်လို ပြောလိုက်တာလဲ ရှေး . . .
မသိဘူးလေ ဦးကို ကြည့်ရတာ ဒီနေ့ တစ်မျိုးပဲ
ပြောချင်နေတဲ့ စကားတွေ တူညီနေတာ သေချာတာပေါ့

မနက်ပိုင်းက ရှူပ်ထွေးနောက်ကျိနေတဲ့ အာရုံတွေက အခုမှ ပိုဆိုးဝါးနေကြောင်း သိလာရပါတယ်၊

ရှေးလဲ အရင်နဲ့ မတူပါလား ဒီနေ့ ကိုယ့်အပေါ် ဆက်ဆံတာ တစ်မျိုးပဲ

မျက်စိမျက်နှာ ပျက်သွားတဲ့ ရှေးပုံရိပ်က တစ်ခုခုကို ပြန်လည်စဉ်းစားမိပြီး မချိတင်ကဲ ဖြစ်သွားပုံပဲ

နောက်တော့ ဆိုင်ထဲက သူထွက်သွားတယ်၊

လွမ်းတယ် . . .ရှေး............
ကျနော့်ဆီ သူမလာတာ ၄ ရက်မြောက်ပဲ
မနေနိုင်တော့တဲ့အဆုံး ကျနော်သူ့ဆီ ဖုန်းဆက်လိုက်ပါတယ်

ဟဲလို . . .ရှေးလား
အင်း . . .
ဘာလို့ ဆိုင်ကို မလာတော့တာလဲ
ဘာမှ မဟုတ်ပါဘူး လာမှာပေါ့

အဖြေက တိကျရေရာမှု မရှိဘူးလို့ ထင်ပါတယ်၊

ရှေး တစ်ခုခုဖြစ်နေတာလား ဒါမှမဟုတ် ကိုယ့်ကို စိတ်ဆိုးနေတာများလား

ဖုန်းထဲက ရှေးအသံတွေက ၀မ်းနည်းတုန်ခါနေသလိုပဲ

ပြောပါ   ရှေး ဘာဖြစ်နေတာလဲ ကိုယ့်ဆီကို ခုလာခဲ့ပါလား
ဒီနေ့တော့ မလာတော့ပါဘူး မနက်ဖြန်မှ လာတော့မယ်

ကျနော်ကိုယ်တိုင် ဘာဖြစ်နေမှန်း မသိတဲ့ ကိုယ့်စိတ်ကို ကိုယ်ကိုယ်တိုင် ရေရေရာရာ မဆန်းစစ်နိုင်ပါဘူး


ဦး.........
ရှေး . . .လာလေ အထဲဝင်

ဟင်အင်း ..မ၀င်တော့ဘူး  သမီးတို့ တစ်နေရာသွားစကားပြောကြရအောင်

ဘွားတော်လဲ အိမ်မှာ ရှိမနေတဲ့ အတွက် ဆိုင်ကို ခဏပိတ်ခဲ့ပြီး ရှေးနဲ့ ထိုင်နေကျဆိုင်ဘက်ကို ထွက်လာခဲ့ပါတယ်၊

{အချိုးအကွေ့တွေဟာ ထင်ထားတာထက်ပိုမိုပြီး ကြောက်ဖို့ကောင်းကြောင်း ကျနော် မကြာခင် သိလာပါတော့တယ်}

ကော်ဖီနှစ်ခွက်ပေးပါ၊

ုဆိတ်ငြိမ်နေတဲ့ အခြေအနေကို ကျနော်ကပဲ စတင် ဖျက်စီးလိုက်ပါတယ်၊

ပြောပါအုံး ရှေး . . ဘာလို့ ကိုယ့်ဆီမလာတာလဲ အရင်နေ့တွေက
ဦး  . . သမီးအပေါ်ဆက်ဆံတာကို သမီး နားမလည်နိုင်တော့ဘူး

မေးခွန်းနဲ့ အဖြေဟာအံဝင်ခွင်ကျမှု မရှိတာကို သိလိုက်ကတည်းက ကျနော်တို့ နှစ်ယောက်ကြားမှာ
တစ်ခုခု မှားယွင်းနေပြီဆိုတာကို ကျနော်သတိထားမိလိုက်ပါတယ်၊

{ေ၀၀ါးနေတဲ့ စိတ်အာရုံဟာ မကြာခင်မှာ စုန်းစုန်းနစ်ဝင်ဖို့အတွက် အခြေအနေက အဲ့သလို ဖန်တီးလိုက်ပါတယ်}

ရှေး ကိုလဲ ကိုယ်နားမလည်တော့ဘူး  ရှေး ဘာဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုပွင့်ပွင့်လင်းလင်း ပြောပါ

ဦး . . တကယ်ပဲ မသိတာလား မသိချင်ယောင်ဆောင်နေတာလား
ဘာကိုလဲ ရှေးရ ကိုယ်နားလည်အောင် ဒီထက်ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပါလား
ဦး တစ်ခုခုကို တကယ်မသိတာလား . . .
အင် . .ဟုတ်တယ် ကိုယ် တစ်ခုခုကို သိချင်နေတယ် xxxx အဲ့ဒါဘာလဲဆိုတာ ရှေးသိထားတယ်မဟုတ်လား
ကိုယ့်ကို ပြောပြပါ
သမီး ဘယ်တော့မှ ပြောပြမှာ မဟုတ်ဘူး
ဟာ . . .ဘယ်လိုကြီးလဲ ရှေး ဘာတွေဖြစ်နေတာလဲ xxဒီပုံစံဆို ကိုယ်တို့ နှစ်ယောက်စလုံး တိုင်ပတ်လိမ့်မယ်
ဒီအခြေအနေ ရှင်းလင်းသွားအောင် ရှေး ဖြေရှင်းသင့်တယ်မဟုတ်လား  ဘာလဲဆိုတာ ကိုယ့်ကို ပြောပါ

ကျနော့်ကို ကြည့်တဲ့ အကြည့်တွေမှာ အံ့သြ မုန်းတီးစက်ဆုပ်မှုတွေ ပါဝင်နေတယ်လို့ ကျနော်ထင်နေတယ်
အဲ့ဒီနောက်မှာတော့ ၀မ်းနည်း ပူဆွေးနေတဲ့ ရှေး ၊

သမီးတို့ လမ်းခွဲကြမယ် ဦး....
ဘာ . . .ရှေး ဘာပြောလိုက်တာလဲ အဲ့ဒါ ဘာသဘောလဲ xx ရှေး ဘာဖြစ်နေတယ်ဆိုတာကိုလဲ မပြောဘူး
ရှေး ဖြစ်ချင်တာက ဒါလား အဲ့ဒါကရော သေချာဘီလား
ပြောပါ . . .တစ်ခုခုပြောပါ ကိုယ်တစ်ခုခုကို သိချင်နေတယ် ရှေး သိထားတယ်မဟုတ်လား ရှေး ဘာလို့
ငြိမ်နေတာလဲ ကိုယ်မေးတာကို ဖြေလေကွာ   ရှေး.......................

ဦးကို သမီး မုန်းတယ်၊

ကပျာကယာ ပြေးထွက်သွားတဲ့ ရှေး ကိုကျနော် ဘယ်လိုမှ နားမလည်နိုင်ပါဘူး
အံ့သြမှင်တက်နေတဲ့ ကျနော့်စိတ်ဟာ ကော်ဖီနှစ်ခွက်နဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူးလို့ ထင်ပါတယ်၊

{ဘာတစ်ခုကိုမှ မတွေးတတ်အောင် ဖြစ်နေတဲ့ အချိန်မှာ အကူအညီ ရယူပါ}

ဟိုကောင် ထတော့လေ . . ဘယ်နှစ်နာရီရှိပြီလဲ
ဘွားတော်ရဲ့ အသံကြောင့် နိုးလာတဲ့ ကျနော်ဟာ လူတွေ စုရုံးစုရုံး ထွက်သွားတဲ့ဘက်ကို
မျက်စိတဆုံး လိုက်ကြည့်မိပါတယ်၊

လူတွေ ဘာဖြစ်နေကြတာလဲ များလှချည်လား တစ်ကိုယ်ထဲ ရေရွတ်မိလိုက်ပေမယ့်
ကျနော့်အသံကို ဘွားတော် ကြားသွားပုံပါပဲ
အေး . .ဟုတ်တယ်  ဒီနေ့ မနက်ပဲ ဟိုဘက်လမ်းမှာ ကောင်မလေးတစ်ယောက် ကိုယ့်ကိုကိုယ်
သတ်သေသွားတယ်လို့ ပြောတာပဲ ငါလဲ အဲ့လိုပုံရိပ်တွေကို မကြည့်ချင်လို့ သွားမကြည့်ဖြစ်ဘူး

ဘွားတော်ရဲ့ စကားသံအဆုံး ကျနော် အသည်းအသန် အိမ်ရှေ့ကို ပြေးထွက်လာမိပါတယ်
မနေ့က ရှေးရဲ့ ပုံရိပ်တွေမှာ တစ်ခုခုကို ဆုံးဖြတ်ချက်ချထားတဲ့ ဟန် . . ဟာ.....


“ရှေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

{ငယ်ရွယ်မှုနဲ့ အသိဥာဏ်ကို ထိန်းချုပ်နိုင်စွမ်းမှုဟာ အဲ့ဒီလောက်တောင် သက်ဆိုင်ရသလား}

သမီးရဲ့ ပထမဦးဆုံး အတွေ့အကြုံသစ်က ရင်ခုန်လှိုက်မောမှုတွေ အပြည့်နဲ့  . . ဦး အရမ်းမူးနေတယ်
ပြီးတော့   . . . ဦးနဲ့သမီး! xxxxx အဲ့ဒီညက အိမ်ပြန်တော့ ကြာလို့ဆိုပြီး မေမေဆူတာတောင် ခံရသေးတယ်
xxxxမနက် စာမေးပွဲခန်းထဲမှာလဲ အဲ့ဒီစိတ်တွေက တအားလွှမ်းလွန်းလို့ မနည်းအာရုံစိုက်ပြီး ဖြေခဲ့ရတယ်
ညနေက ဦးဆက်ဆံတဲ့ ပုံစံက တစ်မျိုးပဲ တစ်ခုခုကို မသိတာလား မသိချင်ယောင်ဆောင်နေတာလား ဆိုတာကို
သမီး ဘယ်လိုမှ စဉ်းစားလို့ မရဘူး xxxx မိန်းကလေးတစ်ယောက်အနေနဲ့ ဒီကိစ္စကို ဖွင့်ပြောပြရမှာလား
ဟင်အင်း....သမီး ရှက်တယ်  ဦးသိပြီးသား ကိစ္စတစ်ခုကို ဦးသိအောင် ပါးစပ်က ထုတ်ဖော်ပြသရမှာကို သမီး
ဘယ်လို ပုံစံနဲ့ ရင်ဆိုင်ရမှာလဲ xxxxxသမီး ဘာမှ နားမလည်တော့ဘူး ဦး အရမ်းရက်စက်တယ်လို့ပဲ သမီးထင်တယ်
သမီးအပေါ် ဆက်ဆံတဲ့ ဦးအပြုအမူတွေက အဲ့ဒီညက အဖြစ်အပျက်တွေကို မေ့ထားပြီးတော့ . . .
ရှက်စိတ်တွေ ကြောက်စိတ်တွေနဲ့ပဲ သမီးတစ်ကိုယ်လုံး ပြည့်နှက်နေတော့တယ်
တကယ်ပဲ ဦးမသိတာလို့တော့ သမီး မထင်ဘူး ဘာကိုမှ ပိုင်နိုင်စွာ ဆုံးဖြတ်ချက် မချနိုင်ခင်မှာ
သမီး တစ်ခုခုကို နားလည်လိုက်တယ်  သမီး တစ်ခုခု လုပ်မှဖြစ်တော့မယ်၊


“အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”

ဒါ . . .ဒါဆို ဒီကိစ္စက တကယ်ပေါ့ . . .
တောက် . . .ငါဘာလို့ မမှတ်မိရတာလဲ ..ဟာကွာ...ဖုန်းးးး . .. ခွမ်း...ခလွမ်း
အားပြင်းပြင်းနဲ့ ကန်လိုက်တဲ့ အရှိန်ကြောင့် စာပွဲခုံပေါ်က ပစ္စည်းတွေ အားလုံးဟာ
ဖရိုဖရဲ လွင့်စင်ကုန်ပါတယ်၊

ငါ . . ငါမှားခဲ့တယ်ပေါ့ . . .ကိုယ့်ကိုကိုယ် ယူကြုံးမရတဲ့စိတ်ဟာ
ဘာတစ်ခုမှ ပြန်မရနိုင် မဖြစ်နိုင်တော့ဘူးဆိုတာ သိပေမဲ့ မကျေနပ်နိုင်ပါဘူး
ဘာလို့ မေးတုန်းက မပြောခဲ့တာလဲ ရှေး ရယ် ရှေး ရှက်သတဲ့လား၊

ရှေး သူငယ်ချင်းလာပေးတဲ့ စာအုပ်ထဲက အဖြစ်အပျက်တွေဟာ ကျနော့်စိတ်ကို တစ်ချိန်လုံး တိုက်ခိုက်ပါတော့တယ်၊

{ရှေး . .ကိုယ်တို့ရဲ့ ယုံကြည်မှုဟာ ကိုယ်တို့နှစ်ယောက်ကို ဝေးစေတယ်}

ရှေး . . ကိုယ်တို့ရဲ့ အဖြစ်အပျက်မှာ အမှားနဲ့အမှန်ဆိုတာ မပါဝင်ဘူး၊

ဟဲလို . . သားကြီး ..ငါပါ . . . အေး .. ဟုတ်တယ် အဲ့ဆိုင်မှာပဲ စောင့်နေလိုက်၊

သူငယ်ချင်းနဲ့ ချိန်းထားတဲ့ အရက်ဆိုင်ကိုရောက်တော့ သူက အရင်ကြိုရောက်နှင့်နေပါတယ်၊
အဖြစ်အပျက်က အဲ့ဒါပဲ  . . .ငါဒီနေ့ အမူးသောက်မယ် . . .
အမူးလွန်သွားတဲ့အထိ သောက်မယ်   အယ်ကိုဟောဟာ ဘယ်အတိုင်းအတာထိ ငါ့စိတ်ကို
ကာကွယ်ပေးနိုင်မယ်ဆိုတာကို ဒီနေ့ပဲ ငါစမ်းသပ်မယ် . . . .တစ်ခွက် . . . . . . . . . . .

လောင်မီးကျနေတယ်ဆိုတဲ့ အခြေအနေဟာ ကိုယ်နဲ့ အနီးတ၀ိုက်မှာ ဖြစ်ပေါ်နေတယ် ရှေး
ကိုယ် ဘာဆက်လုပ်မယ်ဆိုပြီး ဘာကိုမှ မစဉ်းစားတော့ဘူး၊

သတိရလို့ ကြည့်လိုက်တော့ ကိုယ်တစ်ယောက်တည်း လျှောက်နေတယ်ဆိုတာကို သိရတယ်
ဟိုကောင် ဘယ်အချိန်က ပြန်သွားတာလဲ  . . .တကယ်တော့ ခုချိန်မှာ ဘာကမှ အရေးမကြီးတော့ဘူး

ရှေးဟာ ကိုယ့်ကြောင့် သေရတာလား ဒါဆို ရှေးကြောင့် ကိုယ်သေမှ ဖြစ်တော့မယ်၊

ကိုယ်တို့ဟာ အဲ့ဒီလောက်ထိ တစ်ယောက်နဲ့တစ်ယောက် ထုတ်ဖော်မပြောကြပဲ ချစ်ခဲ့ကြတာ မဟုတ်လား!

အန်တီ . . .အန်တီ သား....အခု ဆေးရုံမှာ   . . . ဟုတ်တယ်၊

သား.......ဘွားတော်ရဲ့ ခေါ်သံနောက်မှာ ရှေးရဲ့ ပုံရိပ်က ကပ်ပေါ်လာတယ်
ပြီးတော့ ရှေး ခေါ်ဆောင်ရာဆီ ကျနော် လိုက်ပါသွားတော့တယ်

ကိုယ်တို့ ဖြစ်တည်မှုတွေကို ကိုယ်တို့ အလိုမရှိကြတော့တာ မဟုတ်လား ရှေး။




ဇာတိ(ဖျာပုံ)
6.4.2012
3:35AM
zartipyapon@gmail.com
www.zartinaung.blogspot.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...