Tuesday, September 4, 2012

ဘဝနိမိတ်ပုံတစ်ခု,,,,နောက်..နိုင်ငံတစ်ခု


by San Yu on Tuesday, September 4, 2012 at 3:20am

"***လူတို့ တွင် ဘာမဆို လုပ်နိုင်သော အရည်အသွေးရှိကြပါသည်။ 

သို့ သော် ထိုအတွက်ပြင်ဆင်ဖို့ တော့ လိုသည်။***"

အင်တာနက်ထဲမှ ထုတ်ယူလာသောပုံပြင်လေးတစ်ပုဒ်ဖြစ်သည်။

'တစ်ခါကစွန်လေးတစ်စွန်ရှိသည်။စွန်လွှတ်သောရာသီတွင်. စွန်ကလေးသည်မိုးကောင်းကင်အမြင့်ကြီးမှာဝဲပျံနေပါသည်။ သူ့ကိုချည်နှောင်ထားသော အပ်ချည်မျှင်ရှိသလောက် သူလည်းဝဲပျံမြင့်တက်နေလေတော့သည်။
အဲလိုနဲ့ စွန်ကလေးသည် သူ၏အထက်တွင်လင်းယုန်တစ်ကောင်ဝဲပျံနေသည်ကိုမြင်သည်။
လင်းယုံသည်သူ့ ထက်ပို၍မြင့်သော နေရာကိုထိုးတက်ပျံသန်းသွားပါကလား။
အိုး. !!! သူ ကပျံနိုင်ပေမပေါ့ ။သူ့ မှာချည်ထားတဲ့ အပ်ချည်မျှင်ကြိုးမရှိဘူး လင်းယုန်မှာနှောင်ကြိုးမှမရှိပဲ လွတ်လွတ်လပ်လပ် မြင့်မြင့်မားမားပျံနိုင်ပေမပေါ့။
စွန်ကလေးစဉ်းစားရင်းသက်ပြင်းမသိမသာချနေမိတယ်။

"ဟုတ်ပါရဲ့  ငါ့မှာလည်း နှောင်ကြိုးသာမရှိလို့ ကတော့ ဟိုးအမြင့်. ကြီးထိပျံတက်ပစ်လိုက်မယ်"

"ငါဟာလင်းယုန်ထက်တောင် မြင့်အောင်ပျံနိုင်တာပေါ့". ဟုကိုယ့်ဘာသာတွေးနေမိတယ်။

အိုး ငါသာလွတ်လပ်စွာပျံသန်းခွင့်ရရင်အရမ်းပျော်ရမှာပဲ!!!!

"ဒီနှောင်ကြိုးတွေ မရှိအောင် လွတ်လပ်ဖို့ ဘာပဲလုပ်ရလုပ်ရ"ဟုသူဆုံးဖြတ်လိုက်တယ်။

ထိုစဉ်မှာပဲနောက်ထပ်စွန်လေးတစ်ခုတက်လာတယ်။

စွန်တွေဖြတ်ကြပြီပေါ့။အဲဒီနောက် စွန်ကလေးသည်သူ့ ရဲ့ ကြိုးကနေ ရုန်းဖြတ်လိုက်သလို. ဖြစ်သွားလေသည်။

ကြိုးပြတ်သွားလေပြီ!!!!!!!

အိုး!!!လွတ်လပ်ပြီ။သူပျော်မဆုံးဖြစ်နေတာပေါ့။

"ငါတော့လင်းယုန်လိုမျိုး လေထဲပျံသွားလို့ ရပြီ။လင်းယုန်ထက်တောင်မှ. မြင့်အောင် ပျံလိုက်ဦးမှာ"

သူကြိုးစားပန်းစားအမြင့်ကိုပျံတက်ဖို့ တာစူလိုက်သည်။

သို့ သော် အပေါ်သို့ မတက်နိုင်ရှာပဲစွန်ကလေးသည်အောက်သို့ တဖြည်းဖြည်းကျလာလေသည်။

နောက်ဆုံးတော့သူဟာမြေကြီးပေါ်သို့ ဦးတည် နေပြီး. ချုံပုတ်တစ်ခုတွင်. ငြိနေပါတော့သည်။. 

ထိုစဉ်စွန်လိုက်တဲ့ကလေးတစ်စုသူ့ ကိုတုတ်တွေဖြင့်ထိုးကြသည်။
စွန်ကလေးစုတ်ပြဲသွားလေတော့သည်။""

ပုံပြင်လေးကတော့ ဒါ ပါပဲ။။

( ဆရာဒေါက်တာခင်မောင်ညိုစာအုပ်မှ. ထုတ်နှုတ်ဖေါ်ပြပါသည်)*****

ကျွန်တော်ကိုယ်တိုင်ဘဝမှာအဲလို စွန်ကလေး ဖြစ်. ခဲ့ ဖူး ပါတယ်။ဒါပေမယ့် ကံကောင်းစွာပဲချုံပုတ်မှာလဲမကပ်ငြိခဲ့သလို. စုတ်ဖြဲခြင်းလည်းမခံရပဲ. သစ်ပင်အမြင့်ပေါ်မှာ. ကပ်ငြိနေခဲ့ပါတယ်။

ကြီးကြီးကျယ်ကျယ် ဆက်ပြီးစဉ်းစား ကြည့်လိုက်ရင်. ကျွန်တော်တို့ နိုင်ငံရော? ( ဒီလို. ပြောလိုက်လို့  အာဏာရှင်စနစ်ကို ကြိုက်တယ်လို့ မထင်စေချင်ပါဘူး)!!

ခင်ဗျားတို့ ရော. ဘယ်လို သင်ခန်းစာတွေထုတ် ယူလို့ ရခဲ့လဲ?ဒီပုံပြင်လေးထဲကနေပေါ့!!!*****

အင်း. ". လူတို့ တွင် ဘာမဆို လုပ်နိုင်သော အရည်အသွေးတွေရှိကြပါသည်။
သို.့ သော် ......ထို့ အတွက် ပြင်ဆင်ဖို့ တော.့ လို ပါသည်"****

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...