ဗုဒ္ဓဘာသာ နှင့် ကမ္ဘာတစ်ဝှမ်းမှ အောင်မြင်ကျော်ကြား အနုပညာရှင်? အတတ်ပညာရှင်များ
ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာနိုင်ငံထဲမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေပါ ။
ကျွန်တော်တို့ဆီက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား ပြောဆိုဆွေးနွေးကြတာတွေဟာ
သိပ်မထူးဆန်းလှပေမယ့် ...
တိုင်းတပါးမှာရှိနေတဲ့ လူတွေကတဆင့် ဗုဒ္ဓဘာသာအပေါ် ခံယူချက်တွေကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ် ။
အထူးသဖြင့် အနုပညာရှင်တွေဆီကလာတဲ့ စကားသံတွေဖြစ်ပါတယ်။
လူတွေအားလုံးမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိကြတဲ့အတွက် မိမိယုံကြည်လက်ခံလာတဲ့
ဖော်ပြပေးလိုက်ပါတယ် ။ဘာသာတရားတခုကို ကိုးကွယ်ပြီး...အဲဒီဘာသာဝင်အဖြစ် ခံယူလာကြတာ ယနေ့ ကမ္ဘာမှာ အများအပြားတွေ့ နေရပါတယ် ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာကိုလည်း စိတ်ပါဝင်စားပြီး ဗုဒ္ဓဘာသာဝင်တွေအဖြစ် ရောက်ရှိလာကြတဲ့ ကမ္ဘာတ၀န်းမှ ကျော်ကြားတဲ့သူတွေ ၊ အနုပညာရှင်တွေရှိပါတယ်။
သူတို့ကတော့...
Angelina Jolie, American actress
Jennifer Lopez , American actress
Kevin Richardson , A member of Backstreet Boys music band
Wesley Snipes , American actor of Blade Vampire Series
Zhang Ziyi , Chinese actress
Kim Sum , Korean actress
Ha Won , Korean actress
Lee Byoung Hun , Korean actor
Jean Daung Gang , Korean actor
Chow Yun-fat, Chinese actor
Orlando Bloom, English actor
Tiger Woods, American Golfe
Sharon Stone, American actress, producer, and former fashion model.
Steven Seagal, American actor and aikido expert
Naomi Watts, British-Australian actress
Keanu Reeves, American actor
Uma Thurman, American actress( Kill Bill )
Richard Gere, American actor
David Beckham , the world famous football player
Roberto Baggio, retired Italian footballer, widely considered among the top strikers of all time
Steve Jobs, CEO of Apple Inc.
Dennis Weaver, American Actor
Tina Turner, American singer-songwriter
Goldie Hawn, American actress
Kate Hudson, American actress
Kate Bosworth, American actress
Thuy Trang (1973–2001), Vietnamese American Actress
Ming-Na Wen, Chinese American Actress
Adam Yauch, American musician, director, producer, Beastie Boy
Jet Li, Chinese martial artist, Hollywood actor
Jackie Chan, Chinese martial art, Hollywood actor
Michelle Yeoh , American actress
Tony Jaa, Thai martial artist and actor, best known for the movie One Bak
Ellison Onizuka (1946–1986), American astronaut
Sting, English singer-songwriter, lead vocalist of The Police
Victor Pelevin, novelist
Miranda Kerr, Australian supermodel, one of Victoria's Secret Angels
Alanis Morissette, Canadian singer-songwriter
Courtney Love, American singer-songwriter
k.d. lang, Canadian singer
Philip Glass, composer
Oliver Stone, American film director
Leonard Cohen, Canadian singer/songwriter/poet
Russell Simmons, Entertainment and Fashion Mogul
Herbie Hancock, American pianist and composer
Deepak Chopra, American physician born in India, as well as an author.
Jack Kerouac, American writer
Yaung Min , the Chinese famous basketball player အစရှိတဲ့ ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ် ။
နောက်ပိုင်းလည်း အများကြီးရှိသေးပေမယ့် .....
ယခု လက်ရှိ ကျွန်တော်တို့မြန်မာတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ လူတွေရဲ့ အမည်ကိုပဲ ဖော်ပြပေးထားပါတယ် ၊
အဲဒီအထဲကမှ အနုပညာရှင်တချို့နဲ့ ကျော်ကြားသူတချို့ရဲ့ ဗုဒ္ဓဘာသာအပေါ် ခံယူချက်လေးတွေကို
လူမှုရေးအရှုပ်အထွေးတွေ ပေါ်လာတဲ့အခါမှ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ပိုပြီး သက်ဝင်ယုံကြည်မှု ရှိလာပါတယ်လို့ ...
ထိုင်းလူမျိုးမိခင်က မွေးဖွားလာတဲ့ ဗုဒ္ဓဘာသာဝင် ကမ္ဘာကျော် ဂေါက်သီးရိုက်သမား တိုက်ဂါးဝုဒ် က ဆိုပါတယ် ။
သူဟာ သူ့မိခင်ရဲ့ ညွှန်ကြားချက်နဲ့ ၀ိပသနာလုပ်ငန်းစဉ်များကို ယနေ့အခါမှာ လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ် ။
အီတလီက နာမည်ကျော် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ရော်ဘတ်တို ဘက်ဂီယိုကလည်း ...
သူ့ရဲ့ကစားသမားဘ၀ ခြေစွမ်းကျချိန် ၊ ဒဏ်ရာများနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ .....
သူ ကိုးကွယ်ယုံကြည်ထားတဲ့ ဗုဒ္ဓဘာသာက နည်းလမ်းများ ပြသပေးခဲ့တယ်လို့ ပြောပါတယ် ။
တရုပ်ပြည်က နာမည်ကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ယောင်မင်းကလည်း ...
ယခုအခါမှာ အမေရိကန် နိုင်ငံ ရဲ့ NBA ဘတ်စကတ်ဘောလဂ်မှာ ကစားလျက်ရှိပြီး...
ဗုဒ္ဓဘာသာကသာ သူ့ကို အချိန်တိုင်း လွှမ်းမိုးလျက်ရှိတယ်လို့ ပြောပါတယ် ခင်ဗျာ ။
ကမ္ဘာကျော်ရုပ်ရှင်မင်းသား ကနူးရိစ် ကတော့ ...ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ ရုပ်ရှင် ဖြစ်တဲ့ The Little Buddha ကို ရိုက်ကူးနေရင်း ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားလာတာလို့ သိရပါတယ် ။
သူဟာ သူ့ကို ဗုဒ္ဓဘာသာဝင်ပါလို့ ပရိသတ်က ပြောဆိုနေကြတာကိုလည်း မငြင်းဆိုသလို ဗုဒ္ဓဘာသာဝင်ပါလို့လဲ တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး ။
နောက်ထပ် ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဗုဒ္ဓဘာသာဝင် တဦးဖြစ်တဲ့ Richard Gere ကလည်း Sharon Stone , Harrison Ford တို့နဲ့အတူ.....
Gere Foundation ကနေတဆင့် အနောက်ကမ္ဘာမှာ ဗုဒ္ဓဘာသာပြန့်ပွားလာဖို့အတွက် ပရဟိတလုပ်ငန်းတွေ အထူးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ် ။
ရုပ်ရှင်မင်းသမီး ၊ အဆိုတော် Jennifer Lopez ကတော့ Richard Gere နဲ့အတူတူ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့...
Shall we dance ကို ရိုက်ကူးရင်းနဲ့ ဗုဒ္ဓဘာသာအပေါ်မှာ စိတ်ပါဝင်စားလေ့လာမှု ရှိလာတာပါတဲ့ ။
ကမ္ဘာကျော် ဘောလုံးသမား ဒေဗစ်ဘက်ခမ်း ကတော့ ...
သူ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်ထဲမှာ သူဟာ ဗုဒ္ဓဘာသာကို ကူးပြောင်းပြီးပြီဟု
ဖော်ပြထားတယ်လို့ သိရှိရပါတယ် ။
ဗုဒ္ဓဘာသာဘုန်းကြီးတပါးလည်း ဖြစ်ခဲ့ဘူးပြီး ၊ယခုအခါ ကိုလံဘီယာတက္ကသိုလ်မှ ပါမောက္ခတဦးလည်းဖြစ် ၊
တိဘက် ဗုဒ္ဓဘာသာ ကျွမ်းကျင်သူတဦးလည်းဖြစ်တဲ့ ဖခင်ကြောင့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာတဲ့သူကတော့ ...
အမေရိကန်ရုပ်ရှင်မင်းသမီး Uma Thurman ဖြစ်ပါတယ် ။
ပုံကတော့ သူမရဲ့ အောင်မြင်ခဲ့တဲ့ Kill Bill ဇတ်ကားမှ ဇတ်ဝင်ခန်းတစ်ကွက်ဖြစ်ပါတယ်။
Pirate of Caribbean ရုပ်ရှင်ဇတ်ကားရဲ့ သရုပ်ဆောင်ဆောင်မင်းသားတဦးဖြစ်တဲ့ Orlando Bloom ကလည်း ဗုဒ္ဓဘာသာဝင်တဦးပါ ။
ချစ်သူက ဗုဒ္ဓဘာသာ ဖြစ်လို့ ဗုဒ္ဓဘာသာအပေါ်ကို စိတ်ပါဝင်စားပြီး .....
ဗုဒ္ဓဘာသာဝင် ဖြစ်လာတဲ့ လူတစ်ယောက်ကတော့ Orlando Bloom ရဲ့ချစ်သူ Kate Boswoth ဖြစ်ပါတယ် ။
ဗုဒ္ဓရဲ့တရားနဲ့ ပတ်သက်ပြီး Kate Boswoth ရဲ့ ပြောပြချက်တွေကတော့ ...
ဗုဒ္ဓရဲ့တရားဟာ မယုံကြည်နိုင်စရာ စိတ်အခြေအနေကို တွေ့ရပြီး အလွန်လှပတဲ့နေရာတစ်ခုအနေနဲ့လဲ တွေ့မြင်မိပါတယ်။
အခြေခံအားဖြင့် မိမိကိုယ်ကို ကောင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲရောက်ရှိစေပြီး ဘာတွေ အဓိကဖြစ်ချင်တယ်ဆိုတာကို ညွှန်ပြပေးပါတယ် ။ နောက်ထပ်ပြောချင်တာကတော့ တကယ့်ကို အံ့မခန်းပါဘဲ လို့ 0rlando Bloom ရဲ့ ချစ်သူဟောင်း Kate Boswoth ကဆိုပါတယ် ။
၏
အသက် ၁၇ နှစ်အရွယ်တည်းက ဂျပန်ကိုရောက်ရှိပြီး .....ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓဘာသာအကြောင်းတွေ ၊ ယဉ်ကျေးမှုလက်ရာတွေကို လေ့လာသင်ယူခဲ့တဲ့လူကတော့ ကမ္ဘာကျော် ရုပ်ရှင်မင်းသား Steven Seagalဖြစ်ပါတယ်။
သူဟာ အမေရိကကို မပြန်ခင် ဂျပနိုင်ငံမှာ ၁၅ နှစ်ကျော် နေထိုင်ခဲ့တယ်လို့ သိရပါတယ် ။
Steven Seagal က ၂၇ နှစ်လုံးလုံး သူဟာ တရားရှုမှတ်မှုကို လေးလေးနက်နက် လုပ်ကိုင်ခဲ့ပါတယ်လို့ ပြောပါတယ် ။
ဒါပေမယ့် သူယုံကြည်တာက ဇင် ဗုဒ္ဓဘာသာဖြစ်လို့ သူ့ရဲ့တရား ရှုမှတ်မှုဟာ ထေရ၀ါဒနည်း ကျမကျ ဆိုတာကတော့ ပြဆိုထားတာမတွေ့ရပါဘူး ။
ဘယ်လိုပဲဖြစ်နေပါစေ ၊ ကျွန်တော်တို့ လေးစားအားကျ တဲ့ celebrities တွေက ...
ကျွန်တော်တို့ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဂရုတစိုက်လေ့လာမှုတွေ ပြုလုပ်လျက်ရှိတယ်ဆိုတာ ယုံမှားသံသရရှိစရာ မလိုပါဘူး ။
အဲဒီလောက်ဆိုရင် စာဖတ်သူ သူငယ်ချင်းများလည်း ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ် ။
နောက်ထပ်လည်း စိတ်ဝင်စားဖွယ် အကြောင်းအရာလေးတွေကို အလျဉ်းသင့်သလို ဖော်ပြပေးအုံးမှာပါ ။
ဝေဖန် ၊ အကြံဥာဏ်ပေးချက်တွေကို လည်း အမြဲတမ်း ကြိုဆိုလျက်ရှိပါတယ်ခင်ဗျာ ။
မှတ်ချက် ၊ အင်တာနက်စာမျက်နှာရှိ အချက်အလက်များ ပေါ်တွင် အခြေခံ၍ ကိုးကားရေးသားပါသည် ။
မေတ္တာဖြင့် ( h.pyae )
www.mymoemakha.co.cc
--
0 comments:
Post a Comment