အမေရိကန်သမိုင်းဝင် "ကွန်ကရက် ရွှေသားဆု"။
ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူမည့် အမေရိကန်ကွန်ကရက်က အရပ်သားများကိုပေးအပ်ချီးမြှင့်သည် အမြင်ဆုံး"ကွန်ကရက်ရွှေသားဆု"သည်၁၇၇၆ခုနှစ်ကအမေရိကန်တော်လှန်ရေးကိုရွတ်ရွတ်ချွန်ချွန်တာဝန်ထမ်းဆောင်ခဲ့သည့်ဗိုလ်ချုပ်ကြီး ဂျော့ဝါရှင်တန်အားပထမဆုံးစတင်ချီးမြှင့်ခဲ့သည်။
ဆုချီးမြှင့်ခံရသူသည်အမေရိကန်သားမဟုတ်ဘဲ ပြည်ပနိုင်ငံသားဖြစ်လျင်မိမိဆန္ဒအရအမေရိကန်နိုင်ငံသား ဖြစ်ပိုင်ခွင့်ရှိသည်။
"ကွန်ကရက်ရွှေသားဆု"ကို နိုင်ငံရေး၊စစ်ရေး၊စီးပွားရေး၊လူမှုရေးများကိုစွမ်းစွမ်းတမံကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့သောပုဂ္ဂိုလ်များအားချီးမြှင့်ခဲ့ခြင်းဖြစ်သော်လည်း ၁၉၇၉ ခုနှစ်တွင် အမေရိကန်ကြက်ခြေနီအဖွဲ့ ဆုချီးမြှင့်ခဲ့ဖူးသည်။
စွန့်ဦးတီထွင်သူသောမတ်အယ်ဒီဆင်၊ လကမ္ဘာပေါ်ပထမဆုံးခြေချခဲ့သော နီးလ်အမ်စထရောင်း၊ ဂီတပညာရှင်၊ရုပ်ရှင်ပညာတို့ကိုလည်းချီးမြှင့်သည်။ အင်္ဂလန်ဝန်ကြီးချုပ် ဝစ်စတန်ချာချီ၊တိုနီဘဲတို့လည်း ဆုရရှိခဲ့သည်။ ၁၉၉၈ခုနစ်တွင်အာဖိရိကခေါင်းဆောင် နစ်ဆင်မန်ဒဲလား၊ ၂၀၀၆ခုနစ်တွင် တိဘက်ခေါင်း ဘုန်းတော်ကြီးဒလိုင်းလားမား တို့ကိုဆုချီးမြှင့်ခဲ့သည်။
မြန်မာ့ ဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်အား "ကွန်ကရက်ရွှေသားဆု" မေလ ၅ရက်၊၂၀၀၈ခုနှစ်တွင် ဆုချီးမြှင့်ခဲ့ပြီး မနက်ဖြန်ဗုဒ္ဓဟူးနေ့ တွင်မှ ဆုချီးမြှင့်ရသည်မှာ အမေရိကန်သမိုင်းတွင် မှတ်တမ်းတင်ခံရသည့် ဆုပေးပွဲအခမ်းအနားဖြစ်သည်။
aung pan
http://tunwai-states.blogspot.jp/2012/09/blog-post_8496.html
0 comments:
Post a Comment