Wednesday, September 12, 2012

နှင်းဆီကို ကျနော်မသတ်ခဲ့ဘူး



by Nyo Htet on Wednesday, September 12, 2012 at 10:36am 

နှင်းဆီကို ကျနော်က သတ်လိုက်သတဲ့
ဒီကိစ္စကိုတော့ ရှင်းမှဖြစ်မယ်။

နှင်းဆီကို ကျနော်မသတ်ခဲ့ဘူး
ဖြစ်ပုံက
ကျနော်ဟာ
ကျနော့် တည်ရှိမှုကို ရှာဖွေခဲ့တာဖြစ်တယ်
ကျနော့်ရဲ့ ရပ်တည်မှုကို ရှာဖွေခဲ့တာဖြစ်တယ်။


ဒီလိုနဲ့
ကျနော်ဟာ
ငုတ်ကောင်ကိုမျှားခဲ့တယ်
ကျနော်ဟာ တံငါသည်ဖြစ်တယ်
တကယ်တော့
ကျနော်မျှားနေတာ
ဂျက်ဇ်ဂီတကိုဖြစ်တယ်။

ကျနော့်မျှားချိပ်ကိုပြစ်လိုက်တယ်
ရေနက်ရာသို့
ကျနော့်မျှားချိပ်ကို ငါးတွေက လာဟပ်ကြတယ်
ကျနော်လည်း ကျီုးစားဖမ်းတာပါပဲ။

အဲဒီလိုနဲ့
ကျနော့်မျှားချိပ်မှာ ငါး ၂ ကောင်းမိခဲ့တယ်။

မိန်းမကမေးတယ်
အနီက အကြီးဆုံးလားတဲ့
ကိုယ့်အတွက် အကြီးဆုံးကတော့
ပန်းနုရောင်အို။

မိန်းမကမေးတယ်
ဗုဒ္ဓဘာသာက အကြီးဆုံးလားတဲ့
ကိုယ့်အတွက် အကြီးဆုံးကတော့
ဗဟုဘာသာတရား။

ပန်းပေါင်းတရာပွင့်ပါစေ
ပွင့်သောပန်းတိုင်းမွှေးပါစေ
နှင်းဆီကို ကျနော်မသတ်ခဲ့ဘူး။

ကျနော်က
ကျနော့်ဖြစ်တည်မှုကိုရှာဖွေခဲ့တာဖြစ်တယ်
Who am I?

သမ္မာကျမ်းစာကိုဖွင့်ဖတ်လိုက်တော့
“ငါအမှန်အကန်ဆိုသည်က
ငါ့ကိုယုံကြည်သောသူသည်
သေလွန်သော်လည်း ရှင်လိမ့်မည်”

ပြတင်းတံခါးကိုဖွင့်ပြီး ခြံထဲကိုလှမ်းကြည့်လိုက်တယ်
နှင်းဆီသေပြီလို့ ဘယ်သူပြောတာလည်း
တွေ့တယ်မဟုတ်လား
နှင်းဆီတွေ ….
နှင်းဆီတွေ ….
တခြံလုံး
ပွင့်
ဝေ။

ညိုထက် (လမ်းသစ်ဦး)
၃၁ - ၈ - ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...